တောင်ခမ်းတွင်ဆုတ်နေရသော်လည်း TNLA အရှုံးကိုဝန်မခံ

 3278

ပုံစာ။ ။ တောင်ခမ်းဒေသတွင် တပ်မတော်သားများမှ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပုံ

သက်ပိုင်(NP News) – ဇွန် ၅
တောင်ခမ်းဒေသတွင် ဆုတ်ခွာမှုများ ရှိနေသော်လည်း TNLA အနေဖြင့် ဝန်ခံခြင်းမပြုဘဲ ယင်းဒေသတွင် စစ်ရေးတင်းမာနေသည်ဟုသာပြောဆိုခြင်း၊ ဝေ့ဝိုက်ဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။
ဇွန်လ ၅ ရက်နေ့က ပြုလုပ်သော TNLA အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက တောင်ခမ်းဒေသတွင် တိုက်ပွဲဖြစ်ပွားနေမှု၊ TNLA ဘက်မှ ဆုတ်ခွာနေရမှုများကို မေးမြန်းရာတွင် ယခုကဲ့သို့ ဝေ့ဝိုက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
မြေပြင်ဒေသခံများထံမှ သိရသော သတင်းအချက်အလက်များအရ TNLAနှင့်ပူးပေါင်းအဖွဲ့အနေဖြင့် တောင်ခမ်းဒေသတွင်းရှိ နယ်မြေများကို တစ်ခုပြီးတစ်ခု နောက်ဆုတ်ပေးနေရခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းမှုအပေါ် “လက်ရှိမှာ အပစ်ရပ်တယ်ဆိုပေမယ့် ထိုးစစ်ဆင်မှုတွေရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ အိုမတီးအိုးမခ၊တောင်ခမ်း၊ရွှေမော်တောလို နေရာတွေမှာ ဖြစ်နေတာပါ ။နေ့စဉ်မဟုတ်ရင်တောင် တရက်ခြားတစ်ခါလောက်တော့ ဖြစ်နေပါတယ်။တပ်ဘက်က ရှေ့တိုးလာတာလည်းရှိတယ်။ စစ်ရေးတင်းမာနေတယ်”ဟု သာ TNLA၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက်တွင် အခြားသော သတင်းထောက်များက တောင်းခမ်းဒေသအခြေအနေနှင့်ပတ်သက်၍ အကြိမ်ကြိမ်မေးမြန်းခဲ့ကြသော်လည်း စစ်ရေးအခြေအနေတင်းမာနေသည်ဟူ၍သာ ထပ်ကာတလဲ ပြန်လည်ဖြေကြားခဲ့ပြီး အချို့အကြိမ်များတွင် ဖြေကြားမှုပင် မလုပ်ခဲ့တော့ပေ။
တောင်ခမ်းကို TNLA က ထိုးစစ်ဆင်လာ ပြီးနောက် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ တပ်မတော်၏ တန်ပြန်ထိုးစစ်အတွင်း TNLA ၏ စစ်ဦးကို ချိုးနှိမ်နိုင်ခဲ့ကာ လက်ရှိတွင် တောင်ခမ်း ဒေသလုံခြုံရေးအတွက် တပ်မတော်က အပြည့်အဝနီးပါးနယ်မြေစိုးမိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိရှိသူစစ်ရေးသတင်းရင်းမြစ် တစ်ဦးက NP News သို့ ဖြေကြားထားမှုများလည်းရှိခဲ့သည်။

Zawgyi Version:
ေတာင္ခမ္းတြင္ဆုတ္ေနရေသာ္လည္းTNLA အရႈံးကိုဝန္မခံ
သက္ပိုင္(NP News) – ဇြန္ ၅
ေတာင္ခမ္းေဒသတြင္ ဆုတ္ခြာမႈမ်ား ရွိေနေသာ္လည္း TNLA အေနျဖင့္ ဝန္ခံျခင္းမျပဳဘဲ ယင္းေဒသတြင္ စစ္ေရးတင္းမာေနသည္ဟုသာေျပာဆိုျခင္း၊ ေဝ့ဝိုက္ေျဖၾကားျခင္းမ်ား ျပဳလုပ္ခဲ့သည္။
ဇြန္လ ၅ ရက္ေန႔က ျပဳလုပ္ေသာ TNLA အဖြဲ႕၏ သတင္းစာရွင္းလင္းပြဲတြင္ သတင္းေထာက္မ်ားက ေတာင္ခမ္းေဒသတြင္ တိုက္ပြဲျဖစ္ပြားေနမႈ၊ TNLA ဘက္မွ ဆုတ္ခြာေနရမႈမ်ားကို ေမးျမန္းရာတြင္ ယခုကဲ့သို႔ ေဝ့ဝိုက္ေျဖဆိုခဲ့ျခင္းျဖစ္သည္။
ေျမျပင္ေဒသခံမ်ားထံမွ သိရေသာ သတင္းအခ်က္အလက္မ်ားအရ TNLAႏွင့္ပူးေပါင္းအဖြဲ႕အေနျဖင့္ ေတာင္ခမ္းေဒသတြင္းရွိ နယ္ေျမမ်ားကို တစ္ခုၿပီးတစ္ခု ေနာက္ဆုတ္ေပးေနရျခင္းႏွင့္ ပတ္သက္၍ သတင္းေထာက္မ်ားက ေမးျမန္းမႈအေပၚ “လက္ရွိမွာ အပစ္ရပ္တယ္ဆိုေပမယ့္ ထိုးစစ္ဆင္မႈေတြရွိေနတဲ့အတြက္ တိုက္ပြဲျပင္းထန္ေနဆဲျဖစ္ပါတယ္။ အိုမတီးအိုးမခ၊ေတာင္ခမ္း၊ေ႐ႊေမာ္ေတာလို ေနရာေတြမွာ ျဖစ္ေနတာပါ ။ေန႔စဥ္မဟုတ္ရင္ေတာင္ တရက္ျခားတစ္ခါေလာက္ေတာ့ ျဖစ္ေနပါတယ္။တပ္ဘက္က ေရွ႕တိုးလာတာလည္းရွိတယ္။ စစ္ေရးတင္းမာေနတယ္”ဟု သာ TNLA၏ ျပန္ၾကားေရးတာဝန္ခံ ေလြးေယဦးက ျပန္လည္ေျဖၾကားခဲ့သည္။
ယင္းေနာက္တြင္ အျခားေသာ သတင္းေထာက္မ်ားက ေတာင္းခမ္းေဒသအေျခအေနႏွင့္ပတ္သက္၍ အႀကိမ္ႀကိမ္ေမးျမန္းခဲ့ၾကေသာ္လည္း စစ္ေရးအေျခအေနတင္းမာေနသည္ဟူ၍သာ ထပ္ကာတလဲ ျပန္လည္ေျဖၾကားခဲ့ၿပီး အခ်ိဳ႕အႀကိမ္မ်ားတြင္ ေျဖၾကားမႈပင္ မလုပ္ခဲ့ေတာ့ေပ။
ေတာင္ခမ္းကို TNLA က ထိုးစစ္ဆင္လာ ၿပီးေနာက္ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ ျခင္းျဖစ္ကာ တပ္မေတာ္၏ တန္ျပန္ထိုးစစ္အတြင္း TNLA ၏ စစ္ဦးကို ခ်ိဳးႏွိမ္ႏိုင္ခဲ့ကာ လက္ရွိတြင္ ေတာင္ခမ္း ေဒသလုံၿခဳံေရးအတြက္ တပ္မေတာ္က အျပည့္အဝနီးပါးနယ္ေျမစိုးမိုးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ျဖစ္စဥ္ကို အေသးစိတ္သိရွိသူစစ္ေရးသတင္းရင္းျမစ္ တစ္ဦးက NP News သို႔ ေျဖၾကားထားမႈမ်ားလည္းရွိခဲ့သည္။

Related news

© 2021. All rights reserved.