ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးဘီးယာဉ်အား Application ဖြင့်ငှားရမ်းနိုင်ရန်လုပ်ဆောင်နေ

5303

သက်ပိုင်(NP News) - ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သုံးဘီးယာဉ် (Miniအိုးဝေ) ပြေးဆွဲခွင့်ရှိသော မြို့နယ်များတွင် သုံးဘီးယာဉ်အား Application ဖြင့်ငှားရမ်းနိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်း အဆိုပါ Application၏ တာဝန်ရှိသူများထံမှ သိရသည်။
Maxride ဟူသော Application ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း၊ဒလ၊ ခရမ်း၊သုံးခွ၊တွံတေး၊ကွမ်းခြံ ကုန်း၊ဆိပ်ကြီး ခနောင်တို၊ လှည်းကူး၊ မှော်ဘီ၊တိုက်ကြီး မြို့နယ်များတွင် သုံးဘီးယာဉ်များကို ငှားရမ်းနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် လူစီး သုံးဘီးယာဉ် ၉၈ စီးဖြင့် ကနဦး စတင်နေပြီဖြစ်ကာ ဧရာဝတီ တိုင်း ဒေသကြီး ပုသိမ်၊မွန်ပြည်နယ် မော်လမြိုင် နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တို့တွင်လည်း ငှားရမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ဒီအပလီကေးရှင်း Maxride အသုံးပြုရင် လက်ငင်းငွေ - Wallet နဲ့ ပေးချေနိုင်ပြီးတော့ မြို့နယ်တွေမှာ Offline Campaign တွေ နဲ့ ဆက်သွယ်မှုတွေ ရှိပါမယ်။ လုံခြုံမှုပိုင်း ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းလည်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ App (မြန်မာ- အင်္ဂလိပ်ဘာသာ) နဲ့ အသုံးပြုနိုင်ပါတယ်။ ခရီးစဉ်တစ်လျှောက် Real-time location မျှဝေ မှာ ဖြစ်ပါတယ်။ Maxride အနေနဲ့ လုံခြုံမှုနဲ့ ယုံကြည်မှု ကို အဓိက ထားပြီး လုပ်ဆောင်ပါတယ်။အချိန်နဲ့ တပြေးညီ GPS တည် နေရာကြည့်ရှုနိုင်မှာ ဖြစ်ပြီးတော့ ၂၄ နာရီ ဝန်ဆောင်မှုရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု Maxride ၏ National Supply Manager ကိုနိုင်ဦးဝေက ပြောသည်။
Maxride Application ကို အင်ဒိုနီးရှားနိုင်ငံတွင် စတင်လုပ်ကိုင်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပြီး လုံခြုံမှုကို အဓိကထား၍ ယုံကြည်စိတ်ချရပြီး၊ သက်သာလွယ်ကူလျှင်မြန်စွာ ခရီးသွားနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။

Zawgyi Version:
ရန္ကုန္တိုင္းေဒသႀကီးအတြင္း သုံးဘီးယာဥ္အား Application ျဖင့္ငွားရမ္းႏိုင္ရန္လုပ္ေဆာင္ေန
သက္ပိုင္(NP News) - ဇြန္ ၅
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သုံးဘီးယာဥ္ (Miniအိုးေဝ) ေျပးဆြဲခြင့္ရွိေသာ ၿမိဳ႕နယ္မ်ားတြင္ သုံးဘီးယာဥ္အား Application ျဖင့္ငွားရမ္းႏိုင္ရန္ လုပ္ေဆာင္လွ်က္ရွိေၾကာင္း အဆိုပါ Application၏ တာဝန္ရွိသူမ်ားထံမွ သိရသည္။
Maxride ဟူေသာ Application ျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တန္း၊ဒလ၊ ခရမ္း၊သုံးခြ၊တြံေတး၊ကြမ္းၿခံ ကုန္း၊ဆိပ္ႀကီး ခေနာင္တို၊ လွည္းကူး၊ ေမွာ္ဘီ၊တိုက္ႀကီး ၿမိဳ႕နယ္မ်ားတြင္ သုံးဘီးယာဥ္မ်ားကို ငွားရမ္းႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး သံလ်င္ၿမိဳ႕နယ္တြင္ လူစီး သုံးဘီးယာဥ္ ၉၈ စီးျဖင့္ ကနဦး စတင္ေနၿပီျဖစ္ကာ ဧရာဝတီ တိုင္း ေဒသႀကီး ပုသိမ္၊မြန္ျပည္နယ္ ေမာ္လၿမိဳင္ ႏွင့္ မႏၲေလးတိုင္းေဒသႀကီး မႏၲေလးၿမိဳ႕တို႔တြင္လည္း ငွားရမ္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
“ဒီအပလီေကးရွင္း Maxride အသုံးျပဳရင္ လက္ငင္းေငြ - Wallet နဲ႔ ေပးေခ်ႏိုင္ၿပီးေတာ့ ၿမိဳ႕နယ္ေတြမွာ Offline Campaign ေတြ နဲ႔ ဆက္သြယ္မႈေတြ ရွိပါမယ္။ လုံၿခဳံမႈပိုင္း ယုံၾကည္စိတ္ခ်ရတဲ့ ပလက္ေဖာင္းလည္း ျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ App (ျမန္မာ- အဂၤလိပ္ဘာသာ) နဲ႔ အသုံးျပဳႏိုင္ပါတယ္။ ခရီးစဥ္တစ္ေလွ်ာက္ Real-time location မွ်ေဝ မွာ ျဖစ္ပါတယ္။ Maxride အေနနဲ႔ လုံၿခဳံမႈနဲ႔ ယုံၾကည္မႈ ကို အဓိက ထားၿပီး လုပ္ေဆာင္ပါတယ္။အခ်ိန္နဲ႔ တေျပးညီ GPS တည္ ေနရာၾကည့္ရႈႏိုင္မွာ ျဖစ္ၿပီးေတာ့ ၂၄ နာရီ ဝန္ေဆာင္မႈရရွိႏိုင္မွာ ျဖစ္ပါတယ္”ဟု Maxride ၏ National Supply Manager ကိုႏိုင္ဦးေဝက ေျပာသည္။
Maxride Application ကို အင္ဒိုနီးရွားႏိုင္ငံတြင္ စတင္လုပ္ကိုင္ခဲ့ၿပီး ယခု ၂၀၂၅ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအတြင္း စတင္ခဲ့ျခင္းျဖစ္ၿပီး ျဖစ္ၿပီး လုံၿခဳံမႈကို အဓိကထား၍ ယုံၾကည္စိတ္ခ်ရၿပီး၊ သက္သာလြယ္ကူလွ်င္ျမန္စြာ ခရီးသြားႏိုင္ေရးအတြက္ ရည္႐ြယ္ထားေၾကာင္း တာဝန္ရွိသူမ်ားက ေျပာဆိုထားသည္။