အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက် ခရီးသွားလာမှုပိတ်ပင်သည့် နိုင်ငံများစာရင်းတွင် မြန်မာ ပါဝင်

619

ဂျန်ဇက် (NP News) - ဇွန် ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက် ခရီးသွားလာမှု ပိတ်ပင်သည့် နိုင်ငံ စာရင်းကို ဇွန်လ ၄ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံပါဝင်ခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်ခရီးသွားလာမှုပိတ်ပင်သည့် နိုင်ငံစာရင်းတွင် နိုင်ငံမှာတော့ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ အီကွေတိုရီးယယ်လ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆိုမာလီယား၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ ပါဝင်နေကြောင်း သိရသည်။
ထိုအပြင် အမေရိကန်သမ္မတသည် ခရီးသွားလာမှု တစ်စိတ်တစ်ပိုင်း ကန့်သတ်မှုတွေပြုလုပ်သည့် နိုင်ငံစာရင်းကို လည်း လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆိုင်ရာလီယွန်နီး၊ တိုဂို၊ တာ့က်မင်နစ်စတန် နဲ့ ဗင်နီဇွဲလားတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ ခရီးသွားပိတ်ပင်မှုနဲ့ ကန့်သတ်မှုတွေ ပြုလုပ်ရခြင်းသည် အဆိုပါနိုင်ငံ များအတွင်း သိသာထင်ရှားတဲ့ အကြမ်းဖက်သမားတွေတည်ရှိနေခြင်း၊ ပြည်နှင်ဒဏ်ခံရသည့် နိုင်ငံသားတွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံတွင်၎င်းတို့ရဲ့ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူတွေကို ပြန်လည် လက်ခံရန်အစိုးရက လုံလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ စတဲ့ စွပ်စွဲချက်တွေ ပါဝင်နေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် အဆိုပါအမိန့်သည် ဇွန်လ ၉ ရက်၊ ဝါရှင်တန်ဒီစီမြို့ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ဝ၁ မိနစ်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါအမိန့် မတိုင်ခင် ထုတ်ပြန်ထားသည့် ပြည်ဝင်ခွင့် ဗီဇာတွေကို ရုပ်သိမ်းမည်မဟုတ်ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ ခရီးသြားလာမႈပိတ္ပင္သည့္ ႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာ ပါဝင္
ဂ်န္ဇက္ (NP News) - ဇြန္ ၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အေမရိကန္ႏိုင္ငံတြင္းသို႔ ဝင္ေရာက္ ခရီးသြားလာမႈ ပိတ္ပင္သည့္ ႏိုင္ငံ စာရင္းကို ဇြန္လ ၄ ရက္က လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့ရာ ျမန္မာႏိုင္ငံပါဝင္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခရီးသြားလာမႈပိတ္ပင္သည့္ ႏိုင္ငံစာရင္းတြင္ ႏိုင္ငံမွာေတာ့ အာဖဂန္နစၥတန္၊ ခ်တ္ဒ္၊ အီေကြတိုရီးယယ္လ္ ဂီနီ၊ အီရီထရီးယား၊ ေဟတီ၊ အီရန္၊ လစ္ဗ်ား၊ ျမန္မာ၊ ကြန္ဂိုသမၼတႏိုင္ငံ၊ ဆိုမာလီယား၊ ဆူဒန္နဲ႔ ယီမင္ႏိုင္ငံတို႔ ပါဝင္ေနေၾကာင္း သိရသည္။
ထိုအျပင္ အေမရိကန္သမၼတသည္ ခရီးသြားလာမႈ တစ္စိတ္တစ္ပိုင္း ကန႔္သတ္မႈေတြျပဳလုပ္သည့္ ႏိုင္ငံစာရင္းကို လည္း လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့ၿပီး ဘူ႐ြန္ဒီ၊ က်ဴးဘား၊ လာအို၊ ဆိုင္ရာလီယြန္နီး၊ တိုဂို၊ တာ့က္မင္နစ္စတန္ နဲ႔ ဗင္နီဇြဲလားတို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။ ခရီးသြားပိတ္ပင္မႈနဲ႔ ကန႔္သတ္မႈေတြ ျပဳလုပ္ရျခင္းသည္ အဆိုပါႏိုင္ငံ မ်ားအတြင္း သိသာထင္ရွားတဲ့ အၾကမ္းဖက္သမားေတြတည္ရွိေနျခင္း၊ ျပည္ႏွင္ဒဏ္ခံရသည့္ ႏိုင္ငံသားေတြ ဒါမွမဟုတ္ အေမရိကန္ႏိုင္ငံတြင္၎တို႔ရဲ႕ျပည္ဝင္ခြင့္ဗီဇာသက္တမ္းေက်ာ္လြန္ေနထိုင္သူေတြကို ျပန္လည္ လက္ခံရန္အစိုးရက လုံေလာက္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈ မရွိတာ စတဲ့ စြပ္စြဲခ်က္ေတြ ပါဝင္ေနေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့သည့္ အဆိုပါအမိန႔္သည္ ဇြန္လ ၉ ရက္၊ ဝါရွင္တန္ဒီစီၿမိဳ႕ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၂ နာရီ ဝ၁ မိနစ္တြင္ စတင္အသက္ဝင္မည္ျဖစ္ၿပီး အဆိုပါအမိန႔္ မတိုင္ခင္ ထုတ္ျပန္ထားသည့္ ျပည္ဝင္ခြင့္ ဗီဇာေတြကို ႐ုပ္သိမ္းမည္မဟုတ္ေၾကာင္းသိရသည္။