မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ILO ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်

1349

Pearl (NP News) - ဇွန် ၆
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ILO ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၆ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ယမန်နေ့ (ဇွန်လ ၅ရက်) က ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ ကျင်း ပ နေစဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါILO ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှ တစ်ဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ် တောင်းဆိုထားသည့် ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရ သည်ဟု အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ထိုသို့ ILO မှ ချမှတ်သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးကို ဖိအားပေးလို၍ ဆုံးဖြတ်ထားသည့် အချက်အလက်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှု မရှိဘဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေးများ ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ လူမှုဘဝများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေသော ပူးပေါင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန ကအသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ျမန္မာႏိုင္ငံအေပၚ ခ်မွတ္ခဲ့ေသာ ILO ဆုံးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္
Pearl (NP News) - ဇြန္ ၆
ျမန္မာႏိုင္ငံအေပၚ ခ်မွတ္ခဲ့ေသာ ILO ဆုံးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ အလုပ္သမားဝန္ႀကီးဌာနက ယေန႔ (ဇြန္လ ၆ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ယမန္ေန႔ (ဇြန္လ ၅ရက္) က ILO ၏ (၁၁၃) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာညီလာခံ က်င္း ပ ေနစဥ္ကာလအတြင္း ျမန္မာႏိုင္ငံႏွင့္ပတ္သက္ေသာ ဆုံးျဖတ္ခ်က္ တစ္ရပ္ကို ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါILO ၏ ဆုံးျဖတ္ခ်က္သည္ ႏိုင္ငံေရးဆိုင္ရာ ခ်ဥ္းကပ္မႈမ်ားအေပၚ အေျခခံ၍ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအစိုးရအေပၚ ILO မ်က္ႏွာစာမွ တစ္ဆင့္ ဖိအားေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တစ္ဖက္သတ္ ေတာင္းဆိုထားသည့္ ဆုံးျဖတ္ခ်က္ တစ္ရပ္ျဖစ္ေၾကာင္း ေတြ႕ရွိရ သည္ဟု အလုပ္သမားဝန္ႀကီးဌာနက ဆိုသည္။
ထိုသို႔ ILO မွ ခ်မွတ္ေသာ ဆုံးျဖတ္ခ်က္သည္ ႏိုင္ငံေရးကို ဖိအားေပးလို၍ ဆုံးျဖတ္ထားသည့္ အခ်က္အလက္ျဖစ္ရာ ျမန္မာႏိုင္ငံအတြင္း မွီတင္းေနထိုင္လုပ္ကိုင္ေနၾကသည့္ အလုပ္ရွင္မ်ား၊ အလုပ္သမားမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈမ်ား မရွိႏိုင္ေသာေၾကာင့္ စိုးရိမ္မႈ မရွိဘဲ လုပ္ငန္းခြင္မ်ားတြင္ ေအးခ်မ္းစြာ ဆက္လက္လုပ္ကိုင္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ အေရးႀကီးေသာ အလုပ္သမားထု၏ အခြင့္အေရးမ်ား ဥပေဒႏွင့္အညီ တိုးတက္မႈရရွိေရး၊ လူမႈဘဝမ်ားဖြံ႕ၿဖိဳးေရး၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးေရးအတြက္ ILO အပါအဝင္ ႏိုင္ငံတကာအသိုက္အဝန္းႏွင့္ ဆက္လက္ထိေတြ႕လ်က္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ လြတ္လပ္မႈကို မထိပါးေစေသာ ပူးေပါင္းမႈမ်ား ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း အလုပ္သမားဝန္ႀကီးဌာန ကအသိေပးထုတ္ျပန္ထားသည္။