နိုင်ငံအချုပ်အခြာအာဏာပိုင်နက် ချိုးဖောက်ခံရမှုကိုတုံ့ပြန်ရန်အတွက် အမြင့်ဆုံးစစ်ဆင်ရေးလုပ်ဆောင်မည်ဟု ထိုင်းစစ်တပ်ပြော

 1216

ဂျန်ဇက် (NP News) - ဇွန် ၆

ထိုင်းစစ်တပ်အနေဖြင့် နိုင်ငံအချုပ်အခြာအာဏာ ချိုးဖောက်ခံရမှုများကို ရင်ဆိုင်တုံ့ပြန်ရန်အတွက် အမြင့်ဆုံး စစ်ဆင်ရေးကိုလုပ်ဆောင်ရန် အဆင့်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုင်းစစ်တပ်မှ အဆင့်မြင့်အရာရှိကြီးများသည် မေလ ၅ ရက်တွင် အစည်းအဝေးကျင်းပခဲ့ပြီးနောက် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် မေလ ၂၈ ရက်က ကမ္ဘောဒီးယားနိုင်ငံနှင့် ပိုင်နက်နယ်မြေအငြင်းပွားမှုများကြောင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိအငြင်းပွားမှုများဖြစ် ပေါ်နေဆဲဖြစ်သည်။ ကမ္ဘောဒီးယားအစိုးရသည် နယ်စပ်ဒေသပိုင်နက်အငြင်းပွားမှုများကို နိုင်ငံတကာ ICJ တရားရုံးတွင်ဖြေရှင်းရန် လိုလားနေသော်လည်း ထိုင်းအစိုးရက ၁၉၆၀ ခုနှစ်နောက်ပိုင်းကတည်းက ICJ တရားရုံး၏ စီရင်ခွင့်ကိုအသိမှတ်မပြုကြောင်းသိရသည်။

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော အငြင်းပွားမှုများကို သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် စီစဉ်နေသော်လည်း အခြားတစ်ဖက်တွင်နယ်စပ်ဒေသတွင်ကမ္ဘောဒီးယားစစ်တပ်၏ လှုပ်ရှားမှုများကိုစောင့်ကြည့်နေကြောင်းသိရသည်။ ထိုင်းစစ်တပ်က "နိုင်ငံအချုပ်အခြာအာဏာပိုင်နက် ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်လိုအပ်သလိုလက်တုံ့ပြန်မှာဖြစ်ပြီး အမြင့်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ အဆင့်သင့်ရှိနေပါတယ်။ နယ်စပ်ဒေသမှာရှိနေတဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ အရာရာတိုင်းကိုဂရုစိုက်လုပ်ဆောင်နေတယ်။ နှစ်ဖက်စလုံး ထိခိုက်ဆုံးရှုံးမှုကို တားဆီးနိုင်အောင် အခြေနေတွေကို နားလည်အောင်လုပ်ဆောင်နေတယ်။ ဒါပေမယ့် အချုပ်အခြာအာဏာပိုင်နက် ချိုးဖောက်ခံရမယ်ဆိုရင် ကာကွယ်မှုတွေ လုပ်ဆောင်သွားဖို့လည်း အဆင့်သင့်ရှိနေပါတယ်''ဟု ပြောသည်။

ထိုင်းစစ်တပ်အနေဖြင့် နယ်စပ်ဒေသအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်ကြိုးပမ်းနေသည့် ထိုင်းအစိုးရ၏ ချဉ်းကပ်မှုများကိုလည်း ထောက်ခံကြောင်း ပြောသည်။ ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရက တစ်စုံတစ်ရာတုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ကမ္ဘောဒီးယားအစိုးရသည် နယ်စပ်ဒေသအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိပြုထားပြီး ICJ တရားရုံးတွင်ဖြေရှင်းရန်လိုလားနေရာ ထိုင်းနိုင်ငံကိုပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။

zawgyi version
ႏိုင္ငံအခ်ဳပ္အျခာအာဏာပိုင္နက္ ခ်ိဳးေဖာက္ခံရမႈကိုတုံ႔ျပန္ရန္အတြက္ အျမင့္ဆုံးစစ္ဆင္ေရးလုပ္ေဆာင္မည္ဟု ထိုင္းစစ္တပ္ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၆

ထိုင္းစစ္တပ္အေနျဖင့္ ႏိုင္ငံအခ်ဳပ္အျခာအာဏာ ခ်ိဳးေဖာက္ခံရမႈမ်ားကို ရင္ဆိုင္တုံ႔ျပန္ရန္အတြက္ အျမင့္ဆုံး စစ္ဆင္ေရးကိုလုပ္ေဆာင္ရန္ အဆင့္သင့္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ထိုင္းစစ္တပ္မွ အဆင့္ျမင့္အရာရွိႀကီးမ်ားသည္ ေမလ ၅ ရက္တြင္ အစည္းအေဝးက်င္းပခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံသည္ ေမလ ၂၈ ရက္က ကေမာၻဒီးယားႏိုင္ငံႏွင့္ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိအျငင္းပြားမႈမ်ားျဖစ္ ေပၚေနဆဲျဖစ္သည္။ ကေမာၻဒီးယားအစိုးရသည္ နယ္စပ္ေဒသပိုင္နက္အျငင္းပြားမႈမ်ားကို ႏိုင္ငံတကာ ICJ တရား႐ုံးတြင္ေျဖရွင္းရန္ လိုလားေနေသာ္လည္း ထိုင္းအစိုးရက ၁၉၆၀ ခုႏွစ္ေနာက္ပိုင္းကတည္းက ICJ တရား႐ုံး၏ စီရင္ခြင့္ကိုအသိမွတ္မျပဳေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံသည္ ကေမာၻဒီးယားႏွင့္ျဖစ္ပြားေနေသာ အျငင္းပြားမႈမ်ားကို သံတမန္နည္းလမ္းျဖင့္ေျဖရွင္းရန္ စီစဥ္ေနေသာ္လည္း အျခားတစ္ဖက္တြင္နယ္စပ္ေဒသတြင္ကေမာၻဒီးယားစစ္တပ္၏ လႈပ္ရွားမႈမ်ားကိုေစာင့္ၾကည့္ေနေၾကာင္းသိရသည္။ ထိုင္းစစ္တပ္က "ႏိုင္ငံအခ်ဳပ္အျခာအာဏာပိုင္နက္ ခ်ိဳးေဖာက္မႈေတြနဲ႔ ရင္ဆိုင္ရမယ္ဆိုရင္လိုအပ္သလိုလက္တုံ႔ျပန္မွာျဖစ္ၿပီး အျမင့္ဆုံးစစ္ဆင္ေရးကို လုပ္ေဆာင္ဖို႔ အဆင့္သင့္ရွိေနပါတယ္။ နယ္စပ္ေဒသမွာရွိေနတဲ့ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ေတြဟာ အရာရာတိုင္းကိုဂ႐ုစိုက္လုပ္ေဆာင္ေနတယ္။ ႏွစ္ဖက္စလုံး ထိခိုက္ဆုံးရႈံးမႈကို တားဆီးႏိုင္ေအာင္ အေျခေနေတြကို နားလည္ေအာင္လုပ္ေဆာင္ေနတယ္။ ဒါေပမယ့္ အခ်ဳပ္အျခာအာဏာပိုင္နက္ ခ်ိဳးေဖာက္ခံရမယ္ဆိုရင္ ကာကြယ္မႈေတြ လုပ္ေဆာင္သြားဖို႔လည္း အဆင့္သင့္ရွိေနပါတယ္''ဟု ေျပာသည္။

ထိုင္းစစ္တပ္အေနျဖင့္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ႀကိဳးပမ္းေနသည့္ ထိုင္းအစိုးရ၏ ခ်ဥ္းကပ္မႈမ်ားကိုလည္း ေထာက္ခံေၾကာင္း ေျပာသည္။ ထိုင္းစစ္တပ္၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး ကေမာၻဒီးယားအစိုးရက တစ္စုံတစ္ရာတုံ႔ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ကေမာၻဒီးယားအစိုးရသည္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ ကတိျပဳထားၿပီး ICJ တရား႐ုံးတြင္ေျဖရွင္းရန္လိုလားေနရာ ထိုင္းႏိုင္ငံကိုပူးေပါင္းေဆာင္႐ြက္ေပးရန္ ေတာင္းဆိုထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.