လက်နက်အားကိုးဖြင့် ပြည်သူ့ဆန္ဒကို ပစ်ပယ်ကာ “လုပ်ချင်ရာလုပ်” သော အပြုအမူများကို ပိုမိုမြင်တွေ့လာရ

 201

သက်ပိုင် (NP News) - ဇွန် ၇
လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ၎င်းတို့ ၏ ထိန်းချုပ်နယ်မြေများတွင် လက်နက်အားကိုးဖြင့် ပြည်သူ့ဆန္ဒကို ပစ်ပယ်ကာ “လုပ်ချင်ရာလုပ်” သော အပြုအမူများကို ပိုမိုမြင်တွေ့လာရကြောင်း NP News ၏ မေးမြန်းထား ချက်များနှင့် မြင်တွေ့ရသောအချက်အလက်များအရ သိရသည်။
အဆိုပါဖြစ်ရပ်များသည် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင်သာမက PDF နယ်မြေများတွင်လည်း ဖြစ်ပွားခြင်းဖြစ်ကြောင်း တွေ့မြင်ရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ နယ်အတွင်း ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ လက်နက်ကိုင်ကာ ရွှေမျောလုပ်ကွက်လုပ်နေသော NLD အမတ်ဟောင်းနှင့် ပသုံးလုံးများကို ဒေသခံများ ပြင်းထန်စွာကန့်ကွက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထင်ရှားသည့်ဖြစ်စဉ်တစ်ခုအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ်၊ ချီဖွေ မြို့နယ်၊ ဖရဲရွာအနီးတွင် မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံများကို KIA က ဗုံးဖြင့်ဖြိုခွင်းပြီး ဒေသခံ (၅၀)ခန့်ကိုလည်း ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် မေ ၁၈ ရက်နေ့ကလည်း (AA) ၏ စစ်မှုထမ်းဥပဒေကို ဆန္ဒပြသည့် တောင်ကုတ်ဒေသခံ ၅၀ ခန့်ကို AA က ဖမ်းဆီးခဲ့သည်။
ထို့အပြင် MNDAA က ပြိန်းခမ်းရွာအနီး ရွှေတူးဖော်မှု ပြုလုပ်သည့်အပေါ်ဆန္ဒပြခဲ့သည့် ဒေသခံများကို လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ကိုလည်း သတင်းများအရ သိရသည်။
အလားတူ PDF နှင့် တိုင်းသား လက်နက်ကိုင်များ က ပြည်သူ့ဆန္ဒကို ဆန့်ကျင့်သည် လုပ်ရပ်များစွာ ရှိနေသေးပြီး အချို့နေရာများတွင် ဆန္ဒပြရဲသော်လည်း အများစုတွင်မူ ကြိတ်မှိတ် ခံနေကြရကြောင်း သိရသည်။
ထို့ပြင် ရှမ်းမြောက်ဒေသတွင်လည်း ဒေသခံများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသော သတ္ထုတူးဖော်မှုများကို TNLAမှသေနတ်ဖောက်ခြောက်လှန့်ကာ ရပ်စေခဲ့ခြင်း၊ နိုင်ငံခြား လုပ်ငန်းရှင်များကိုမူ လုပ်ကိုင်စေပြီး ဒေသခံများကို လုပ်ကိုင်ခွင့်မပေးသည့်အတွက် ရွာလုံးကျွတ် ဆန္ဒထုတ်ဖော်သော်လည်း လက်နက်ပြခြိမ်းခြောက်ခြင်းတို့ ရှိနေ ကြောင်း သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
“အဓိကကတော့ ဒေသခံတွေကို မလုပ်ခိုင်းပဲနဲ့ အပြင်က လုပ်ငန်းရှင်တွေကိုကျတော့ လုပ်ခိုင်းပြီး သူတို့လုံခြုံရေး ပေးတာတွေ၊ ဒါကိုမကြိုက်လို့ ရွာလုံးကျွတ်ဆန္ဒပြပေမယ့် သေနတ်ဖောက်ပြီး တုန့်ပြန်ခဲ့တာတွေရှမ်းမြောက် ဒေသမှာဖြစ်ခဲ့တာပါ။ အခုလည်း ဖြစ်နေဆဲပါပဲ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ပြုမူမှုများသည် ပြည်သူများ၏ ဆန္ဒအား လျစ်လျှူရှုလာမှုများပင် ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ကာလကြာလာချိန်တွင် ဖြစ်ပေါ်လာတက်ကြောင်းနှင့် နိုင်ငံရေးဦးတည်ချက်များ၊ ရည်မှန်းချက်များမှာ ဟန်ပြ ဖြစ်သွားကာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ အကျိုးစီးပွားနှင့် ၎င်းတို့အဖွဲ့အင်အားရရှိရေးကိုသာ ဦးတည် လာနိုင်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
“လွပ်လပ်ရေးရပြီးခါစ ပြည်တွင်းလက်နက်ကိုင်မှုတွေကိုပြန်ကြည့်ရင်လည်း စတည်တုန်းကတော့ နိုင်ငံရေး ရည်မှန်းချက်တွေရှိခဲ့တယ်ပေါ့နော်။ဒါပေမယ့် လက်နက်ကိုင် တော်လှန်ရေးကြာလာတဲ့အခါ နိုင်ငံရေးဦးတည်ချက် တွေ၊ တိုင်းရင်းသားအရေးတွေက ဟန်ပြဖြစ်သွားပြီးတော့ သူတို့ခေါင်းဆောင်ပိုင်းတွေရဲ့ပုဂ္ဂလိကဆိင်ရာ အကျိုးစီးပွားနဲ့ သူတို့အင်အားရဖို့အရေးကို ဦးတည်လာကြတယ်။ နောက်ဆုံးပြောရရင် လက်နက်ကိုင် တော်လှန်ရေးလို့ပြောသော်ငြားလည်း လက်နက်နဲ့ နေရာယူလာတဲ့ စစ်ဘုရင်၊ စစ်မင်းတွေ ဖြစ်ကုန်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ယခုအတိုင်း ဆက်ဖြစ်နေပါက စစ်ဘုရင်၊ စစ်မင်း မူဝါဒထက်ပိုမိုဆိုးရွားသော အခြေအနေကို ရောက်ရှိလာနိုင်ပြီး ပြည်သူကိုယ်တိုင် ဒဏ်ခတ်သည့်အချိန်ကို ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Zawgyi Version:
လက္နက္အားကိုးျဖင့္ ျပည္သူ႔ဆႏၵကို ပစ္ပယ္ကာ “လုပ္ခ်င္ရာလုပ္” ေသာ အျပဳအမူမ်ားကို ပိုမိုျမင္ေတြ႕လာရ
သက္ပိုင္ (NP News) - ဇြန္ ၇
လက္နက္ကိုင္ အဖြဲ႕မ်ား အေနျဖင့္ ၎တို႔ ၏ ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ လက္နက္အားကိုးျဖင့္ ျပည္သူ႔ဆႏၵကို ပစ္ပယ္ကာ “လုပ္ခ်င္ရာလုပ္” ေသာ အျပဳအမူမ်ားကို ပိုမိုျမင္ေတြ႕လာရေၾကာင္း NP News ၏ ေမးျမန္းထား ခ်က္မ်ားႏွင့္ ျမင္ေတြ႕ရေသာအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါျဖစ္ရပ္မ်ားသည္ တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမမ်ားတြင္သာမက PDF နယ္ေျမမ်ားတြင္လည္း ျဖစ္ပြားျခင္းျဖစ္ေၾကာင္း ေတြ႕ျမင္ရသည္။
ၿပီးခဲ့သည့္ ဧၿပီလအတြင္းက စစ္ကိုင္းတိုင္းေဒသႀကီး၊ ဘုတလင္ၿမိဳ႕ နယ္အတြင္း ျပည္သူ႔ဆႏၵကို ဆန႔္က်င္ကာ လက္နက္ကိုင္ကာ ေ႐ႊေမ်ာလုပ္ကြက္လုပ္ေနေသာ NLD အမတ္ေဟာင္းႏွင့္ ပသုံးလုံးမ်ားကို ေဒသခံမ်ား ျပင္းထန္စြာကန႔္ကြက္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
ထင္ရွားသည့္ျဖစ္စဥ္တစ္ခုအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ေဖေဖာ္ဝါရီလအတြင္းက ကခ်င္ျပည္နယ္၊ ခ်ီေဖြ ၿမိဳ႕နယ္၊ ဖရဲ႐ြာအနီးတြင္ ေျမရွားသတၱဳတူးေဖာ္မႈကို ကန႔္ကြက္သည့္ ေဒသခံမ်ားကို KIA က ဗုံးျဖင့္ၿဖိဳခြင္းၿပီး ေဒသခံ (၅၀)ခန႔္ကိုလည္း ဖမ္းဆီးမႈမ်ားျပဳလုပ္ခဲ့သည္။
ထို႔အတူ ၿပီးခဲ့သည့္ ေမ ၁၈ ရက္ေန႔ကလည္း (AA) ၏ စစ္မႈထမ္းဥပေဒကို ဆႏၵျပသည့္ ေတာင္ကုတ္ေဒသခံ ၅၀ ခန႔္ကို AA က ဖမ္းဆီးခဲ့သည္။
ထို႔အျပင္ MNDAA က ၿပိန္းခမ္း႐ြာအနီး ေ႐ႊတူးေဖာ္မႈ ျပဳလုပ္သည့္အေပၚဆႏၵျပခဲ့သည့္ ေဒသခံမ်ားကို လက္နက္ျဖင့္ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည္ကိုလည္း သတင္းမ်ားအရ သိရသည္။
အလားတူ PDF ႏွင့္ တိုင္းသား လက္နက္ကိုင္မ်ား က ျပည္သူ႔ဆႏၵကို ဆန႔္က်င့္သည္ လုပ္ရပ္မ်ားစြာ ရွိေနေသးၿပီး အခ်ိဳ႕ေနရာမ်ားတြင္ ဆႏၵျပရဲေသာ္လည္း အမ်ားစုတြင္မူ ႀကိတ္မွိတ္ ခံေနၾကရေၾကာင္း သိရသည္။
ထို႔ျပင္ ရွမ္းေျမာက္ေဒသတြင္လည္း ေဒသခံမ်ား တစ္ပိုင္တစ္ႏိုင္ လုပ္ကိုင္ေနေသာ သတၳဳတူးေဖာ္မႈမ်ားကို TNLAမွေသနတ္ေဖာက္ေျခာက္လွန႔္ကာ ရပ္ေစခဲ့ျခင္း၊ ႏိုင္ငံျခား လုပ္ငန္းရွင္မ်ားကိုမူ လုပ္ကိုင္ေစၿပီး ေဒသခံမ်ားကို လုပ္ကိုင္ခြင့္မေပးသည့္အတြက္ ႐ြာလုံးကြၽတ္ ဆႏၵထုတ္ေဖာ္ေသာ္လည္း လက္နက္ျပၿခိမ္းေျခာက္ျခင္းတို႔ ရွိေန ေၾကာင္း သတင္းရင္းျမစ္တစ္ဦးကဆိုသည္။
“အဓိကကေတာ့ ေဒသခံေတြကို မလုပ္ခိုင္းပဲနဲ႔ အျပင္က လုပ္ငန္းရွင္ေတြကိုက်ေတာ့ လုပ္ခိုင္းၿပီး သူတို႔လုံၿခဳံေရး ေပးတာေတြ၊ ဒါကိုမႀကိဳက္လို႔ ႐ြာလုံးကြၽတ္ဆႏၵျပေပမယ့္ ေသနတ္ေဖာက္ၿပီး တုန႔္ျပန္ခဲ့တာေတြရွမ္းေျမာက္ ေဒသမွာျဖစ္ခဲ့တာပါ။ အခုလည္း ျဖစ္ေနဆဲပါပဲ” ဟု ၎က ေျပာသည္။
ယခုကဲ့သို႔ ျပဳမူမႈမ်ားသည္ ျပည္သူမ်ား၏ ဆႏၵအား လ်စ္လွ်ဴရႈလာမႈမ်ားပင္ ျဖစ္ၿပီး လက္နက္ကိုင္ပဋိပကၡမ်ား ကာလၾကာလာခ်ိန္တြင္ ျဖစ္ေပၚလာတက္ေၾကာင္းႏွင့္ ႏိုင္ငံေရးဦးတည္ခ်က္မ်ား၊ ရည္မွန္းခ်က္မ်ားမွာ ဟန္ျပ ျဖစ္သြားကာ လက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္မ်ား၏ အက်ိဳးစီးပြားႏွင့္ ၎တို႔အဖြဲ႕အင္အားရရွိေရးကိုသာ ဦးတည္ လာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးက ဆိုသည္။
“လြပ္လပ္ေရးရၿပီးခါစ ျပည္တြင္းလက္နက္ကိုင္မႈေတြကိုျပန္ၾကည့္ရင္လည္း စတည္တုန္းကေတာ့ ႏိုင္ငံေရး ရည္မွန္းခ်က္ေတြရွိခဲ့တယ္ေပါ့ေနာ္။ဒါေပမယ့္ လက္နက္ကိုင္ ေတာ္လွန္ေရးၾကာလာတဲ့အခါ ႏိုင္ငံေရးဦးတည္ခ်က္ ေတြ၊ တိုင္းရင္းသားအေရးေတြက ဟန္ျပျဖစ္သြားၿပီးေတာ့ သူတို႔ေခါင္းေဆာင္ပိုင္းေတြရဲ႕ပုဂၢလိကဆိင္ရာ အက်ိဳးစီးပြားနဲ႔ သူတို႔အင္အားရဖို႔အေရးကို ဦးတည္လာၾကတယ္။ ေနာက္ဆုံးေျပာရရင္ လက္နက္ကိုင္ ေတာ္လွန္ေရးလို႔ေျပာေသာ္ျငားလည္း လက္နက္နဲ႔ ေနရာယူလာတဲ့ စစ္ဘုရင္၊ စစ္မင္းေတြ ျဖစ္ကုန္တယ္” ဟု ၎က သုံးသပ္ေျပာဆိုသည္။
ယခုအတိုင္း ဆက္ျဖစ္ေနပါက စစ္ဘုရင္၊ စစ္မင္း မူဝါဒထက္ပိုမိုဆိုး႐ြားေသာ အေျခအေနကို ေရာက္ရွိလာႏိုင္ၿပီး ျပည္သူကိုယ္တိုင္ ဒဏ္ခတ္သည့္အခ်ိန္ကို ေရာက္ရွိလာလိမ့္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.