ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ဂျော်ဒန်အသင်း

 257

Pika (NP News) - ဇွန် ၇

ဂျော်ဒန်နိုင်ငံဟာ အိုမန်နိုင်ငံကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့မှုနဲ့အတူ (၂၀၂၆)ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနိုင်ပွဲကြောင့် ဂျော်ဒန်နိုင်ငံဟာ အုပ်စုဘီရဲ့ထိပ်ဆုံး(၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အရေးပါတဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဥဇဘက်ကစ္စတန်နိုင်ငံဟာ ယူအေအီးနိုင်ငံနဲ့ ယှဉ်ပြိုင်ကစားခဲ့စဉ်အချိန်အတွင်း ဂိုးမရှိနဲ့သရေကျခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကာ သမိုင်းဝင်မှတ်တမ်းတစ်ခုကို ဖန်တီး နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဥဇဘက်ကစ္စတန်နိုင်ငံဟာ အုပ်စုအေမှာ ဒုတိယမြောက် အရည်အချင်းစစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့မှုနဲ့အတူ နိုင်ငံအတွက် သမိုင်းဝင် အခိုက်အတန့်ဖြစ်လာနိုင်မယ့်အရာတွေကို ပရိသတ်တွေနဲ့ ဂျော်ဒန်အသင်းတို့က မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဥဇဘက်ကစ္စတန်ရဲ့ကမ္ဘာ့ဖလားပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့မှုက ပြိုင်ပွဲမတိုင်ခင် အာရှဘောလုံး လောကမှာ ပြိုင်ဆိုင်မှုတွေ ကြီးထွားလာနေတာကို အချက်ပြနေတာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Pika (NP News) - ဇွန် ၇


Related news

© 2021. All rights reserved.