ယူကရိန်း၏ တိုက်ခိုက်မှုများအပေါ် ရုရှားဘက်က ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းအများအပြားဖြင့် တုံ့ပြန်တိုက်ခိုက်

231

ဂျန်ဇက် (NP News) - ဇွန် ၇
မကြာသေးမီကဖြစ်ပွားခဲ့သောတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က သတိပေးပြောဆို လိုက်ပြီးနောက်ရက်ပိုင်းအကြာတွင် ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံရှိ နေရာများကို ဇွန်(၆)ရက်က ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းမြို့တော် ကိဗ့်ယက်မြို့တော်ဝန် ဗီတာလီကလစ်ချ်ရှာကို ပြောဆိုလိုက်သည်။
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်းရှိ နေရာအများအပြားတွင် ပေါက်ကွဲမှုများ၊ အပျက်အစီးများ ဖြစ်ပွားခဲ့ကြောင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် တားဆီးရန်ကြိုးပမ်းခဲ့ကြောင်း မြို့တော်ဝန် ကလစ်ချ်ရှာကိုက ပြောသည်။ ရုရှားအစိုးရက ဇွန် (၆)ရက်တွင် ပြုလုပ်ခဲ့သောတိုက်ခိုက်မှုသည် ယူကရိန်း၏ အကြမ်းဖက်လုပ်ရပ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ရုရှားလေဆိပ်များကို ယူကရိန်းစစ်တပ်က မကြာသေးမီကတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်ဆွေးနွေးခဲ့ပြီး လက်တုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။ ဇွန်လ(၆)ရက်တွင် ပြုလုပ်ခဲ့သော ရုရှား၏ လက်တုံ့ပြန်တိုက်ခိုက်မှုများ ကြောင့် ယူကရိန်းနိုင်ငံသား အနည်းဆုံး (၄)ဦးသေဆုံးကာ (၅၀) ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယူကရိန်းသည် မကြာသေးမီက ရုရှားနိုင်ငံ လေတပ် အခြေစိုက်စခန်း အပါအဝင် ရုရှားပိုင်နက်များကို ဒရုန်းများဖြင့် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားသမ္မတက “ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်မယ်” ဟု ပြောခဲ့သည်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မည်ဖြစ်သော်လည်း သင့်တော်သည့်အချိန်တွင် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။
ဇွန်လ (၁)ရက်က ရုရှားလေတပ်အခြေစိုက်စခန်းများကို ဒရုန်းအများအပြားဖြင့်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ရုရှားနိုင်ငံထုတ်(Tu-95) အမျိုးအစား စစ်ဘက်သုံးလေယာဉ်များ၊ (Tu-22) အမျိုးအစား လေယာဉ်များအပါအဝင် ရုရှားစစ်ဘက်သုံး လေယာဉ်အစင်းရေ (၄၀) ခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း ယူက ရိန်းအစိုးရက ပြောသည်။ ယူကရိန်းသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရုရှားနိုင်ငံ Bryansk ဒေသနှင့် Kursk ဒေသတို့တွင် ရထားလမ်းများကို ပစ်မှတ်ထားပြီး ဖျက်စီးတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံး (၁၀)ဦး သေဆုံးခဲ့သလို လူပေါင်း (၁၁၀) ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇွန်လ (၅) ရက်ကလည်း ရုရှားနိုင်ငံ Voronezh ဒေသတွင် ရထား လမ်းကြောင်းကို ပေါက်ကွဲစေသောပစ္စည်းများဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ပြီး မီးရထားရှေ့တွင်ပေါက်ကွဲမှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က ရထားလမ်းများကို ပစ်မှတ်ထားဖျက်ဆီး တိုက်ခိုက်မှုသည်အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း၊ ယူကရိန်းအစိုးရက အကြမ်းဖက်အဖွဲ့အစည်းဖြစ်လာနေကြောင်း ပြောသည်။ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ယူကရိန်းနိုင်ငံအတွင်းရှိအမေရိကန်နိုင်ငံသားများသည်အစား အစာဆေးဝါး နှင့် ရေများကိုကြိုတင် စုဆောင်းထားရှိရန် နှင့် ပိုမိုကောင်းမွန်သည့်နေရာများတွင် ရွေးချယ် နေထိုင်ရန်တိုက်တွန်းတောင်းဆိုထားပြီး အန္တရာယ်ရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ် ရှိနေကြောင်း သတိပေးထားသည်။

Zawgyi Version:
ယူကရိန္း၏ တိုက္ခိုက္မႈမ်ားအေပၚ ႐ုရွားဘက္က ပဲ့ထိန္းဒုံးက်ည္မ်ား၊ ဒ႐ုန္းအမ်ားအျပားျဖင့္ တုံ႔ျပန္တိုက္ခိုက္
ဂ်န္ဇက္ (NP News) - ဇြန္ ၇
မၾကာေသးမီကျဖစ္ပြားခဲ့ေသာတိုက္ခိုက္ခံရမႈမ်ားႏွင့္ ပတ္သက္ၿပီး လက္တုံ႔ျပန္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က သတိေပးေျပာဆို လိုက္ၿပီးေနာက္ရက္ပိုင္းအၾကာတြင္ ႐ုရွားစစ္တပ္က ယူကရိန္းႏိုင္ငံရွိ ေနရာမ်ားကို ဇြန္(၆)ရက္က ပဲ့ထိန္းဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ယူကရိန္းၿမိဳ႕ေတာ္ ကိဗ့္ယက္ၿမိဳ႕ေတာ္ဝန္ ဗီတာလီကလစ္ခ်္ရွာကို ေျပာဆိုလိုက္သည္။
႐ုရွားတိုက္ခိုက္မႈေၾကာင့္ ယူကရိန္းႏိုင္ငံအတြင္းရွိ ေနရာအမ်ားအျပားတြင္ ေပါက္ကြဲမႈမ်ား၊ အပ်က္အစီးမ်ား ျဖစ္ပြားခဲ့ေၾကာင္း၊ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားျဖင့္ တားဆီးရန္ႀကိဳးပမ္းခဲ့ေၾကာင္း ၿမိဳ႕ေတာ္ဝန္ ကလစ္ခ်္ရွာကိုက ေျပာသည္။ ႐ုရွားအစိုးရက ဇြန္ (၆)ရက္တြင္ ျပဳလုပ္ခဲ့ေသာတိုက္ခိုက္မႈသည္ ယူကရိန္း၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို တုံ႔ျပန္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။
႐ုရွားေလဆိပ္မ်ားကို ယူကရိန္းစစ္တပ္က မၾကာေသးမီကတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ဖုန္းဆက္ေဆြးေႏြးခဲ့ၿပီး လက္တုံ႔ျပန္တိုက္ခိုက္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။ ဇြန္လ(၆)ရက္တြင္ ျပဳလုပ္ခဲ့ေသာ ႐ုရွား၏ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား ေၾကာင့္ ယူကရိန္းႏိုင္ငံသား အနည္းဆုံး (၄)ဦးေသဆုံးကာ (၅၀) ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။
ယူကရိန္းသည္ မၾကာေသးမီက ႐ုရွားႏိုင္ငံ ေလတပ္ အေျခစိုက္စခန္း အပါအဝင္ ႐ုရွားပိုင္နက္မ်ားကို ဒ႐ုန္းမ်ားျဖင့္ တိုက္ ခိုက္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားသမၼတက “ယူကရိန္းရဲ႕တိုက္ခိုက္မႈေတြကို ျပင္းထန္တဲ့ တုံ႔ျပန္တိုက္ခိုက္မႈ လုပ္ေဆာင္မယ္” ဟု ေျပာခဲ့သည္။
႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္ကလည္း လက္တုံ႔ျပန္တိုက္ခိုက္မည္ျဖစ္ေသာ္လည္း သင့္ေတာ္သည့္အခ်ိန္တြင္ လက္တုံ႔ျပန္မည္ျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။
ဇြန္လ (၁)ရက္က ႐ုရွားေလတပ္အေျခစိုက္စခန္းမ်ားကို ဒ႐ုန္းအမ်ားအျပားျဖင့္ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၿပီး ႐ုရွားႏိုင္ငံထုတ္(Tu-95) အမ်ိဳးအစား စစ္ဘက္သုံးေလယာဥ္မ်ား၊ (Tu-22) အမ်ိဳးအစား ေလယာဥ္မ်ားအပါအဝင္ ႐ုရွားစစ္ဘက္သုံး ေလယာဥ္အစင္းေရ (၄၀) ခန႔္ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ယူက ရိန္းအစိုးရက ေျပာသည္။ ယူကရိန္းသည္ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ႐ုရွားႏိုင္ငံ Bryansk ေဒသႏွင့္ Kursk ေဒသတို႔တြင္ ရထားလမ္းမ်ားကို ပစ္မွတ္ထားၿပီး ဖ်က္စီးတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ရာ အနည္းဆုံး (၁၀)ဦး ေသဆုံးခဲ့သလို လူေပါင္း (၁၁၀) ဦးဒဏ္ရာရခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဇြန္လ (၅) ရက္ကလည္း ႐ုရွားႏိုင္ငံ Voronezh ေဒသတြင္ ရထား လမ္းေၾကာင္းကို ေပါက္ကြဲေစေသာပစၥည္းမ်ားျဖင့္ တိုက္ခိုက္ရန္ႀကိဳးပမ္းခဲ့ၿပီး မီးရထားေရွ႕တြင္ေပါက္ကြဲမႈမ်ား ျဖစ္လာခဲ့ေၾကာင္း သိရသည္။
႐ုရွားသမၼတပူတင္က ရထားလမ္းမ်ားကို ပစ္မွတ္ထားဖ်က္ဆီး တိုက္ခိုက္မႈသည္အၾကမ္းဖက္ လုပ္ရပ္ျဖစ္ေၾကာင္း၊ ယူကရိန္းအစိုးရက အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္လာေနေၾကာင္း ေျပာသည္။ ယူကရိန္းႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ုံးက ယူကရိန္းႏိုင္ငံအတြင္းရွိအေမရိကန္ႏိုင္ငံသားမ်ားသည္အစား အစာေဆးဝါး ႏွင့္ ေရမ်ားကိုႀကိဳတင္ စုေဆာင္းထားရွိရန္ ႏွင့္ ပိုမိုေကာင္းမြန္သည့္ေနရာမ်ားတြင္ ေ႐ြးခ်ယ္ ေနထိုင္ရန္တိုက္တြန္းေတာင္းဆိုထားၿပီး အႏၲရာယ္ရွိသည့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျဖစ္လာႏိုင္ဖြယ္ ရွိေနေၾကာင္း သတိေပးထားသည္။