နိုင်ငံခြားမှ မိသားစုလွှဲပို့ငွေစာရင်း ပေးပို့ခြင်းမရှိသော အေဂျင်စီ(၁၃၀)အထိ ရှိနေ

 591

ချယ်ရီ (NP News) - ဇွန် ၇
ပြီးခဲ့သည့်မေလအတွက် မိသားစုလွှဲပိုငွေ ရရှိမှုအထောက်အထားတင်ပြရန် တင်ပြခြင်းမရှိသေးသည့် အေဂျင်စီများ (၁၃၀) အထိ ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး (၄၁) ရာခိုင်နှုန်းသာတင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံ အလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အရ အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ (၃)လစာ မိသားစုငွေ လွှဲပြောင်းပေးထား သည့်အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအလိုက်စေလွှတ်ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ မေလအတွက် မိသားစုလွှပိုငွေ ရရှိမှုအထောက်အထားတင်ပြရန် တင်ပြခြင်းမရှိသေးသည့် အေဂျင်စီများစာရင်းဟု ဆိုကာ အေဂျင်စီများ၏ နာမည်နှင့်တကွ စာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါ စာရင်းကို ဇွန်လ ၁၀ ရက်၊ ညနေပိုင်း ၅နာရီ နောက်ဆုံး ထား၍ dolmigrationremittance@gmail ပေးပိုရန်နှင့် အချိန်မီပေးပို့ခြင်း မရှိပါက Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်း ခံရမည့်အပြင် ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

Zawgyi Version:
ႏိုင္ငံျခားမွ မိသားစုလႊဲပို႔ေငြစာရင္း ေပးပို႔ျခင္းမရွိေသာ ေအဂ်င္စီ(၁၃၀)အထိ ရွိေန
ခ်ယ္ရီ (NP News) - ဇြန္ ၇

ၿပီးခဲ့သည့္ေမလအတြက္ မိသားစုလႊဲပိုေငြ ရရွိမႈအေထာက္အထားတင္ျပရန္ တင္ျပျခင္းမရွိေသးသည့္ ေအဂ်င္စီမ်ား (၁၃၀) အထိ ရွိေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားမ်ား၏ မိသားစုလႊဲပို႔ေငြ အေထာက္အထားတင္ျပရာတြင္ အနည္းဆုံး (၄၁) ရာခိုင္ႏႈန္းသာတင္ျပရန္ သက္ဆိုင္ရာက ေျဖေလွ်ာ့ေပးထားၿပီး အလုပ္သမားဝန္ႀကီးဌာနက ဩဂုတ္လမွစ၍ ႏိုင္ငံ အလိုက္ မိသားစုလႊဲပို႔ေငြစာရင္း တင္ျပႏိုင္ျခင္းမရွိသည့္ေအဂ်င္စီမ်ားကို အလုပ္သမားေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီဆိုင္းငံ့သြားမည္ ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ၂၀၂၄ခုႏွစ္၊ စက္တင္ဘာလက အသိေပးထုတ္ျပန္ထားသည္။
အဆိုပါထုတ္ျပန္ခ်က္အရ ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားမ်ား၏ (၃)လစာ မိသားစုေငြ လႊဲေျပာင္းေပးထား သည့္အေထာက္အထားမ်ားကို အလုပ္သမားဝန္ႀကီးဌာနသို႔ တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံအလိုက္ေစလႊတ္ရွိေသာ္လည္း ၂၀၂၅ ခုႏွစ္၊ ေမလအတြက္ မိသားစုလႊပိုေငြ ရရွိမႈအေထာက္အထားတင္ျပရန္ တင္ျပျခင္းမရွိေသးသည့္ ေအဂ်င္စီမ်ားစာရင္းဟု ဆိုကာ ေအဂ်င္စီမ်ား၏ နာမည္ႏွင့္တကြ စာရင္းကို ထုတ္ျပန္လာျခင္းျဖစ္သည္။
အဆိုပါ စာရင္းကို ဇြန္လ ၁၀ ရက္၊ ညေနပိုင္း ၅နာရီ ေနာက္ဆုံး ထား၍ dolmigrationremittance@gmail ေပးပိုရန္ႏွင့္ အခ်ိန္မီေပးပို႔ျခင္း မရွိပါက Demand Letter အသစ္တင္ျပခြင့္ဆိုင္းငံ့ျခင္း ခံရမည့္အျပင္ ဒဏ္ေၾကးေပး ေဆာင္ရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.