လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးမှုသည် နိုင်ငံတော်အခွန်နစ်နာမှုကာကွယ်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကိုလည်းတားဆီးနိုင်ဟုဆို

2385

သန့်ဇင် (NP News) - ဇွန် ၈
နိုင်ငံတစ်ဝန်း လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခြင်းသည် နိုင်ငံတော်အခွန်နစ်နာမှုကာကွယ်ရန်နှင့် အကြမ်း ဖက်လုပ်ရပ်များလည်း တားဆီးနိုင်ခြင်းဖြစ်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက သုံးသပ်ပြောဆို ထားသည်။
မေ (၂၀)ရက် နေပြည်တော်တွင် ပြုလုပ် သည့်အစည်းအဝေး၌ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ် များစီးနင်းနေမှုကိုဖော်ထုတ်သွားရန်၊ နံပါတ်ပြား အတုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းတို့ တွေ့ရှိ ရပြီး တာဝန်ရှိသူများကပါဝင်ပတ်သက်သူအားလုံးကို ဖော်ထုတ်အရေးယူသွားရန်နှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုသည် နိုင်ငံတော်အနေဖြင့် အခွန်အခ နစ် နာမှုရှိသည့်အပြင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၌ လည်း အခက်အခဲများဖြစ်ပေါ်နိုင်သည်ဟု နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့ဖူးသည်။
ထိုသို့ပြောဆိုခဲ့ပြီးနောက် မေလ (၃၀) ရက်က စတင်ကာ လိုင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီး ခြင်းကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိပြီး လက်ရှိအချိန်အထိ လိုင်စင်မဲ့ကား (၆၀)ကျော်နှင့် ဆိုင်ကယ်(၂၅၀)နီးပါး ဖမ်းဆီးရမိထား ကြောင်းသိရသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးရာတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး ဖမ်းဆီး ရမိထားပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင် နေလျက်ရှိကြောင်း သိရသည်။
ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်း ဆီးခြင်းနှင့်ပတ်သက်၍ '' လိုင်စင်မဲ့မော်တော်ယာဉ် တွေဖမ်းလိုက်ရင် နိုင်ငံတော်က အခွန်ရတယ်။ အဲဒီ လိုင်စင်မဲ့ယာဉ်တွေနဲ့ အကြမ်းဖက်လုပ်ငန်း လုပ်နေ တဲ့လူတွေကို တားဆီးနိုင်တယ်။ အဲဒါက အစိုးရကရ မယ့်အခွင့်အရေး။ နောက်တစ်ခုက အဲဒီ Without ကားမစီးတဲ့သူတွေက လူ(၁၀ဝ)မှာ(၂၀)ရှိတယ်။ ကျန်တဲ့(၈၀) Without ယာဉ်တွေစီးပြီးစီးပွားရှာတဲ့လူ တွေဖြစ်နေမယ်ဆိုရင်။ သူတို့ရဲ့ အကျိုးစီးပွား ကိုပိုပြီးစဉ်းစားရမယ် ''ဟု အငြိမ်းစားရဲမှူးကပြော သည်။
လိုင်စင်မဲ့ မော်တော်ယာဉ်များပပျောက် ရေးစီမံချက်ဖြင့် ဇွန်(၁)ရက်ကလည်း စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင်များ၊ Showroom များသို့ သွား ရောက်ကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့် လိုင်စင်၊ အခွန်ဆောင်ထားရှိမှုနှင့် လိုင်စင်မဲ့ ဆိုင် ကယ်များပါရှိခြင်းရှိ၊ မရှိတို့ကို သက်ဆိုင်ရာ အဖွဲ့အ စည်းများက စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ(၃) ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လိုင်စင်မဲ့ယာဉ် များဖမ်းဆီးခြင်းကိုလုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ သည့် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့တွင်လည်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်ဆီးရမိမှုအရှိန်မြှင့်လုပ်ဆောင် နေလျက်ရှိကြောင်း သိရသည်။
လက်ရှိလိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရာတွင် ဘုန်းကြီးစီးသည့်ကားများနှင့် ပရဟိတကားများပါမချန် ဖမ်ဆီးခြင်းများရှိနေခြင်း ကြောင့်လည်း လူအများကြားဝေဖန်မှုများမြင့် တက်နေသည်။

Zawgyi Version:
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ဖမ္းဆီးမႈသည္ ႏိုင္ငံေတာ္အခြန္နစ္နာမႈကာကြယ္ရန္ႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုလည္းတားဆီးႏိုင္ဟုဆို
သန္႔ဇင္ (NP News) - ဇြန္ ၈
ႏိုင္ငံတစ္ဝန္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ဖမ္းဆီးမႈကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ျခင္းသည္ ႏိုင္ငံေတာ္အခြန္နစ္နာမႈကာကြယ္ရန္ႏွင့္ အၾကမ္း ဖက္လုပ္ရပ္မ်ားလည္း တားဆီးႏိုင္ျခင္းျဖစ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက သုံးသပ္ေျပာဆို ထားသည္။
ေမ (၂၀)ရက္ ေနျပည္ေတာ္တြင္ ျပဳလုပ္ သည့္အစည္းအေဝး၌ လိုင္စင္မဲ့ကားႏွင့္ ဆိုင္ကယ္ မ်ားစီးနင္းေနမႈကိုေဖာ္ထုတ္သြားရန္၊ နံပါတ္ျပား အတုလုပ္ျခင္း၊ လိုင္စင္အတုျပဳလုပ္ျခင္းတို႔ ေတြ႕ရွိ ရၿပီး တာဝန္ရွိသူမ်ားကပါဝင္ပတ္သက္သူအားလုံးကို ေဖာ္ထုတ္အေရးယူသြားရန္ႏွင့္ လိုင္စင္မဲ့ယာဥ္မ်ား စီးနင္းမႈသည္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္အခ နစ္ နာမႈရွိသည့္အျပင္ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ား၌ လည္း အခက္အခဲမ်ားျဖစ္ေပၚႏိုင္သည္ဟု ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ေျပာဆိုခဲ့ဖူးသည္။
ထိုသို႔ေျပာဆိုခဲ့ၿပီးေနာက္ ေမလ (၃၀) ရက္က စတင္ကာ လိုင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီး ျခင္းကို ႏိုင္ငံတစ္ဝန္း အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ လ်က္ရွိၿပီး လက္ရွိအခ်ိန္အထိ လိုင္စင္မဲ့ကား (၆၀)ေက်ာ္ႏွင့္ ဆိုင္ကယ္(၂၅၀)နီးပါး ဖမ္းဆီးရမိထား ေၾကာင္းသိရသည္။
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားဖမ္းဆီးရာတြင္ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ အမ်ားဆုံး ဖမ္းဆီး ရမိထားၿပီး က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား တြင္လည္း အရွိန္အဟုန္ျမႇင့္ဆက္လက္လုပ္ေဆာင္ ေနလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္း ဆီးျခင္းႏွင့္ပတ္သက္၍ '' လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ေတြဖမ္းလိုက္ရင္ ႏိုင္ငံေတာ္က အခြန္ရတယ္။ အဲဒီ လိုင္စင္မဲ့ယာဥ္ေတြနဲ႔ အၾကမ္းဖက္လုပ္ငန္း လုပ္ေန တဲ့လူေတြကို တားဆီးႏိုင္တယ္။ အဲဒါက အစိုးရကရ မယ့္အခြင့္အေရး။ ေနာက္တစ္ခုက အဲဒီ Without ကားမစီးတဲ့သူေတြက လူ(၁၀ဝ)မွာ(၂၀)ရွိတယ္။ က်န္တဲ့(၈၀) Without ယာဥ္ေတြစီးၿပီးစီးပြားရွာတဲ့လူ ေတြျဖစ္ေနမယ္ဆိုရင္။ သူတို႔ရဲ႕ အက်ိဳးစီးပြား ကိုပိုၿပီးစဥ္းစားရမယ္ ''ဟု အၿငိမ္းစားရဲမႉးကေျပာ သည္။
လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားပေပ်ာက္ ေရးစီမံခ်က္ျဖင့္ ဇြန္(၁)ရက္ကလည္း စစ္ကိုင္း တိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕နယ္အတြင္းရွိ ဆိုင္ကယ္ ေရာင္းဝယ္ေရးဆိုင္မ်ား၊ Showroom မ်ားသို႔ သြား ေရာက္ကာ စည္ပင္လုပ္ငန္းလိုင္စင္၊ ေရာင္းခ်ခြင့္ လိုင္စင္၊ အခြန္ေဆာင္ထားရွိမႈႏွင့္ လိုင္စင္မဲ့ ဆိုင္ ကယ္မ်ားပါရွိျခင္းရွိ၊ မရွိတို႔ကို သက္ဆိုင္ရာ အဖြဲ႕အ စည္းမ်ားက စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဇြန္လ(၃) ရက္ကလည္း ရွမ္းျပည္နယ္ေတာင္ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ႏွင့္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕တြင္ လိုင္စင္မဲ့ယာဥ္ မ်ားဖမ္းဆီးျခင္းကိုလုပ္ေဆာင္ခဲ့ၿပီး ဖမ္းဆီးရမိခဲ့ သည့္ လိုင္စင္မဲ့ကားႏွင့္ဆိုင္ကယ္မ်ား သိမ္းဆည္း ရမိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ မႏၲေလးတိုင္း ေဒသႀကီး မႏၲေလးၿမိဳ႕တြင္လည္း လိုင္စင္မဲ့ကားႏွင့္ ဆိုင္ကယ္မ်ားဖမ္ဆီးရမိမႈအရွိန္ျမႇင့္လုပ္ေဆာင္ ေနလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိလိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးရာတြင္ ဘုန္းႀကီးစီးသည့္ကားမ်ားႏွင့္ ပရဟိတကားမ်ားပါမခ်န္ ဖမ္ဆီးျခင္းမ်ားရွိေနျခင္း ေၾကာင့္လည္း လူအမ်ားၾကားေဝဖန္မႈမ်ားျမင့္ တက္ေနသည္။