ရုရှား အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ချမ်းသာကြွယ်ဝမှုများ တိုးမြင့်လာ

511

Pika (Ref : RT)
ရုရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ပေါင်းစပ်အသားတင်ကြွယ်ဝချမ်းသာမှုသည် ပြီးခဲ့သည့် (၁၂)လ အတွင်း အမေရိကန်ဒေါ်လာ(၂၈)ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း Bloomberg ဘီလျံနာများ အညွှန်းကိန်းတွင် ရေးသားဖော်ပြခဲ့သည်။ စုစုပေါင်းအသားတင်ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ(၃၁၇ ဒသမ ၇)ဘီလျံရှိသော ရုရှား ဘီလျံနာ စုစုပေါင်း (၂၂) ဦးသည် ဇွန်လ(၂)ရက် အထိ ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းထဲတွင် ပါဝင်ခဲ့ ကြောင်း လည်းသိရ သည်။
ကမ္ဘာ့အချမ်းသာဆုံးလူ(၅၀ဝ)ကို အဆင့်သတ်မှတ်ပေးသော Bloomberg ဘီလျံနာများ အòန်းကိန်းသည် စာရင်းသွင်းထားသော အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများကို အခြေခံကာ တွက်ချက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားနိုင်ငံ၏ အချမ်းသာဆုံးလူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိ သော သတ္တုတွင်းလုပ်ငန်းကြီး Norilsk Nickel ၏ ပိုင်ရှင် ဗလာဒီမာ ပိုတန်နင်သည် ကမ္ဘာ့အချမ်းသာဆုံးလူ စာရင်းတွင် အဆင့်(၅၈)နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
ဗလာဒီမာပိုတန်နင်၏ အသားတင်ချမ်းသာ ကြွယ်ဝမှုသည် ယခုနှစ်၏ပထမ(၅)လအတွင်း အမေရိကန် ဒေါ်လာ(၃ ဒသမ ၈၂)ဘီလျံတိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ(၃၁ ဒသမ ၇)ဘီလျံအထိ တိုးလာနိုင်ကြောင်းခန့်မှန်း ထားကြသည်။ ထို့ပြင် ဒုတိယနေရာကို ရုရှားစွမ်းအင်ကုမ္ပဏီ Lukoil ၏ သူဌေးဟောင်း Vagit Alekperov က သိမ်းပိုက် ထားပြီး ယခုနှစ်အတွင်း ၎င်း၏အသားတင်ချမ်းသာကြွယ်ဝမှုတွင် အမေရိကန်ဒေါ်လာ(၅၆၁)သန်း တိုးလာခဲ့ကြောင်း သိရသည်။

Zawgyi Version:
႐ုရွား အခ်မ္းသာဆုံးပုဂၢိဳလ္မ်ား၏ ခ်မ္းသာႂကြယ္ဝမႈမ်ား တိုးျမင့္လာ
Pika (Ref : RT)
႐ုရွားႏိုင္ငံ၏ အခ်မ္းသာဆုံးပုဂၢိဳလ္မ်ား၏ ေပါင္းစပ္အသားတင္ႂကြယ္ဝခ်မ္းသာမႈသည္ ၿပီးခဲ့သည့္ (၁၂)လ အတြင္း အေမရိကန္ေဒၚလာ(၂၈)ဘီလ်ံအထိ ျမင့္တက္လာခဲ့ေၾကာင္း Bloomberg ဘီလ်ံနာမ်ား အၫႊန္းကိန္းတြင္ ေရးသားေဖာ္ျပခဲ့သည္။ စုစုေပါင္းအသားတင္ခ်မ္းသာႂကြယ္ဝမႈ အေမရိကန္ေဒၚလာ(၃၁၇ ဒသမ ၇)ဘီလ်ံရွိေသာ ႐ုရွား ဘီလ်ံနာ စုစုေပါင္း (၂၂) ဦးသည္ ဇြန္လ(၂)ရက္ အထိ ကမာၻ႔အခ်မ္းသာဆုံးလူစာရင္းထဲတြင္ ပါဝင္ခဲ့ ေၾကာင္း လည္းသိရ သည္။
ကမာၻ႔အခ်မ္းသာဆုံးလူ(၅၀ဝ)ကို အဆင့္သတ္မွတ္ေပးေသာ Bloomberg ဘီလ်ံနာမ်ား အòန္းကိန္းသည္ စာရင္းသြင္းထားေသာ အစုရွယ္ယာမ်ား ပိုင္ဆိုင္ထားသည့္ ကုမၸဏီမ်ား၏ ရွယ္ယာေဈးႏႈန္းမ်ားကို အေျခခံကာ တြက္ခ်က္မႈမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံ၏ အခ်မ္းသာဆုံးလူတစ္ဦးအျဖစ္ ရပ္တည္လ်က္ရွိ ေသာ သတၱဳတြင္းလုပ္ငန္းႀကီး Norilsk Nickel ၏ ပိုင္ရွင္ ဗလာဒီမာ ပိုတန္နင္သည္ ကမာၻ႔အခ်မ္းသာဆုံးလူ စာရင္းတြင္ အဆင့္(၅၈)ေနရာ၌ ရပ္တည္ေနေၾကာင္း သိရသည္။
ဗလာဒီမာပိုတန္နင္၏ အသားတင္ခ်မ္းသာ ႂကြယ္ဝမႈသည္ ယခုႏွစ္၏ပထမ(၅)လအတြင္း အေမရိကန္ ေဒၚလာ(၃ ဒသမ ၈၂)ဘီလ်ံတိုးလာခဲ့ၿပီး အေမရိကန္ေဒၚလာ(၃၁ ဒသမ ၇)ဘီလ်ံအထိ တိုးလာႏိုင္ေၾကာင္းခန႔္မွန္း ထားၾကသည္။ ထို႔ျပင္ ဒုတိယေနရာကို ႐ုရွားစြမ္းအင္ကုမၸဏီ Lukoil ၏ သူေဌးေဟာင္း Vagit Alekperov က သိမ္းပိုက္ ထားၿပီး ယခုႏွစ္အတြင္း ၎၏အသားတင္ခ်မ္းသာႂကြယ္ဝမႈတြင္ အေမရိကန္ေဒၚလာ(၅၆၁)သန္း တိုးလာခဲ့ေၾကာင္း သိရသည္။