ကားတင်သွင်းမှု အကောက်ခွန်ဖြေလျှော့ခြင်းသည် ဈေးကွက်သက်ရောက်မှု မရှိနိုင်

 420

ပြည့်ဖြိုး (NP News) - ဇွန် ၉
ဆက်တိုက်မြင့်တက်နေသော ကားဈေးကွက်အတွင်း SKD နှင့် CKD ဆီကား တင်သွင်းရောင်းချမှုများအတွက် အကောက်ခွန်ဖြေလျှော့မှုများသည် ကားဈေးကွက်အပေါ် သက်ရောက်မှုမရှိကြောင်း ဝါရင့်ကားလုပ်ငန်းရှင်များထံ မှ သိရသည်။
လက်ရှိကာလတွင် မော်တော်ယာဉ်ဈေး နှုန်းများအမြင့်ပိုင်းသို့ရောက်ရှိနေပြီး SKD နှင့် CKD ဆီကားမှာ ဈေးကွက် အတွင်း ရောင်းအား အကောင်းဆုံးအဖြစ်ရပ်တည်နေသည်။
သက်ဆိုင်ရာမှ SKD နှင့် CKD ဆီကား များနှင့်ပတ်သက်ပြီး အကောက်ခွန်ဖြေလျှော့မှုအပေါ် ဝါရင့် ကားလုပ်ငန်း ရှင် ဦးဇော်ထိုက်အေး က “ကား ဈေးကွက်အပေါ်အကျိုးသက်ရောက်မှုမရှိနိုင်ပါဘူး။ ပုံမှန်နှစ်စဉ်အတိုင်း ထုတ်ပြန် တာပါ။ SKD က ထုတ်လုပ်ခွင့်အသစ်တွေ ရပ်ဆိုင်းထားပြီး နှစ်အလိုက်တင် သွင်းခွင့်တွေကို စိစစ် ဆောင်ရွက်နေလို့ ကားဈေးတွေများနေတာပါ။ တင်သွင်းခွင့်များများထုတ်ပေးပြီး တိုက်ရိုက်ကိုယ်စားလှယ်တွေကို တင်သွင်းခွင့်ပေး ရင် ဈေးပြန်ကျလာမှာပါ” ဟု NP News ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
လတ်တလော SKD နှင့် CKD ဆီကား တင်သွင်းခွင့်အတွက် အကောက်ခွန်နှုန်းထားဖြေလျှော့မှုသည် ကား ဈေးကွက်အတွင်းမြင့်တက်နေသော ကားဈေးနှုန်းကို ပြန်လည်မကျဆင်းနိုင်ကြောင်း သိရသည်။
အခွန်ဖြေလျှော့ရာတွင် ယခင်က SKD စနစ်ဖြင့်ထုတ်လုပ်မည့် 2000CC အောက်နှင့် 2000CC အထက် လူစီးမော်တော်ယာဉ်များအတွက် (၇ ဒသမ ၅)ရာခိုင်နှုန်းသတ်မှတ်ခဲ့သော်လည်း လက် ရှိတွင် (၅)ရာခိုင်နှုန်းနှင့် CKD စနစ်ဖြင့် ထုတ်လုပ်မည့် လူစီးမော်တော်ယာဉ်များကို ယခင်က (၅)ရာခိုင်နှုန်း အစား (၃) ရာခိုင်နှုန်း လျှော့ချ သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဈေးကွက်အတွင်း ကားအမျိုးအစား အားလုံးဈေးတက်နေသည်။ SKD နှင့် CKD ဆီကားများ ပြီးလျှင် EV SKD ကားများမှာ ဒုတိယ ရောင်းအားအကောင်းဆုံးဖြစ်ကြပြီး ဂျပန်တစ်ပတ် ရစ်ကားများမှာ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

Zawgyi Version;
ကားတင္သြင္းမႈ အေကာက္ခြန္ေျဖေလွ်ာ့ျခင္းသည္ ေဈးကြက္သက္ေရာက္မႈ မရွိႏိုင္
ျပည့္ၿဖိဳး (NP News) - ဇြန္ ၉
ဆက္တိုက္ျမင့္တက္ေနေသာ ကားေဈးကြက္အတြင္း SKD ႏွင့္ CKD ဆီကား တင္သြင္းေရာင္းခ်မႈမ်ားအတြက္ အေကာက္ခြန္ေျဖေလွ်ာ့မႈမ်ားသည္ ကားေဈးကြက္အေပၚ သက္ေရာက္မႈမရွိေၾကာင္း ဝါရင့္ကားလုပ္ငန္းရွင္မ်ားထံ မွ သိရသည္။
လက္ရွိကာလတြင္ ေမာ္ေတာ္ယာဥ္ေဈး ႏႈန္းမ်ားအျမင့္ပိုင္းသို႔ေရာက္ရွိေနၿပီး SKD ႏွင့္ CKD ဆီကားမွာ ေဈးကြက္ အတြင္း ေရာင္းအား အေကာင္းဆုံးအျဖစ္ရပ္တည္ေနသည္။
သက္ဆိုင္ရာမွ SKD ႏွင့္ CKD ဆီကား မ်ားႏွင့္ပတ္သက္ၿပီး အေကာက္ခြန္ေျဖေလွ်ာ့မႈအေပၚ ဝါရင့္ ကားလုပ္ငန္း ရွင္ ဦးေဇာ္ထိုက္ေအး က “ကား ေဈးကြက္အေပၚအက်ိဳးသက္ေရာက္မႈမရွိႏိုင္ပါဘူး။ ပုံမွန္ႏွစ္စဥ္အတိုင္း ထုတ္ျပန္ တာပါ။ SKD က ထုတ္လုပ္ခြင့္အသစ္ေတြ ရပ္ဆိုင္းထားၿပီး ႏွစ္အလိုက္တင္ သြင္းခြင့္ေတြကို စိစစ္ ေဆာင္႐ြက္ေနလို႔ ကားေဈးေတြမ်ားေနတာပါ။ တင္သြင္းခြင့္မ်ားမ်ားထုတ္ေပးၿပီး တိုက္႐ိုက္ကိုယ္စားလွယ္ေတြကို တင္သြင္းခြင့္ေပး ရင္ ေဈးျပန္က်လာမွာပါ” ဟု NP News ၏ ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားသည္။
လတ္တေလာ SKD ႏွင့္ CKD ဆီကား တင္သြင္းခြင့္အတြက္ အေကာက္ခြန္ႏႈန္းထားေျဖေလွ်ာ့မႈသည္ ကား ေဈးကြက္အတြင္းျမင့္တက္ေနေသာ ကားေဈးႏႈန္းကို ျပန္လည္မက်ဆင္းႏိုင္ေၾကာင္း သိရသည္။
အခြန္ေျဖေလွ်ာ့ရာတြင္ ယခင္က SKD စနစ္ျဖင့္ထုတ္လုပ္မည့္ 2000CC ေအာက္ႏွင့္ 2000CC အထက္ လူစီးေမာ္ေတာ္ယာဥ္မ်ားအတြက္ (၇ ဒသမ ၅)ရာခိုင္ႏႈန္းသတ္မွတ္ခဲ့ေသာ္လည္း လက္ ရွိတြင္ (၅)ရာခိုင္ႏႈန္းႏွင့္ CKD စနစ္ျဖင့္ ထုတ္လုပ္မည့္ လူစီးေမာ္ေတာ္ယာဥ္မ်ားကို ယခင္က (၅)ရာခိုင္ႏႈန္း အစား (၃) ရာခိုင္ႏႈန္း ေလွ်ာ့ခ် သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ေဈးကြက္အတြင္း ကားအမ်ိဳးအစား အားလုံးေဈးတက္ေနသည္။ SKD ႏွင့္ CKD ဆီကားမ်ား ၿပီးလွ်င္ EV SKD ကားမ်ားမွာ ဒုတိယ ေရာင္းအားအေကာင္းဆုံးျဖစ္ၾကၿပီး ဂ်ပန္တစ္ပတ္ ရစ္ကားမ်ားမွာ ပုံမွန္အေရာင္းအဝယ္ ျဖစ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.