ကိုလံဘီယာ သမ္မတလောင်းတစ်ဦး သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရ

 288

Pika (NP News) - ဇွန် ၉
ကိုလံဘီယာအထက်လွှတ်တော်အမတ်နဲ့ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Miguel Uribe Turbay ဟာ ဘိုဂိုတာမြို့မှာ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုအတွင်း တိုက်ခိုက်ခံခဲ့ရပြီး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ လက်ယာယိမ်း ဒီမိုကရက်တစ်စင်တာပါတီဝင်တစ်ဦးဖြစ်တဲ့ အသက်(၃၉)နှစ်အရွယ် Miguel Uribe Turbay ဟာ ဇွန်လ(၇)ရက် ညနေ(၅)နာရီအချိန်လောက်မှာ ၎င်းကိုထောက်ခံအားပေးသူတွေနဲ့ တွေ့ဆုံစဉ်အချိန် အတွင်း ဦးခေါင်းကို သေနတ်နဲ့ပစ်ခံခဲ့ရတာဖြစ်တယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် Miguel Uribe Turbay ကို စိုးရိမ်ရတဲ့အခြေအနေနဲ့အတူ ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့တယ်လို့ လက်ယာယိမ်းဒီမိုကရက်တစ်စင်တာပါတီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ် နဲ့ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို အခင်းဖြစ်ပွားရာနေရာမှာ ချက်ချင်းဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ယာယိမ်းဒီမိုကရက်တစ်စင်တာပါတီက “ကိုလံဘီယာအထက်လွှတ်တော်အမတ်နဲ့ သမ္မတလောင်းတစ်ဦး ဖြစ်တဲ့ Miguel Uribe Turbay ကို တိုက်ခိုက်မှုကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုကလည်း အဲဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး တိုက်ခိုက်မှုနောက်ကွယ်မှာရှိနေတဲ့လူတွေကို အပြစ်ပေးနိုင်ဖို့အတွက် အပြည့်အဝစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ကိုလံဘီယာ သမၼတေလာင္းတစ္ဦး ေသနတ္နဲ႔ပစ္ခတ္လုပ္ႀကံခံရ
Pika (NP News) - ဇြန္ ၉
ကိုလံဘီယာအထက္လႊတ္ေတာ္အမတ္နဲ႔ သမၼတေလာင္းတစ္ဦးျဖစ္တဲ့ Miguel Uribe Turbay ဟာ ဘိုဂိုတာၿမိဳ႕မွာ မဲဆြယ္စည္း႐ုံးေရးပြဲတစ္ခုအတြင္း တိုက္ခိုက္ခံခဲ့ရၿပီး ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာရရွိသြားခဲ့တယ္လို႔ သိရပါတယ္။ လက္ယာယိမ္း ဒီမိုကရက္တစ္စင္တာပါတီဝင္တစ္ဦးျဖစ္တဲ့ အသက္(၃၉)ႏွစ္အ႐ြယ္ Miguel Uribe Turbay ဟာ ဇြန္လ(၇)ရက္ ညေန(၅)နာရီအခ်ိန္ေလာက္မွာ ၎ကိုေထာက္ခံအားေပးသူေတြနဲ႔ ေတြ႕ဆုံစဥ္အခ်ိန္ အတြင္း ဦးေခါင္းကို ေသနတ္နဲ႔ပစ္ခံခဲ့ရတာျဖစ္တယ္လို႔ ပါတီရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။
တိုက္ခိုက္ခံရမႈျဖစ္ပြားခဲ့ၿပီးေနာက္ Miguel Uribe Turbay ကို စိုးရိမ္ရတဲ့အေျခအေနနဲ႔အတူ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့တယ္လို႔ လက္ယာယိမ္းဒီမိုကရက္တစ္စင္တာပါတီက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္ နဲ႔ပတ္သက္ၿပီး သံသယရွိသူတစ္ဦးကို အခင္းျဖစ္ပြားရာေနရာမွာ ခ်က္ခ်င္းဖမ္းဆီးႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ယာယိမ္းဒီမိုကရက္တစ္စင္တာပါတီက “ကိုလံဘီယာအထက္လႊတ္ေတာ္အမတ္နဲ႔ သမၼတေလာင္းတစ္ဦး ျဖစ္တဲ့ Miguel Uribe Turbay ကို တိုက္ခိုက္မႈကို ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်ပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ကိုလံဘီယာသမၼတ ဂူစတာဗိုပက္ထ႐ိုကလည္း အဲဒီတိုက္ခိုက္မႈကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး တိုက္ခိုက္မႈေနာက္ကြယ္မွာရွိေနတဲ့လူေတြကို အျပစ္ေပးႏိုင္ဖို႔အတြက္ အျပည့္အဝစုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔ အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.