ကမ္ဘာ့ပထမဆုံး စက်ရုပ်တိုက်ခိုက်ရေးပြိုင်ပွဲကို တရုတ်ကုမ္ပဏီတစ်ခု ကျင်းပ
                        
                            
                             
 372
 
                             
                            
                            
                         
                        
Pika (NP News) - ဇွန် ၉ 
တရုတ်စက်ရုပ်ကုမ္ပဏီUnitreeသည် ကမ္ဘာ့ပထမဆုံးလူသားဆန်သော စက်ရုပ်တိုက်ခိုက်ရေးပြိုင်ပွဲအဖြစ် ကြော်ငြာထားသည့်ပြိုင်ပွဲတွင် ၎င်း၏ G1 စက်ရုပ်မော်ဒယ်၏ တိုက်ခိုက်ရေးစွမ်းရည်များကို ပြသခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံ Zhejiang ပြည်နယ်အခြေစိုက် စက်ရုပ်ကုမ္ပဏီ Unitree သည် ၎င်း၏ G1 စက်ရုပ်၏ စွမ်းရည်များကို ပြသရန် ထူးခြားသော စက်ရုပ်တိုက်ခိုက်ရေးပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ အရပ် (၁၃၀) စင်တီ မီတာနှင့် အလေးချိန် (၃၅)ကီလိုဂရမ်သာရှိသော G1 စက်ရုပ်သည် သေးငယ်ပေါ့ပါးသော စက်ရုပ်တစ်ရုပ်ဖြစ်ပြီး ချောမွေ့သောလှုပ်ရှားမှုများ၊ အံ့ဩဖွယ်ကောင်းသောထိန်းညှိမှုများနှင့် ပြန်လည်ထနိုင်စွမ်း တို့ကို အောင်မြင်စွာပြသနိုင်ခဲ့ကြောင်း သိရသည်။		တရုတ်နိုင်ငံပိုင် China Media Group က စုပေါင်း ကာ China Central Television (CCTV) သတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်သော ကမ္ဘာ့ပထမဆုံးစက်ရုပ် ပြိုင်ပွဲကို ပြီးခဲ့သည့် ဇွန်လ (၁) ရက်က Hangzhou မြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအတွင်း G1 စက်ရုပ်လေးရုပ်သည် လူသားဒိုင်၏စောင့်ကြည့်မှုအောက်တွင် ကွင်း အတွင်း မျက်နှာချင်းဆိုင်ကာ ထိုးသတ်ခဲ့ကြကြောင်း သိရသည်။ ဦးခေါင်းအကာအကွယ်များနှင့် စံချိန်မီ လက်ဝှေ့အိတ်များ ကို ဝတ်ဆင်ထားသောစက်ရုပ်များသည် ထိုးခြင်း၊ ကန်ခြင်းနှင့် သတ်မှတ်ချိန်အတွင်း ပြန်လည်ကုန်းထလာခြင်း တို့ကို အောင်မြင်စွာပြသနိုင်ခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် အဆိုပါပွဲစဉ်များထဲမှတစ်ခုအတွင်း စက်ရုပ်တစ်ရုပ်သည် အလဲထိုးခံလိုက်ရပြီး အချိန်(၈)စက္ကန့်အတွင်း ပြန်လည်ထမလာနိုင်ခြင်းကြောင့်  KO အဖြစ် သတ်မှတ်ကာ ပွဲစဉ်ပြီးဆုံးခဲ့ကြောင်း လည်း သိရသည်။
                     
                        
                                                                    
Zawgyi Version;
ကမာၻ႔ပထမဆုံး စက္႐ုပ္တိုက္ခိုက္ေရးၿပိဳင္ပြဲကို တ႐ုတ္ကုမၸဏီတစ္ခု က်င္းပ
Pika  (NP News) - ဇြန္ ၉ 
တ႐ုတ္စက္႐ုပ္ကုမၸဏီUnitreeသည္ ကမာၻ႔ပထမဆုံးလူသားဆန္ေသာ စက္႐ုပ္တိုက္ခိုက္ေရးၿပိဳင္ပြဲအျဖစ္ ေၾကာ္ျငာထားသည့္ၿပိဳင္ပြဲတြင္ ၎၏ G1 စက္႐ုပ္ေမာ္ဒယ္၏ တိုက္ခိုက္ေရးစြမ္းရည္မ်ားကို ျပသခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္သီတင္းပတ္က တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္အေျခစိုက္ စက္႐ုပ္ကုမၸဏီ Unitree သည္ ၎၏ G1 စက္႐ုပ္၏ စြမ္းရည္မ်ားကို ျပသရန္ ထူးျခားေသာ စက္႐ုပ္တိုက္ခိုက္ေရးၿပိဳင္ပြဲကို က်င္းပခဲ့ေၾကာင္း သိရသည္။ အရပ္ (၁၃၀) စင္တီ မီတာႏွင့္ အေလးခ်ိန္ (၃၅)ကီလိုဂရမ္သာရွိေသာ G1 စက္႐ုပ္သည္ ေသးငယ္ေပါ့ပါးေသာ စက္႐ုပ္တစ္႐ုပ္ျဖစ္ၿပီး ေခ်ာေမြ႕ေသာလႈပ္ရွားမႈမ်ား၊ အံ့ဩဖြယ္ေကာင္းေသာထိန္းညႇိမႈမ်ားႏွင့္ ျပန္လည္ထႏိုင္စြမ္း တို႔ကို ေအာင္ျမင္စြာျပသႏိုင္ခဲ့ေၾကာင္း သိရသည္။		တ႐ုတ္ႏိုင္ငံပိုင္ China Media Group က စုေပါင္း ကာ China Central Television (CCTV) သတင္းဌာနက တိုက္႐ိုက္ထုတ္လႊင့္ေသာ ကမာၻ႔ပထမဆုံးစက္႐ုပ္ ၿပိဳင္ပြဲကို ၿပီးခဲ့သည့္ ဇြန္လ (၁) ရက္က Hangzhou ၿမိဳ႕တြင္ စတင္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲအတြင္း G1 စက္႐ုပ္ေလး႐ုပ္သည္ လူသားဒိုင္၏ေစာင့္ၾကည့္မႈေအာက္တြင္ ကြင္း အတြင္း မ်က္ႏွာခ်င္းဆိုင္ကာ ထိုးသတ္ခဲ့ၾကေၾကာင္း သိရသည္။ ဦးေခါင္းအကာအကြယ္မ်ားႏွင့္ စံခ်ိန္မီ လက္ေဝွ႔အိတ္မ်ား ကို ဝတ္ဆင္ထားေသာစက္႐ုပ္မ်ားသည္ ထိုးျခင္း၊ ကန္ျခင္းႏွင့္ သတ္မွတ္ခ်ိန္အတြင္း ျပန္လည္ကုန္းထလာျခင္း တို႔ကို ေအာင္ျမင္စြာျပသႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ အဆိုပါပြဲစဥ္မ်ားထဲမွတစ္ခုအတြင္း စက္႐ုပ္တစ္႐ုပ္သည္ အလဲထိုးခံလိုက္ရၿပီး အခ်ိန္(၈)စကၠန႔္အတြင္း ျပန္လည္ထမလာႏိုင္ျခင္းေၾကာင့္  KO အျဖစ္ သတ္မွတ္ကာ ပြဲစဥ္ၿပီးဆုံးခဲ့ေၾကာင္း လည္း သိရသည္။