စင်ကာပူမှာ အမျိုးသမီးတွေကို စကတ်အောက်ပိုင်း ဓာတ်ပုံခိုးရိုက်တဲ့ အမျိုးသား ထောင်ဒဏ် ၂၈ ရက် ချမှတ်ခံရ

 464

ရောင်နီ (NP News) - ဇွန် ၁ဝ

စင်ကာပူနိုင်ငံ၊ Tampines MRT ဘူတာရုံမှာ အမျိုးသမီးတစ်ယောက်ရဲ့ စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တဲ့ အမျိုးသားကို ထောင်ဒဏ် ၂၈ ရက် ချမှတ်လိုက်ပါတယ်။ အဆိုပါ အမျိုးသားဟာ မေလကမှ အမျိုးသမီးတစ်ဦးနဲ့ ထိမ်းမြားလက်ထပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားရဲ့နာမည်ကတော့ လိုင်ဇီယန် လို့ သိရပြီး သူ့ရဲ့ဖုန်းထဲမှာ ရိုက်ကူးထားတဲ့ အမျိုးသမီးတွေရဲ့ စကတ်အောက်ပိုင်းပုံ ပုံ ၁၀၀ ကျော် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်ဟာ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး Tampines MRT ဘူတာမှ ဘူတာရုံရှိ စက်လှေကားပေါ်တက်စဉ် စကတ်တို ဝတ်ဆင် ထားတဲ့အမျိုးသမီးတစ်ဦးကို သူက မဖွယ်မရာ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ စက်လှေကား စီးနင်းနေစဉ်မှာပဲ ဖုန်းကင်မရာမှန်ဘီလူးကို အပေါ်ဘက်သို့ မျက်နှာမူပြီး ဒူးပေါ်တင်ကာ အမျိုးသမီးရဲ့ စကတ်အောက်ခြေကို ဓာတ်ပုံ ၁၄ ပုံထိ ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ လိုင် လုပ်နေတာတွေကို အခြားခရီးသည်က တွေ့ရှိပြီးနောက် ရဲကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ သူဟာ အခြားအမျိုးသမီး ၁၀ ဦးထက်မနည်းရဲ့ စကတ်အောက်ပိုင်း ဓာတ်ပုံတွေကိုလည်း ရိုက်ယူခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
အခုလို ကာယကံရှင် ခွင့်မပြုဘဲ စကတ်အောက်ပိုင်း ဓာတ်ပုံရိုက်ယူမှု စွဲချက်အတွက် အပြစ်ရှိကြောင်းကို လည်း ၎င်းက ဝန်ခံခဲ့ပြီးနောက် ဇွန်လ ၉ ရက်မှာ ထောင်ဒဏ် ၂၈ ရက် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ အမ်ိဳးသမီးေတြကို စကတ္ေအာက္ပိုင္း ဓာတ္ပုံခိုး႐ိုက္တဲ့ အမ်ိဳးသား ေထာင္ဒဏ္ ၂၈ ရက္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဇြန္ ၁ဝ

စင္ကာပူႏိုင္ငံ၊ Tampines MRT ဘူတာ႐ုံမွာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ စကတ္ေအာက္ပိုင္းကို ဓာတ္ပုံခိုး႐ိုက္တဲ့ အမ်ိဳးသားကို ေထာင္ဒဏ္ ၂၈ ရက္ ခ်မွတ္လိုက္ပါတယ္။ အဆိုပါ အမ်ိဳးသားဟာ ေမလကမွ အမ်ိဳးသမီးတစ္ဦးနဲ႔ ထိမ္းျမားလက္ထပ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။
အမ်ိဳးသားရဲ႕နာမည္ကေတာ့ လိုင္ဇီယန္ လို႔ သိရၿပီး သူ႔ရဲ႕ဖုန္းထဲမွာ ႐ိုက္ကူးထားတဲ့ အမ်ိဳးသမီးေတြရဲ႕ စကတ္ေအာက္ပိုင္းပုံ ပုံ ၁၀၀ ေက်ာ္ ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ အဆိုပါျဖစ္စဥ္ဟာ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး Tampines MRT ဘူတာမွ ဘူတာ႐ုံရွိ စက္ေလွကားေပၚတက္စဥ္ စကတ္တို ဝတ္ဆင္ ထားတဲ့အမ်ိဳးသမီးတစ္ဦးကို သူက မဖြယ္မရာ ဓာတ္ပုံ႐ိုက္ခဲ့တာျဖစ္ပါတယ္။ စက္ေလွကား စီးနင္းေနစဥ္မွာပဲ ဖုန္းကင္မရာမွန္ဘီလူးကို အေပၚဘက္သို႔ မ်က္ႏွာမူၿပီး ဒူးေပၚတင္ကာ အမ်ိဳးသမီးရဲ႕ စကတ္ေအာက္ေျခကို ဓာတ္ပုံ ၁၄ ပုံထိ ႐ိုက္ယူခဲ့တယ္လို႔ သိရပါတယ္။ လိုင္ လုပ္ေနတာေတြကို အျခားခရီးသည္က ေတြ႕ရွိၿပီးေနာက္ ရဲကို တိုင္ၾကားခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္း စုံစမ္းစစ္ေဆးမႈေတြအရ သူဟာ အျခားအမ်ိဳးသမီး ၁၀ ဦးထက္မနည္းရဲ႕ စကတ္ေအာက္ပိုင္း ဓာတ္ပုံေတြကိုလည္း ႐ိုက္ယူခဲ့တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။
အခုလို ကာယကံရွင္ ခြင့္မျပဳဘဲ စကတ္ေအာက္ပိုင္း ဓာတ္ပုံ႐ိုက္ယူမႈ စြဲခ်က္အတြက္ အျပစ္ရွိေၾကာင္းကို လည္း ၎က ဝန္ခံခဲ့ၿပီးေနာက္ ဇြန္လ ၉ ရက္မွာ ေထာင္ဒဏ္ ၂၈ ရက္ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.