ထားဝယ်ဒေသရှိ ကျောင်းအများစုကို PDF က ကျောင်းမဖွင့်ရန် ဖိအားပေးခြိမ်းခြောက်နေ

730

သန့်ဇင် (NP News) - ဇွန် ၁ဝ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်(၄)မြို့နယ်ရှိ ဒေသတွင်းကျောင်းအများစုကို PDF က ကျောင်းမဖွင့်ရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း ဒေသခံများက NP News သို့ ပြောကြားသည်။
ဇွန်လ (၂)ရက်မှစတင်ကာ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား နေလျက်ရှိပြီး အချို့သောဒေသများတွင် PDF နှင့် လက်နက်ကိုင်အဖွဲ့များကြောင့် ကျောင်းမဖွင့်လှစ်နိုင် သေးခြင်းများလည်းရှိနေသည်။
ထားဝယ်ဒေသတွင် PDF အဖွဲ့များ၏ ကျောင်းဖွင့်ရာသီခြိမ်းခြောက်မှုနှင့် တိုက်ပွဲဖော်ဆောင်မှု များကြောင့် မြို့နယ်(၄)မြို့နယ်အတွင်း၌ မြို့ပေါ်ရှိအခြေခံပညာကျောင်းများသာ စိတ်ချစွာဖွင့်လှစ်နိုင် သေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“အဓိကကတော့ ကျောင်းမတက်စေချင်လို့ ခြိမ်းခြောက်နေတာပေါ့နော်။ အခုဆို သရက်ချောင်း ဆိုရင် မြို့ပေါ်ပဲကျောင်းဖွင့်နိုင်တော့တာ။ တခြားကျေးရွာဘက်တွေဆိုရင် လုံးဝကျောင်းမဖွင့်နိုင်တော့ ဘူး။ ရှင်မုတ္ထီးရွာမှာဆိုရင်လည်း အဲဒီရွာမှာပဲ ကျောင်းဖွင့်နိုင်တော့တာ။ အဲဒီကျေးရွာကျော်သွားရင် မြို့ တွေ၊ ရွာတွေကျောင်းမဖွင့်နိုင်တော့ဘူး။ ညောင်ပင် ဆိုတဲ့ရွာမှာ အထက်တန်းကျောင်းရှိတယ်လေ။ အဲဒီ ရွာက ကျောင်းကိုတောင် PDF တွေက မီးရှို့ပစ်လိုက်တာ။ အထက်တန်းကျောင်းကြီးဆိုတော့ အဆောက် အအုံတွေအများကြီးရှိတယ်။ တစ်ခုမှကို သုံးလို့မရတော့ဘူး။ ထားဝယ် (၄)မြို့နယ်ရှိတယ်။ (၄)မြို့နယ် လုံးမှာ မြို့ပေါ်ဧရိယာလောက်ပဲကျောင်းဖွင့်နိုင်တယ်။ လောင်းလုံးမြို့ဆိုရင် မြို့ပေါ်မှာတောင် ကျောင်း မဖွင့်နိုင်တော့ဘူး။ အဲဒီလိုမျိုးဖြစ်သွားတာ။ ကျန်တဲ့ (၃)မြို့နယ်လောက်မှာပဲ မြို့ပေါ်လောက်ပဲ ကျောင်း ဖွင့်နိုင်တော့တယ်”ဟု ၎င်းကဆိုသည်။
သို့သော် အချို့သော အခြေခံပညာကျောင်းများအနေဖြင့် ကလေးများပညာသင်ကြားခွင့်မဆုံးရှုံး စေရန် PDF များ၏ ခြိမ်းခြောက်မှုမှ အပေးအယူလုပ်ကာ ကျောင်းဖွင့်လှစ်သင်ကြားနေရခြင်းများလည်းရှိ နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ “နောက်အဲဒါတွေကတော့ အသက်နဲ့ရင်းပြီး ကြိုးစား ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ကောင်းမှုကြောင့် ဖွင့်နိုင် တာပဲရှိတာ။ တချို့ဆရာ၊ ဆရာမတွေဆိုရင် သူတို့ အသက်မငဲ့ဘဲနဲ့ သူရဲကောင်းဆန်ဆန်အလုပ်လုပ်နေကြရတယ်။ အရဲစွန့်ပြီးလုပ်နေရတာ။ လေးစားဖို့ လည်း ကောင်းပါတယ်။ မြို့အစွန်အဖျားလောက်က ကျောင်းတွေမှာ လုပ်နေရတဲ့ သတ္တိကနည်းတာ တော့ မဟုတ်ဘူး။ ဘာလို့ဆိုရင် ဒီဘက်ကလည်း အဲဒီဒေသ တွေမှာ ဘာလုံခြုံရေးမှ ပေးနိုင်တာ မဟုတ် ဘူးလေ။ ပွင့်ပွင့်လင်းလင်းပြောထားတာ။ အခု ခရိုင်ပညာရေးမှူးဆိုတာလည်း သူတို့ကိုယ်တိုင်ကြောက် နေရတာ။ သူတို့ကိုယ်တိုင်တောင်မှပဲ ပြောင်ပြောင်တင်းတင်း မသွားလာရဲဖြစ်နေတာ။ သူတို့ကိုဆို တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းလိုကိုဖြစ်နေတာ”ဟု ၎င်းကဆက်ပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းများအပြင် ကျောင်းဖွင့်ရာသီရောက်လာချိန်မှသာ PDF တို့၏တိုက်ပွဲဖော် ဆောင်ခြင်းများသည် ကလေးငယ်များ၏ ပညာသင်ယူခွင့်အပေါ် တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ် ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ကလေးတွေကို ကျောင်မတက်စေချင်လို့ တိုက်ပွဲဖော်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ အဲဒါက လည်း ဘာလို့လဲဆိုတော့ သိသာလွန်းတယ်။ နွေခေါင်ခေါင်တုန်းက တိုက်ပွဲမဖော်ဘဲနဲ့ မိုးကျမှလုပ်တာ။ ကျွန်တော်တို့ ထားဝယ်မှာဆိုရင် တစ်ပတ်လောက်ရှိပြီ မိုးရွာနေတာ။ အခါတိုင်းဆို ထားဝယ်မှာက သင်္ကြန်ပြီးတာနဲ့ မိုး(၆)လ၊ နွေ(၆)လဖြစ်နေတာ။ အဲဒါကို အဲဒီလိုမဟုတ်ဘဲနဲ့ မိုးကရွာတာ တစ်ပတ် လောက်ပဲရှိသေးတယ်။ တိုက်ပွဲဖော်ဆောင်တယ်ဆိုတာက တော်တော်လွန်တယ်။ အရင်ကလည်း စစ် ရှောင် (၆)ယောက်က သူတို့ရွာ တောင်သုံးလုံးရွာကို လိုအပ်တဲ့ပစ္စည်းတွေသွားယူတာ။ အဲဒီမှာ (၆) ယောက်လုံးကို PDF က ရိုက်တယ်လို့ကြားတယ်။ ဝါးရင်းတုတ်တွေနဲ့ရိုက်တာ လမ်းတောင် မလျှောက် နိုင်ဘူး။ ကိုယ့်ရွာကိုယ်ပြန်တာတောင် အရိုက်ခံရတယ်။ ဟိုဘက်ကိုထောက်ခံတဲ့သူတွေက နဖူးတွေ့ဒူး တွေ့ ကြုံရတာပေါ့ဗျာ။ အရင်တုန်းက ဖြစ်ခဲ့တဲ့နေရာတွေမှာ မဖြစ်ခဲ့ဘဲနဲ့ အခုက မဖြစ်ခဲ့တဲ့နေရာတွေမှာ ဖြစ်နေတာ။ မောင်မရှောင်တို့မှာ ပုံမှန်လိုဖြစ်ခဲ့တာလေ။ အဲဒီနေရာတွေက ဘာမှမဖြစ်ဘဲနဲ့ အခုနောက်ပိုင်း ဒီဘက်တွေမှာ ဖြစ်လာတာပဲကြည့်ပေါ့”ဟု ၎င်းကပြောသည်။
နိုင်ငံတစ်ဝန်းအခြေခံပညာကျောင်းများကို ပညာရေးဝန်ကြီးဌာနလမ်းညွှန်မှုဖြင့် လက်ရှိတွင် ဖွင့် လှစ်သင်ကြားပေးနေလျက်ရှိပြီး နယ်မြေအခြေအနေ အရပ်ရပ်နှင့် PDF များခြိမ်းခြောက်မှုများကြောင့် (၂၅)ရာခိုင်နှုန်းခန့် မဖွင့်လှစ်နိုင်သေးကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
zawgyi version
ထားဝယ္ေဒသရွိ ေက်ာင္းအမ်ားစုကို PDF က ေက်ာင္းမဖြင့္ရန္ ဖိအားေပးၿခိမ္းေျခာက္ေန
သန႔္ဇင္ (NP News) - ဇြန္ ၁ဝ
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္(၄)ၿမိဳ႕နယ္ရွိ ေဒသတြင္းေက်ာင္းအမ်ားစုကို PDF က ေက်ာင္းမဖြင့္ရန္ ဖိအားေပးၿခိမ္းေျခာက္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာၾကားသည္။
ဇြန္လ (၂)ရက္မွစတင္ကာ ႏိုင္ငံတစ္ဝန္းရွိ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္သင္ၾကား ေနလ်က္ရွိၿပီး အခ်ိဳ႕ေသာေဒသမ်ားတြင္ PDF ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားေၾကာင့္ ေက်ာင္းမဖြင့္လွစ္ႏိုင္ ေသးျခင္းမ်ားလည္းရွိေနသည္။
ထားဝယ္ေဒသတြင္ PDF အဖြဲ႕မ်ား၏ ေက်ာင္းဖြင့္ရာသီၿခိမ္းေျခာက္မႈႏွင့္ တိုက္ပြဲေဖာ္ေဆာင္မႈ မ်ားေၾကာင့္ ၿမိဳ႕နယ္(၄)ၿမိဳ႕နယ္အတြင္း၌ ၿမိဳ႕ေပၚရွိအေျခခံပညာေက်ာင္းမ်ားသာ စိတ္ခ်စြာဖြင့္လွစ္ႏိုင္ ေသးေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“အဓိကကေတာ့ ေက်ာင္းမတက္ေစခ်င္လို႔ ၿခိမ္းေျခာက္ေနတာေပါ့ေနာ္။ အခုဆို သရက္ေခ်ာင္း ဆိုရင္ ၿမိဳ႕ေပၚပဲေက်ာင္းဖြင့္ႏိုင္ေတာ့တာ။ တျခားေက်း႐ြာဘက္ေတြဆိုရင္ လုံးဝေက်ာင္းမဖြင့္ႏိုင္ေတာ့ ဘူး။ ရွင္မုတၳီး႐ြာမွာဆိုရင္လည္း အဲဒီ႐ြာမွာပဲ ေက်ာင္းဖြင့္ႏိုင္ေတာ့တာ။ အဲဒီေက်း႐ြာေက်ာ္သြားရင္ ၿမိဳ႕ ေတြ၊ ႐ြာေတြေက်ာင္းမဖြင့္ႏိုင္ေတာ့ဘူး။ ေညာင္ပင္ ဆိုတဲ့႐ြာမွာ အထက္တန္းေက်ာင္းရွိတယ္ေလ။ အဲဒီ ႐ြာက ေက်ာင္းကိုေတာင္ PDF ေတြက မီးရႈိ႕ပစ္လိုက္တာ။ အထက္တန္းေက်ာင္းႀကီးဆိုေတာ့ အေဆာက္ အအုံေတြအမ်ားႀကီးရွိတယ္။ တစ္ခုမွကို သုံးလို႔မရေတာ့ဘူး။ ထားဝယ္ (၄)ၿမိဳ႕နယ္ရွိတယ္။ (၄)ၿမိဳ႕နယ္ လုံးမွာ ၿမိဳ႕ေပၚဧရိယာေလာက္ပဲေက်ာင္းဖြင့္ႏိုင္တယ္။ ေလာင္းလုံးၿမိဳ႕ဆိုရင္ ၿမိဳ႕ေပၚမွာေတာင္ ေက်ာင္း မဖြင့္ႏိုင္ေတာ့ဘူး။ အဲဒီလိုမ်ိဳးျဖစ္သြားတာ။ က်န္တဲ့ (၃)ၿမိဳ႕နယ္ေလာက္မွာပဲ ၿမိဳ႕ေပၚေလာက္ပဲ ေက်ာင္း ဖြင့္ႏိုင္ေတာ့တယ္”ဟု ၎ကဆိုသည္။
သို႔ေသာ္ အခ်ိဳ႕ေသာ အေျခခံပညာေက်ာင္းမ်ားအေနျဖင့္ ကေလးမ်ားပညာသင္ၾကားခြင့္မဆုံးရႈံး ေစရန္ PDF မ်ား၏ ၿခိမ္းေျခာက္မႈမွ အေပးအယူလုပ္ကာ ေက်ာင္းဖြင့္လွစ္သင္ၾကားေနရျခင္းမ်ားလည္းရွိ ေနေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ “ေနာက္အဲဒါေတြကေတာ့ အသက္နဲ႔ရင္းၿပီး ႀကိဳးစား ထားတဲ့ ဆရာ၊ ဆရာမေတြရဲ႕ေကာင္းမႈေၾကာင့္ ဖြင့္ႏိုင္ တာပဲရွိတာ။ တခ်ိဳ႕ဆရာ၊ ဆရာမေတြဆိုရင္ သူတို႔ အသက္မငဲ့ဘဲနဲ႔ သူရဲေကာင္းဆန္ဆန္အလုပ္လုပ္ေနၾကရတယ္။ အရဲစြန႔္ၿပီးလုပ္ေနရတာ။ ေလးစားဖို႔ လည္း ေကာင္းပါတယ္။ ၿမိဳ႕အစြန္အဖ်ားေလာက္က ေက်ာင္းေတြမွာ လုပ္ေနရတဲ့ သတၱိကနည္းတာ ေတာ့ မဟုတ္ဘူး။ ဘာလို႔ဆိုရင္ ဒီဘက္ကလည္း အဲဒီေဒသ ေတြမွာ ဘာလုံၿခဳံေရးမွ ေပးႏိုင္တာ မဟုတ္ ဘူးေလ။ ပြင့္ပြင့္လင္းလင္းေျပာထားတာ။ အခု ခ႐ိုင္ပညာေရးမႉးဆိုတာလည္း သူတို႔ကိုယ္တိုင္ေၾကာက္ ေနရတာ။ သူတို႔ကိုယ္တိုင္ေတာင္မွပဲ ေျပာင္ေျပာင္တင္းတင္း မသြားလာရဲျဖစ္ေနတာ။ သူတို႔ကိုဆို ေတြ႕ ရာသခ်ႋဳင္း ဓားမဆိုင္းလိုကိုျဖစ္ေနတာ”ဟု ၎ကဆက္ေျပာသည္။
ထိုသို႔လုပ္ေဆာင္ျခင္းမ်ားအျပင္ ေက်ာင္းဖြင့္ရာသီေရာက္လာခ်ိန္မွသာ PDF တို႔၏တိုက္ပြဲေဖာ္ ေဆာင္ျခင္းမ်ားသည္ ကေလးငယ္မ်ား၏ ပညာသင္ယူခြင့္အေပၚ တိုက္႐ိုက္ၿခိမ္းေျခာက္ျခင္းျဖစ္ ေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ကေလးေတြကို ေက်ာင္မတက္ေစခ်င္လို႔ တိုက္ပြဲေဖာ္မယ္ဆိုၿပီး ၿခိမ္းေျခာက္တာ။ အဲဒါက လည္း ဘာလို႔လဲဆိုေတာ့ သိသာလြန္းတယ္။ ေႏြေခါင္ေခါင္တုန္းက တိုက္ပြဲမေဖာ္ဘဲနဲ႔ မိုးက်မွလုပ္တာ။ ကြၽန္ေတာ္တို႔ ထားဝယ္မွာဆိုရင္ တစ္ပတ္ေလာက္ရွိၿပီ မိုး႐ြာေနတာ။ အခါတိုင္းဆို ထားဝယ္မွာက သၾကၤန္ၿပီးတာနဲ႔ မိုး(၆)လ၊ ေႏြ(၆)လျဖစ္ေနတာ။ အဲဒါကို အဲဒီလိုမဟုတ္ဘဲနဲ႔ မိုးက႐ြာတာ တစ္ပတ္ ေလာက္ပဲရွိေသးတယ္။ တိုက္ပြဲေဖာ္ေဆာင္တယ္ဆိုတာက ေတာ္ေတာ္လြန္တယ္။ အရင္ကလည္း စစ္ ေရွာင္ (၆)ေယာက္က သူတို႔႐ြာ ေတာင္သုံးလုံး႐ြာကို လိုအပ္တဲ့ပစၥည္းေတြသြားယူတာ။ အဲဒီမွာ (၆) ေယာက္လုံးကို PDF က ႐ိုက္တယ္လို႔ၾကားတယ္။ ဝါးရင္းတုတ္ေတြနဲ႔႐ိုက္တာ လမ္းေတာင္ မေလွ်ာက္ ႏိုင္ဘူး။ ကိုယ့္႐ြာကိုယ္ျပန္တာေတာင္ အ႐ိုက္ခံရတယ္။ ဟိုဘက္ကိုေထာက္ခံတဲ့သူေတြက နဖူးေတြ႕ဒူး ေတြ႕ ႀကဳံရတာေပါ့ဗ်ာ။ အရင္တုန္းက ျဖစ္ခဲ့တဲ့ေနရာေတြမွာ မျဖစ္ခဲ့ဘဲနဲ႔ အခုက မျဖစ္ခဲ့တဲ့ေနရာေတြမွာ ျဖစ္ေနတာ။ ေမာင္မေရွာင္တို႔မွာ ပုံမွန္လိုျဖစ္ခဲ့တာေလ။ အဲဒီေနရာေတြက ဘာမွမျဖစ္ဘဲနဲ႔ အခုေနာက္ပိုင္း ဒီဘက္ေတြမွာ ျဖစ္လာတာပဲၾကည့္ေပါ့”ဟု ၎ကေျပာသည္။
ႏိုင္ငံတစ္ဝန္းအေျခခံပညာေက်ာင္းမ်ားကို ပညာေရးဝန္ႀကီးဌာနလမ္းၫႊန္မႈျဖင့္ လက္ရွိတြင္ ဖြင့္ လွစ္သင္ၾကားေပးေနလ်က္ရွိၿပီး နယ္ေျမအေျခအေန အရပ္ရပ္ႏွင့္ PDF မ်ားၿခိမ္းေျခာက္မႈမ်ားေၾကာင့္ (၂၅)ရာခိုင္ႏႈန္းခန႔္ မဖြင့္လွစ္ႏိုင္ေသးေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။