သိန္နီမြို့မှကိုးကန့်များ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်

 1420

Pearl (NP News) - ဇွန် ၁ဝ

MNDAA က ၎င်းတို့ထိန်းချုပ်ထားသောသိန္နီမြို့မှ ယခုနှစ်ပိုင်းအတွင်း ဆုတ်ခွာမည်ဖြစ်သည့်အပြင် မူလ သတ်မှတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိ ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရသိရသည်။

“လောက်ကိုင်ထိဆုတ်မှာဆိုတော့ နည်းနည်းတော့ စောင့်ရမယ်။ သိန္နီကနေကျတော့ (၈)လပိုင်း နောက်ဆုံးပဲလို့ သိရတယ်။ အစိုးရပဲ ပြန်ဝင်မှာပေါ့။ အပေးအယူတော့ ရှိကြမှာပေါ့။ လားရှိုးက ယူသွားတဲ့ ပစ္စည်းတွေကလည်း လောက်ကိုင်ထိရွှေ့ပြီးသား။ သိန္နီမှာက ဟန်ပြလောက်ပဲ ရှိတာ” ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက NP News သို့ပြောသည်။

MNDAA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က လားရှိုးမြို့ကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့များထံ ပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

zawgyi version
Pearl (NP News) - ဇွန် ၁ဝ




Related news

© 2021. All rights reserved.