“ဘီလျံ (၁၀ဝဝဝ) လောက် လိုလိမ့်မယ်”ငလျင်ပြန်လည်ထူထောင်ရေးအတွက် ဒေါ်သက်သက်ခိုင် ရဲ့ခန့်မှန်းချက်

445

စော (NP News) - ဇွန် ၁ဝ
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းစသည့် ငလျင် ဒဏ်သင့်ဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများ အတွက် နေပြည်တော်တွင် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank - MNTT) နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကာ မေလ (၃၀)ရက် နှင့် (၃၁)ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သုံးသပ်ဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို NP News က မေးမြန်းထားသည်များကို ကောက် နုတ်ဖော်ပြအပ်ပါတယ်။
မေး။ ငလျင်အလွန်ကုစားခြင်းမှာ ဘာတွေကစပြီး ကုစားသင့်တယ်လို့ထင်လဲ။ ဘယ်အပိုင်းက ကုစားရ မယ်ထင်လဲ။
ဖြေ။ ကျွန်မ အဓိကပြောချင်တာကတော့လေ။ ကျွန်မတို့ ဒီငလျင်ကြီးကြောင့် ဆုံးရှုံးမှုက တအား ကြီးမား တယ်။ မိုခါတုန်းက ကျွန်မက လူကယ်ပြန်မှာ ဝန်ကြီးလုပ်နေတာလေ။ အဲဒီတုန်းကတော့ ဘီလျံ (၅၅၀) ကျော်ပဲပျက်စီးတာ။ အခုဆိုရင် (၃၆၂၉)ဆိုတော့ တော်တော်လေးများတယ်။ ပြီးရင် World Bank ကျ တော့ USD (၁၁)ဘီလျံတောင် မှန်းထားတာပေါ့လေ။ အဲဒီလိုပျက်စီးမှုကို မှန်းတာပေါ့လေ။ ထားပါတော့ World Bank က ဘယ်လောက်ပဲမှန်းမှန်း၊ ကျွန်မတို့ မြန်မာအစိုးရအနေနဲ့မှန်းတာ (၃၆၂၉) ဘီလျံဆို တော့ တော်တော်လေး များတာပေါ့။ ဒါကိုလည်း ပြန်ပြီးပိုကောင်းအောင် ဆောက်ရမယ်ဆိုရင် (၃)ဆ ကုန်မယ်။ သူ့ကိုရှင်းလင်းရဦးမယ်။ Foundation တွေ တူးထုတ်ရဦးမယ်။ စသည်ဖြင့်ပေါ့။ ကုန်ကျစရိတ် က သုံးဆများတာပေါ့။ အဲဒီတော့ ကျွန်မတို့ပြောမယ်ဆိုရင် ဘီလျံသောင်းချီ လိုတာပေါ့ ဒါကြီးပြန်လည် တည်ဆောက်ဖို့လေ။ ဆိုတော့ ကျွန်မတို့က ဘယ်လောက်ရှိနိုင်လဲလို့ စဉ်းစားကြည့်လိုက်တဲ့အခါကျ တော့ ဒီနိုင်ငံတော်အစိုးရအနေနဲ့ ဘီလျံ (၇၀ဝ)ငလျင်အတွက် ပြန်လည်ထူထောင်ရေးမှာ မတည်မယ်။ အရင်ကနေပြီးတော့ မြန်မာ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ဘီလျံ (၂၆၀)ကျန်တော့ စုစုပေါင်းဘီလျံ (၉၆၀) ဘီလျံ(၁၀ဝဝ)တောင်မပြည့်ဘူးပေါ့ရှင့်။ ကျွန်မတို့ လိုတာက ဘီလျံ (၁)သောင်းလောက်လိုမယ်ပေါ့။ ဒါက တော့ အများပြောတဲ့ဟာပေါ့နော်။ (၃)ဆဆိုတာ တစ်သောင်းနီးပါးလိုမယ်ဆိုတော့။ ဒါပေမဲ့ Insurance အာမခံထား ထားတဲ့လူတွေလည်း အာမခံလျော်ကြေးရမယ်ဆိုတော့ ဒါတွေပေါင်းလိုက် တယ်ဆိုရင် လည်း (၉၆၀)ဘီလျံထက်တော့ ပိုတာပေါ့။ ပိုသော်လည်း လိုဦးမှာပဲ။ အများကြီးလိုဦးမှာပဲ။ အဲဒါကြောင့် မို့လို့ ငွေတစ်ခုတည်း အားကိုးလို့မရဘဲနဲ့ ဒါနိုင်ငံတော်အစိုးရကပဲ ထမ်းတာမျိုးမဟုတ်ဘဲနဲ့ ပြည်သူလူထု ကလည်း လွတ်လွတ်လပ်လပ်လုပ်ကိုင်ပြီးတော့မှ ကိုယ့်ဘာသာကိုယ်ပြန်ထူပြီးထနိုင်အောင် အဲဒါကျ တော့ ဘာလုပ်ရမလဲဆိုရင် ကျွန်မတို့က ဈေးကွက်စီးပွားရေးစနစ်ကို ပြန်ပြီးတော့မှ ဖွင့်ပေးရမှာပေါ့။ ကျွန်မနားလည်ပါတယ်ရှင့်။ အစိုးရကလည်း အစိုးရရဲ့ အကျပ်အတည်းရှိတယ်။ ပြည်သူလူထုကလည်း ပြည်သူလူထုအကျပ်အတည်းရှိတယ်။ ဆိုတော့ အစိုးရအကျပ်အတည်းကဘာလဲဆိုရင် နိုင်ငံခြားငွေ၊ အရန်ငွေနည်းတဲ့ကိစ္စပေါ့။ သို့သော်လည်း အစိုးရစာရင်းရနိုင်တဲ့ Fromal တွေကသာ နည်းနေပေမယ့် တကယ်တမ်းဆိုရင် နိုင်ငံတကာမှာ သွားပြီးအလုပ်လုပ်နေတဲ့ ကျွန်မတို့မြန်မာနိုင်ငံသားတွေ ကိုယ့် မိသားစုကို လွှဲပြောင်းတဲ့ ငွေတွေကလည်း နိုင်ငံခြားငွေတွေ ဖြစ်တယ်ပေါ့နော်။ ဒါတွေ ကျွန်မတို့က တရားဝင်နည်းလမ်းနဲ့ လွှဲလာအောင် ဆောင်ရွက်ရမှာ။ အဲဒီလိုဆောင်ရွက်ဖို့က Exchange Rate ကို ဈေးကွက် Market Rate အတိုင်း ပေးလိုက်ရမှာပေါ့။ အဲဒီလိုပေးလိုက်ရင် ကျွန်မတို့ရောင်းတာတွေ၊ ဝယ်တာတွေ၊ လိုချင်တာတွေ၊ လိုသလောက်ကို လိုတဲ့နေရာမှာရမယ်။ ပစ္စည်းကောင်းကောင်းရမယ်၊ အရည်အသွေး ကောင်းကောင်းရမယ်၊ ဝန်ဆောင်မှု ကောင်းမယ်ပေါ့နော်။ အဓိကကတော့ ဈေးကွက် စီးပွားရေး စနစ်ကိုပြန်ပြီးတော့ ပီပြင်အောင် လုပ်လိုက်ပြီးတော့မှ ငလျင်ဘေးသင့်တဲ့လူတွေကို ဝိုင်းပြီး ထူထောင်မယ့်လူအကုန်လုံး ကိုယ်ထူကိုယ်ထ ထနိုင်အောင် အစိုးရခွင့်ပြုလိုက်တဲ့သဘောပေါ့။ အဲဒါ လေးလုပ်စေချင်တယ်။
မေး။ ကျွန်တော်တို့ နားလည်တာ ကုစားရေးအပိုင်းကို နားလည်လိုက်တာက ငလျင်ကြောင့်ပျက်စီးသွား တဲ့ အိမ်တွေ ၊ ပြိုပျက်သွားတဲ့သာသနာ့အဆောက်အအုံတွေ ၊ အစိုးရနိုင်ငံပိုင်အဆောက်အအုံတွေ၊ ကျောင်းတွေ အစရှိသည်ကို ပြန်လည်ထူထောင်ပြီး သူတို့ကို သန့်ရှင်းရေးလုပ်ရမယ့်အလုပ်၊ ဖောင်ဒေး ရှင်း အကုန်အစကပြန်လုပ်၊ မြေ Soild Test ကအစ အကုန်လုပ်ရမှာ။ ပထမကုစားရေးစနစ်လို့ နားလည် ရမှာပေါ့။ အဲဒီစနစ်မှာလည်း အခုအချိန်ထိအကောင် အထည်ဖော်ဖို့မှာ နှစ်လရှိလာပြီ အခုထိ အကောင် အထည်ဖော်ဖို့ကို ရာခိုင်နှုန်းပြည့်မလုပ်နိုင်သေးတာတွေ့ရတယ်။ ငလျင်ထုထည်ကြီးလာတာကြောင့် လားတော့ မသိဘူး။ (၂)လရှိလာပြီပေါ့။ အခုအချိန်ထိ သေချာမလုပ်နိုင်ဘူး။ အစိုးရအပေါ်မှာ လုပ်ရကိုင်ရ ခက်တယ်လို့ထင်ရတဲ့အပိုင်းတွေက ဘယ်အပိုင်းတွေလို့ ထင်လဲ။
ဖြေ။ ။ ကျွန်မတို့ နိုင်ငံတကာအကူအညီရတော့ရတယ်။ ဒါပေမဲ့ ရတာနည်းတယ်ပေါ့။ ကျွန်မတို့ ဒီလို သဘာဝ ဘေးကြုံပြီးသွားရင် ချက်ချင်းလိုအပ်တာတွေကတော့ လာပြီးတော့ ပေးသွားတယ်ပေါ့။ Search and Rescue လုပ်သွားပေးတယ်။ ရှာဖွေကယ်ဆယ်ပေးတယ်။ ချက်ချင်းလိုအပ်တဲ့အစားအသောက်တွေ၊ ယာယီနေထိုင်ဖို့တွေ ဒါတွေတော့ ကူညီပေးသွားတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ကိုယ်ပြန်ဆောက်ဖို့ ကိုယ်ရုံး ကိုယ်ပြန်ဆောက်ဖို့ ကိုယ်ဘုရားကိုယ်ပြန်တည်ဖို့ ဒါမျိုးတွေကျတော့ ကိုယ်အိမ်ကိုယ်အားနဲ့ပဲ လုပ်ရမလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ခုနကကျွန်မပြောခဲ့တဲ့ လတ်တလောလိုအပ်တာတွေက ရခဲ့တယ်။ အဲဒါ သည် Humanistic Assistant ပါရှင့်။ Humanistic Assistant ကနေ ဒီဘက် Rehabilitation ဘက်မှာ ဆိုရင် Social Economic Development ဖြစ်သွားအောင်လုပ်လိုက်ရမှာပေါ့။ အဲဒီလိုလုပ်ဖို့ဆိုရင် နိုင်ငံ တကာရဲ့ ဝိုင်းဝန်းကူညီဖို့ရာ လိုအပ်နေတာဖြစ်ပါတယ်။ အဲဒီလိုအတွက်ကို နံပါတ်တစ် ကျွန်မတို့က G to G Channel လည်း ဖွင့်ပေးရမယ်။ Community to Community သူ့အစပ်အဆက်နဲ့ သူလာတာ သို့ သော်လည်း SOB နဲ့ ပေါ့ရှင့်။ ဘယ်သူလာတာလဲ။ ဘယ်လောက်လှူမှာလဲ။ ဘယ်အဖွဲ့အစည်းလဲ။ ဒီနယ် မြေခံက ဘယ်သူလဲ စသည်ဖြင့်ပေါ့။ ဒီလိုသတင်းအချက်အလက်တွေ ရအောင်လုပ်ပြီး စည်းစနစ်တကျနဲ့ လက်ခံနိုင်တဲ့ စနစ်ပေါ့။ ဒါမျိုးလေး ကျွန်မတို့လိုအပ်ပါတယ်။ အခုကျွန်မတို့ ကိုယ်ထူကိုယ်ထလုပ်ဖို့က နည်း နည်းတော့ခဲယဉ်းပါမယ်။ ပြီးတော့ အခြားဟေတီ ငလျင်တို့ နီပေါငလျင်တို့ စသည်ဖြင့် ဆူနာမီ၊ ဒီအင်ဒိုနီးရှား၊ အာချေးမှာ ဖြစ်ခဲ့တာတွေ၊ ဒါတွေမှာ ပြန်လည်ထူထောင်တာ ငါးနှစ်ကနေ ဆယ်နှစ်ကြာ ခဲ့တယ်ပေါ့နော်။ ဆိုရင်ကျွန်မတို့က ဒီလိုတော့ ကြာမှာပဲ။ အဲဒီလိုကြာရင်းနဲ့ပဲ အဲဒီလို အချိန်အတွင်းမှာပဲ။ ကျွန်မတို့က ဘာလုပ်ရမလဲ ဆိုတော့ Humanistic Assistant ကနေပြီးတော့မှ ဒီလူသားချင်းစာနာ ထောက်ထားမှုအကူအညီရယူရာကနေ ဘယ်ကိုရွှေ့ရမလဲဆိုရင် လူထုစီးပွားဖွံ့ဖြိုး တိုးတက်ခြင်းကို သွား ရမယ်။ အခု Panel တွေထဲမှာလည်း ပြောသွားတာ ပါပါတယ်ရှင့်။ ဒါကလည်း Construction Industry ကြီးကို ထိတာပေါ့နော်။ ဆောက်လုပ်ရေးကဏ္ဍပေါ့။ ဆောက်လုပ်ထားတဲ့ တိုက်တာတွေပြိုပျက်တယ်။ လမ်းတံတားတွေပြို ပျက်တယ်။ ဒါတွေက ငွေတွေအများကြီး သုံးပြီးတော့မှ ပြန်လည်ပြုပြင်ရမယ်။ တကယ်လို့ ဒါတွေကိုသာ ငွေအများကြီးထည့်ပြီး ပြန်လည်ပြုပြင်လိုက်နိုင် တယ်ဆိုရင်လည်းတိုင်းပြည် အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခု ငလျင်ဘေးဒဏ်ခံရတဲ့ ဒေသခံပြည် သူလူထုတွေ အခြေခံ လူတန်းစားတွေပေါ့။ သူတို့အတွက် ဘာတွေရနိုင်လဲဆိုတော့ Cash Forward Program ဆိုရင် ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာ သူတို့ကို အသုံးချပြီးတော့မှ သူတို့လုပ်တဲ့ လုပ် အားခတွေကို လုပ်အားခရတာပေါ့။ Cash Forward Program ပရိုဂရမ်ကတော့ နိုင်ငံတကာကဖြစ်ဖြစ်၊ အစိုးရကဖြစ်ဖြစ် ကမကထ လုပ်ပြီးတော့မှ အကုန်အကျခံတဲ့ ပရိုဂရမ်ဖြစ်တယ်သို့သော် အလုပ်ရသွား တာကတော့ ဒေသခံပြည်သူလူထုတွေ အလုပ်ရသွားတယ်။ အဲဒီလိုနည်းနဲ့ ပြည်သူနဲ့အစိုးရနဲ့ ပြည်သူနဲ့ နိုင်ငံတကာနဲ့ အစိုးရနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တော်တော်လေးပေါ့ ဘာအရေးကြီး တာလဲဆိုတော့ Reconstruction Plan ကို ကောင်းကောင်းဆွဲရမယ်။ ပြန်လည်တည်ဆောက်ရေးပေါ့။ ပြန်လည်တည်ဆောက်ရေးမှာ Infrastructure အခြေခံအဆောက်အအုံလို့ပြောရင် လမ်းတံတားတွေရှိ မယ်။ သာသနိကအဆောက်အအုံနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိမယ်။ ဒါတွေရှိမယ်ပြီးရင် ရုံးတွေရှိ မယ်။ ဝန်ထမ်းအိမ်ရာတွေရှိမယ်။ ပြီးရင် ပြည်သူလူထုရဲ့ကိုယ်ပိုင် အိမ်တွေရှိမယ်။ နောက်တစ်ခုက ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေရှိ မယ်။ စသည်ဖြင့် အဲဒါတွေကို အပိုင်းလိုက်ခွဲပြီးတော့လေ။ လုပ်နိုင် တာ ကဘယ်လိုလဲဆိုရင် BRI လိုမျိုးပြီးရင် အိန္ဒိယက ကုလားတန်မြို့ စီမံကိန်းလိုမျိုး နိုင်ငံတကာက တကယ်ပရောဂျက်ကြီးကြီးတွေ လာရင် Infrastructure အပိုင်းကအစိုးက လှည့်မကြည့်တော့ဘဲနဲ့ အစိုးရက ကိုယ့်ရုံးတွေကိုယ်ရဲ့ ဝန်ထမ်း အိမ်ရာတွေကို လှည့်ကြည့်ရမယ်ပြီးရင် ဒီကုမ္ပဏီကြီးတွေရဲ့ လူမှုရေးတာဝန်ထမ်းဆောင်တဲ့ အနေနဲ့ ဒီကုမ္ပဏီအကြီးကြီးတွေ ဆေးရုံတွေ ကျောင်းတွေ ဆောက်ပြီး လှူတာမျိုး အဲဒါဆိုအစိုးရမှာ ဝန်ထုပ်ဝန်ပိုး တအားပေါ့သွားမယ်။ ပြီးရင် ပြည်သူလူထုကကျတော့ ကိုယ့်အိုး ကိုယ့်အိမ်ကို ပြန်တည်ဆောက်ရမှာ ပြန်တည်ဆောက်ဖို့အတွက် လတ်တလောလုပ်ငန်းတွေ လည်း ရပ်သွားတယ်။ အိုးအိမ်တွေ လည်းပျက်စီးသွားတဲ့အချိန်မှာ ပြည်သူလူထုက ချေးငွေလိုပါတယ်။ အဲဒီချေးငွေအတွက်ကို သေချာလုပ်ရမယ်။ ကိုဗစ်တုန်းက လုပ်ခဲ့ပါတယ်။ ကိုဗစ်တုန်းက တစ်နှစ်လုံးမှ အတိုးနှုန်းက တစ်ရာခိုင်နှုန်းနဲ့ ပေးခဲ့တာ သို့သော် ပြည်သူလူထုဘက်က ကုန်သည်တွေဘက်က မရိုး သားတာတွေလည်းရှိတယ်။ ပြန်မဆပ်ဘူး။ အစိုးရက တိုက်ရိုက်ထုတ်ချေးပေးရင် ပြန်မဆပ်တာတွေရှိ တယ်။ ဆပ်တာတွေလည်းရှိတယ်။ ဆပ်တာက အများစုရှိတယ်။ ပြန်မဆပ်တာတွေလည်းရှိတယ်။ အဲဒီကျတော့ ဘာလုပ်သင့်လဲ အစိုးရက ဒီရဲ့ဝန်ထုပ်ဝန်ပိုးကိုမယူဘဲနဲ့ ဘဏ်တွေကို လွှဲပေးလိုက်ပြီး တော့မှ ငလျင်ကြောင့်မို့ တကယ်ထိခိုက်တဲ့အိုးအိမ်ထိခိုက်တဲ့ ကာယကံရှင်တွေကို အုပ်ချုပ်ရေးဘက်က စာရင်းကောက်ပြီးတော့မှ ဘဏ်တွေကို ဒီအလုပ်ကို ပေးလုပ်ရမှာပေါ့။ ဘဏ်တွေကို ပိုက်ဆံထုတ် ချေးခိုင်းရမယ်။ ဘဏ်တွေကို အစိုးရကဘဏ်တွေလုပ်တဲ့ အလုပ်ကို ဝင်လုပ်စရာမလိုဘူး။ အဲဒီလိုမျိုး လုပ်တယ်ဆိုရင်လေ အစိုးရက တာဝန်ပေါ့သွားပြီးတော့မှ ပြည်သူလူထုလည်း သူ့အလုပ်သူလုပ်တယ်။ စီးပွားရေးလုပ်ငန်းတွေလည်း သူ့အလုပ်သူလုပ်တယ်။ အစိုးရလည်း အစိုးရအလုပ်လုပ်တယ်။ စသည်ဖြင့် ကိုယ့်အလုပ်ကိုယ် ခွဲလုပ်ခြင်းအားဖြင့် ကျွန်မထင်တာနည်းနည်းပေါ့။ မြန်လည်းမြန်သွားမယ်။ တစ်ဦး ချင်းစီ တာဝန်ပေါ့သွားမယ်လို့ ထင်ပါတယ်။ ပြီးရင် ပိုလည်းအောင်မြင်မယ်လို့ထင်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ဘီလျံ (၁၀ဝဝ)နီးပါးပြင်ထားလို့ ပြောတယ်။ ဒါပေမဲ့ သူရလဒ်တစ်ခုယူချင်နေတဲ့ပုံပေါ်တယ်။ ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်းအပေါ်ဘယ်လိုနားလည်လိုက်တာရှိလဲ။
ဖြေ။ ။ ရလဒ်ဆိုတာ ဒီပိုက်ဆံကို အကျိုးရှိရှိနဲ့ ပြန်လည်ထူထောင်ရေးမှာ သုံးချင်တာပေါ့လေ။ သုံးချင် တော့ Need Assessment ဘာတွေပျက်စီးသွားတာလဲ။ ဘာတွေ ထူထောင်ဖို့လိုအပ်တာလဲ။ အဲဒါတွေ သိရမယ်။ ဘယ်အပိုင်းကို အစိုးရကပေးမလဲ။ ဘယ်အပိုင်းက ကိုယ့်ဘာသာကိုယ်ကျခံရမလဲ။ ဒါတွေကို ဆုံးဖြတ်ရမှာပေါ့။ ပြီးရင် ဒီချေးငွေတွေ ထုတ်ပေးတဲ့အချိန်မှာ အစိုးရက တိုက်ရိုက်ထုတ်ပေးတာမျိုး မဟုတ်ဘဲနဲ့ ဘဏ်တွေ တာဝန်ပေးပြီးတော့မှ ဘဏ်တွေကို ဒီငွေရင်းငွေနှီးငွေရင်းထုတ်ပေးပြီးတော့မှ ဘဏ်တွေက သူ့ဟာသူထုတ်ချေးပြီးမှ သူ့ဟာသူ ပိုက်ဆံပြန်ကောက်တာမျိုး၊ တိုးရင်း ပေါင်းပြန်ကောက် တာမျိုး၊ ကျွန်မတို့မြန်မာနိုင်ငံမှာ Banking Sector မှာ ပြင်ရန်တစ်ခုရှိပါတယ်။ ပြင်ရန် အများကြီးထဲက တစ်ခုပေါ့။ အရေးကြီးဆုံးက ဘာလဲဆိုရင် ကျွန်မတို့က ပိုက်ဆံတွေထုတ်ချေးလိုက်ရင် စာရင်းပို ထုတ် ချေးငွေဆိုပြီး တစ်နှစ်တစ်ခါ Extend လုပ်ရတယ်။ ဒီချေးငွေသက်တမ်းကတစ်နှစ်ပဲ။ ဒါပေမဲ့ တစ်နှစ် ပြည့်တဲ့အချိန်မှာ ပြန်ပြီးသက်တမ်းတိုး ရတယ်။ ပြီးရင် ဘဏ်ကဘာပဲယူလဲဆိုရင် အတိုးပဲ ကောက် တယ်။ နိုင်ငံတကာမှာ အဲဒီလိုမဟုတ်ဘူး။ အဲဒါ Short Term Loan လို့ခေါ်တာပေါ့။ နိုင်ငံတကာမှာ တော့ Home Loan ဒီလိုအိမ်ဆောက်မယ်တို့ အနှစ်(၂၀)တို့၊ အစိတ်တို့အဲဒီလိုပေးတာပေါ့။ အဲဒီလို ပေးတဲ့ အခါကျတော့ ဘယ်လိုထုတ်ချေးလဲဆိုရင် တိုးရင်းပေါင်းပြန်ပြန်ယူတာ အနှစ် (၂၀)ကျရင် အတိုးရော၊ အရင်းရောကျေသွားတာ အဲဒီတော့ဘဏ်ဘက်ကကြည့်ရင်လည်း အကြွေးဆုံး မဖြစ်တော့ဘူး။ ငွေချေး တဲ့အိမ်ရှင်တွေဘက်က ကြည့်ရင်လည်း အချိန်တန်တော့ အိမ်လည်းရသွားတယ်။ အချိန်တန်တော့ အိမ်အပိုင်ဖြစ်သွားတယ်။ အကြွေးလည်း ကျေသွားတယ်။ အဲဒီလိုမျိုးစနစ်တွေ လုပ်ဖို့ လိုအပ်နေတာဖြစ် ပါတယ်။
မေး။ အခုပျက်စီးဆုံးရှုံးမှုအပိုင်းကိုလည်း ကြည့်လိုက်တဲ့အခါကျတော့ သူတို့အားလုံး ခြုံပြီးတော့ ဆွေး နွေးတာတွေ့ရတယ်။ Detail ကဏ္ဍအလိုက် ဆွေးနွေး တာမတွေ့ရဘူး။ ဥပမာ-ဆောက်လုပ်ရေးဆိုရင် ဆောက်လုပ်ရေးရဲ့ ပျက်စီးဆုံးရှုံးမှုကဏ္ဍ၊ သူ့ရဲ့ နစ်နာဆုံးရှုံးမှုကဘယ်လောက်၊ သူ့ကို ပြန်ကာဗာ လုပ် နေရင်ဘယ်လောက် ဒါမျိုး စိုက်ပျိုးရေးဆို စိုက်ပျိုးရေးကဏ္ဍမှာ ဘာတွေဆုံးရှုံးတဲ့ကဏ္ဍက ဘယ် လောက် ၊ CNG ဆို CNG ပေါ့။ အဲဒီလိုကဏ္ဍအလိုက် Category ခွဲပြီးတော့ ဘယ်လောက် ဆုံးရှုံးတယ်။ ဘယ်လောက်ပြင်ရမယ်။ ဘာတွေလုပ်ဖို့လိုတယ်ဆိုတဲ့ဟာကို ဆွေးနွေးတာ အခုထိတော့ မတွေ့ရသေး ဘူး။
ဖြေ။ ။ အဲဒါ Need Assessment ခေါ်တာပေါ့။တစ်ခုခု သဘာဝဘေးကျရောက်ပြီးရင် Need Assessment လုပ်ရပါတယ်။ ဘာတွေပျက်စီးလဲ။ ဘာတွေထူထောင်လဲ။ အဲဒါကတော့ အချိန်နည်းနည်းကြာမယ်။ အစီ ရင် ခံစာထွက်ဖို့လေ။ အဲဒါ လုပ်နေမှာပါရှင့်။ အစိုးရကလုပ်နေမှာပါ။ ပြီးရင် နိုင်ငံတကာမှာ လုပ်တာ လည်း ရှိကောင်းရှိနိုင်ပါတယ်။ UN တို့၊ UNHCR တို့ နိုင်ငံတကာကလုပ်တာလည်း ရှိနိုင်တယ်။ အစိုးရက လုပ်တာလည်းရှိနိုင်တယ်။ အဲဒါကတော့ ကျွန်မထင်တယ် နာဂစ်တုန်းကလည်း သုံးလလောက်မှ ထွက် တာ။ မိုခါတုန်းကလည်း အာဆီယံကလာကူညီပြီးတော့မှ ကျွန်မတို့ ဌာနက လူတွေနဲ့ မြန်မာပြည်က ရုံးဝန်ထမ်းတွေနဲ့ မြန်မာပြည်က အရာရှိတွေနဲ့ အာဆီယံက ကျွမ်းကျင် သူတွေနဲ့ကျွန်မတို့ ပေါင်းပြီး တော့မှ Need Assessment လုပ်တာပေါ့။ အဲဒါလည်း နှစ်လလောက်၊ သုံးလလောက်ကြာပါတယ်။ ဆိုတော့ အစီရင်ခံစာထွက်လာမှာပေါ့။ အဲဒီအစီရင်ခံစာကို ကြည့်ပြီးတော့ ထိုင်ပြီးတော့မှ ဘာလုပ်ရမ လဲဆိုတော့ ပညာရှင်တွေက Reconstruction Plan ပေါ့။ ပြန်လည်တည် ဆောက်ရေးစီမံချက်ဆိုပြီး သေချာ ဆွဲရမယ်။ ပြီးရင် ဘယ်အပိုင်းကို ဘယ်သူကတာဝန်ယူမှာလဲ။ ငွေဘယ်လောက်ရှိလဲ။ ငွေဘယ် လောက်လိုလဲ။ လိုတာကို ဘယ်ကယူမှာလဲ။ ဆိုတဲ့ဟာပေါ့။ ပြီးရင် ပြည်သူလူထုအပိုင်းကလည်း ကိုယ့် ဟာကိုယ် ဘာလုပ်မလဲ အဲဒါတော်တော်လေး ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ ပူးပေါင်းပြီးတော့လေ။ ပြီးရင် အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းပြီးဆောင်ရွက်မှ ရမယ်လို့ ယူဆပါတယ်။
မေး။ ဒီငလျင်ပြန်လည်ထူထောင်ရေးဆိုတဲ့ အပိုင်းကို ခြုံပြီးတော့ တစ်လုံးတည်းပဲ နားလည်အောင် ပြောရ မယ်ဆိုရင် တကယ်တော့လိုနေတာက Developing Plan နဲ့ ငွေပေါ့။
ဖြေ။ နောက်တစ်ခုက မူဝါဒ ။ လူတစ်ယောက်ချင်းစီ လုပ်သာကိုင်သာရှိအောင်လေ။ ဈေးကွက်စီးပွားရေး နဲ့ ပြန်ပြီးတော့ အသက်သွင်းပြီးတော့မှ လူတစ်ယောက်ချင်းစီရဲ့ ကိုယ့်ဟာကိုယ်ထူပြီး ကိုယ့်ဟာ ကိုယ် ထနိုင်အောင် မူဝါဒအားဖြင့် ခွင့်ပြုပေးရမယ်။ အဲဒါတော့ ငွေမကုန်ဘူးပေါ့။
မေး။ လူတွေက ပိုက်ဆံလိုနေတယ်။ ကိုယ့်အိမ်တွေ ပျက်စီးသွားတဲ့အတွက် ပိုက်ဆံလိုနေတယ်။ ဘယ် က ယူရမှန်းမသိဘူး။ လုပ်ငန်းရှင် ငွေကြေးအမြဲရှိနေတဲ့လူက ပြဿာနာမရှိပေမယ့် သာမန်လူတွေမှာ ငွေ မရှိရင် အဆင်မပြေတော့ဘူး။ အဲဒီဟာနဲ့ကျရင် အစိုးရက ဘယ်ပုံစံနဲ့သွားသင့်တယ်လို့ထင်လဲ။ ဘယ်လို ပုံစံနဲ့အကောင်အထည်ဖော်သင့်တယ်လို့ထင်လဲ။
ဖြေ။ ။ ဆိုတော့ ဒါနိုင်ငံတကာက ဘယ်လိုလုပ်ခဲ့လဲဆိုတာ ကျွန်မတို့လေ့လာရဦးမှာပေါ့နော်။ ဆိုရင် တတ်နိုင်တဲ့လူကတော့ ကျွန်မတို့စဉ်းစားစရာမလိုဘူး။ မတတ်နိုင်တဲ့သူတွေကိုတော့ ခုနကလိုလေ။ မြေရှိတယ်။ အဆောက်အအုံပြိုသွားတယ်ဆိုရင်တော့မ တတ်နိုင်ဘူးဆိုရင် Bank Loan တွေ ပေးသင့် တာပေါ့။ အဲဒီလို Bank Loan ပေးရအောင်ကျတော့လည်း။ ကျွန်မတို့ Banking Sector ကအရမ်းတောင့် တင်းနေရမှာလေ။ ဆိုရင် Banking Sector တောင့်တင်းဖို့ကျတော့လည်း ဘဏ်စနစ်ကိုလည်း ကောင်း အောင် ပြုပြင်ဖို့လိုသေးတယ်။ အများကြီး တစ်ပြိုင်နက်လုပ်ရန်ရှိပါတယ်။
မေး။ အခုလက်ရှိအချိန်အထိ Banking Sector ဘက်က ငလျင်ကိစ္စအတွက် လှုပ်တာမတွေ့ရသေးဘူး။
ဖြေ။ Banking Sector ဘက်က မလှုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးက MPR တွေ ဖြေရှင်းဖို့ အများကြီးကျန်သေးတယ်။ စီးပွားရေးတွေ မကောင်းတဲ့အချိန်မှာ အကြွေးဆုံးတွေဖြစ်တယ်။ အကြွေး ဆုံးတွေဖြစ်တဲ့အချိန်မှာ ဘဏ်တွေကို ရိုက်ခတ်တယ်။ အဲဒီလိုသဘောမျိုးဖြစ်နေတယ်။ အဲဒါကို ဦး ဆောင်ပြီးတော့မှ ဖြေရှင်းပေးရမှာပေါ့နော်။ အစိုးရ ကနေ ဒါကတော့ အစိုးရပဲ ဖြေရှင်းပေးလို့ရမှာ။ အဲဒါ ကတော့ အရမ်း Technical ဖြစ်တယ်။ In Debt ဖြစ်တယ်။ AMC ဆိုတာ Asset Management Company ဆိုပြီး အစိုးရရဲ့ငွေတွေအများကြီးထည့်ပြီးတော့ ဘဏ်တွေကို ဖြေရှင်းပေးရမှာပေါ့။ အဲဒီလို ဖြေရှင်းပေးပြီးဘဏ်တွေက ပြန်ထလာတဲ့အချိန် ဘဏ်တွေကနေတစ်ဆင့် ပြည်သူလူထုထဲကို ပြန်ပြီး တော့ ငွေတွေကိုလှည့်နိုင်မှာပေါ့နော်။ အဲဒီကျတော့ နိုင်ငံတကာအကူညီတအားလိုရတယ်။ နိုင်ငံတကာ အကူညီလိုပါတယ်။ နောက်ကျွန်မတို့ နိုင်ငံတော် ဝန်ကြီးချုပ်ကြီးအနေနဲ့လည်း ဒီနစကအစိုးရအဖွဲ့ အနေနဲ့လည်း အရမ်းကြီးကြိုးစားနေတာလည်း ကျွန်မတို့မြင်ရပါတယ်။ မြင်ရပေမဲ့လည်း ပျက်စီးတဲ့ ပမာဏများလွန်းတဲ့အခါကျတော့ များလွန်းတော့ အကူအညီနဲ့လုပ်ရမှာဖြစ်နေပါတယ်။
မေး။ ကျွန်တော်နောက်ဆုံးမေးခွန်းတစ်ခုပါပဲ။ ငလျင် အလွန်စီးပွားရေးပြန်လည်ဦးမော့လာရေး အ ကြောင်းပေါ့။ ပြန်လည်ထူထောင်ရေးဒါအကြောင်းပြောတော့ အခုချိန်ထိကျွန်တော်တို့ စီးပွားရေးလုပ် တာက ဘယ်ဟာနဲ့ စမှန်းမသိဘူး။ ကျွန်တော်လည်းအဓိက Main Business က ဘာလဲ။ အခုထက်ထိ နိုင်ငံတော်က ရှင်းရှင်းလင်းလင်းမသိဘူး။ များသောအားဖြင့် စိုက်ပျိုးရေးလို့ ခေါင်းစဉ်တပ်ကြပေမယ့် စိုက်ပျိုးရေးအ ကြောင်းလောက်လောက်လားလား မလုပ်နိုင်ဘူး။ ကျွန်တော်တို့ တကယ့်လုပ်ရမယ့် Main Business က ဘာလဲ။
ဖြေ။ အဲဒါတော့ ဖြန့်ပြီးလုပ်တာကောင်းပါတယ်။ တစ်လိုင်းကောင်းသွားရင် ဒီတစ်လိုင်းမကောင်းတာနဲ့ တစ်ပြည်လုံးမကောင်းဘူးဖြစ်သွားမှာလေ။ ဖြန့်ပြီးလုပ်ရမှာဆိုတော့ ကျွန်မတို့က စီးပွားရေးလို့ပြောရင် စီးပွားရေးအဆောက်အအုံက လေးမျိုးရှိတယ်လေ။ နံပါတ်တစ်ကကျတော့ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့စီးပွားရေး၊ နံပါတ်နှစ်ကကျတော့ သဘာဝသယံဇာတကိုအခြေခံတဲ့စီးပွားရေး၊ အဲဒါတွေ ကတော့ ကျွန်မတို့ ပြည်နယ်တွေမှာရှိနေပြီးတော့မှ များသောအားဖြင့်တော့ ဒါတိုင်းရင်းသားလက်နက် ကိုင်တွေကနေပြီးတော့ အုပ်ချုပ်ပြီးလုပ်ကိုင်နေတာဆိုတော့လေ။ တိုင်းပြည်အတွက်၊ ပြည်သူလူထု အတွက် အကျိုးမရှိဘူး။ အကျိုးမရှိနေဘူး။ နောက်တစ်ခုကကျတော့ ခုနက စိုက်ပျိုးရေးထွက်ကုန်ပဲဖြစ် ဖြစ်၊ ပြီးရင် သဘာဝသယံဇာတထွက်ကုန်ပဲဖြစ်ဖြစ်၊ ဒါတွေကို ကျွန်မတို့ Value Added လုပ်တာပေါ့။ တန်ဖိုးမြင့်ထုတ်လုပ်ပြီးတော့မှ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတာပေါ့။ ဆိုရင် တတိယစီးပွားရေးအဆောက် အအုံကတော့ Industrial Base Economy ပေါ့။ နောက်ဆုံးကျတော့ ကျွန်မတို့က Knowledge Economy က ဝန်ဆောင်မှုတွေပါမယ်၊ Services တွေဆိုတော့ Banking Sector ပါမယ်။ Technology ပါမယ်၊ Digital ပါမယ်၊ Education ပါမယ်။ Health ပါမယ်၊ Insurance ပါမယ်။ အဲဒီလိုမျိုး ဝန်ဆောင်မှု တွေပေါ့။ အဲဒါဆိုတော့ စီးပွားရေးအဆောက်အအုံပြောရင် လေးမျိုးရှိတာပေါ့နော်။ အဲဒီလေးမျိုးလုံးမှာ ကျွန်မတို့က သူ့ဟာသူအား သန်အောင် ကျွန်မတို့လုပ်နေရမှာပေါ့။ ဆိုရင် တစ်ခု တည်းကိုလုပ်ထားလို့ မရဘူး။ တစ်လိုင်းကောင်းပဲ လုပ်ထားရင် အဲဒါမကောင်းတာနဲ့ ကိုယ်ကျွမ်းကျင် တာမကောင်းတာနဲ့ တစ် ပြည်လုံး ဒုက္ခရောက်မှာဆို တော့လေ။ အဲဒီလိုမျိုး လုပ်လို့တော့မရဘူး။ ဆိုရင် ဥပမာ - အမေရိကားလို မျိုး စီးပွားရေးဖွံ့ဖြိုးတိုး တက်တဲ့နိုင်ငံကြည့်ရင် စိုက်ပျိုးရေးလည်းကောင်း သေးတာပဲ။ စိုက်ပျိုးရေး၊ မွေးမြူရေးလည်း ကောင်းတယ်။ ကျွန်မတို့က ဒါအရမ်းမသိတာ။ သို့သော်လည်း သူ့မှာ ခုနကလို Industry Natural Resource နဲ့ပတ်သက်ပြီးရှိတယ်။ ပြီးရင် Services Sector သူတို့မှာ ဆေးတွေရှိ တယ်။ ဟောလိဝုဒ်လိုမျိုး တကယ်ကို Services တွေရှိတယ်။ ဆေးကုမ္ပဏီ တွေ၊ နည်းပညာကုမ္ပဏီတွေ၊ Financial Sector ရှိတယ်။ စတော့ရှယ်ယာတွေရှိတယ်။ ဆိုရင် နိုင်ငံတကာက ဖြန့်ထားတာ။ ဥပမာ - စင်ကာပူလို ရွေး ချယ်စရာမရှိဘူး။ ဟောင်ကောင်၊ စင်ကာပူဆိုရင် စိုက်ပျိုးရေးလုံးဝလုပ်လို့မရဘူး။ ရွေး ချယ်စရာ မရှိပြီးတော့ သူရဲ့ရှိတဲ့ ကျန်တဲ့သုံးခုပေါ့။ Natural Resource လည်းမရှိဘူး။ သဘာဝ သယံဇာ တ လည်းမရှိရင် အနည်းဆုံး Industrial Base နဲ့ Knowledge Base ပေါ့။ လူတွေက ပညာတတ်ပြီးတော့ ပညာတတ်တဲ့လူတွေနဲ့ ဝန်ဆောင်မှုတွေပေးပြီးတော့ အဆင့်မြင့်တဲ့ဝန်ဆောင်မှုနဲ့ ဝင်ငွေကောင်း ကောင်းရတာပေါ့။ ကျွန်မတို့က ကံကောင်းတဲ့တိုင်းပြည်ထဲမှာပါတယ်။ လေးမျိုးလုံး လုပ်လို့ရတယ်ပေါ့။ ဥပမာ- စင်ကာပူတို့၊ ဟောင်ကောင်တို့ဆိုရင် နှစ်မျိုးပဲလုပ် လို့ရတယ်။ သဘောကတော့လေ။ အဲဒီလိုမျိုး လေး တော့ရှိပါတယ်။
မေး။ လေးမျိုးလုံးမှာ ဘယ်တစ်မျိုးက အောင်မြင် တယ်လို့တွေ့ရလဲ။
ဖြေ။ ။ အကုန်လုံးကတော့ ကြိုးစားနေတာပေါ့။ ကြိုးစားနေဆဲကာလပေါ့။ ကြိုးစားနေဆဲ ကာလဖြစ်ပါ တယ်။ နောက်တစ်ခုကကျတော့ ကျွန်မတို့ အရှေ့ သွားမယ်ဆို အနောက်ကဆွဲထားတဲ့ကိစ္စက မငြိမ်း ချမ်းတဲ့ကိစ္စပေါ့။ ရှေ့ကိုမတိုးနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်မအမြဲတမ်း ပြည်သူလူထုကို မေတ္တာရပ်ခံချင် လဲဆိုရင် ပြည်သူလူထုဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းပါပါတယ်။ ဒီတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေလည်းပါပါတယ်။ ငြိမ်းချမ်းရေး၊ လက်နက်ကို Cause Fire လုပ်ပြီးတော့မှ နိုင်ငံ ရေး စကားဝိုင်းကိုလာပါ။ ငြိမ်းချမ်းတဲ့လူ့အသိုင်းအဝိုင်း ဖြစ်အောင်ပေါ့နော်။ ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါ။ ပြီးရင် ပြည်သူလူထုအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဝမ်းကွဲနေတာတွေကို ကျွန်မတို့က ဘေးချထားပြီးတော့ ကျွန်မတို့နိုင်ငံတော်ရဲ့ အကျိုးပေါ့နော်။ ဒါပဲကြည့်ပြီးတော့မှ စည်းလုံးညီညွတ်တဲ့လူ့အသိုင်းအဝိုင်းဖြစ်အောင်တော့ အဲဒါလေးကို အမြဲတမ်းပဲ တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
zawgyi version
“ဘီလ်ံ (၁၀ဝဝဝ) ေလာက္ လိုလိမ့္မယ္”ငလ်င္ျပန္လည္ထူေထာင္ေရးအတြက္ ေဒၚသက္သက္ခိုင္ ရဲ႕ခန႔္မွန္းခ်က္
ေစာ (NP News) - ဇြန္ ၁ဝ
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္အပါအဝင္ မႏၲေလးတိုင္းႏွင့္ စစ္ကိုင္းတိုင္းစသည့္ ငလ်င္ ဒဏ္သင့္ေဒသမ်ားတြင္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ားစြာရွိခဲ့သည္။ အဆိုပါ ပ်က္စီးဆုံးရႈံးမႈမ်ား အတြက္ ေနျပည္ေတာ္တြင္ ငလ်င္ေဘးအလြန္ ျမန္မာ့စီးပြားေရးကုစားျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း သုံးသပ္ေဆြးေႏြးပြဲကို ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတို႔ ႀကီးမႉး၍ ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအဖြဲ႕ (Myanmar Narrative Think Tank - MNTT) ႏွင့္ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) တို႔ ပူးေပါင္းကာ ေမလ (၃၀)ရက္ ႏွင့္ (၃၁)ရက္အထိ ႏွစ္ရက္တိုင္တိုင္ က်င္းပျပဳလုပ္ခဲ့သည္။ အဆိုပါ သုံးသပ္ေဆြးေႏြးပြဲႏွင့္ပတ္သက္၍ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒၚသက္သက္ခိုင္ကို NP News က ေမးျမန္းထားသည္မ်ားကို ေကာက္ ႏုတ္ေဖာ္ျပအပ္ပါတယ္။
ေမး။ ငလ်င္အလြန္ကုစားျခင္းမွာ ဘာေတြကစၿပီး ကုစားသင့္တယ္လို႔ထင္လဲ။ ဘယ္အပိုင္းက ကုစားရ မယ္ထင္လဲ။
ေျဖ။ ကြၽန္မ အဓိကေျပာခ်င္တာကေတာ့ေလ။ ကြၽန္မတို႔ ဒီငလ်င္ႀကီးေၾကာင့္ ဆုံးရႈံးမႈက တအား ႀကီးမား တယ္။ မိုခါတုန္းက ကြၽန္မက လူကယ္ျပန္မွာ ဝန္ႀကီးလုပ္ေနတာေလ။ အဲဒီတုန္းကေတာ့ ဘီလ်ံ (၅၅၀) ေက်ာ္ပဲပ်က္စီးတာ။ အခုဆိုရင္ (၃၆၂၉)ဆိုေတာ့ ေတာ္ေတာ္ေလးမ်ားတယ္။ ၿပီးရင္ World Bank က် ေတာ့ USD (၁၁)ဘီလ်ံေတာင္ မွန္းထားတာေပါ့ေလ။ အဲဒီလိုပ်က္စီးမႈကို မွန္းတာေပါ့ေလ။ ထားပါေတာ့ World Bank က ဘယ္ေလာက္ပဲမွန္းမွန္း၊ ကြၽန္မတို႔ ျမန္မာအစိုးရအေနနဲ႔မွန္းတာ (၃၆၂၉) ဘီလ်ံဆို ေတာ့ ေတာ္ေတာ္ေလး မ်ားတာေပါ့။ ဒါကိုလည္း ျပန္ၿပီးပိုေကာင္းေအာင္ ေဆာက္ရမယ္ဆိုရင္ (၃)ဆ ကုန္မယ္။ သူ႔ကိုရွင္းလင္းရဦးမယ္။ Foundation ေတြ တူးထုတ္ရဦးမယ္။ စသည္ျဖင့္ေပါ့။ ကုန္က်စရိတ္ က သုံးဆမ်ားတာေပါ့။ အဲဒီေတာ့ ကြၽန္မတို႔ေျပာမယ္ဆိုရင္ ဘီလ်ံေသာင္းခ်ီ လိုတာေပါ့ ဒါႀကီးျပန္လည္ တည္ေဆာက္ဖို႔ေလ။ ဆိုေတာ့ ကြၽန္မတို႔က ဘယ္ေလာက္ရွိႏိုင္လဲလို႔ စဥ္းစားၾကည့္လိုက္တဲ့အခါက် ေတာ့ ဒီႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဘီလ်ံ (၇၀ဝ)ငလ်င္အတြက္ ျပန္လည္ထူေထာင္ေရးမွာ မတည္မယ္။ အရင္ကေနၿပီးေတာ့ ျမန္မာ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြက ဘီလ်ံ (၂၆၀)က်န္ေတာ့ စုစုေပါင္းဘီလ်ံ (၉၆၀) ဘီလ်ံ(၁၀ဝဝ)ေတာင္မျပည့္ဘူးေပါ့ရွင့္။ ကြၽန္မတို႔ လိုတာက ဘီလ်ံ (၁)ေသာင္းေလာက္လိုမယ္ေပါ့။ ဒါက ေတာ့ အမ်ားေျပာတဲ့ဟာေပါ့ေနာ္။ (၃)ဆဆိုတာ တစ္ေသာင္းနီးပါးလိုမယ္ဆိုေတာ့။ ဒါေပမဲ့ Insurance အာမခံထား ထားတဲ့လူေတြလည္း အာမခံေလ်ာ္ေၾကးရမယ္ဆိုေတာ့ ဒါေတြေပါင္းလိုက္ တယ္ဆိုရင္ လည္း (၉၆၀)ဘီလ်ံထက္ေတာ့ ပိုတာေပါ့။ ပိုေသာ္လည္း လိုဦးမွာပဲ။ အမ်ားႀကီးလိုဦးမွာပဲ။ အဲဒါေၾကာင့္ မို႔လို႔ ေငြတစ္ခုတည္း အားကိုးလို႔မရဘဲနဲ႔ ဒါႏိုင္ငံေတာ္အစိုးရကပဲ ထမ္းတာမ်ိဳးမဟုတ္ဘဲနဲ႔ ျပည္သူလူထု ကလည္း လြတ္လြတ္လပ္လပ္လုပ္ကိုင္ၿပီးေတာ့မွ ကိုယ့္ဘာသာကိုယ္ျပန္ထူၿပီးထႏိုင္ေအာင္ အဲဒါက် ေတာ့ ဘာလုပ္ရမလဲဆိုရင္ ကြၽန္မတို႔က ေဈးကြက္စီးပြားေရးစနစ္ကို ျပန္ၿပီးေတာ့မွ ဖြင့္ေပးရမွာေပါ့။ ကြၽန္မနားလည္ပါတယ္ရွင့္။ အစိုးရကလည္း အစိုးရရဲ႕ အက်ပ္အတည္းရွိတယ္။ ျပည္သူလူထုကလည္း ျပည္သူလူထုအက်ပ္အတည္းရွိတယ္။ ဆိုေတာ့ အစိုးရအက်ပ္အတည္းကဘာလဲဆိုရင္ ႏိုင္ငံျခားေငြ၊ အရန္ေငြနည္းတဲ့ကိစၥေပါ့။ သို႔ေသာ္လည္း အစိုးရစာရင္းရႏိုင္တဲ့ Fromal ေတြကသာ နည္းေနေပမယ့္ တကယ္တမ္းဆိုရင္ ႏိုင္ငံတကာမွာ သြားၿပီးအလုပ္လုပ္ေနတဲ့ ကြၽန္မတို႔ျမန္မာႏိုင္ငံသားေတြ ကိုယ့္ မိသားစုကို လႊဲေျပာင္းတဲ့ ေငြေတြကလည္း ႏိုင္ငံျခားေငြေတြ ျဖစ္တယ္ေပါ့ေနာ္။ ဒါေတြ ကြၽန္မတို႔က တရားဝင္နည္းလမ္းနဲ႔ လႊဲလာေအာင္ ေဆာင္႐ြက္ရမွာ။ အဲဒီလိုေဆာင္႐ြက္ဖို႔က Exchange Rate ကို ေဈးကြက္ Market Rate အတိုင္း ေပးလိုက္ရမွာေပါ့။ အဲဒီလိုေပးလိုက္ရင္ ကြၽန္မတို႔ေရာင္းတာေတြ၊ ဝယ္တာေတြ၊ လိုခ်င္တာေတြ၊ လိုသေလာက္ကို လိုတဲ့ေနရာမွာရမယ္။ ပစၥည္းေကာင္းေကာင္းရမယ္၊ အရည္အေသြး ေကာင္းေကာင္းရမယ္၊ ဝန္ေဆာင္မႈ ေကာင္းမယ္ေပါ့ေနာ္။ အဓိကကေတာ့ ေဈးကြက္ စီးပြားေရး စနစ္ကိုျပန္ၿပီးေတာ့ ပီျပင္ေအာင္ လုပ္လိုက္ၿပီးေတာ့မွ ငလ်င္ေဘးသင့္တဲ့လူေတြကို ဝိုင္းၿပီး ထူေထာင္မယ့္လူအကုန္လုံး ကိုယ္ထူကိုယ္ထ ထႏိုင္ေအာင္ အစိုးရခြင့္ျပဳလိုက္တဲ့သေဘာေပါ့။ အဲဒါ ေလးလုပ္ေစခ်င္တယ္။
ေမး။ ကြၽန္ေတာ္တို႔ နားလည္တာ ကုစားေရးအပိုင္းကို နားလည္လိုက္တာက ငလ်င္ေၾကာင့္ပ်က္စီးသြား တဲ့ အိမ္ေတြ ၊ ၿပိဳပ်က္သြားတဲ့သာသနာ့အေဆာက္အအုံေတြ ၊ အစိုးရႏိုင္ငံပိုင္အေဆာက္အအုံေတြ၊ ေက်ာင္းေတြ အစရွိသည္ကို ျပန္လည္ထူေထာင္ၿပီး သူတို႔ကို သန႔္ရွင္းေရးလုပ္ရမယ့္အလုပ္၊ ေဖာင္ေဒး ရွင္း အကုန္အစကျပန္လုပ္၊ ေျမ Soild Test ကအစ အကုန္လုပ္ရမွာ။ ပထမကုစားေရးစနစ္လို႔ နားလည္ ရမွာေပါ့။ အဲဒီစနစ္မွာလည္း အခုအခ်ိန္ထိအေကာင္ အထည္ေဖာ္ဖို႔မွာ ႏွစ္လရွိလာၿပီ အခုထိ အေကာင္ အထည္ေဖာ္ဖို႔ကို ရာခိုင္ႏႈန္းျပည့္မလုပ္ႏိုင္ေသးတာေတြ႕ရတယ္။ ငလ်င္ထုထည္ႀကီးလာတာေၾကာင့္ လားေတာ့ မသိဘူး။ (၂)လရွိလာၿပီေပါ့။ အခုအခ်ိန္ထိ ေသခ်ာမလုပ္ႏိုင္ဘူး။ အစိုးရအေပၚမွာ လုပ္ရကိုင္ရ ခက္တယ္လို႔ထင္ရတဲ့အပိုင္းေတြက ဘယ္အပိုင္းေတြလို႔ ထင္လဲ။
ေျဖ။ ။ ကြၽန္မတို႔ ႏိုင္ငံတကာအကူအညီရေတာ့ရတယ္။ ဒါေပမဲ့ ရတာနည္းတယ္ေပါ့။ ကြၽန္မတို႔ ဒီလို သဘာဝ ေဘးႀကဳံၿပီးသြားရင္ ခ်က္ခ်င္းလိုအပ္တာေတြကေတာ့ လာၿပီးေတာ့ ေပးသြားတယ္ေပါ့။ Search and Rescue လုပ္သြားေပးတယ္။ ရွာေဖြကယ္ဆယ္ေပးတယ္။ ခ်က္ခ်င္းလိုအပ္တဲ့အစားအေသာက္ေတြ၊ ယာယီေနထိုင္ဖို႔ေတြ ဒါေတြေတာ့ ကူညီေပးသြားတယ္။ ဒါေပမဲ့ ကိုယ့္အိမ္ကိုယ္ျပန္ေဆာက္ဖို႔ ကိုယ္႐ုံး ကိုယ္ျပန္ေဆာက္ဖို႔ ကိုယ္ဘုရားကိုယ္ျပန္တည္ဖို႔ ဒါမ်ိဳးေတြက်ေတာ့ ကိုယ္အိမ္ကိုယ္အားနဲ႔ပဲ လုပ္ရမလို ျဖစ္ေနတယ္။ အဲဒါေၾကာင့္မို႔လို႔ ခုနကကြၽန္မေျပာခဲ့တဲ့ လတ္တေလာလိုအပ္တာေတြက ရခဲ့တယ္။ အဲဒါ သည္ Humanistic Assistant ပါရွင့္။ Humanistic Assistant ကေန ဒီဘက္ Rehabilitation ဘက္မွာ ဆိုရင္ Social Economic Development ျဖစ္သြားေအာင္လုပ္လိုက္ရမွာေပါ့။ အဲဒီလိုလုပ္ဖို႔ဆိုရင္ ႏိုင္ငံ တကာရဲ႕ ဝိုင္းဝန္းကူညီဖို႔ရာ လိုအပ္ေနတာျဖစ္ပါတယ္။ အဲဒီလိုအတြက္ကို နံပါတ္တစ္ ကြၽန္မတို႔က G to G Channel လည္း ဖြင့္ေပးရမယ္။ Community to Community သူ႔အစပ္အဆက္နဲ႔ သူလာတာ သို႔ ေသာ္လည္း SOB နဲ႔ ေပါ့ရွင့္။ ဘယ္သူလာတာလဲ။ ဘယ္ေလာက္လႉမွာလဲ။ ဘယ္အဖြဲ႕အစည္းလဲ။ ဒီနယ္ ေျမခံက ဘယ္သူလဲ စသည္ျဖင့္ေပါ့။ ဒီလိုသတင္းအခ်က္အလက္ေတြ ရေအာင္လုပ္ၿပီး စည္းစနစ္တက်နဲ႔ လက္ခံႏိုင္တဲ့ စနစ္ေပါ့။ ဒါမ်ိဳးေလး ကြၽန္မတို႔လိုအပ္ပါတယ္။ အခုကြၽန္မတို႔ ကိုယ္ထူကိုယ္ထလုပ္ဖို႔က နည္း နည္းေတာ့ခဲယဥ္းပါမယ္။ ၿပီးေတာ့ အျခားေဟတီ ငလ်င္တို႔ နီေပါငလ်င္တို႔ စသည္ျဖင့္ ဆူနာမီ၊ ဒီအင္ဒိုနီးရွား၊ အာေခ်းမွာ ျဖစ္ခဲ့တာေတြ၊ ဒါေတြမွာ ျပန္လည္ထူေထာင္တာ ငါးႏွစ္ကေန ဆယ္ႏွစ္ၾကာ ခဲ့တယ္ေပါ့ေနာ္။ ဆိုရင္ကြၽန္မတို႔က ဒီလိုေတာ့ ၾကာမွာပဲ။ အဲဒီလိုၾကာရင္းနဲ႔ပဲ အဲဒီလို အခ်ိန္အတြင္းမွာပဲ။ ကြၽန္မတို႔က ဘာလုပ္ရမလဲ ဆိုေတာ့ Humanistic Assistant ကေနၿပီးေတာ့မွ ဒီလူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီရယူရာကေန ဘယ္ကိုေ႐ႊ႕ရမလဲဆိုရင္ လူထုစီးပြားဖြံ႕ၿဖိဳး တိုးတက္ျခင္းကို သြား ရမယ္။ အခု Panel ေတြထဲမွာလည္း ေျပာသြားတာ ပါပါတယ္ရွင့္။ ဒါကလည္း Construction Industry ႀကီးကို ထိတာေပါ့ေနာ္။ ေဆာက္လုပ္ေရးက႑ေပါ့။ ေဆာက္လုပ္ထားတဲ့ တိုက္တာေတြၿပိဳပ်က္တယ္။ လမ္းတံတားေတြၿပိဳ ပ်က္တယ္။ ဒါေတြက ေငြေတြအမ်ားႀကီး သုံးၿပီးေတာ့မွ ျပန္လည္ျပဳျပင္ရမယ္။ တကယ္လို႔ ဒါေတြကိုသာ ေငြအမ်ားႀကီးထည့္ၿပီး ျပန္လည္ျပဳျပင္လိုက္ႏိုင္ တယ္ဆိုရင္လည္းတိုင္းျပည္ အတြက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုျဖစ္ပါတယ္။ ေနာက္တစ္ခု ငလ်င္ေဘးဒဏ္ခံရတဲ့ ေဒသခံျပည္ သူလူထုေတြ အေျခခံ လူတန္းစားေတြေပါ့။ သူတို႔အတြက္ ဘာေတြရႏိုင္လဲဆိုေတာ့ Cash Forward Program ဆိုရင္ ျပန္လည္ထူေထာင္ေရးလုပ္တဲ့ေနရာမွာ သူတို႔ကို အသုံးခ်ၿပီးေတာ့မွ သူတို႔လုပ္တဲ့ လုပ္ အားခေတြကို လုပ္အားခရတာေပါ့။ Cash Forward Program ပ႐ိုဂရမ္ကေတာ့ ႏိုင္ငံတကာကျဖစ္ျဖစ္၊ အစိုးရကျဖစ္ျဖစ္ ကမကထ လုပ္ၿပီးေတာ့မွ အကုန္အက်ခံတဲ့ ပ႐ိုဂရမ္ျဖစ္တယ္သို႔ေသာ္ အလုပ္ရသြား တာကေတာ့ ေဒသခံျပည္သူလူထုေတြ အလုပ္ရသြားတယ္။ အဲဒီလိုနည္းနဲ႔ ျပည္သူနဲ႔အစိုးရနဲ႔ ျပည္သူနဲ႔ ႏိုင္ငံတကာနဲ႔ အစိုးရနဲ႔ ေပါင္းၿပီးေတာ့ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ေတာ္ေတာ္ေလးေပါ့ ဘာအေရးႀကီး တာလဲဆိုေတာ့ Reconstruction Plan ကို ေကာင္းေကာင္းဆြဲရမယ္။ ျပန္လည္တည္ေဆာက္ေရးေပါ့။ ျပန္လည္တည္ေဆာက္ေရးမွာ Infrastructure အေျခခံအေဆာက္အအုံလို႔ေျပာရင္ လမ္းတံတားေတြရွိ မယ္။ သာသနိကအေဆာက္အအုံနဲ႔ ယဥ္ေက်းမႈ အေမြအႏွစ္ေတြရွိမယ္။ ဒါေတြရွိမယ္ၿပီးရင္ ႐ုံးေတြရွိ မယ္။ ဝန္ထမ္းအိမ္ရာေတြရွိမယ္။ ၿပီးရင္ ျပည္သူလူထုရဲ႕ကိုယ္ပိုင္ အိမ္ေတြရွိမယ္။ ေနာက္တစ္ခုက ေက်ာင္းေတြ၊ ေဆး႐ုံေဆးခန္းေတြရွိ မယ္။ စသည္ျဖင့္ အဲဒါေတြကို အပိုင္းလိုက္ခြဲၿပီးေတာ့ေလ။ လုပ္ႏိုင္ တာ ကဘယ္လိုလဲဆိုရင္ BRI လိုမ်ိဳးၿပီးရင္ အိႏၵိယက ကုလားတန္ၿမိဳ႕ စီမံကိန္းလိုမ်ိဳး ႏိုင္ငံတကာက တကယ္ပေရာဂ်က္ႀကီးႀကီးေတြ လာရင္ Infrastructure အပိုင္းကအစိုးက လွည့္မၾကည့္ေတာ့ဘဲနဲ႔ အစိုးရက ကိုယ့္႐ုံးေတြကိုယ္ရဲ႕ ဝန္ထမ္း အိမ္ရာေတြကို လွည့္ၾကည့္ရမယ္ၿပီးရင္ ဒီကုမၸဏီႀကီးေတြရဲ႕ လူမႈေရးတာဝန္ထမ္းေဆာင္တဲ့ အေနနဲ႔ ဒီကုမၸဏီအႀကီးႀကီးေတြ ေဆး႐ုံေတြ ေက်ာင္းေတြ ေဆာက္ၿပီး လႉတာမ်ိဳး အဲဒါဆိုအစိုးရမွာ ဝန္ထုပ္ဝန္ပိုး တအားေပါ့သြားမယ္။ ၿပီးရင္ ျပည္သူလူထုကက်ေတာ့ ကိုယ့္အိုး ကိုယ့္အိမ္ကို ျပန္တည္ေဆာက္ရမွာ ျပန္တည္ေဆာက္ဖို႔အတြက္ လတ္တေလာလုပ္ငန္းေတြ လည္း ရပ္သြားတယ္။ အိုးအိမ္ေတြ လည္းပ်က္စီးသြားတဲ့အခ်ိန္မွာ ျပည္သူလူထုက ေခ်းေငြလိုပါတယ္။ အဲဒီေခ်းေငြအတြက္ကို ေသခ်ာလုပ္ရမယ္။ ကိုဗစ္တုန္းက လုပ္ခဲ့ပါတယ္။ ကိုဗစ္တုန္းက တစ္ႏွစ္လုံးမွ အတိုးႏႈန္းက တစ္ရာခိုင္ႏႈန္းနဲ႔ ေပးခဲ့တာ သို႔ေသာ္ ျပည္သူလူထုဘက္က ကုန္သည္ေတြဘက္က မ႐ိုး သားတာေတြလည္းရွိတယ္။ ျပန္မဆပ္ဘူး။ အစိုးရက တိုက္႐ိုက္ထုတ္ေခ်းေပးရင္ ျပန္မဆပ္တာေတြရွိ တယ္။ ဆပ္တာေတြလည္းရွိတယ္။ ဆပ္တာက အမ်ားစုရွိတယ္။ ျပန္မဆပ္တာေတြလည္းရွိတယ္။ အဲဒီက်ေတာ့ ဘာလုပ္သင့္လဲ အစိုးရက ဒီရဲ႕ဝန္ထုပ္ဝန္ပိုးကိုမယူဘဲနဲ႔ ဘဏ္ေတြကို လႊဲေပးလိုက္ၿပီး ေတာ့မွ ငလ်င္ေၾကာင့္မို႔ တကယ္ထိခိုက္တဲ့အိုးအိမ္ထိခိုက္တဲ့ ကာယကံရွင္ေတြကို အုပ္ခ်ဳပ္ေရးဘက္က စာရင္းေကာက္ၿပီးေတာ့မွ ဘဏ္ေတြကို ဒီအလုပ္ကို ေပးလုပ္ရမွာေပါ့။ ဘဏ္ေတြကို ပိုက္ဆံထုတ္ ေခ်းခိုင္းရမယ္။ ဘဏ္ေတြကို အစိုးရကဘဏ္ေတြလုပ္တဲ့ အလုပ္ကို ဝင္လုပ္စရာမလိုဘူး။ အဲဒီလိုမ်ိဳး လုပ္တယ္ဆိုရင္ေလ အစိုးရက တာဝန္ေပါ့သြားၿပီးေတာ့မွ ျပည္သူလူထုလည္း သူ႔အလုပ္သူလုပ္တယ္။ စီးပြားေရးလုပ္ငန္းေတြလည္း သူ႔အလုပ္သူလုပ္တယ္။ အစိုးရလည္း အစိုးရအလုပ္လုပ္တယ္။ စသည္ျဖင့္ ကိုယ့္အလုပ္ကိုယ္ ခြဲလုပ္ျခင္းအားျဖင့္ ကြၽန္မထင္တာနည္းနည္းေပါ့။ ျမန္လည္းျမန္သြားမယ္။ တစ္ဦး ခ်င္းစီ တာဝန္ေပါ့သြားမယ္လို႔ ထင္ပါတယ္။ ၿပီးရင္ ပိုလည္းေအာင္ျမင္မယ္လို႔ထင္ပါတယ္။
ေမး။ ။ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ မိန႔္ခြန္းထဲမွာလည္း ဘီလ်ံ (၁၀ဝဝ)နီးပါးျပင္ထားလို႔ ေျပာတယ္။ ဒါေပမဲ့ သူရလဒ္တစ္ခုယူခ်င္ေနတဲ့ပုံေပၚတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးမိန႔္ခြန္းအေပၚဘယ္လိုနားလည္လိုက္တာရွိလဲ။
ေျဖ။ ။ ရလဒ္ဆိုတာ ဒီပိုက္ဆံကို အက်ိဳးရွိရွိနဲ႔ ျပန္လည္ထူေထာင္ေရးမွာ သုံးခ်င္တာေပါ့ေလ။ သုံးခ်င္ ေတာ့ Need Assessment ဘာေတြပ်က္စီးသြားတာလဲ။ ဘာေတြ ထူေထာင္ဖို႔လိုအပ္တာလဲ။ အဲဒါေတြ သိရမယ္။ ဘယ္အပိုင္းကို အစိုးရကေပးမလဲ။ ဘယ္အပိုင္းက ကိုယ့္ဘာသာကိုယ္က်ခံရမလဲ။ ဒါေတြကို ဆုံးျဖတ္ရမွာေပါ့။ ၿပီးရင္ ဒီေခ်းေငြေတြ ထုတ္ေပးတဲ့အခ်ိန္မွာ အစိုးရက တိုက္႐ိုက္ထုတ္ေပးတာမ်ိဳး မဟုတ္ဘဲနဲ႔ ဘဏ္ေတြ တာဝန္ေပးၿပီးေတာ့မွ ဘဏ္ေတြကို ဒီေငြရင္းေငြႏွီးေငြရင္းထုတ္ေပးၿပီးေတာ့မွ ဘဏ္ေတြက သူ႔ဟာသူထုတ္ေခ်းၿပီးမွ သူ႔ဟာသူ ပိုက္ဆံျပန္ေကာက္တာမ်ိဳး၊ တိုးရင္း ေပါင္းျပန္ေကာက္ တာမ်ိဳး၊ ကြၽန္မတို႔ျမန္မာႏိုင္ငံမွာ Banking Sector မွာ ျပင္ရန္တစ္ခုရွိပါတယ္။ ျပင္ရန္ အမ်ားႀကီးထဲက တစ္ခုေပါ့။ အေရးႀကီးဆုံးက ဘာလဲဆိုရင္ ကြၽန္မတို႔က ပိုက္ဆံေတြထုတ္ေခ်းလိုက္ရင္ စာရင္းပို ထုတ္ ေခ်းေငြဆိုၿပီး တစ္ႏွစ္တစ္ခါ Extend လုပ္ရတယ္။ ဒီေခ်းေငြသက္တမ္းကတစ္ႏွစ္ပဲ။ ဒါေပမဲ့ တစ္ႏွစ္ ျပည့္တဲ့အခ်ိန္မွာ ျပန္ၿပီးသက္တမ္းတိုး ရတယ္။ ၿပီးရင္ ဘဏ္ကဘာပဲယူလဲဆိုရင္ အတိုးပဲ ေကာက္ တယ္။ ႏိုင္ငံတကာမွာ အဲဒီလိုမဟုတ္ဘူး။ အဲဒါ Short Term Loan လို႔ေခၚတာေပါ့။ ႏိုင္ငံတကာမွာ ေတာ့ Home Loan ဒီလိုအိမ္ေဆာက္မယ္တို႔ အႏွစ္(၂၀)တို႔၊ အစိတ္တို႔အဲဒီလိုေပးတာေပါ့။ အဲဒီလို ေပးတဲ့ အခါက်ေတာ့ ဘယ္လိုထုတ္ေခ်းလဲဆိုရင္ တိုးရင္းေပါင္းျပန္ျပန္ယူတာ အႏွစ္ (၂၀)က်ရင္ အတိုးေရာ၊ အရင္းေရာေက်သြားတာ အဲဒီေတာ့ဘဏ္ဘက္ကၾကည့္ရင္လည္း အေႂကြးဆုံး မျဖစ္ေတာ့ဘူး။ ေငြေခ်း တဲ့အိမ္ရွင္ေတြဘက္က ၾကည့္ရင္လည္း အခ်ိန္တန္ေတာ့ အိမ္လည္းရသြားတယ္။ အခ်ိန္တန္ေတာ့ အိမ္အပိုင္ျဖစ္သြားတယ္။ အေႂကြးလည္း ေက်သြားတယ္။ အဲဒီလိုမ်ိဳးစနစ္ေတြ လုပ္ဖို႔ လိုအပ္ေနတာျဖစ္ ပါတယ္။
ေမး။ အခုပ်က္စီးဆုံးရႈံးမႈအပိုင္းကိုလည္း ၾကည့္လိုက္တဲ့အခါက်ေတာ့ သူတို႔အားလုံး ၿခဳံၿပီးေတာ့ ေဆြး ေႏြးတာေတြ႕ရတယ္။ Detail က႑အလိုက္ ေဆြးေႏြး တာမေတြ႕ရဘူး။ ဥပမာ-ေဆာက္လုပ္ေရးဆိုရင္ ေဆာက္လုပ္ေရးရဲ႕ ပ်က္စီးဆုံးရႈံးမႈက႑၊ သူ႔ရဲ႕ နစ္နာဆုံးရႈံးမႈကဘယ္ေလာက္၊ သူ႔ကို ျပန္ကာဗာ လုပ္ ေနရင္ဘယ္ေလာက္ ဒါမ်ိဳး စိုက္ပ်ိဳးေရးဆို စိုက္ပ်ိဳးေရးက႑မွာ ဘာေတြဆုံးရႈံးတဲ့က႑က ဘယ္ ေလာက္ ၊ CNG ဆို CNG ေပါ့။ အဲဒီလိုက႑အလိုက္ Category ခြဲၿပီးေတာ့ ဘယ္ေလာက္ ဆုံးရႈံးတယ္။ ဘယ္ေလာက္ျပင္ရမယ္။ ဘာေတြလုပ္ဖို႔လိုတယ္ဆိုတဲ့ဟာကို ေဆြးေႏြးတာ အခုထိေတာ့ မေတြ႕ရေသး ဘူး။
ေျဖ။ ။ အဲဒါ Need Assessment ေခၚတာေပါ့။တစ္ခုခု သဘာဝေဘးက်ေရာက္ၿပီးရင္ Need Assessment လုပ္ရပါတယ္။ ဘာေတြပ်က္စီးလဲ။ ဘာေတြထူေထာင္လဲ။ အဲဒါကေတာ့ အခ်ိန္နည္းနည္းၾကာမယ္။ အစီ ရင္ ခံစာထြက္ဖို႔ေလ။ အဲဒါ လုပ္ေနမွာပါရွင့္။ အစိုးရကလုပ္ေနမွာပါ။ ၿပီးရင္ ႏိုင္ငံတကာမွာ လုပ္တာ လည္း ရွိေကာင္းရွိႏိုင္ပါတယ္။ UN တို႔၊ UNHCR တို႔ ႏိုင္ငံတကာကလုပ္တာလည္း ရွိႏိုင္တယ္။ အစိုးရက လုပ္တာလည္းရွိႏိုင္တယ္။ အဲဒါကေတာ့ ကြၽန္မထင္တယ္ နာဂစ္တုန္းကလည္း သုံးလေလာက္မွ ထြက္ တာ။ မိုခါတုန္းကလည္း အာဆီယံကလာကူညီၿပီးေတာ့မွ ကြၽန္မတို႔ ဌာနက လူေတြနဲ႔ ျမန္မာျပည္က ႐ုံးဝန္ထမ္းေတြနဲ႔ ျမန္မာျပည္က အရာရွိေတြနဲ႔ အာဆီယံက ကြၽမ္းက်င္ သူေတြနဲ႔ကြၽန္မတို႔ ေပါင္းၿပီး ေတာ့မွ Need Assessment လုပ္တာေပါ့။ အဲဒါလည္း ႏွစ္လေလာက္၊ သုံးလေလာက္ၾကာပါတယ္။ ဆိုေတာ့ အစီရင္ခံစာထြက္လာမွာေပါ့။ အဲဒီအစီရင္ခံစာကို ၾကည့္ၿပီးေတာ့ ထိုင္ၿပီးေတာ့မွ ဘာလုပ္ရမ လဲဆိုေတာ့ ပညာရွင္ေတြက Reconstruction Plan ေပါ့။ ျပန္လည္တည္ ေဆာက္ေရးစီမံခ်က္ဆိုၿပီး ေသခ်ာ ဆြဲရမယ္။ ၿပီးရင္ ဘယ္အပိုင္းကို ဘယ္သူကတာဝန္ယူမွာလဲ။ ေငြဘယ္ေလာက္ရွိလဲ။ ေငြဘယ္ ေလာက္လိုလဲ။ လိုတာကို ဘယ္ကယူမွာလဲ။ ဆိုတဲ့ဟာေပါ့။ ၿပီးရင္ ျပည္သူလူထုအပိုင္းကလည္း ကိုယ့္ ဟာကိုယ္ ဘာလုပ္မလဲ အဲဒါေတာ္ေတာ္ေလး ျပည္တြင္း၊ ျပည္ပ ပညာရွင္ေတြ ပူးေပါင္းၿပီးေတာ့ေလ။ ၿပီးရင္ အစိုးရတာဝန္ရွိသူေတြ ပူးေပါင္းၿပီးေဆာင္႐ြက္မွ ရမယ္လို႔ ယူဆပါတယ္။
ေမး။ ဒီငလ်င္ျပန္လည္ထူေထာင္ေရးဆိုတဲ့ အပိုင္းကို ၿခဳံၿပီးေတာ့ တစ္လုံးတည္းပဲ နားလည္ေအာင္ ေျပာရ မယ္ဆိုရင္ တကယ္ေတာ့လိုေနတာက Developing Plan နဲ႔ ေငြေပါ့။
ေျဖ။ ေနာက္တစ္ခုက မူဝါဒ ။ လူတစ္ေယာက္ခ်င္းစီ လုပ္သာကိုင္သာရွိေအာင္ေလ။ ေဈးကြက္စီးပြားေရး နဲ႔ ျပန္ၿပီးေတာ့ အသက္သြင္းၿပီးေတာ့မွ လူတစ္ေယာက္ခ်င္းစီရဲ႕ ကိုယ့္ဟာကိုယ္ထူၿပီး ကိုယ့္ဟာ ကိုယ္ ထႏိုင္ေအာင္ မူဝါဒအားျဖင့္ ခြင့္ျပဳေပးရမယ္။ အဲဒါေတာ့ ေငြမကုန္ဘူးေပါ့။
ေမး။ လူေတြက ပိုက္ဆံလိုေနတယ္။ ကိုယ့္အိမ္ေတြ ပ်က္စီးသြားတဲ့အတြက္ ပိုက္ဆံလိုေနတယ္။ ဘယ္ က ယူရမွန္းမသိဘူး။ လုပ္ငန္းရွင္ ေငြေၾကးအၿမဲရွိေနတဲ့လူက ျပႆာနာမရွိေပမယ့္ သာမန္လူေတြမွာ ေငြ မရွိရင္ အဆင္မေျပေတာ့ဘူး။ အဲဒီဟာနဲ႔က်ရင္ အစိုးရက ဘယ္ပုံစံနဲ႔သြားသင့္တယ္လို႔ထင္လဲ။ ဘယ္လို ပုံစံနဲ႔အေကာင္အထည္ေဖာ္သင့္တယ္လို႔ထင္လဲ။
ေျဖ။ ။ ဆိုေတာ့ ဒါႏိုင္ငံတကာက ဘယ္လိုလုပ္ခဲ့လဲဆိုတာ ကြၽန္မတို႔ေလ့လာရဦးမွာေပါ့ေနာ္။ ဆိုရင္ တတ္ႏိုင္တဲ့လူကေတာ့ ကြၽန္မတို႔စဥ္းစားစရာမလိုဘူး။ မတတ္ႏိုင္တဲ့သူေတြကိုေတာ့ ခုနကလိုေလ။ ေျမရွိတယ္။ အေဆာက္အအုံၿပိဳသြားတယ္ဆိုရင္ေတာ့မ တတ္ႏိုင္ဘူးဆိုရင္ Bank Loan ေတြ ေပးသင့္ တာေပါ့။ အဲဒီလို Bank Loan ေပးရေအာင္က်ေတာ့လည္း။ ကြၽန္မတို႔ Banking Sector ကအရမ္းေတာင့္ တင္းေနရမွာေလ။ ဆိုရင္ Banking Sector ေတာင့္တင္းဖို႔က်ေတာ့လည္း ဘဏ္စနစ္ကိုလည္း ေကာင္း ေအာင္ ျပဳျပင္ဖို႔လိုေသးတယ္။ အမ်ားႀကီး တစ္ၿပိဳင္နက္လုပ္ရန္ရွိပါတယ္။
ေမး။ အခုလက္ရွိအခ်ိန္အထိ Banking Sector ဘက္က ငလ်င္ကိစၥအတြက္ လႈပ္တာမေတြ႕ရေသးဘူး။
ေျဖ။ Banking Sector ဘက္က မလႈပ္ႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ စီးပြားေရးက MPR ေတြ ေျဖရွင္းဖို႔ အမ်ားႀကီးက်န္ေသးတယ္။ စီးပြားေရးေတြ မေကာင္းတဲ့အခ်ိန္မွာ အေႂကြးဆုံးေတြျဖစ္တယ္။ အေႂကြး ဆုံးေတြျဖစ္တဲ့အခ်ိန္မွာ ဘဏ္ေတြကို ႐ိုက္ခတ္တယ္။ အဲဒီလိုသေဘာမ်ိဳးျဖစ္ေနတယ္။ အဲဒါကို ဦး ေဆာင္ၿပီးေတာ့မွ ေျဖရွင္းေပးရမွာေပါ့ေနာ္။ အစိုးရ ကေန ဒါကေတာ့ အစိုးရပဲ ေျဖရွင္းေပးလို႔ရမွာ။ အဲဒါ ကေတာ့ အရမ္း Technical ျဖစ္တယ္။ In Debt ျဖစ္တယ္။ AMC ဆိုတာ Asset Management Company ဆိုၿပီး အစိုးရရဲ႕ေငြေတြအမ်ားႀကီးထည့္ၿပီးေတာ့ ဘဏ္ေတြကို ေျဖရွင္းေပးရမွာေပါ့။ အဲဒီလို ေျဖရွင္းေပးၿပီးဘဏ္ေတြက ျပန္ထလာတဲ့အခ်ိန္ ဘဏ္ေတြကေနတစ္ဆင့္ ျပည္သူလူထုထဲကို ျပန္ၿပီး ေတာ့ ေငြေတြကိုလွည့္ႏိုင္မွာေပါ့ေနာ္။ အဲဒီက်ေတာ့ ႏိုင္ငံတကာအကူညီတအားလိုရတယ္။ ႏိုင္ငံတကာ အကူညီလိုပါတယ္။ ေနာက္ကြၽန္မတို႔ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႀကီးအေနနဲ႔လည္း ဒီနစကအစိုးရအဖြဲ႕ အေနနဲ႔လည္း အရမ္းႀကီးႀကိဳးစားေနတာလည္း ကြၽန္မတို႔ျမင္ရပါတယ္။ ျမင္ရေပမဲ့လည္း ပ်က္စီးတဲ့ ပမာဏမ်ားလြန္းတဲ့အခါက်ေတာ့ မ်ားလြန္းေတာ့ အကူအညီနဲ႔လုပ္ရမွာျဖစ္ေနပါတယ္။
ေမး။ ကြၽန္ေတာ္ေနာက္ဆုံးေမးခြန္းတစ္ခုပါပဲ။ ငလ်င္ အလြန္စီးပြားေရးျပန္လည္ဦးေမာ့လာေရး အ ေၾကာင္းေပါ့။ ျပန္လည္ထူေထာင္ေရးဒါအေၾကာင္းေျပာေတာ့ အခုခ်ိန္ထိကြၽန္ေတာ္တို႔ စီးပြားေရးလုပ္ တာက ဘယ္ဟာနဲ႔ စမွန္းမသိဘူး။ ကြၽန္ေတာ္လည္းအဓိက Main Business က ဘာလဲ။ အခုထက္ထိ ႏိုင္ငံေတာ္က ရွင္းရွင္းလင္းလင္းမသိဘူး။ မ်ားေသာအားျဖင့္ စိုက္ပ်ိဳးေရးလို႔ ေခါင္းစဥ္တပ္ၾကေပမယ့္ စိုက္ပ်ိဳးေရးအ ေၾကာင္းေလာက္ေလာက္လားလား မလုပ္ႏိုင္ဘူး။ ကြၽန္ေတာ္တို႔ တကယ့္လုပ္ရမယ့္ Main Business က ဘာလဲ။
ေျဖ။ အဲဒါေတာ့ ျဖန႔္ၿပီးလုပ္တာေကာင္းပါတယ္။ တစ္လိုင္းေကာင္းသြားရင္ ဒီတစ္လိုင္းမေကာင္းတာနဲ႔ တစ္ျပည္လုံးမေကာင္းဘူးျဖစ္သြားမွာေလ။ ျဖန႔္ၿပီးလုပ္ရမွာဆိုေတာ့ ကြၽန္မတို႔က စီးပြားေရးလို႔ေျပာရင္ စီးပြားေရးအေဆာက္အအုံက ေလးမ်ိဳးရွိတယ္ေလ။ နံပါတ္တစ္ကက်ေတာ့ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို အေျခခံတဲ့စီးပြားေရး၊ နံပါတ္ႏွစ္ကက်ေတာ့ သဘာဝသယံဇာတကိုအေျခခံတဲ့စီးပြားေရး၊ အဲဒါေတြ ကေတာ့ ကြၽန္မတို႔ ျပည္နယ္ေတြမွာရွိေနၿပီးေတာ့မွ မ်ားေသာအားျဖင့္ေတာ့ ဒါတိုင္းရင္းသားလက္နက္ ကိုင္ေတြကေနၿပီးေတာ့ အုပ္ခ်ဳပ္ၿပီးလုပ္ကိုင္ေနတာဆိုေတာ့ေလ။ တိုင္းျပည္အတြက္၊ ျပည္သူလူထု အတြက္ အက်ိဳးမရွိဘူး။ အက်ိဳးမရွိေနဘူး။ ေနာက္တစ္ခုကက်ေတာ့ ခုနက စိုက္ပ်ိဳးေရးထြက္ကုန္ပဲျဖစ္ ျဖစ္၊ ၿပီးရင္ သဘာဝသယံဇာတထြက္ကုန္ပဲျဖစ္ျဖစ္၊ ဒါေတြကို ကြၽန္မတို႔ Value Added လုပ္တာေပါ့။ တန္ဖိုးျမင့္ထုတ္လုပ္ၿပီးေတာ့မွ စက္မႈလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတာေပါ့။ ဆိုရင္ တတိယစီးပြားေရးအေဆာက္ အအုံကေတာ့ Industrial Base Economy ေပါ့။ ေနာက္ဆုံးက်ေတာ့ ကြၽန္မတို႔က Knowledge Economy က ဝန္ေဆာင္မႈေတြပါမယ္၊ Services ေတြဆိုေတာ့ Banking Sector ပါမယ္။ Technology ပါမယ္၊ Digital ပါမယ္၊ Education ပါမယ္။ Health ပါမယ္၊ Insurance ပါမယ္။ အဲဒီလိုမ်ိဳး ဝန္ေဆာင္မႈ ေတြေပါ့။ အဲဒါဆိုေတာ့ စီးပြားေရးအေဆာက္အအုံေျပာရင္ ေလးမ်ိဳးရွိတာေပါ့ေနာ္။ အဲဒီေလးမ်ိဳးလုံးမွာ ကြၽန္မတို႔က သူ႔ဟာသူအား သန္ေအာင္ ကြၽန္မတို႔လုပ္ေနရမွာေပါ့။ ဆိုရင္ တစ္ခု တည္းကိုလုပ္ထားလို႔ မရဘူး။ တစ္လိုင္းေကာင္းပဲ လုပ္ထားရင္ အဲဒါမေကာင္းတာနဲ႔ ကိုယ္ကြၽမ္းက်င္ တာမေကာင္းတာနဲ႔ တစ္ ျပည္လုံး ဒုကၡေရာက္မွာဆို ေတာ့ေလ။ အဲဒီလိုမ်ိဳး လုပ္လို႔ေတာ့မရဘူး။ ဆိုရင္ ဥပမာ - အေမရိကားလို မ်ိဳး စီးပြားေရးဖြံ႕ၿဖိဳးတိုး တက္တဲ့ႏိုင္ငံၾကည့္ရင္ စိုက္ပ်ိဳးေရးလည္းေကာင္း ေသးတာပဲ။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလည္း ေကာင္းတယ္။ ကြၽန္မတို႔က ဒါအရမ္းမသိတာ။ သို႔ေသာ္လည္း သူ႔မွာ ခုနကလို Industry Natural Resource နဲ႔ပတ္သက္ၿပီးရွိတယ္။ ၿပီးရင္ Services Sector သူတို႔မွာ ေဆးေတြရွိ တယ္။ ေဟာလိဝုဒ္လိုမ်ိဳး တကယ္ကို Services ေတြရွိတယ္။ ေဆးကုမၸဏီ ေတြ၊ နည္းပညာကုမၸဏီေတြ၊ Financial Sector ရွိတယ္။ စေတာ့ရွယ္ယာေတြရွိတယ္။ ဆိုရင္ ႏိုင္ငံတကာက ျဖန႔္ထားတာ။ ဥပမာ - စင္ကာပူလို ေ႐ြး ခ်ယ္စရာမရွိဘူး။ ေဟာင္ေကာင္၊ စင္ကာပူဆိုရင္ စိုက္ပ်ိဳးေရးလုံးဝလုပ္လို႔မရဘူး။ ေ႐ြး ခ်ယ္စရာ မရွိၿပီးေတာ့ သူရဲ႕ရွိတဲ့ က်န္တဲ့သုံးခုေပါ့။ Natural Resource လည္းမရွိဘူး။ သဘာဝ သယံဇာ တ လည္းမရွိရင္ အနည္းဆုံး Industrial Base နဲ႔ Knowledge Base ေပါ့။ လူေတြက ပညာတတ္ၿပီးေတာ့ ပညာတတ္တဲ့လူေတြနဲ႔ ဝန္ေဆာင္မႈေတြေပးၿပီးေတာ့ အဆင့္ျမင့္တဲ့ဝန္ေဆာင္မႈနဲ႔ ဝင္ေငြေကာင္း ေကာင္းရတာေပါ့။ ကြၽန္မတို႔က ကံေကာင္းတဲ့တိုင္းျပည္ထဲမွာပါတယ္။ ေလးမ်ိဳးလုံး လုပ္လို႔ရတယ္ေပါ့။ ဥပမာ- စင္ကာပူတို႔၊ ေဟာင္ေကာင္တို႔ဆိုရင္ ႏွစ္မ်ိဳးပဲလုပ္ လို႔ရတယ္။ သေဘာကေတာ့ေလ။ အဲဒီလိုမ်ိဳး ေလး ေတာ့ရွိပါတယ္။
ေမး။ ေလးမ်ိဳးလုံးမွာ ဘယ္တစ္မ်ိဳးက ေအာင္ျမင္ တယ္လို႔ေတြ႕ရလဲ။
ေျဖ။ ။ အကုန္လုံးကေတာ့ ႀကိဳးစားေနတာေပါ့။ ႀကိဳးစားေနဆဲကာလေပါ့။ ႀကိဳးစားေနဆဲ ကာလျဖစ္ပါ တယ္။ ေနာက္တစ္ခုကက်ေတာ့ ကြၽန္မတို႔ အေရွ႕ သြားမယ္ဆို အေနာက္ကဆြဲထားတဲ့ကိစၥက မၿငိမ္း ခ်မ္းတဲ့ကိစၥေပါ့။ ေရွ႕ကိုမတိုးႏိုင္ဘူး။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္မအၿမဲတမ္း ျပည္သူလူထုကို ေမတၱာရပ္ခံခ်င္ လဲဆိုရင္ ျပည္သူလူထုဆိုတာ လက္နက္ကိုင္အဖြဲ႕အစည္းေတြလည္းပါပါတယ္။ ဒီတိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းေတြလည္းပါပါတယ္။ ၿငိမ္းခ်မ္းေရး၊ လက္နက္ကို Cause Fire လုပ္ၿပီးေတာ့မွ ႏိုင္ငံ ေရး စကားဝိုင္းကိုလာပါ။ ၿငိမ္းခ်မ္းတဲ့လူ႔အသိုင္းအဝိုင္း ျဖစ္ေအာင္ေပါ့ေနာ္။ ပါဝင္ပူးေပါင္းေဆာင္႐ြက္ၾကပါ။ ၿပီးရင္ ျပည္သူလူထုအေနနဲ႔လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဝမ္းကြဲေနတာေတြကို ကြၽန္မတို႔က ေဘးခ်ထားၿပီးေတာ့ ကြၽန္မတို႔ႏိုင္ငံေတာ္ရဲ႕ အက်ိဳးေပါ့ေနာ္။ ဒါပဲၾကည့္ၿပီးေတာ့မွ စည္းလုံးညီၫြတ္တဲ့လူ႔အသိုင္းအဝိုင္းျဖစ္ေအာင္ေတာ့ အဲဒါေလးကို အၿမဲတမ္းပဲ တိုက္တြန္းခ်င္ပါတယ္။
ေက်းဇူးတင္ပါတယ္။