တောင်ကိုရီးယား သရုပ်ဆောင် ဟေရီက မွေးနေ့မှာ ကလေးဆေးရုံကို ဝမ်သန်း ၅၀ (၃၇,၀၀၀ $) လှူဒါန်း

 227

ရောင်နီ (NP News) - ဇွန် ၁၁
Reply 1988 စတား၊ တောင်ကိုရီးယားသရုပ်ဆောင် ဟေရီ က သူမရဲ့မွေးနေ့ဖြစ်တဲ့
ဇွန်လ ၁၀ ရက်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Asan Medical Center ကလေးဆေးရုံကို ဝမ်သန်း ၅၀ (ခန့်မှန်းခြေအားဖြင့်
အမေရိကန်ဒေါ်လာ ၃၇,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းငွေကို ဆင်းရဲနွမ်းပါး ကလေးငယ်တွေနဲ့ ဆေးဘက်ဆိုင်ရာ ထိခိုက်လွယ်တဲ့ ချို့တဲ့သူတွေကို ထောက်ပံ့ဖို့ အသုံးပြုမယ်လို့ သိရပါတယ်။
ဟေရီဟာ ၂၀၂၃ ခုနှစ် ဇွန်လကလည်း အဆိုပါ ဆေးရုံမှာ ပထမဆုံး လှူဒါန်းခဲ့ဖူးသလို ၂၀၂၄ ခုနှစ် မတ်လကလည်း အူဆမ်၊ ဂွမ်ဆမ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒါအပြင် ဟေရီဟာ ၂၀၁၆ ခုနှစ်ကတည်းက The Community Chest of Korea (Love Fruit) ၊ Daegu Seomun စျေးမီးလောင်မှုအတွက် အကူအညီ၊
Green Umbrella Children's Foundation၊ UNICEF Korea၊ COVID-19 ပံ့ပိုးကူညီမှုနဲ့ နိုင်ငံတကာ သဘာဝဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ဟေရီကို တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ Girl Day ရဲ့ အဖွဲ့ဝင်ဟောင်းအဖြစ် သိကြသလို တောင်ကိုရီးယား ဒရာမာ Reply 1988 မှာ ပါဝင်ခဲ့တဲ့ သူမရဲ့ကာရိုက်တာကြောင့်လည်း လူသိများပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ေဟရီက ေမြးေန႔မွာ ကေလးေဆး႐ုံကို ဝမ္သန္း ၅၀ (၃၇,၀၀၀ $) လႉဒါန္း
ေရာင္နီ (NP News) - ဇြန္ ၁၁
Reply 1988 စတား၊ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေဟရီ က သူမရဲ႕ေမြးေန႔ျဖစ္တဲ့
ဇြန္လ ၁၀ ရက္မွာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ Asan Medical Center ကေလးေဆး႐ုံကို ဝမ္သန္း ၅၀ (ခန႔္မွန္းေျခအားျဖင့္
အေမရိကန္ေဒၚလာ ၃၇,၀၀၀) လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ လႉဒါန္းေငြကို ဆင္းရဲႏြမ္းပါး ကေလးငယ္ေတြနဲ႔ ေဆးဘက္ဆိုင္ရာ ထိခိုက္လြယ္တဲ့ ခ်ိဳ႕တဲ့သူေတြကို ေထာက္ပံ့ဖို႔ အသုံးျပဳမယ္လို႔ သိရပါတယ္။
ေဟရီဟာ ၂၀၂၃ ခုႏွစ္ ဇြန္လကလည္း အဆိုပါ ေဆး႐ုံမွာ ပထမဆုံး လႉဒါန္းခဲ့ဖူးသလို ၂၀၂၄ ခုႏွစ္ မတ္လကလည္း အူဆမ္၊ ဂြမ္ဆမ္ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းေဒသေတြမွာ ေတာမီးအႀကီးအက်ယ္ေလာင္ကြၽမ္းမႈအတြက္ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာလည္း ပါဝင္ခဲ့ပါတယ္။
ဒါအျပင္ ေဟရီဟာ ၂၀၁၆ ခုႏွစ္ကတည္းက The Community Chest of Korea (Love Fruit) ၊ Daegu Seomun ေစ်းမီးေလာင္မႈအတြက္ အကူအညီ၊
Green Umbrella Children's Foundation၊ UNICEF Korea၊ COVID-19 ပံ့ပိုးကူညီမႈနဲ႔ ႏိုင္ငံတကာ သဘာဝေဘးကယ္ဆယ္ေရးအတြက္ လႉဒါန္းမႈေတြမွာလည္း တက္တက္ႂကြႂကြ ပါဝင္ခဲ့တာ ေတြ႕ရပါတယ္။
ေဟရီကို ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ Girl Day ရဲ႕ အဖြဲ႕ဝင္ေဟာင္းအျဖစ္ သိၾကသလို ေတာင္ကိုရီးယား ဒရာမာ Reply 1988 မွာ ပါဝင္ခဲ့တဲ့ သူမရဲ႕ကာ႐ိုက္တာေၾကာင့္လည္း လူသိမ်ားပါတယ္။

Related news

© 2021. All rights reserved.