“တောခိုခဲ့ဖူးသည်၊ ယခုစစ်မတိုက်လိုတော့ပြီ” ဒေါ်စောမြရာဇာလင်း၏ မြန်မာ့နိုင်ငံရေး အမြင်

 1282

သုတကျော် (NP News)
အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် လက်အောက်ခံတပ်ဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ကို Army For Liberation and Peace of Rakhine (ALPR) ဟု အမည်ပြောင်းလဲခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ပါတီ၏ဌာနချုပ်ကိုအခြေစိုက်ကာ အခက်အခဲများကြားမှ ရခိုင်ပြည်သူများ၏ စားဝတ်နေ ရေးကို ကူညီဆောင်ရွက်ပေးနေကြောင်းလည်း ယင်းပါတီက ဆိုထားသည်။ ALP ၏ ဥက္ကဋ္ဌဖြစ်သော ဒေါ်စောမြရာဇာလင်းသည် ငယ်စဉ်ကပင် လက်နက်ကိုင်ဆောင်ခဲ့သူဖြစ်သော်လည်း လက်ရှိတွင် စစ် တိုက်ရန် မရည်ရွယ်တော့ဘဲ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်သူဖြစ်လာခဲ့သည်။ အဆို ပါအခြေအနေများနှင့်ပတ်သက်၍ ဒေါ်စောမြရာဇာလင်း၏ လက်ရှိနိုင်ငံရေးအပေါ် အမြင်၊ သဘော များ ကို NP News မှ ဆက်သွယ်မေးမြန်းထားသည်များကိုဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံးမေးချင်တာက ဆရာမတို့ပါတီရဲ့ နာမည်ပြောင်းရတဲ့အကြောင်းကို အရင်ပြော ပေးပါ လား ခင်ဗျာ။ တစ်ဖက်အသံတွေပဲ ကြားနေရတဲ့အခါ ဆရာမ ပြောပြတာက တရားဝင်အနေနဲ့ ဖြစ်ပါ တယ်။ ဘာကြောင့် နာမည်ပြောင်းတာလဲပေါ့ ခင်ဗျာ။
ဖြေ - ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ/ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ဆိုတာက (၁၉၆၇) ခုနှစ်မှာ စတည်ထောင်ခဲ့တယ်။ တစ်ဖြတ်ကတော့ ပါတီ က ပျက်စီးသွားတယ်။ နောက်တစ်ဖြတ်မှာ (၁၉၇၃) ခုနှစ်မှာ ဥက္ကဋ္ဌ ခိုင်မိုးလင်းက ပြန်ထူထောင်ခဲ့တယ်။ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ/ရခိုင်ပြည် လွတ် မြောက်ရေး တပ်မတော်လို့ နာမည်ထားထားခဲ့တယ်။ Arakan Liberation Army ပေါ့။ (၂၀၁၂) ခုနှစ်မှာ ပါတီက အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခဲ့တယ်။ ပြည်နယ်အစိုးရနဲ့ လက်မှတ်ထိုးတာ ပေါ့။ (၂၀၁၅) မှာဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက် မှတ်ထိုးလိုက်တယ်။ အဲဒီလိုမျိုး လက်မှတ်ထိုးတဲ့နောက်ပိုင်းမှာ ကိုယ်တို့က မတိုက်တော့ဘူး။ တစ်ဦးနဲ့ တစ်ဦး မတိုက်တော့ဘူးဆိုပြီးတော့မှ လက်မှတ်ထိုးပြီးတဲ့ နောက်မှာဆိုရင် ဒီနာမည်က ပြောင်းသင့်ပြီ ဆိုပြီး စဉ်းစားတယ်။ အဓိကက Rakhine လို့ဆိုတာကို ထားချင်တဲ့ သဘောလည်းရှိတယ်။ Arakan လို့ ဆိုတာကို သိပ်မကြိုက်ဘူး။ Arakan လို့ဆိုတာကို ပြောလာရင်လည်း အငြင်းပွားစရာ အများကြီးရှိ တယ်။ ကိုယ်က Rakhine ဆိုတာကို ထားချင်တယ်။ ဓညဝတီ ရခိုင်ဆိုတာပဲ သမိုင်းမှာ ရာဇဝင် အများ ကြီးရှိတော့ Rakhine ဆိုတဲ့နာမည်ကို ထားချင်တဲ့ကိစ္စလည်း ရှိတယ်။ အရင်က ဥက္ကဋ္ဌ ခိုင်မိုးလင်း ထားခဲ့ တဲ့ နာမည်ကိုလည်း မပယ်ဘူး။ အခုဆိုလည်း ငြိမ်းချမ်းရေးကလည်း သွားနေပြီ။ ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကို ပြောနေတယ်။ တိုင်းပြည် ငြိမ်းချမ်းဖို့အတွက်ကိုပဲ လုပ်နေတဲ့ အချိန်အခါမျိုးမှာ ငြိမ်း ချမ်းရေးဆိုတာကို ပါစေချင်တယ်။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ Army For Liberation and Peace of Rakhine (ALPR) ဆိုပြီးတော့ ပြောင်းလိုက်တာ ဖြစ်တယ်။
မေး - နာမည်ပြောင်းပြီးတဲ့နောက် မူဝါဒ အပြောင်းအလဲကော ရှိပါသလား။
ဖြေ - မူဝါဒ ဆိုတာက ရခိုင်ပြည်လွတ်မြောက်ရေးပါတီက အရင်ကတော့ လွတ်လပ်ရေးဆိုတဲ့ စကားကို ပြောပါတယ်။ ရခိုင်ပြည် လွတ်လပ်ရေးရရမယ် လွတ်မြောက်ရမယ်ဆိုပြီးတော့ ကိုယ်ကလည်း အဲဒီ ဆိုင်း ဘုတ်အောက်မှာပဲလိုက်လာတာ မှန်ပါတယ်။ ဒီနေ့ ဒီအချိန်မှာကျတော့ လွတ်လပ်ရေးဆိုတဲ့စကားကို ကိုယ်တို့နဲ့ အချင်းချင်းရှိနေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အား လုံးသည် (၁၉၉၀) ကျော် ဝန်းကျင် မှာ ဖက်ဒရယ်ဆိုတာကို ကူးပြောင်းလာကြတယ်။ နာမည်ပြောင်း လာကြတယ်။ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီအနေနဲ့ (၂၀၁၀)၊ (၂၀၁၁) ခုနှစ်အထိကို ဖက်ဒရယ်ကို လက်မခံခဲ့ဘူး။ နောက်ပိုင်းမှာတော့ အပစ်အခတ်ရပ်စဲရေးကိုလုပ်လိုက်ပြီးတော့ ဖက်ဒရယ်ကို အခိုင်အ မာ လက်ခံသွားတယ်။ ကိုယ်တို့ကတော့ တိုက်ဖို့အတွက် မရည်ရွယ်တော့ဘူး။ သွေးထွက်သံယိုမှုပေါင်း များစွာနဲ့ ခရီးဆက်နေရမယ့်ကိစ္စကို မလုပ်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်ပြီး မူဝါဒအရ ပြောမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်းနိုင်ရေးသွားမယ်ဆိုတာကို စဉ်းစားလို့ပဲ ဖြစ်ပါတယ်။
မေး - နောက်မေးချင်တာက အရင်က ဆရာမက ကျွန်တော့်ကို ရခိုင်လူထုရဲ့ စားနပ်ရိက္ခာကို အာရုံ စိုက် မယ့်အကြောင်း ပြောဖူးပါတယ်။ အဲဒီဟာကော မူဝါဒထဲပါပါသလား။ ပြီးတော့ ပါတီရဲ့ ဦးတည်ချက် အသစ်လား ခင်ဗျာ။
ဖြေ - ဦးတည်ချက်အရတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တို့က ပြည်သူနဲ့ တစ်သားတည်း ရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြည်သူတွေရဲ့ဒုက္ခကို မျှဝေခံစားဖို့အတွက် ပြည်သူရဲ့ဒုက္ခဟာ ကိုယ့်ဒုက္ခလို့ ခံယူတတ်ဖို့ အရေးကြီးတယ်။ ဒီနေ့ဆိုရင် စစ်ရေး စစ်ဒဏ်ကြောင့် ပြည်တစ်ခုလုံးမှာ စားရေ ရိက္ခာ အရမ်းကို ရှားပါးနေတယ်။ ပြည်သူတွေ ငတ် မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရချိန်မှာ ကိုယ်တို့ ပါတီက လည်း အခက်အခဲရှိတယ်။ အခက်အခဲ ရှိပေ မယ့် ကိုယ့်အခက်အခဲနဲ့ ပြည်သူ့အခက်အခဲကို ကြည့်လိုက် တဲ့အခါမှာ အားလုံးသောအခက်အခဲကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ မျှဝေခံစားတတ်ပြီးတော့ ပြည် သူတွေရဲ့အခက်အခဲကို နိုင်တဲ့အထိ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပြီး မူဝါဒလို့ ပြောတာထက် လက်ရှိ ဖြစ် နေတဲ့အခြေအနေပေါ် မူတည်ပြီး အလုပ်လုပ်နေတာ ဖြစ်ပါတယ်။
မေး - ဆရာမက အသက်ငယ်ငယ်လေးတည်းက လက်နက်ကိုင်ခဲ့တာပေါ့လေ။ ဆိုတော့ လက်ရှိမှာ ဆရာမက ငြိမ်းချမ်းရေး ဆောင်ရွက်နေသူ ဖြစ်တော့ အရင်တော်လှန်ခဲ့တဲ့အတွေ့အကြုံအရ ပြည်သူ တွေက ငြိမ်းချမ်းရေးကို လိုအပ်တယ်ဆိုတာမျိုးကို ယူဆမိသွားတာလား။
ဖြေ - ပထမမှာတော့ ငယ်ငယ်တုန်းကဆိုရင် ပိုက်ဆံတစ်ပြားရလည်း ကျည်ဆန်တစ်တောင့်ဝယ်မယ် ဆိုတာရှိခဲ့တယ်။ မြန်မာနိုင်ငံရဲ့ တပ်မတော်သားတွေဆိုရင် ကိုယ်က ရန်သူအဖြစ်မြင်တာ အများကြီး ရှိခဲ့တယ်။ အဲဒါက ဘာကြောင့်လဲ ဆိုတော့ ကိုယ်တို့ဒေသတွေမှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်တာမြင် ရတဲ့အခါ နိုင်ထက်စီးနင်းတွေ အများကြီးရှိခဲ့တယ်။ အဲဒါကို မခံချင်စိတ်တွေလည်းရှိတယ်။ အဲဒီလို ဖြစ်လာရခြင်းသည် ငါတို့လူမျိုး မလွတ်လပ်လို့ဆိုတာ ခံစားချက်တွေ အများကြီးပြင်းပြခဲ့တယ်။ အဲဒါက တစ်ဖက်နဲ့တစ်ဖက် ဖိနှိပ်မှုတွေကနေ ဖြစ်ပေါ် လာတဲ့ ခံစားချက်တွေ ဖြစ်တယ်ပေါ့နော်။ လက်နက်ကိုင် တော်လှန်ရေးကို ဇောင်းပေးပြီးလုပ်လာခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ (၁၉၈၀) မှာ ဆိုရင် မြေအောက်၊ (၁၉၈၈) မြေပေါ် အဲဒီလို ပုံစံလုပ်ပြီးတော့ အခုထက်တိုင် လက်နက်ကိုင်အဖွဲ့အစည်းမှာ လုပ်လာခဲ့တာ ပေါ့။ ဒါပေမဲ့ အသက်အရွယ်အရ မပြောခင် တော်လှန်ရေးအခက်အခဲ။ တော်လှန်ရေးတစ်ခုဟာ ဘယ် လောက်ပဲ အောင်မြင်သည်ပြောပြော အင်မ တန်အခက်အခဲရှိတယ်။ အဲဒါကို လိုင်းပေါ်မှာ ရှိနေတဲ့ သူတွေက မသိနိုင်ဘူး။ စစ်ရဲ့ အနိဋ္ဌာရုံနဲ့ စစ်ရဲ့ဒုက္ခကို စစ်မြေပြင်မှာရှိတဲ့သူတွေပဲ အဓိက သိတာ။ ကိုယ် တို့က (၁၉၉၁) ခုနှစ်ပတ်ဝန်းကျင် ကနေပြီး အတွေ့အကြုံတွေ မြင်ဖူးတယ်။ တပ်မဟာ (၄) ဘက်မှာ လည်း အတွေ့အကြုံတွေ မြင်ဖူးတယ်။ တပ်မဟာ (၆) ဘက်မှာလည်း အတွေ့အကြုံတွေကို မြင်ခဲ့ဖူး တာပေါ့။ အဲဒီလိုမျိုး မြင်ကွင်းတွေကိုလည်း သတိရတယ်။ တိုက်တယ်ခိုက်တယ်ဆိုတာက တစ်ယောက် နဲ့ တစ်ယောက် ပန်းနဲ့ပေါက်တာမဟုတ်ဘူး။ နှစ်ဖက်စလုံးက အခက်အခဲပေါင်းစုံများစွာထဲက တိုက်ပွဲဝင် လာရတယ်ဆိုတာ နားလည်သွားတယ်။ တိုက်ပွဲရဲ့ သံသရာထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဒီလိုချည်း ပဲလုပ်နေကြလို့ မြန်မာအစိုးရလည်း မနိုင် ဘူး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း မနိုင်ဘူးဆိုတာ သိလာတဲ့အတွက် (၂၀၁၂)ခုနှစ်ကနေ (၂၀၁၅) ခုနှစ်အတွင်း တိုက်ခိုက်မှုထက် သွေးထွက် သံယိုနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ဆိုတာထက် စကားပြောလို့ရနိုင်တယ်ဆိုရင် အကောင်းဆုံးဆို တာ စဉ်းစားမိတယ်။ နိုင်ငံ တကာကိုသွားပြီး Workshop တွေကိုလည်း အများကြီးတက်ဖူးတယ်။ အဲဒီလို တက်ဖူးတဲ့အခါမှာ သွေးထွက်သံယိုမှုတွေနဲ့ ဖြေရှင်းတာထက် မြန်မာနိုင်ငံရေး ပြဿနာရဲ့ ဇစ်မြစ်က ဘာလဲ၊ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲဆိုတာကို အဖြေရှာဖို့လိုတယ်ဆိုတာကို မြင်လာတယ်။ မဟုတ် ရင် ဒီတိုက်ပွဲ သံသရာက ဒီငါးနှစ်၊ ဆယ်နှစ်အတွင်းမှာ ပြီးမှာလား။ မပြီးဘူး။ စစ်ပြီးသွားရင်တောင် စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို နှစ်သုံးဆယ်လောက် ပေးဆပ်ရဦးမယ်။ အဲဒါမျိုးကို မြင်လာတဲ့အတွက် ကြောင့် စစ်ပွဲတွေကို ရပ်ထားပြီးတော့မှ ပြေပြေလည်လည် စကားပြောရ တော့မှာပေါ့။ အပစ်ရပ်ဖို့ဆို တာ နှစ်ဖက်စလုံးကို ပြောမှရမယ်။ (၂၀၁၅) ပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံမှာ အစိုးရကိုပဲအပစ်ရပ်ပါလို့ ကိုယ်တို့က အများကြီး ပြောခဲ့ဖူးတယ်။ အခုက ပြောင်းပြန်ပြောရမယ့် အနေအထားတောင် ရောက်သွား ပြီ။ ပြောရမယ်ဆိုရင် ကိုယ်က ဒီတိုက်ပွဲသံသရာသည် ဒီတစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်မှာ မပြီးဘူး။ ပြည်သူတွေ ရဲ့ အခက်အခဲတွေ ဆိုတာ သုံးလေး ငါးနှစ်အတွင်းမှာ ဘယ်လိုမှ မပြီးနိုင်ဘူး။ နှစ်ပေါင်းများစွာ စစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားရမယ်ဆိုရင် တိုင်းပြည်ရဲ့ ပြည်သူလူထုတွေကိုကုစားဖို့နည်းလမ်းနဲ့ တိုင်း ပြည်ရှေ့ကို အေးအေးဆေးဆေးသွားနိုင်မယ့် နည်းလမ်းတွေကို အချိန်နှောင်းနေပေမယ့် ကြိုးပမ်းဖို့လို တယ်။ အနာရှိရင်ဆေးရှိတယ် အားလုံးက ဖော်ထုတ်နိုင်ရမယ်။ အတ္တကြီးလို့တော့ မရဘူး။ အခုဖြစ်နေ တာက ကိုယ်နိုင်မှ ကိုယ်မှန်တယ်ဆိုတဲ့ အတ္တတွေကြောင့် ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။
မေး - ဆရာမကို တချို့က အမနာပပြောကြတယ် ဝေဖန်ကြတာတွေ ရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာများ တုံ့ပြန်ပြောကြားချင်ပါသလဲ။
ဖြေ - အင်မတန်မှ ရိုင်းတယ်၊ ဆဲကြတယ်။ ကိုယ်နဲ့ လမ်းစဉ်မတူရင် ဆဲရမယ်ဆိုတာ ဘယ်သူက သင်ပေး တာလဲ။ ဘယ်သူက ပြောတာလဲ။ အဲဒီလို ဆဲခြင်း၊ ဆိုခြင်း၊ မတရားပြုခြင်း အဲဒါတွေဟာဆိုရင် ကိုယ့်လူ မျိုး၊ ကိုယ့်မိဘကိုပါ ထိခိုက်တယ်။ ဆရာမတို့ က အခုလိုအသက်အရွယ်မှာ အခုဆဲနေကြတဲ့ ကလေး တွေရဲ့ အဘိုး၊ အဘွားအရွယ် ဖြစ်တယ်။ အဘိုး၊ အဘွားအရွယ်မှာရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ် လောက်အထိ ဒုက္ခခံခဲ့လဲ၊ တော်လှန်ရေးအတွက် ဘယ်လောက်ကြိုးပမ်းဆောင်ရွက်ခဲ့သလဲဆိုတာကို သေသေချာချာ မစဉ်းစား၊ မဝေခွဲဘဲနဲ့ ဘာလုပ်လဲ၊ ဘာလုပ်လဲပဲ မေးနေတယ်။ မေးနေတဲ့ သူဟာ တော် လှန်ရေးအတွက် ထမင်းတစ်နပ်အငတ်မ ခံဘူး၊ တော်လှန်ရေးအတွက် ကျည်တစ်တောင့် မပေးဖူးတဲ့သူ တွေ ဖြစ်တယ်။ နှစ်ပေါင်း လေးဆယ် ကျော်ဘဝကို အခုထိပေးဆပ်နေတုန်း အဲဒီလိုအနေအထားမှာ ဒီလို ဆဲကြတဲ့သူတွေက အင်မတန် ယုတ်မာတယ်။ လူမျိုးတစ်မျိုးရဲ့သိက္ခာကိုပါ ကျတယ်။ မိခင်တွေရဲ့သိက္ခာ ကိုပါ ချတယ်လို့မြင်တယ်။ မျိုးရိုး၊ ဗီဇ၊ စရိုက်လက္ခဏာတွေကိုပါ ဖော်ပြနေတယ်လို့ပဲ မြင်တယ်။
မေး - နောက်တစ်ချက်က ရခိုင်မှာလည်း စစ်က ရှည်လာတယ်ပေါ့။ ပြည်သူတွေဘက်ကလည်း အခက်အခဲ ကြုံလာရတယ်လို့ ကြားပါတယ်။ ရခိုင်မှာ အဓိက အခက်အခဲက ဘာလို့ မြင်ပါသလဲ။
ဖြေ - ပြည်သူတွေရဲ့ အခက်အခဲက အဓိကစားဝတ်နေရေးပေါ့။ သိနေတာက အခုလွတ်လပ်ရေးရမယ်၊ လွတ်လပ်ဖို့ပဲလို့ ပြည်သူက ထင်နေတယ်။ ပြည်သူတွေရဲ့ နားမလည်မှုပေါ့။ လွတ်လပ်ရေးက မနေ့၊ တစ် နေ့မှာရတော့မယ်ဆိုတဲ့စကားတွေကို ပြည်သူတွေက နားလည်၊ လက်ခံနေကြတာသည် သူတို့တွေမှာ တွေးနိုင်၊ ခေါ်နိုင်တဲ့အတွေးအခေါ် အားနည်းတာ။ ပြည်သူတွေက လက်ခံနေကြတယ်။ သူတို့တွေက ကိုယ့်အိမ်၊ ကိုယ့်ရာကို ပစ်ပြီးတော့မှ ဘယ်နေရာကိုရောက်သွားမှန်းမသိကြတော့ဘူး။ ဘယ်နေရာ၊ ဘယ်ဒေသရောက်သွားမှန်း မသိကြတော့ဘူး။ အိမ်တစ်အိမ်ဖြစ်ဖို့ဆိုတာ လူ့ဘဝမှာအရမ်းကို ခက်ခဲ တယ်။ သူတို့ အိမ်တွေက စစ်တွေမှာ ဘာမှမကျန်တော့ဘူး။ စစ်တွေမြို့မှာ ကျန်ခဲ့တဲ့သူတွေက မပြေး နိုင်တဲ့သူတွေ။ ရန်ကုန်ကိုလည်း ပြေးလို့ မရ၊ မန္တလေးကိုလည်း ပြေးလို့မရ၊ တောရွာတွေကိုလည်း ပြေး လို့မရဘူး။ ရခိုင်ကလူတွေ အပြောအရတော့ လွတ်မြောက်နယ်မြေပေါ့။ ပြေးမယ်ဆိုရင်လည်း သိန်းနှစ် ဆယ်၊ သုံးဆယ် ပေးရတယ်။ ပြေးလို့မရတဲ့သူတွေက စစ်တွေမြို့မှာ ကျန်ခဲ့တာ။ နောက်ပြီးတော့ ရန်ကုန် ကို ပြေးလို့ရတဲ့သူတွေက စစ်တွေကို လေယာဉ်နဲ့ပြေးတယ်။ အခွင့်အလမ်း ကြုံရင် စစ်တွေကို ပြန်လာ တယ် အဲဒီလိုရှိတယ်။ အဲဒီလူတွေက စစ်တွေမှာ ကိုယ့်အိမ်ကိုယ့်ရာကိုတောင် ပိုင်ပိုင်နိုင်နိုင်ထိန်းသိမ်းနိုင် တဲ့သူမရှိဘူး။ ချမ်းသာတဲ့သူတွေကလည်း သူခိုးအန္တရာယ်ကို ကြောက်ရတယ်။ ဆင်းရဲတဲ့သူတွေကလည်း ကိုယ့်မှာ အိမ်မရှိတော့ဘူး။ သူများအိမ်မှာ တက်နေတယ်။ သူများအိမ်မှာတက်နေလို့ ထမင်းမစားရဘူး။ စစ်တွေကနေ ဘယ်နေရာမှ ထွက်လို့မရဘူး။ ရန်ကုန်ကို လေကြောင်းလမ်းက အဆက်အသွယ်ရတယ်။ တခြားနေရာကို ရေပတ်ပတ်လည် ဝိုင်းနေ တော့ ဘယ်နေရာကိုမှ ထွက်လို့မရဘူး။ စစ်တွေမြို့ အထဲမှာရှိ နေတဲ့ ပြည်သူတွေက စေတနာရှင်တွေ၊ NGO တွေက ပေးတယ်၊ အစိုးရကပေးတယ်ဆိုရင် စားလို့ရ တယ်။ အဲဒီလို မပေးရင် စားစရာမရှိတော့ဘူး။ အလုပ်လည်းမရှိ၊ စားစရာလည်း မရှိတော့ မခိုးချင်ပေ မယ့် ခိုးရတယ်။ သူများအိမ်ကို မဖျက်ဆီးချင်ပေမယ့် ဖျက်ဆီးရတယ်ဆိုတဲ့အနေအထားကို ရောက်သွား တယ်။ ကျွန်မတို့က စစ်တွေမြို့ ပတ်ဝန်းကျင်မှာ ပထမနိုင်သလောက်ကို ကာကွယ်ပေးတယ်။ မခိုးရဘူး၊ မဖျက်ရဘူး ဖျက်တယ်ဆို ဖမ်းတယ်။ သူခိုးတွေကို ပြန်စစ်တဲ့အခါ ဘာကြောင့်လဲဆိုတော့ စားစရာ မရှိ လို့ဆိုတာ သူတို့ အပွင့်လင်းဆုံး ဝန်ခံ တယ်။ ဘယ်လိုခိုးလဲဆိုတော့ အထဲကိုဝင်တယ် ပစ္စည်းတွေကို ခိုး ရောင်းတယ်။ အထဲက ပစ္စည်းတွေ ကုန်လာတဲ့အခါ အပြင်က အိမ်ကိုရောင်းတယ်။ ဘယ်လို ရောင်းလဲ၊ ဘယ်လိုခိုးလဲဆိုတော့ အိမ်ကြီးကို ခိုးဖို့ သူတို့တွေက တစ်ခါတည်း အိမ်ဖြိုရင် လူမြင်တယ်ပေါ့။ အသာ လေး အသာလေး နုတ်လို့ရတာ နုတ်တယ်။ အိမ်က ယိုင်လဲလာတဲ့အခါမှာဆိုရင် အဲဒီအိမ်က ပြိုလဲနေပြီ ပေါ့။ ဒါကို ထင်းအဖြစ် ရောင်းစားတယ်ဆိုပြီး ဖြောင့်ချက်ပေးတယ်။ ဖမ်းလို့လည်း မနိုင်တော့ဘူး။ ကိုယ် တို့တွေကလည်း ဘယ်လောက်အထိ ဖမ်းနိုင်မှာလဲပေါ့။ အဓိက ပြည်သူတွေ ရင်ဆိုင်နေရတာက စားဖို့၊ ဝတ်ဖို့၊ နေဖို့။ စားစရာလည်း မရှိဘူး။ မနေ့ကဆိုပြောတယ် ကျွန်တော်တို့ကို ဖိနပ် နဲ့ထီး၊ ထဘီအမြန်ဆုံး လှူပေးပါ မေတ္တာရပ်ခံကြတယ်။ အခုကတော့ ဆရာမတို့က ဆန်အိတ်သုံးထောင် လှူတယ်။ အားကိုး ကြတယ်။ နောက်တစ်ခုက သူတို့ ပြောသေးတယ် ကျွန်တော်တို့ကို နောက်ထပ် ဆန် ပေးရင်တောင် လောင်စာမရှိဘူး၊ ထင်းမရှိဘူး ဘယ်လို အသက်ရှင်ရမှာလဲဆိုပြီး ဖုန်းဆက်လာကြတာတွေကို ကြား တော့ အရမ်းကို ရင်ကွဲတယ် စိတ်မကောင်းစရာ ဖြစ်တယ်။ လွတ်လပ်ရေးရခြင်း၊ မရခြင်းကို နောက် စဉ်းစား။ အခု ပြည်သူတွေ ထမင်းစားဖို့ နဲ့ အသက်ရှင်ဖို့ ဘယ်လောက်လိုလဲဆိုတာ သိနိုင်အောင် ဓာတ်ပုံ တချို့ပို့ပေးမယ်။ လူသားတွေက အသက်သာ ရှင်နေတယ် အရိုးမှာ အရေတင် ဖြစ်နေတယ်ဆိုတာကို တွေ့လာရ လိမ့်မယ်။
မေး - အခုနောက်ပိုင်း ကွန်ဖက်ဒရေးရှင်းဆိုတဲ့ စကားထွက်လာတာ ရှိပါတယ်။ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာပေါ့။ ဒီ အုပ်ချုပ်ရေးစနစ်ကို ဆရာမ ဘယ်လို မြင်ပါသလဲ။
ဖြေ - တိုင်းရင်းသားအားလုံးကတော့ ကွန်ဖက်ဒရေးရှင်းကို ကြိုက်ကြတယ်။ (၁၉၉၁) ခုနှစ်လောက် အထိ အားလုံးက Independence ဒါမှမဟုတ်ရင် ကွန်ဖက်ဒရေးရှင်းပဲ။ အဲဒီလို ပုံစံမျိုး ပြောခဲ့ကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တစ်ခေတ်လည်လာတာက တော့ (၂၀၁၂) ခုနှစ်ကနေ (၂၀၁၈) ပတ်ဝန်းကျင် အထိ ဖက်ဒရယ်ဆိုတာမျိုး မြန်မာနိုင်ငံမှာ ခေတ်စားလာခဲ့တယ်။ အဲဒါကြောင့် လက်နက်ကိုင် တော်လှန် ရေးအဖွဲ့တွေနဲ့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးပွဲ ကနေထွက်လာတဲ့ အင်မတန်မှကောင်းမွန်တဲ့ ရလဒ်တစ်ခုပေါ့။ (၂၀၂၀) ပတ်ဝန်းကျင်မှာ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ကွန်ဖက်ဒရေးရှင်း ဆိုတာ ပြန်ဖြစ်လာတယ်။ ကောင်းခြင်း၊ မကောင်းခြင်း ဆိုတာကို ဝေဖန်ဖို့က တော်တော်ခက်တယ်။ ကိုယ့်ရဲ့ ဆန္ဒအရ တော်လှန်ရေးလုပ်ကြတာဖြစ်တယ်။ အဓိက နိုင် အောင်လုပ်နိုင်တဲ့သူရဲ့ အောင်ပွဲက ဘယ်လို ဖြစ်လာမှာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ကွန်ဖက် ဒရေးရှင်းလို့ ပြောအော်နေကြတဲ့ ပုဂ္ဂိုလ်တွေသာ အောင်မြင်သွားခဲ့သည်ရှိသော် ဒါက သူတို့ ဘက်က ကြိုးပမ်းလို့ အောင်မြင်တယ်ပေါ့။ ဒါမှမဟုတ် ဒီနေ့က ပြည်ထောင်စုတစ်ခုလုံး ပြိုကွဲဖို့ မသင့်ဘူး။ ရှမ်းနဲ့ ရခိုင်နဲ့၊ ချင်းနဲ့ ဗမာနဲ့၊ ကရင်နဲ့ မွန်နဲ့ စသည်ဖြင့် ပြည်ထောင်စုဆိုတဲ့ အဝန်းအဝိုင်းမှာ နေပြီး အိမ်ထောင် ကျသွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးဖြစ်သွားပြီ။ အဲဒီလိုဖြစ်နေ တော့ ဒီပြည်ထောင်စုက ပြိုကွဲသွား လို့ သင့်၏၊ မသင့်၏လို့ စဉ်းစားတဲ့ ပုဂ္ဂိုလ်တွေက တစ်ဖက်၊ ကွန်ဖက်ဒရေးရှင်း ရမှ ဖြစ်မယ်လို့ စဉ်းစား နေကြတဲ့သူတွေက တစ်ဖက် ဖြစ်နေတယ်။ ဘယ်ဟာကောင်းတယ် မကောင်းဘူးလို့ ပြောရခက်တယ်။ ပြည်ထောင်စု မပြိုကွဲချင်ဘူးဆိုရင် မပြိုကွဲအောင်လုပ်နိုင်တဲ့ခေါင်း ဆောင်တွေက ဘယ်လို ပုံစံပြောင်း မှာလဲ။ ဘယ်လိုပုံစံပြောင်းတဲ့ အလုပ်လုပ်တဲ့ပုံစံကို ရှေးရှုပြီး လုပ်ကြမှာလဲ ဆိုတာ စဉ်းစားဖို့ကောင်း တယ်။ ပြဿနာရဲ့ အရင်းအမြစ် သည် တန်းတူ ညီမျှမှုမရှိလို့ ဒီပြဿနာ က နှစ်ပေါင်း (၇၀)၊ (၈၀) အထိ ရောက်လာပြီ။ ဒီတိုင်းပြည် ပြဿနာသည် ကြီးလေးသော ပြဿနာ ဖစ်ပြီးတော့ နိုင်ငံပြိုကွဲလုနီးပါး အခြေအနေအထိ ကြီးလေးသော ပြဿနာဖြစ်လာတယ်။ အရပ်လေး မျက်နှာမှာ မဟုတ်ဘူး။ အရပ်ရှစ် မျက်နှာမှာ ဖြစ်နေတယ်။ ဒီဟာတွေအတွက် ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေ၊ ဆုံးဖြတ် ချက်တွေလိုတယ်။ အဲဒီလို ဆုံးဖြတ်ချက်တွေကို ပီပီပြင်ပြင်ချနိုင်မှ မြန်မာ့နိုင်ငံရေးကို ဖြေရှင်းနိုင်မယ်လို့ မြင်လာတဲ့အနေအထား၊ ရောက်နေတဲ့ အနေအထားလို့ မြင်ပါတယ်။
မေး - ဆရာမအနေနဲ့ကော ရခိုင်ပြည်နယ်ကို ပြည်ထောင်စုနဲ့ တွဲမလား။ ဘယ်လိုမျိုး လုပ်ချင်စိတ် ရှိပါ သလဲ။
ဖြေ - ပြည်ထောင်စုဆိုတဲ့အနေအထားပေါ်မှာ ကျွန်မတို့က သွားနေကြတာပေါ့။ အခုပြောပြီးပါပြီ ပါးရေ နပ်ရေရှိတဲ့ လုပ်ဆောင်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်လိမ့်မယ်။ လူတစ်ဦးတစ်ယောက်စီရဲ့ ဆန္ဒ အပေါ်မှာ မူတည်မှာမဟုတ်ဘူးဆိုတာ ပြောချင် ပါတယ်။ အင်မတန်မှ ခက်ခဲတဲ့အတွက် ဓားသွားပေါ်မှာ ရပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဘယ် ခေါင်းဆောင်ပဲဖြစ်ဖြစ် ရခိုင်မှာ ရှိနေတဲ့ ဘယ်ခေါင်းဆောင် ပဲဖြစ်ဖြစ် ဓားသွားပေါ်မှာ ရပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒီတိုင်းပြည်ကတော့ မပြောင်း လို့တော့ မရတော့ဘူး။ ဘယ်လို ပြောင်းမလဲ။ သွေးထွက်သံယို နည်းပြီးတော့မှ စိတ်အနာတရ ခံစားချက်တွေ နည်းလာအောင် ဘယ်လိုပြောင်းမလဲဆိုတာ အဓိက စဉ်းစားဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
“ေတာခိုခဲ့ဖူးသည္၊ ယခုစစ္မတိုက္လိုေတာ့ၿပီ” ေဒၚေစာျမရာဇာလင္း၏ ျမန္မာ့ႏိုင္ငံေရး အျမင္
သုတေက်ာ္ (NP News)
အစိုးရႏွင့္ NCA လက္မွတ္ေရးထိုးထားေသာ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) အေနျဖင့္ လက္ေအာက္ခံတပ္ျဖစ္ေသာ ရခိုင္ျပည္လြတ္ေျမာက္ေရးတပ္မေတာ္ (ALA) ကို Army For Liberation and Peace of Rakhine (ALPR) ဟု အမည္ေျပာင္းလဲခဲ့သည္။ ထို႔ျပင္ ရခိုင္ျပည္နယ္၏ ၿမိဳ႕ေတာ္ စစ္ေတြတြင္ ပါတီ၏ဌာနခ်ဳပ္ကိုအေျခစိုက္ကာ အခက္အခဲမ်ားၾကားမွ ရခိုင္ျပည္သူမ်ား၏ စားဝတ္ေန ေရးကို ကူညီေဆာင္႐ြက္ေပးေနေၾကာင္းလည္း ယင္းပါတီက ဆိုထားသည္။ ALP ၏ ဥကၠ႒ျဖစ္ေသာ ေဒၚေစာျမရာဇာလင္းသည္ ငယ္စဥ္ကပင္ လက္နက္ကိုင္ေဆာင္ခဲ့သူျဖစ္ေသာ္လည္း လက္ရွိတြင္ စစ္ တိုက္ရန္ မရည္႐ြယ္ေတာ့ဘဲ ၿငိမ္းခ်မ္းေရးအတြက္ အားသြန္ခြန္စိုက္ေဆာင္႐ြက္သူျဖစ္လာခဲ့သည္။ အဆို ပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေဒၚေစာျမရာဇာလင္း၏ လက္ရွိႏိုင္ငံေရးအေပၚ အျမင္၊ သေဘာ မ်ား ကို NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကိုေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံးေမးခ်င္တာက ဆရာမတို႔ပါတီရဲ႕ နာမည္ေျပာင္းရတဲ့အေၾကာင္းကို အရင္ေျပာ ေပးပါ လား ခင္ဗ်ာ။ တစ္ဖက္အသံေတြပဲ ၾကားေနရတဲ့အခါ ဆရာမ ေျပာျပတာက တရားဝင္အေနနဲ႔ ျဖစ္ပါ တယ္။ ဘာေၾကာင့္ နာမည္ေျပာင္းတာလဲေပါ့ ခင္ဗ်ာ။
ေျဖ - ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ/ရခိုင္ျပည္ လြတ္ေျမာက္ေရး တပ္မေတာ္ ဆိုတာက (၁၉၆၇) ခုႏွစ္မွာ စတည္ေထာင္ခဲ့တယ္။ တစ္ျဖတ္ကေတာ့ ပါတီ က ပ်က္စီးသြားတယ္။ ေနာက္တစ္ျဖတ္မွာ (၁၉၇၃) ခုႏွစ္မွာ ဥကၠ႒ ခိုင္မိုးလင္းက ျပန္ထူေထာင္ခဲ့တယ္။ ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ/ရခိုင္ျပည္ လြတ္ ေျမာက္ေရး တပ္မေတာ္လို႔ နာမည္ထားထားခဲ့တယ္။ Arakan Liberation Army ေပါ့။ (၂၀၁၂) ခုႏွစ္မွာ ပါတီက အပစ္အခတ္ရပ္စဲေရးကို လက္မွတ္ထိုးခဲ့တယ္။ ျပည္နယ္အစိုးရနဲ႔ လက္မွတ္ထိုးတာ ေပါ့။ (၂၀၁၅) မွာဆိုရင္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို လက္ မွတ္ထိုးလိုက္တယ္။ အဲဒီလိုမ်ိဳး လက္မွတ္ထိုးတဲ့ေနာက္ပိုင္းမွာ ကိုယ္တို႔က မတိုက္ေတာ့ဘူး။ တစ္ဦးနဲ႔ တစ္ဦး မတိုက္ေတာ့ဘူးဆိုၿပီးေတာ့မွ လက္မွတ္ထိုးၿပီးတဲ့ ေနာက္မွာဆိုရင္ ဒီနာမည္က ေျပာင္းသင့္ၿပီ ဆိုၿပီး စဥ္းစားတယ္။ အဓိကက Rakhine လို႔ဆိုတာကို ထားခ်င္တဲ့ သေဘာလည္းရွိတယ္။ Arakan လို႔ ဆိုတာကို သိပ္မႀကိဳက္ဘူး။ Arakan လို႔ဆိုတာကို ေျပာလာရင္လည္း အျငင္းပြားစရာ အမ်ားႀကီးရွိ တယ္။ ကိုယ္က Rakhine ဆိုတာကို ထားခ်င္တယ္။ ဓညဝတီ ရခိုင္ဆိုတာပဲ သမိုင္းမွာ ရာဇဝင္ အမ်ား ႀကီးရွိေတာ့ Rakhine ဆိုတဲ့နာမည္ကို ထားခ်င္တဲ့ကိစၥလည္း ရွိတယ္။ အရင္က ဥကၠ႒ ခိုင္မိုးလင္း ထားခဲ့ တဲ့ နာမည္ကိုလည္း မပယ္ဘူး။ အခုဆိုလည္း ၿငိမ္းခ်မ္းေရးကလည္း သြားေနၿပီ။ ကိုယ္ကိုယ္တိုင္လည္း ၿငိမ္းခ်မ္းေရးကို ေျပာေနတယ္။ တိုင္းျပည္ ၿငိမ္းခ်မ္းဖို႔အတြက္ကိုပဲ လုပ္ေနတဲ့ အခ်ိန္အခါမ်ိဳးမွာ ၿငိမ္း ခ်မ္းေရးဆိုတာကို ပါေစခ်င္တယ္။ အဲဒါေၾကာင့္မို႔လို႔ ရခိုင္ျပည္လြတ္ေျမာက္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ဦးတည္ၿပီးေတာ့ Army For Liberation and Peace of Rakhine (ALPR) ဆိုၿပီးေတာ့ ေျပာင္းလိုက္တာ ျဖစ္တယ္။
ေမး - နာမည္ေျပာင္းၿပီးတဲ့ေနာက္ မူဝါဒ အေျပာင္းအလဲေကာ ရွိပါသလား။
ေျဖ - မူဝါဒ ဆိုတာက ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီက အရင္ကေတာ့ လြတ္လပ္ေရးဆိုတဲ့ စကားကို ေျပာပါတယ္။ ရခိုင္ျပည္ လြတ္လပ္ေရးရရမယ္ လြတ္ေျမာက္ရမယ္ဆိုၿပီးေတာ့ ကိုယ္ကလည္း အဲဒီ ဆိုင္း ဘုတ္ေအာက္မွာပဲလိုက္လာတာ မွန္ပါတယ္။ ဒီေန႔ ဒီအခ်ိန္မွာက်ေတာ့ လြတ္လပ္ေရးဆိုတဲ့စကားကို ကိုယ္တို႔နဲ႔ အခ်င္းခ်င္းရွိေနခဲ့ၾကတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား အား လုံးသည္ (၁၉၉၀) ေက်ာ္ ဝန္းက်င္ မွာ ဖက္ဒရယ္ဆိုတာကို ကူးေျပာင္းလာၾကတယ္။ နာမည္ေျပာင္း လာၾကတယ္။ ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီအေနနဲ႔ (၂၀၁၀)၊ (၂၀၁၁) ခုႏွစ္အထိကို ဖက္ဒရယ္ကို လက္မခံခဲ့ဘူး။ ေနာက္ပိုင္းမွာေတာ့ အပစ္အခတ္ရပ္စဲေရးကိုလုပ္လိုက္ၿပီးေတာ့ ဖက္ဒရယ္ကို အခိုင္အ မာ လက္ခံသြားတယ္။ ကိုယ္တို႔ကေတာ့ တိုက္ဖို႔အတြက္ မရည္႐ြယ္ေတာ့ဘူး။ ေသြးထြက္သံယိုမႈေပါင္း မ်ားစြာနဲ႔ ခရီးဆက္ေနရမယ့္ကိစၥကို မလုပ္ေတာ့ဘူးဆိုၿပီးေတာ့ ဆုံးျဖတ္ၿပီး မူဝါဒအရ ေျပာမယ္ဆိုရင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အသြင္ကူးေျပာင္းႏိုင္ေရးသြားမယ္ဆိုတာကို စဥ္းစားလို႔ပဲ ျဖစ္ပါတယ္။
ေမး - ေနာက္ေမးခ်င္တာက အရင္က ဆရာမက ကြၽန္ေတာ့္ကို ရခိုင္လူထုရဲ႕ စားနပ္ရိကၡာကို အာ႐ုံ စိုက္ မယ့္အေၾကာင္း ေျပာဖူးပါတယ္။ အဲဒီဟာေကာ မူဝါဒထဲပါပါသလား။ ၿပီးေတာ့ ပါတီရဲ႕ ဦးတည္ခ်က္ အသစ္လား ခင္ဗ်ာ။
ေျဖ - ဦးတည္ခ်က္အရေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ကိုယ္တို႔က ျပည္သူနဲ႔ တစ္သားတည္း ရပ္တည္ေနတဲ့ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ျပည္သူေတြရဲ႕ဒုကၡကို မွ်ေဝခံစားဖို႔အတြက္ ျပည္သူရဲ႕ဒုကၡဟာ ကိုယ့္ဒုကၡလို႔ ခံယူတတ္ဖို႔ အေရးႀကီးတယ္။ ဒီေန႔ဆိုရင္ စစ္ေရး စစ္ဒဏ္ေၾကာင့္ ျပည္တစ္ခုလုံးမွာ စားေရ ရိကၡာ အရမ္းကို ရွားပါးေနတယ္။ ျပည္သူေတြ ငတ္ မြတ္ေခါင္းပါးမႈနဲ႔ ႀကဳံေတြ႕ေနရခ်ိန္မွာ ကိုယ္တို႔ ပါတီက လည္း အခက္အခဲရွိတယ္။ အခက္အခဲ ရွိေပ မယ့္ ကိုယ့္အခက္အခဲနဲ႔ ျပည္သူ႔အခက္အခဲကို ၾကည့္လိုက္ တဲ့အခါမွာ အားလုံးေသာအခက္အခဲကို ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ မွ်ေဝခံစားတတ္ၿပီးေတာ့ ျပည္ သူေတြရဲ႕အခက္အခဲကို ႏိုင္တဲ့အထိ ႀကိဳးပမ္းေဆာင္႐ြက္မယ္ဆိုၿပီး မူဝါဒလို႔ ေျပာတာထက္ လက္ရွိ ျဖစ္ ေနတဲ့အေျခအေနေပၚ မူတည္ၿပီး အလုပ္လုပ္ေနတာ ျဖစ္ပါတယ္။
ေမး - ဆရာမက အသက္ငယ္ငယ္ေလးတည္းက လက္နက္ကိုင္ခဲ့တာေပါ့ေလ။ ဆိုေတာ့ လက္ရွိမွာ ဆရာမက ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ေနသူ ျဖစ္ေတာ့ အရင္ေတာ္လွန္ခဲ့တဲ့အေတြ႕အႀကဳံအရ ျပည္သူ ေတြက ၿငိမ္းခ်မ္းေရးကို လိုအပ္တယ္ဆိုတာမ်ိဳးကို ယူဆမိသြားတာလား။
ေျဖ - ပထမမွာေတာ့ ငယ္ငယ္တုန္းကဆိုရင္ ပိုက္ဆံတစ္ျပားရလည္း က်ည္ဆန္တစ္ေတာင့္ဝယ္မယ္ ဆိုတာရွိခဲ့တယ္။ ျမန္မာႏိုင္ငံရဲ႕ တပ္မေတာ္သားေတြဆိုရင္ ကိုယ္က ရန္သူအျဖစ္ျမင္တာ အမ်ားႀကီး ရွိခဲ့တယ္။ အဲဒါက ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ္တို႔ေဒသေတြမွာ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္တာျမင္ ရတဲ့အခါ ႏိုင္ထက္စီးနင္းေတြ အမ်ားႀကီးရွိခဲ့တယ္။ အဲဒါကို မခံခ်င္စိတ္ေတြလည္းရွိတယ္။ အဲဒီလို ျဖစ္လာရျခင္းသည္ ငါတို႔လူမ်ိဳး မလြတ္လပ္လို႔ဆိုတာ ခံစားခ်က္ေတြ အမ်ားႀကီးျပင္းျပခဲ့တယ္။ အဲဒါက တစ္ဖက္နဲ႔တစ္ဖက္ ဖိႏွိပ္မႈေတြကေန ျဖစ္ေပၚ လာတဲ့ ခံစားခ်က္ေတြ ျဖစ္တယ္ေပါ့ေနာ္။ လက္နက္ကိုင္ ေတာ္လွန္ေရးကို ေဇာင္းေပးၿပီးလုပ္လာခဲ့တယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ (၁၉၈၀) မွာ ဆိုရင္ ေျမေအာက္၊ (၁၉၈၈) ေျမေပၚ အဲဒီလို ပုံစံလုပ္ၿပီးေတာ့ အခုထက္တိုင္ လက္နက္ကိုင္အဖြဲ႕အစည္းမွာ လုပ္လာခဲ့တာ ေပါ့။ ဒါေပမဲ့ အသက္အ႐ြယ္အရ မေျပာခင္ ေတာ္လွန္ေရးအခက္အခဲ။ ေတာ္လွန္ေရးတစ္ခုဟာ ဘယ္ ေလာက္ပဲ ေအာင္ျမင္သည္ေျပာေျပာ အင္မ တန္အခက္အခဲရွိတယ္။ အဲဒါကို လိုင္းေပၚမွာ ရွိေနတဲ့ သူေတြက မသိႏိုင္ဘူး။ စစ္ရဲ႕ အနိ႒ာ႐ုံနဲ႔ စစ္ရဲ႕ဒုကၡကို စစ္ေျမျပင္မွာရွိတဲ့သူေတြပဲ အဓိက သိတာ။ ကိုယ္ တို႔က (၁၉၉၁) ခုႏွစ္ပတ္ဝန္းက်င္ ကေနၿပီး အေတြ႕အႀကဳံေတြ ျမင္ဖူးတယ္။ တပ္မဟာ (၄) ဘက္မွာ လည္း အေတြ႕အႀကဳံေတြ ျမင္ဖူးတယ္။ တပ္မဟာ (၆) ဘက္မွာလည္း အေတြ႕အႀကဳံေတြကို ျမင္ခဲ့ဖူး တာေပါ့။ အဲဒီလိုမ်ိဳး ျမင္ကြင္းေတြကိုလည္း သတိရတယ္။ တိုက္တယ္ခိုက္တယ္ဆိုတာက တစ္ေယာက္ နဲ႔ တစ္ေယာက္ ပန္းနဲ႔ေပါက္တာမဟုတ္ဘူး။ ႏွစ္ဖက္စလုံးက အခက္အခဲေပါင္းစုံမ်ားစြာထဲက တိုက္ပြဲဝင္ လာရတယ္ဆိုတာ နားလည္သြားတယ္။ တိုက္ပြဲရဲ႕ သံသရာထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ဒီလိုခ်ည္း ပဲလုပ္ေနၾကလို႔ ျမန္မာအစိုးရလည္း မႏိုင္ ဘူး၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြကလည္း မႏိုင္ဘူးဆိုတာ သိလာတဲ့အတြက္ (၂၀၁၂)ခုႏွစ္ကေန (၂၀၁၅) ခုႏွစ္အတြင္း တိုက္ခိုက္မႈထက္ ေသြးထြက္ သံယိုနဲ႔ ႏိုင္ငံေရးျပႆနာကို ေျဖရွင္းဖို႔ ဆိုတာထက္ စကားေျပာလို႔ရႏိုင္တယ္ဆိုရင္ အေကာင္းဆုံးဆို တာ စဥ္းစားမိတယ္။ ႏိုင္ငံ တကာကိုသြားၿပီး Workshop ေတြကိုလည္း အမ်ားႀကီးတက္ဖူးတယ္။ အဲဒီလို တက္ဖူးတဲ့အခါမွာ ေသြးထြက္သံယိုမႈေတြနဲ႔ ေျဖရွင္းတာထက္ ျမန္မာႏိုင္ငံေရး ျပႆနာရဲ႕ ဇစ္ျမစ္က ဘာလဲ၊ ဘာေၾကာင့္ ဒီလို ျဖစ္ေနရတာလဲဆိုတာကို အေျဖရွာဖို႔လိုတယ္ဆိုတာကို ျမင္လာတယ္။ မဟုတ္ ရင္ ဒီတိုက္ပြဲ သံသရာက ဒီငါးႏွစ္၊ ဆယ္ႏွစ္အတြင္းမွာ ၿပီးမွာလား။ မၿပီးဘူး။ စစ္ၿပီးသြားရင္ေတာင္ စစ္ရဲ႕ ဒဏ္ရာ ဒဏ္ခ်က္ေတြကို ႏွစ္သုံးဆယ္ေလာက္ ေပးဆပ္ရဦးမယ္။ အဲဒါမ်ိဳးကို ျမင္လာတဲ့အတြက္ ေၾကာင့္ စစ္ပြဲေတြကို ရပ္ထားၿပီးေတာ့မွ ေျပေျပလည္လည္ စကားေျပာရ ေတာ့မွာေပါ့။ အပစ္ရပ္ဖို႔ဆို တာ ႏွစ္ဖက္စလုံးကို ေျပာမွရမယ္။ (၂၀၁၅) ပတ္ဝန္းက်င္မွာ ျမန္မာႏိုင္ငံမွာ အစိုးရကိုပဲအပစ္ရပ္ပါလို႔ ကိုယ္တို႔က အမ်ားႀကီး ေျပာခဲ့ဖူးတယ္။ အခုက ေျပာင္းျပန္ေျပာရမယ့္ အေနအထားေတာင္ ေရာက္သြား ၿပီ။ ေျပာရမယ္ဆိုရင္ ကိုယ္က ဒီတိုက္ပြဲသံသရာသည္ ဒီတစ္ႏွစ္၊ ႏွစ္ႏွစ္၊ သုံးႏွစ္မွာ မၿပီးဘူး။ ျပည္သူေတြ ရဲ႕ အခက္အခဲေတြ ဆိုတာ သုံးေလး ငါးႏွစ္အတြင္းမွာ ဘယ္လိုမွ မၿပီးႏိုင္ဘူး။ ႏွစ္ေပါင္းမ်ားစြာ စစ္ရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြကို ခံစားရမယ္ဆိုရင္ တိုင္းျပည္ရဲ႕ ျပည္သူလူထုေတြကိုကုစားဖို႔နည္းလမ္းနဲ႔ တိုင္း ျပည္ေရွ႕ကို ေအးေအးေဆးေဆးသြားႏိုင္မယ့္ နည္းလမ္းေတြကို အခ်ိန္ေႏွာင္းေနေပမယ့္ ႀကိဳးပမ္းဖို႔လို တယ္။ အနာရွိရင္ေဆးရွိတယ္ အားလုံးက ေဖာ္ထုတ္ႏိုင္ရမယ္။ အတၱႀကီးလို႔ေတာ့ မရဘူး။ အခုျဖစ္ေန တာက ကိုယ္ႏိုင္မွ ကိုယ္မွန္တယ္ဆိုတဲ့ အတၱေတြေၾကာင့္ ျဖစ္ေနတယ္လို႔ ေျပာခ်င္ပါတယ္။
ေမး - ဆရာမကို တခ်ိဳ႕က အမနာပေျပာၾကတယ္ ေဝဖန္ၾကတာေတြ ရွိတယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမ်ား တုံ႔ျပန္ေျပာၾကားခ်င္ပါသလဲ။
ေျဖ - အင္မတန္မွ ႐ိုင္းတယ္၊ ဆဲၾကတယ္။ ကိုယ္နဲ႔ လမ္းစဥ္မတူရင္ ဆဲရမယ္ဆိုတာ ဘယ္သူက သင္ေပး တာလဲ။ ဘယ္သူက ေျပာတာလဲ။ အဲဒီလို ဆဲျခင္း၊ ဆိုျခင္း၊ မတရားျပဳျခင္း အဲဒါေတြဟာဆိုရင္ ကိုယ့္လူ မ်ိဳး၊ ကိုယ့္မိဘကိုပါ ထိခိုက္တယ္။ ဆရာမတို႔ က အခုလိုအသက္အ႐ြယ္မွာ အခုဆဲေနၾကတဲ့ ကေလး ေတြရဲ႕ အဘိုး၊ အဘြားအ႐ြယ္ ျဖစ္တယ္။ အဘိုး၊ အဘြားအ႐ြယ္မွာရွိေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ ဘယ္ ေလာက္အထိ ဒုကၡခံခဲ့လဲ၊ ေတာ္လွန္ေရးအတြက္ ဘယ္ေလာက္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သလဲဆိုတာကို ေသေသခ်ာခ်ာ မစဥ္းစား၊ မေဝခြဲဘဲနဲ႔ ဘာလုပ္လဲ၊ ဘာလုပ္လဲပဲ ေမးေနတယ္။ ေမးေနတဲ့ သူဟာ ေတာ္ လွန္ေရးအတြက္ ထမင္းတစ္နပ္အငတ္မ ခံဘူး၊ ေတာ္လွန္ေရးအတြက္ က်ည္တစ္ေတာင့္ မေပးဖူးတဲ့သူ ေတြ ျဖစ္တယ္။ ႏွစ္ေပါင္း ေလးဆယ္ ေက်ာ္ဘဝကို အခုထိေပးဆပ္ေနတုန္း အဲဒီလိုအေနအထားမွာ ဒီလို ဆဲၾကတဲ့သူေတြက အင္မတန္ ယုတ္မာတယ္။ လူမ်ိဳးတစ္မ်ိဳးရဲ႕သိကၡာကိုပါ က်တယ္။ မိခင္ေတြရဲ႕သိကၡာ ကိုပါ ခ်တယ္လို႔ျမင္တယ္။ မ်ိဳး႐ိုး၊ ဗီဇ၊ စ႐ိုက္လကၡဏာေတြကိုပါ ေဖာ္ျပေနတယ္လို႔ပဲ ျမင္တယ္။
ေမး - ေနာက္တစ္ခ်က္က ရခိုင္မွာလည္း စစ္က ရွည္လာတယ္ေပါ့။ ျပည္သူေတြဘက္ကလည္း အခက္အခဲ ႀကဳံလာရတယ္လို႔ ၾကားပါတယ္။ ရခိုင္မွာ အဓိက အခက္အခဲက ဘာလို႔ ျမင္ပါသလဲ။
ေျဖ - ျပည္သူေတြရဲ႕ အခက္အခဲက အဓိကစားဝတ္ေနေရးေပါ့။ သိေနတာက အခုလြတ္လပ္ေရးရမယ္၊ လြတ္လပ္ဖို႔ပဲလို႔ ျပည္သူက ထင္ေနတယ္။ ျပည္သူေတြရဲ႕ နားမလည္မႈေပါ့။ လြတ္လပ္ေရးက မေန႔၊ တစ္ ေန႔မွာရေတာ့မယ္ဆိုတဲ့စကားေတြကို ျပည္သူေတြက နားလည္၊ လက္ခံေနၾကတာသည္ သူတို႔ေတြမွာ ေတြးႏိုင္၊ ေခၚႏိုင္တဲ့အေတြးအေခၚ အားနည္းတာ။ ျပည္သူေတြက လက္ခံေနၾကတယ္။ သူတို႔ေတြက ကိုယ့္အိမ္၊ ကိုယ့္ရာကို ပစ္ၿပီးေတာ့မွ ဘယ္ေနရာကိုေရာက္သြားမွန္းမသိၾကေတာ့ဘူး။ ဘယ္ေနရာ၊ ဘယ္ေဒသေရာက္သြားမွန္း မသိၾကေတာ့ဘူး။ အိမ္တစ္အိမ္ျဖစ္ဖို႔ဆိုတာ လူ႔ဘဝမွာအရမ္းကို ခက္ခဲ တယ္။ သူတို႔ အိမ္ေတြက စစ္ေတြမွာ ဘာမွမက်န္ေတာ့ဘူး။ စစ္ေတြၿမိဳ႕မွာ က်န္ခဲ့တဲ့သူေတြက မေျပး ႏိုင္တဲ့သူေတြ။ ရန္ကုန္ကိုလည္း ေျပးလို႔ မရ၊ မႏၲေလးကိုလည္း ေျပးလို႔မရ၊ ေတာ႐ြာေတြကိုလည္း ေျပး လို႔မရဘူး။ ရခိုင္ကလူေတြ အေျပာအရေတာ့ လြတ္ေျမာက္နယ္ေျမေပါ့။ ေျပးမယ္ဆိုရင္လည္း သိန္းႏွစ္ ဆယ္၊ သုံးဆယ္ ေပးရတယ္။ ေျပးလို႔မရတဲ့သူေတြက စစ္ေတြၿမိဳ႕မွာ က်န္ခဲ့တာ။ ေနာက္ၿပီးေတာ့ ရန္ကုန္ ကို ေျပးလို႔ရတဲ့သူေတြက စစ္ေတြကို ေလယာဥ္နဲ႔ေျပးတယ္။ အခြင့္အလမ္း ႀကဳံရင္ စစ္ေတြကို ျပန္လာ တယ္ အဲဒီလိုရွိတယ္။ အဲဒီလူေတြက စစ္ေတြမွာ ကိုယ့္အိမ္ကိုယ့္ရာကိုေတာင္ ပိုင္ပိုင္ႏိုင္ႏိုင္ထိန္းသိမ္းႏိုင္ တဲ့သူမရွိဘူး။ ခ်မ္းသာတဲ့သူေတြကလည္း သူခိုးအႏၲရာယ္ကို ေၾကာက္ရတယ္။ ဆင္းရဲတဲ့သူေတြကလည္း ကိုယ့္မွာ အိမ္မရွိေတာ့ဘူး။ သူမ်ားအိမ္မွာ တက္ေနတယ္။ သူမ်ားအိမ္မွာတက္ေနလို႔ ထမင္းမစားရဘူး။ စစ္ေတြကေန ဘယ္ေနရာမွ ထြက္လို႔မရဘူး။ ရန္ကုန္ကို ေလေၾကာင္းလမ္းက အဆက္အသြယ္ရတယ္။ တျခားေနရာကို ေရပတ္ပတ္လည္ ဝိုင္းေန ေတာ့ ဘယ္ေနရာကိုမွ ထြက္လို႔မရဘူး။ စစ္ေတြၿမိဳ႕ အထဲမွာရွိ ေနတဲ့ ျပည္သူေတြက ေစတနာရွင္ေတြ၊ NGO ေတြက ေပးတယ္၊ အစိုးရကေပးတယ္ဆိုရင္ စားလို႔ရ တယ္။ အဲဒီလို မေပးရင္ စားစရာမရွိေတာ့ဘူး။ အလုပ္လည္းမရွိ၊ စားစရာလည္း မရွိေတာ့ မခိုးခ်င္ေပ မယ့္ ခိုးရတယ္။ သူမ်ားအိမ္ကို မဖ်က္ဆီးခ်င္ေပမယ့္ ဖ်က္ဆီးရတယ္ဆိုတဲ့အေနအထားကို ေရာက္သြား တယ္။ ကြၽန္မတို႔က စစ္ေတြၿမိဳ႕ ပတ္ဝန္းက်င္မွာ ပထမႏိုင္သေလာက္ကို ကာကြယ္ေပးတယ္။ မခိုးရဘူး၊ မဖ်က္ရဘူး ဖ်က္တယ္ဆို ဖမ္းတယ္။ သူခိုးေတြကို ျပန္စစ္တဲ့အခါ ဘာေၾကာင့္လဲဆိုေတာ့ စားစရာ မရွိ လို႔ဆိုတာ သူတို႔ အပြင့္လင္းဆုံး ဝန္ခံ တယ္။ ဘယ္လိုခိုးလဲဆိုေတာ့ အထဲကိုဝင္တယ္ ပစၥည္းေတြကို ခိုး ေရာင္းတယ္။ အထဲက ပစၥည္းေတြ ကုန္လာတဲ့အခါ အျပင္က အိမ္ကိုေရာင္းတယ္။ ဘယ္လို ေရာင္းလဲ၊ ဘယ္လိုခိုးလဲဆိုေတာ့ အိမ္ႀကီးကို ခိုးဖို႔ သူတို႔ေတြက တစ္ခါတည္း အိမ္ၿဖိဳရင္ လူျမင္တယ္ေပါ့။ အသာ ေလး အသာေလး ႏုတ္လို႔ရတာ ႏုတ္တယ္။ အိမ္က ယိုင္လဲလာတဲ့အခါမွာဆိုရင္ အဲဒီအိမ္က ၿပိဳလဲေနၿပီ ေပါ့။ ဒါကို ထင္းအျဖစ္ ေရာင္းစားတယ္ဆိုၿပီး ေျဖာင့္ခ်က္ေပးတယ္။ ဖမ္းလို႔လည္း မႏိုင္ေတာ့ဘူး။ ကိုယ္ တို႔ေတြကလည္း ဘယ္ေလာက္အထိ ဖမ္းႏိုင္မွာလဲေပါ့။ အဓိက ျပည္သူေတြ ရင္ဆိုင္ေနရတာက စားဖို႔၊ ဝတ္ဖို႔၊ ေနဖို႔။ စားစရာလည္း မရွိဘူး။ မေန႔ကဆိုေျပာတယ္ ကြၽန္ေတာ္တို႔ကို ဖိနပ္ နဲ႔ထီး၊ ထဘီအျမန္ဆုံး လႉေပးပါ ေမတၱာရပ္ခံၾကတယ္။ အခုကေတာ့ ဆရာမတို႔က ဆန္အိတ္သုံးေထာင္ လႉတယ္။ အားကိုး ၾကတယ္။ ေနာက္တစ္ခုက သူတို႔ ေျပာေသးတယ္ ကြၽန္ေတာ္တို႔ကို ေနာက္ထပ္ ဆန္ ေပးရင္ေတာင္ ေလာင္စာမရွိဘူး၊ ထင္းမရွိဘူး ဘယ္လို အသက္ရွင္ရမွာလဲဆိုၿပီး ဖုန္းဆက္လာၾကတာေတြကို ၾကား ေတာ့ အရမ္းကို ရင္ကြဲတယ္ စိတ္မေကာင္းစရာ ျဖစ္တယ္။ လြတ္လပ္ေရးရျခင္း၊ မရျခင္းကို ေနာက္ စဥ္းစား။ အခု ျပည္သူေတြ ထမင္းစားဖို႔ နဲ႔ အသက္ရွင္ဖို႔ ဘယ္ေလာက္လိုလဲဆိုတာ သိႏိုင္ေအာင္ ဓာတ္ပုံ တခ်ိဳ႕ပို႔ေပးမယ္။ လူသားေတြက အသက္သာ ရွင္ေနတယ္ အ႐ိုးမွာ အေရတင္ ျဖစ္ေနတယ္ဆိုတာကို ေတြ႕လာရ လိမ့္မယ္။
ေမး - အခုေနာက္ပိုင္း ကြန္ဖက္ဒေရးရွင္းဆိုတဲ့ စကားထြက္လာတာ ရွိပါတယ္။ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဆိုတာေပါ့။ ဒီ အုပ္ခ်ဳပ္ေရးစနစ္ကို ဆရာမ ဘယ္လို ျမင္ပါသလဲ။
ေျဖ - တိုင္းရင္းသားအားလုံးကေတာ့ ကြန္ဖက္ဒေရးရွင္းကို ႀကိဳက္ၾကတယ္။ (၁၉၉၁) ခုႏွစ္ေလာက္ အထိ အားလုံးက Independence ဒါမွမဟုတ္ရင္ ကြန္ဖက္ဒေရးရွင္းပဲ။ အဲဒီလို ပုံစံမ်ိဳး ေျပာခဲ့ၾကတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ တစ္ေခတ္လည္လာတာက ေတာ့ (၂၀၁၂) ခုႏွစ္ကေန (၂၀၁၈) ပတ္ဝန္းက်င္ အထိ ဖက္ဒရယ္ဆိုတာမ်ိဳး ျမန္မာႏိုင္ငံမွာ ေခတ္စားလာခဲ့တယ္။ အဲဒါေၾကာင့္ လက္နက္ကိုင္ ေတာ္လွန္ ေရးအဖြဲ႕ေတြနဲ႔ သမၼတႀကီး ဦးသိန္းစိန္ ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႕ေတြ ေဆြးေႏြးပြဲ ကေနထြက္လာတဲ့ အင္မတန္မွေကာင္းမြန္တဲ့ ရလဒ္တစ္ခုေပါ့။ (၂၀၂၀) ပတ္ဝန္းက်င္မွာ ေ႐ြးေကာက္ပြဲ ေနာက္ပိုင္းမွာ ကြန္ဖက္ဒေရးရွင္း ဆိုတာ ျပန္ျဖစ္လာတယ္။ ေကာင္းျခင္း၊ မေကာင္းျခင္း ဆိုတာကို ေဝဖန္ဖို႔က ေတာ္ေတာ္ခက္တယ္။ ကိုယ့္ရဲ႕ ဆႏၵအရ ေတာ္လွန္ေရးလုပ္ၾကတာျဖစ္တယ္။ အဓိက ႏိုင္ ေအာင္လုပ္ႏိုင္တဲ့သူရဲ႕ ေအာင္ပြဲက ဘယ္လို ျဖစ္လာမွာလဲဆိုတာ စဥ္းစားစရာျဖစ္လာတယ္။ ကြန္ဖက္ ဒေရးရွင္းလို႔ ေျပာေအာ္ေနၾကတဲ့ ပုဂၢိဳလ္ေတြသာ ေအာင္ျမင္သြားခဲ့သည္ရွိေသာ္ ဒါက သူတို႔ ဘက္က ႀကိဳးပမ္းလို႔ ေအာင္ျမင္တယ္ေပါ့။ ဒါမွမဟုတ္ ဒီေန႔က ျပည္ေထာင္စုတစ္ခုလုံး ၿပိဳကြဲဖို႔ မသင့္ဘူး။ ရွမ္းနဲ႔ ရခိုင္နဲ႔၊ ခ်င္းနဲ႔ ဗမာနဲ႔၊ ကရင္နဲ႔ မြန္နဲ႔ စသည္ျဖင့္ ျပည္ေထာင္စုဆိုတဲ့ အဝန္းအဝိုင္းမွာ ေနၿပီး အိမ္ေထာင္ က်သြားတဲ့ ပုဂၢိဳလ္ေတြလည္း အမ်ားႀကီးျဖစ္သြားၿပီ။ အဲဒီလိုျဖစ္ေန ေတာ့ ဒီျပည္ေထာင္စုက ၿပိဳကြဲသြား လို႔ သင့္၏၊ မသင့္၏လို႔ စဥ္းစားတဲ့ ပုဂၢိဳလ္ေတြက တစ္ဖက္၊ ကြန္ဖက္ဒေရးရွင္း ရမွ ျဖစ္မယ္လို႔ စဥ္းစား ေနၾကတဲ့သူေတြက တစ္ဖက္ ျဖစ္ေနတယ္။ ဘယ္ဟာေကာင္းတယ္ မေကာင္းဘူးလို႔ ေျပာရခက္တယ္။ ျပည္ေထာင္စု မၿပိဳကြဲခ်င္ဘူးဆိုရင္ မၿပိဳကြဲေအာင္လုပ္ႏိုင္တဲ့ေခါင္း ေဆာင္ေတြက ဘယ္လို ပုံစံေျပာင္း မွာလဲ။ ဘယ္လိုပုံစံေျပာင္းတဲ့ အလုပ္လုပ္တဲ့ပုံစံကို ေရွးရႈၿပီး လုပ္ၾကမွာလဲ ဆိုတာ စဥ္းစားဖို႔ေကာင္း တယ္။ ျပႆနာရဲ႕ အရင္းအျမစ္ သည္ တန္းတူ ညီမွ်မႈမရွိလို႔ ဒီျပႆနာ က ႏွစ္ေပါင္း (၇၀)၊ (၈၀) အထိ ေရာက္လာၿပီ။ ဒီတိုင္းျပည္ ျပႆနာသည္ ႀကီးေလးေသာ ျပႆနာ ဖစ္ၿပီးေတာ့ ႏိုင္ငံၿပိဳကြဲလုနီးပါး အေျခအေနအထိ ႀကီးေလးေသာ ျပႆနာျဖစ္လာတယ္။ အရပ္ေလး မ်က္ႏွာမွာ မဟုတ္ဘူး။ အရပ္ရွစ္ မ်က္ႏွာမွာ ျဖစ္ေနတယ္။ ဒီဟာေတြအတြက္ ခိုင္မာတဲ့ သႏၷိ႒ာန္ေတြ၊ ဆုံးျဖတ္ ခ်က္ေတြလိုတယ္။ အဲဒီလို ဆုံးျဖတ္ခ်က္ေတြကို ပီပီျပင္ျပင္ခ်ႏိုင္မွ ျမန္မာ့ႏိုင္ငံေရးကို ေျဖရွင္းႏိုင္မယ္လို႔ ျမင္လာတဲ့အေနအထား၊ ေရာက္ေနတဲ့ အေနအထားလို႔ ျမင္ပါတယ္။
ေမး - ဆရာမအေနနဲ႔ေကာ ရခိုင္ျပည္နယ္ကို ျပည္ေထာင္စုနဲ႔ တြဲမလား။ ဘယ္လိုမ်ိဳး လုပ္ခ်င္စိတ္ ရွိပါ သလဲ။
ေျဖ - ျပည္ေထာင္စုဆိုတဲ့အေနအထားေပၚမွာ ကြၽန္မတို႔က သြားေနၾကတာေပါ့။ အခုေျပာၿပီးပါၿပီ ပါးေရ နပ္ေရရွိတဲ့ လုပ္ေဆာင္ခ်က္နဲ႔ ဆုံးျဖတ္ခ်က္အေပၚမွာ မူတည္လိမ့္မယ္။ လူတစ္ဦးတစ္ေယာက္စီရဲ႕ ဆႏၵ အေပၚမွာ မူတည္မွာမဟုတ္ဘူးဆိုတာ ေျပာခ်င္ ပါတယ္။ အင္မတန္မွ ခက္ခဲတဲ့အတြက္ ဓားသြားေပၚမွာ ရပ္ေနရတဲ့ အေနအထားျဖစ္ပါတယ္။ ဘယ္ ေခါင္းေဆာင္ပဲျဖစ္ျဖစ္ ရခိုင္မွာ ရွိေနတဲ့ ဘယ္ေခါင္းေဆာင္ ပဲျဖစ္ျဖစ္ ဓားသြားေပၚမွာ ရပ္ေနရတဲ့ အေနအထားျဖစ္ပါတယ္။ ဒီတိုင္းျပည္ကေတာ့ မေျပာင္း လို႔ေတာ့ မရေတာ့ဘူး။ ဘယ္လို ေျပာင္းမလဲ။ ေသြးထြက္သံယို နည္းၿပီးေတာ့မွ စိတ္အနာတရ ခံစားခ်က္ေတြ နည္းလာေအာင္ ဘယ္လိုေျပာင္းမလဲဆိုတာ အဓိက စဥ္းစားဖို႔လိုတယ္ဆိုတာ ေျပာခ်င္ပါတယ္။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.