မရမ်းကုန်းထွေအုပ်ရုံးတွင် အငယ်တန်းစားရေးကို ရုံးအကူက ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

 1657

Pearl (NP News) - ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အငယ်တန်းစားရေးကို ရုံးအကူက ဓားဖြင့်ထိုးသတ်မှု ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၁ရက်)၊ မနက် (၁၀)နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မရမ်းကုန်းထွေအုပ်ရုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရခိုင် စစ်ရှောင်လာနေတဲ့ အငယ်တန်းစာရေးနဲ့ ရုံးအကူနဲ့ဖြစ်တာ။ အချင်းချင်းဖြစ်တာ” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News သို့ပြောသည်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ထွေအုပ်ရုံးမှ အသက် (၃၆) နှစ် အရွယ် အငယ်တန်းစာရေး သည် မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေစဉ် တစ်ရုံးတည်းနေ နေ့စားရုံးအကူ အသက် (၅၃) နှစ် နှင့် ယခင်ရက်ကစကားများရန်ဖြစ်ခဲ့ပြီးနောက် မကျေနပ်သဖြင့် အငယ်တန်း စာရေး ၏ယာဘက်ရင်အုံကို ဓါးဖြင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးခြင်း ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ကျူးလွန်သူအမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် သက်ဆိုင်တာဝန်ရှိသူများက ၎င်းအားဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် နေကြောင်း သိရသည်။

Zawgyi Version:
မရမ္းကုန္းေထြအုပ္႐ုံးတြင္ အငယ္တန္းစားေရးကို ႐ုံးအကူက ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား
Pearl (NP News) - ဇြန္ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံးတြင္ အငယ္တန္းစားေရးကို ႐ုံးအကူက ဓားျဖင့္ထိုးသတ္မႈ ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၁၁ရက္)၊ မနက္ (၁၀)နာရီခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ မရမ္းကုန္းေထြအုပ္႐ုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“ရခိုင္ စစ္ေရွာင္လာေနတဲ့ အငယ္တန္းစာေရးနဲ႔ ႐ုံးအကူနဲ႔ျဖစ္တာ။ အခ်င္းခ်င္းျဖစ္တာ” ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ေျပာသည္။
ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္ေထြအုပ္႐ုံးမွ အသက္ (၃၆) ႏွစ္ အ႐ြယ္ အငယ္တန္းစာေရး သည္ မရမ္းကုန္းၿမိဳ႕နယ္ေထြအုပ္႐ုံးတြင္ တြဲဖက္တာဝန္ထမ္းေဆာင္ေနစဥ္ တစ္႐ုံးတည္းေန ေန႔စား႐ုံးအကူ အသက္ (၅၃) ႏွစ္ ႏွင့္ ယခင္ရက္ကစကားမ်ားရန္ျဖစ္ခဲ့ၿပီးေနာက္ မေက်နပ္သျဖင့္ အငယ္တန္း စာေရး ၏ယာဘက္ရင္အုံကို ဓါးျဖင့္ထိုးသတ္ခဲ့သျဖင့္ ေသဆုံးျခင္း ျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ က်ဴးလြန္သူအမ်ိဳးသားမွာ ထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ သက္ဆိုင္တာဝန္ရွိသူမ်ားက ၎အားဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.