ရွေးကောက်ပွဲအောင်မြင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရန် အသက်ပြည့်လူဦးရေစာရင်းမှန်ကန်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးဆို

 378

သန့်ဇင်(NP News)-ဇွန် ၁၁
ရွေးကောက်ပွဲအောင်မြင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရန် အသက်(၁၈)နှစ်ပြည့်လူဦးရေ စာရင်း လည်း မှန်ကန်ရန်လိုအပ်ကြောင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(ဇွန်လ ၁၀ရက်)၊ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင် စာရင်းတိကျမှန်ကန်စေရန် အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာတွင်လည်း မိမိတို့ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများ၌ရှိသည့် ရုံးလက်ခံ အိမ်ထောင်စုလူဦးရေ စာရင်းပါ အချက်အလက်များကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

သို့ရာတွင် မြေပြင်တွင်နေထိုင်ခြင်း မရှိသော်လည်း ရုံးလက်ခံ အိမ်ထောင်စုစာရင်းတွင် ပယ်ဖျက်ထားခြင်းမရှိသူများ၊ လူတစ်ဦးတည်းက အိမ်ထောင်စုလူဦးရေ စာရင်းတစ်ခုထက်မက ပါဝင်နေသူများ၊ လူတစ်ဦးတည်းက နိုင်ငံသားစိစစ်ရေး နံပါတ်တစ်ခုထက်မက ကိုင်ဆောင် ထား သူများ ပါဝင်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများကိုလည်း ယာယီအိမ်ထောင်စုလူ ဦးရေစာရင်းဖြင့် စာရင်းကောက်ယူခဲ့ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ သတ်မှတ်ထားသည့် သန်းခေါင် စာရင်းရည်ညွှန်းချိန်၌ တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ (De Facto Method) ဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူများ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာ ၁ ရက်မှ ၁၅ ရက်အထိ စာရင်း ကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြေပြင်ကွင်းဆင်း အတည်ပြုလူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းလူဦးရေသည် ကာလအားဖြင့် (၂)နှစ်ခန့် ကွာခြားနေပြီဖြစ်ရာ လူဦးရေကွာဟချက်အခြေအနေများကို သိရှိနိုင်ရေးနှင့် အချက်အလက် ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် အဆိုပါစာရင်းနှစ်ခုကို မြို့နယ်အဆင့်မှသည် အခြေခံကျကျ အဆင့်ဆင့်စနစ်တကျ နှိုင်းယှဉ်သုံးသပ်တိုက်ဆိုင်စိစစ်၍ မဲစာရင်းတိကျ မှန်ကန်ရေးအတွက် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲေအာင္ျမင္ေရး အေျခခံအက်ဆုံးျဖစ္သည့္ မဲစာရင္းတိက်မွန္ကန္ေစရန္ အသက္ျပည့္လူဦးေရစာရင္းမွန္ကန္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဆို
သန႔္ဇင္(NP News)-ဇြန္ ၁၁
ေ႐ြးေကာက္ပြဲေအာင္ျမင္ေရး အေျခခံအက်ဆုံးျဖစ္သည့္ မဲဆႏၵရွင္စာရင္းတိက်မွန္ကန္ေစရန္ အသက္(၁၈)ႏွစ္ျပည့္လူဦးေရ စာရင္း လည္း မွန္ကန္ရန္လိုအပ္ေၾကာင္း ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူေရး ႀကီးၾကပ္မႈဗဟိုေကာ္မတီဥကၠ႒၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ဇြန္လ ၁၀ရက္)၊ နံနက္ ၉ နာရီခြဲက ေနျပည္ေတာ္ရွိ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာန အစည္းအေဝးခန္းမ၌ က်င္းပသည့္ ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူေရးႀကီးၾကပ္မႈဗဟိုေကာ္မတီ လုပ္ငန္းညႇိႏႈိင္းအစည္း အေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရ၏ အႏၲိမရည္မွန္းခ်က္ျဖစ္သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ အေျခခံအက်ဆုံးျဖစ္သည့္ မဲဆႏၵရွင္ စာရင္းတိက်မွန္ကန္ေစရန္ အသက္ (၁၈) ႏွစ္ႏွင့္အထက္ လူဦးေရစာရင္း အခ်က္အလက္မ်ား ျပည့္စုံမွန္ကန္ရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူခဲ့ရာတြင္လည္း မိမိတို႔ဝန္ႀကီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ား၌ရွိသည့္ ႐ုံးလက္ခံ အိမ္ေထာင္စုလူဦးေရ စာရင္းပါ အခ်က္အလက္မ်ားကို တစ္အိမ္တက္ဆင္း ကြင္းဆင္းစိစစ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

သို႔ရာတြင္ ေျမျပင္တြင္ေနထိုင္ျခင္း မရွိေသာ္လည္း ႐ုံးလက္ခံ အိမ္ေထာင္စုစာရင္းတြင္ ပယ္ဖ်က္ထားျခင္းမရွိသူမ်ား၊ လူတစ္ဦးတည္းက အိမ္ေထာင္စုလူဦးေရ စာရင္းတစ္ခုထက္မက ပါဝင္ေနသူမ်ား၊ လူတစ္ဦးတည္းက ႏိုင္ငံသားစိစစ္ေရး နံပါတ္တစ္ခုထက္မက ကိုင္ေဆာင္ ထား သူမ်ား ပါဝင္ေနေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

႐ုံးလက္ခံအိမ္ေထာင္စုလူဦးေရစာရင္းတြင္ မပါဝင္သူမ်ားကိုလည္း ယာယီအိမ္ေထာင္စုလူ ဦးေရစာရင္းျဖင့္ စာရင္းေကာက္ယူခဲ့ ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

သန္းေခါင္စာရင္း ေကာက္ယူရာတြင္ ႏိုင္ငံတကာစံႏႈန္း သတ္မွတ္ခ်က္အရ သတ္မွတ္ထားသည့္ သန္းေခါင္ စာရင္းရည္ၫႊန္းခ်ိန္၌ ေတြ႕ရွိရာအရပ္တြင္ ေကာက္ယူသည့္မူ (De Facto Method) ျဖင့္ ျမန္မာႏိုင္ငံ နယ္နိမိတ္အတြင္း ေနထိုင္သူမ်ား ၂၀၂၄ ခုႏွစ္၊ ေအာက္တို ဘာ ၁ ရက္မွ ၁၅ ရက္အထိ စာရင္း ေကာက္ယူခဲ့ျခင္းျဖစ္ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ေျမျပင္ကြင္းဆင္း အတည္ျပဳလူဦးေရစာရင္းႏွင့္ သန္းေခါင္စာရင္းလူဦးေရသည္ ကာလအားျဖင့္ (၂)ႏွစ္ခန႔္ ကြာျခားေနၿပီျဖစ္ရာ လူဦးေရကြာဟခ်က္အေျခအေနမ်ားကို သိရွိႏိုင္ေရးႏွင့္ အခ်က္အလက္ ပိုမိုျပည့္စုံမွန္ကန္ေစေရးအတြက္ အဆိုပါစာရင္းႏွစ္ခုကို ၿမိဳ႕နယ္အဆင့္မွသည္ အေျခခံက်က် အဆင့္ဆင့္စနစ္တက် ႏႈိင္းယွဥ္သုံးသပ္တိုက္ဆိုင္စိစစ္၍ မဲစာရင္းတိက် မွန္ကန္ေရးအတြက္ ေဆာင္႐ြက္ၾက ရမည္ျဖစ္ပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.