ကုန်သွယ်ရေးကို ရှေ့ဆက်သွားနိုင်ဖို့ မူဘောင်တစ်ခုကို သဘောတူခဲ့တယ်လို့ အမေရိကန်နဲ့တရုတ်တို့ပြော

162

Pika (NP News) - ဇွန် ၁၂
နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို ရှေ့ဆက်သွားနိုင်ဖို့အတွက် မူဘောင်တစ်ခုကို သဘောတူညီခဲ့တယ်လို့ အမေရိကန် နဲ့ တရုတ်တို့ရဲ့ထိပ်တန်းအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တင်းမာမှုတွေကိုဖြေရှင်းဖို့ ရည်ရွယ်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေကို လန်ဒန်မြို့မှာ လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ အမေရိကန်နဲ့တရုတ်တို့ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ကိုအကောင်အထည်ဖော်ခဲ့မှုနဲ့အတူ ရှားပါးတွင်းထွက်ပစ္စည်းတွေ၊ သံလိုက်တို့နဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကို ဖြေလျှော့ပေးနိုင်လိမ့်မယ်လို့ ယုံကြည် တယ်လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Howard Lutnick က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီမူဘောင်ဟာ အမေရိကန်နဲ့တရုတ်တို့ရဲ့ခေါင်းဆောင်တွေဆီကနေ အတည်ပြုပေးမှုကို လိုအပ်နေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ် တဲ့ အမေရိကန်နဲ့တရုတ်တို့ဟာ ၎င်းတို့ရဲ့အကောက်ခွန်စစ်ပွဲနဲ့ပတ်သက်ပြီး တင်းမာမှုတွေကို အချိန်ကာလ ရှည်ကြာစွာ လျှော့ချနိုင်ဖို့ ရည်ရွယ်ထားမှုနဲ့အတူ အခွန်စည်းကြပ်မှုတွေကို ယာယီလျှော့ချပေးခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer က “ကျွန်တော်တို့ တတ်နိုင်သလောက် အမြန်ဆုံး လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံနဲ့ဆက်ဆံမှုက အပြုသဘောဆောင်တယ်လို့ ကျွန်တော်တို့ခံစားရပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ကုန္သြယ္ေရးကို ေရွ႕ဆက္သြားႏိုင္ဖို႔ မူေဘာင္တစ္ခုကို သေဘာတူခဲ့တယ္လို႔ အေမရိကန္နဲ႔တ႐ုတ္တို႔ေျပာ
Pika (NP News) - ဇြန္ ၁၂
ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးကို ေရွ႕ဆက္သြားႏိုင္ဖို႔အတြက္ မူေဘာင္တစ္ခုကို သေဘာတူညီခဲ့တယ္လို႔ အေမရိကန္ နဲ႔ တ႐ုတ္တို႔ရဲ႕ထိပ္တန္းအရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ တင္းမာမႈေတြကိုေျဖရွင္းဖို႔ ရည္႐ြယ္တဲ့ အဆင့္ျမင့္ေဆြးေႏြးပြဲေတြကို လန္ဒန္ၿမိဳ႕မွာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ အေမရိကန္နဲ႔တ႐ုတ္တို႔ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီသေဘာတူညီခ်က္ကိုအေကာင္အထည္ေဖာ္ခဲ့မႈနဲ႔အတူ ရွားပါးတြင္းထြက္ပစၥည္းေတြ၊ သံလိုက္တို႔နဲ႔ပတ္သက္တဲ့စိုးရိမ္မႈေတြကို ေျဖေလွ်ာ့ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ တယ္လို႔ အေမရိကန္ကုန္သြယ္ေရးဝန္ႀကီး Howard Lutnick က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီမူေဘာင္ဟာ အေမရိကန္နဲ႔တ႐ုတ္တို႔ရဲ႕ေခါင္းေဆာင္ေတြဆီကေန အတည္ျပဳေပးမႈကို လိုအပ္ေနဆဲျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံျဖစ္ တဲ့ အေမရိကန္နဲ႔တ႐ုတ္တို႔ဟာ ၎တို႔ရဲ႕အေကာက္ခြန္စစ္ပြဲနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြကို အခ်ိန္ကာလ ရွည္ၾကာစြာ ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္ထားမႈနဲ႔အတူ အခြန္စည္းၾကပ္မႈေတြကို ယာယီေလွ်ာ့ခ်ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ Jamieson Greer က “ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ အျမန္ဆုံး လုပ္ေဆာင္ေနပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံမႈက အျပဳသေဘာေဆာင္တယ္လို႔ ကြၽန္ေတာ္တို႔ခံစားရပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။