(၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ရေချိုထွက်ကုန် တန်ချိန် (၅)သိန်းကျော်တင်ပို့နိုင်ခဲ့

233

ချယ်ရီ (NP News) - ဇွန် ၁၂
မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရာသီမပြတ် မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုထွက်ကုန်များမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေချိုထွက်ကုန် တန်ချိန်(၅)သိန်းကျော်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၇၂၂ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဗျနှင့် အခြားနိုင်ငံအချို့သို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးသလောက်နှင့် အခြားငါးမျိုးစုံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ရေချိုထွက်ကုန်များကို ရောဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ မွေးမြူထုတ်လုပ်လျက်ရှိရာ တစ်ကန်ဖော်ချိန်၌ အခြားကန်များကို ဆက်လက်မွေးသောစနစ်ဖြင့် မွေးမြူ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
“ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနဲ့ ငါးသလောက်ဆိုရင် ပြည်ပကို နှစ်စဉ်ပို့နေပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရေချိုထွက်ကုန်တင်ပို့မှု တန်ချိန် (၅၅၀,၀၀၀) ကျော်ကနေ အမေရိကန်ဒေါ်လာ (၇၂၂) သန်းကျော် ရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပို့ကုန် တိုးမြှင့်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၏ ပြောကြားချက်အရ သိရသည်။
လက်ရှိပြည်ပပို့ကုန်တွင် ငါးမြစ်ချင်းတစ်ကောင်ကို တစ်ပိဿာ သုံးဆယ်ကျပ်သားမှ ခြောက်ပိဿာကျော်အထိ၊ ငါးသိုင်းခေါင်းပွတစ်ကောင်လျှင် ရှစ်ပိဿာကျော်အထိ မွေးမြူတင်ပို့လျက်ရှိပြီး ပို့ကုန်အတွက် တစ်ဧကကို သားပေါက်ကောင်ရေ (၇၀၀)မှ (၁,၀၀၀)အထိနှင့် ငါးအစုံ (၁,၂၀၀) အထိ မွေးမြူကြောင်း သိရသည်။
“ဗီယက်နမ်က မွေးမြူမှုနဲ့မတူပါဘူး။ ငါးဆိုဒ်ကြီး မွေးမြူတာဖြစ်တဲ့အတွက် ဂရုစိုက်ရပါတယ်။ အခုရက်ပိုင်း ငါးဈေးကောင်းတယ်။ ပြည်တွင်းမှာလည်းကောင်းပြီး ပြည်ပပို့ကုန်မှာလည်းကောင်းပါတယ်။ မနှစ်ကငါးကန်တွေရေမြုပ်တာကြုံခဲ့ရတော့ ဒီနှစ် မိုးရာသီမှာလည်း ဂရုစိုက်နေရတယ်။ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပပို့ကုန်မှာလည်း နိုင်ငံခြားငွေ ရတဲ့အတွက် ပိုပြီးဂရုစိုက်ရပါတယ်။ အစာဈေးနှုန်းအခက်အခဲရှိပေမယ့် ပိုမို ထုတ်လုပ်မွေးမြူနိုင်ဖို့ နည်းလမ်းအမျိုးမျိုး နဲ့ ကြိုးစားနေကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မှ ငါးမွေးမြူ ရေးလုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားထားကြောင်း သိရသည်။

Zawgyi Version:
(၂၀၂၄ -၂၀၂၅) ဘ႑ာႏွစ္အတြင္း ျပည္ပသို႔ေရခ်ိဳထြက္ကုန္ တန္ခ်ိန္ (၅)သိန္းေက်ာ္တင္ပို႔ႏိုင္ခဲ့
ခ်ယ္ရီ (NP News) - ဇြန္ ၁၂
ျမန္မာႏိုင္ငံတြင္ ျပည္တြင္းစားသုံးမႈႏွင့္ ျပည္ပပို႔ကုန္အျဖစ္ ရာသီမျပတ္ ေမြးျမဴထုတ္လုပ္လ်က္ရွိသည့္ ေရခ်ိဳထြက္ကုန္မ်ားမွ ၿပီးခဲ့သည့္ ဘ႑ာႏွစ္တြင္ ျပည္ပသို႔ ေရခ်ိဳထြက္ကုန္ တန္ခ်ိန္(၅)သိန္းေက်ာ္တင္ပို႔မႈမွ အေမ ရိကန္ေဒၚလာ ၇၂၂ သန္းေက်ာ္ ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၏ ေျပာၾကားခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံမွ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ေဆာ္ဒီအာေရးဗ်ႏွင့္ အျခားႏိုင္ငံအခ်ိဳ႕သို႔ ငါးျမစ္ခ်င္း၊ ငါးၾကင္း၊ ငါးတန္၊ ငါးေခါင္းပြ၊ ငါးသေလာက္ႏွင့္ အျခားငါးမ်ိဳးစုံတို႔ကို အဓိကတင္ပို႔လ်က္ရွိၿပီး ေရခ်ိဳထြက္ကုန္မ်ားကို ေရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔၌ ေမြးျမဴထုတ္လုပ္လ်က္ရွိရာ တစ္ကန္ေဖာ္ခ်ိန္၌ အျခားကန္မ်ားကို ဆက္လက္ေမြးေသာစနစ္ျဖင့္ ေမြးျမဴ ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
“ငါးျမစ္ခ်င္း၊ ငါးသိုင္းေခါင္းပြနဲ႔ ငါးသေလာက္ဆိုရင္ ျပည္ပကို ႏွစ္စဥ္ပို႔ေနပါတယ္။ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္မွာ ေရခ်ိဳထြက္ကုန္တင္ပို႔မႈ တန္ခ်ိန္ (၅၅၀,၀၀၀) ေက်ာ္ကေန အေမရိကန္ေဒၚလာ (၇၂၂) သန္းေက်ာ္ ရရွိခဲ့ၿပီး ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္မွာ ပို႔ကုန္ တိုးျမႇင့္ရရွိဖို႔ ႀကိဳးပမ္းေနၾကပါတယ္”ဟု ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အႀကီးတန္းဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္၏ ေျပာၾကားခ်က္အရ သိရသည္။
လက္ရွိျပည္ပပို႔ကုန္တြင္ ငါးျမစ္ခ်င္းတစ္ေကာင္ကို တစ္ပိႆာ သုံးဆယ္က်ပ္သားမွ ေျခာက္ပိႆာေက်ာ္အထိ၊ ငါးသိုင္းေခါင္းပြတစ္ေကာင္လွ်င္ ရွစ္ပိႆာေက်ာ္အထိ ေမြးျမဴတင္ပို႔လ်က္ရွိၿပီး ပို႔ကုန္အတြက္ တစ္ဧကကို သားေပါက္ေကာင္ေရ (၇၀၀)မွ (၁,၀၀၀)အထိႏွင့္ ငါးအစုံ (၁,၂၀၀) အထိ ေမြးျမဴေၾကာင္း သိရသည္။
“ဗီယက္နမ္က ေမြးျမဴမႈနဲ႔မတူပါဘူး။ ငါးဆိုဒ္ႀကီး ေမြးျမဴတာျဖစ္တဲ့အတြက္ ဂ႐ုစိုက္ရပါတယ္။ အခုရက္ပိုင္း ငါးေဈးေကာင္းတယ္။ ျပည္တြင္းမွာလည္းေကာင္းၿပီး ျပည္ပပို႔ကုန္မွာလည္းေကာင္းပါတယ္။ မႏွစ္ကငါးကန္ေတြေရျမဳပ္တာႀကဳံခဲ့ရေတာ့ ဒီႏွစ္ မိုးရာသီမွာလည္း ဂ႐ုစိုက္ေနရတယ္။ ျပည္တြင္းစားသုံးမႈ ဖူလုံၿပီး ျပည္ပပို႔ကုန္မွာလည္း ႏိုင္ငံျခားေငြ ရတဲ့အတြက္ ပိုၿပီးဂ႐ုစိုက္ရပါတယ္။ အစာေဈးႏႈန္းအခက္အခဲရွိေပမယ့္ ပိုမို ထုတ္လုပ္ေမြးျမဴႏိုင္ဖို႔ နည္းလမ္းအမ်ိဳးမ်ိဳး နဲ႔ ႀကိဳးစားေနၾကပါတယ္”ဟု ဧရာဝတီတိုင္းေဒသႀကီး ေညာင္တုန္းၿမိဳ႕မွ ငါးေမြးျမဴ ေရးလုပ္ငန္းရွင္ ဦးေက်ာ္ေက်ာ္က ေျပာၾကားထားေၾကာင္း သိရသည္။