တရုတ်နိုင်ငံ၊ ပေကျင်းမှာ လူအရွယ်အစားရှိလာဘူဘူအရုပ်ကို အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကျော်နဲ့ လေလံတင် ရောင်းချ

683
ရောင်နီ (NP News) - ဇွန် ၁၂
တရုတ်နိုင်ငံ၊ ပေကျင်းမှာ လူအရွယ်အစားရှိ လာဘူဘူရုပ်ကို ယွမ် ၁.ဝ၈ သန်း (အမေရိကန်ဒေါ်လာ ၁၅ဝ,၂၇၅.၅၁) နဲ့ အင်္ဂါနေ့ (ဇွန်လ ၁ဝ ရက်) က ရောင်းချခဲ့ပါတယ်။
ခေတ်သစ်အနုပညာနဲ့ လက်ဝတ်ရတနာတွေအတွက် အဓိက ကျင်းပတဲ့ Yongle International လေလံပွဲမှာ တရုတ်နိုင်ငံရဲ့အရုပ်ကုမ္ပဏီ Pop Mart က အဆိုပါ လူအရွယ်အစားရှိ လူဘူဘူရုပ်ကြီးကို ပထမဆုံးလေလံတင်ခဲ့ တာပါ။ လေလံပွဲကို လူ ၂ဝဝ ခန့် တက်ရောက်ခဲ့ပြီး စတင်စျေးနှုန်း သုညက စကာ စုစုပေါင်း ယွမ် ၃.၇၃ သန်းအထိ လေလံမြင့်တက်ခဲ့ပါတယ်။ အရုပ်ရဲ့အမြင့်ဟာ ၁၃၁ စင်တီမီတာ ရှိပြီး အရောင်ကတော့ Mint Green - အစိမ်းရောင် ဖြစ်ပါတယ်။ လေလံတင်သူကတော့ ဒါဟာ ကမ္ဘာမှာ ရနိုင်တဲ့တစ်ခုတည်းသော အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
လာဘူဘူကို ဟောင်ကောင် အနုပညာရှင် ကက်ဆင်လန့် က လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Pop Mart မှာ "blind boxes" တွေနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ K Pop အဆိုတော် လီဆာက အရုပ်နဲ့ selfie ဆွဲခဲ့ရာမှ လူသိများ ရေပန်းစားကာ ဝယ်လိုအားများလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ၊ ေပက်င္းမွာ လူအ႐ြယ္အစားရွိလာဘူဘူအ႐ုပ္ကို အေမရိကန္ေဒၚလာ ၁၅၀,၀၀၀ ေက်ာ္နဲ႔ ေလလံတင္ ေရာင္းခ်
ေရာင္နီ (NP News) - ဇြန္ ၁၂
တ႐ုတ္ႏိုင္ငံ၊ ေပက်င္းမွာ လူအ႐ြယ္အစားရွိ လာဘူဘူ႐ုပ္ကို ယြမ္ ၁.ဝ၈ သန္း (အေမရိကန္ေဒၚလာ ၁၅ဝ,၂၇၅.၅၁) နဲ႔ အဂၤါေန႔ (ဇြန္လ ၁ဝ ရက္) က ေရာင္းခ်ခဲ့ပါတယ္။
ေခတ္သစ္အႏုပညာနဲ႔ လက္ဝတ္ရတနာေတြအတြက္ အဓိက က်င္းပတဲ့ Yongle International ေလလံပြဲမွာ တ႐ုတ္ႏိုင္ငံရဲ႕အ႐ုပ္ကုမၸဏီ Pop Mart က အဆိုပါ လူအ႐ြယ္အစားရွိ လူဘူဘူ႐ုပ္ႀကီးကို ပထမဆုံးေလလံတင္ခဲ့ တာပါ။ ေလလံပြဲကို လူ ၂ဝဝ ခန႔္ တက္ေရာက္ခဲ့ၿပီး စတင္ေစ်းႏႈန္း သုညက စကာ စုစုေပါင္း ယြမ္ ၃.၇၃ သန္းအထိ ေလလံျမင့္တက္ခဲ့ပါတယ္။ အ႐ုပ္ရဲ႕အျမင့္ဟာ ၁၃၁ စင္တီမီတာ ရွိၿပီး အေရာင္ကေတာ့ Mint Green - အစိမ္းေရာင္ ျဖစ္ပါတယ္။ ေလလံတင္သူကေတာ့ ဒါဟာ ကမာၻမွာ ရႏိုင္တဲ့တစ္ခုတည္းေသာ အမ်ိဳးအစားျဖစ္တယ္လို႔ ဆိုပါတယ္။
လာဘူဘူကို ေဟာင္ေကာင္ အႏုပညာရွင္ ကက္ဆင္လန႔္ က လြန္ခဲ့တဲ့ ဆယ္စုႏွစ္က ဖန္တီးခဲ့တာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Pop Mart မွာ "blind boxes" ေတြနဲ႔ စတင္ေရာင္းခ်ခဲ့ပါတယ္။ ၂၀၂၄ ခုႏွစ္မွာေတာ့ K Pop အဆိုေတာ္ လီဆာက အ႐ုပ္နဲ႔ selfie ဆြဲခဲ့ရာမွ လူသိမ်ား ေရပန္းစားကာ ဝယ္လိုအားမ်ားလာခဲ့တာျဖစ္ပါတယ္။