သမ္မတ လစာတစ်ဝက်ကိုလှူဒါန်းထားတဲ့ တောင်အာဖရိကသမ္မတ အကြောင်းတစေ့တစောင်း

336

ဂျန်ဇက် (NP News) - ဇွန်၁၃
ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတို့မှာ အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေအပေါ် မှီခို အား ထားမှုကို လျှော့ချဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့စည်းတွေထဲမှာ BRICS အဖွဲ့လည်း ပါဝင် နေပါတယ်။ အဲဒီအဖွဲ့ကို (၂၀ဝ၁) ခုနှစ်မှ စတင်ဖွဲ့စည်းဖို့ စိတ်ကူးခဲ့ကြပြီး (၂၀ဝ၃) ခုနှစ်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က BRICS အမည်နဲ့စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၀) ပြည့်နှစ်မှာ တောင် အာဖ ရိကနိုင်ငံ ပါဝင်လာပြီးနောက် BRICS အဖွဲ့လို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ တောင်အာဖရိက နိုင်ငံဟာ BRICS အဖွဲ့ကိုစတင်ဖွဲ့စည်းတဲ့ နိုင်ငံတွေထဲကို နောက်မှပါဝင်လာခဲ့ပေမယ့် အဓိက အရေးပါတဲ့ နိုင်ငံ အဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ BRICS အဖွဲ့ရဲ့ရည်ရွယ်ချက်တွေထဲမှာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတို့မှာ အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံများအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့၊ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ ပြုလုပ်နိုင်ဖို့၊ နိုင်ငံတကာငွေကြေး စနစ်သစ်တစ်ခု ထူထောင်ဖို့နဲ့ ကမ္ဘာ့ငွေကြေးသုံးစွဲမှုမှာ အမေရိကန်ဒေါ်လာအပေါ်မှီခိုမှုကို လျှော့ချဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။ တောင်အာဖရိက နိုင်ငံဟာ BRICS အဖွဲ့ကိုစတင်ဖွဲ့စည်းတည်ထောင်တဲ့နိုင်ငံတွေထဲမှာ နောက်မှပါဝင်ခဲ့ပေမယ့် အဓိက အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပြီး တောင်အာဖရိက နိုင်ငံကို မာတာမီလာဆီရီလ်ရာမာဖိုစာက သမ္မတအဖြစ် တာဝန်ယူလျက်ရှိနေပါတယ်။ (၁၉၅၂) ခုနှစ် မှာမွေးဖွားခဲ့တဲ့ ရာမာဖိုစာဟာ (၂၀၁၈)ခုနှစ် နောက်ပိုင်းတည်းက သမ္မတအဖြစ်တာဝန်ယူနေသူ ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ရာမာဖိုကို (၁၉၅၂)ခုနှစ်က ဂျိုနသန် ဘတ်မြို့မှာမွေးဖွားခဲပြီး ၎င်းရဲ့ဖခင်ဖြစ်သူက ဥပဒေပညာရှင်တစ်ဦးဖြစ်ကာမိခင်ဖြစ်သူက အလုပ်သမား တစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ငယ်စဉ်က ဂျိုနုသန်ဘတ် မြို့ရှိ Mphaphuli High School ကျောင်းမှာ ပညာသင်ကြားခဲ့ပြီးနောက် University of the North (Turfloop) မှာ ဥပဒေပညာ ဘာသာရပ်ကို ဆက် လက်သင်ယူခဲ့သူဖြစ်ပါတယ်။ ရာမာဖိုစာဟာ ငယ်စဉ်ကတည်းက လူ့အခွင့်အရေး၊ လူမျိုးရေးဖိနှပ်မှုတွေ တိုက်ဖျက်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး တက္ကသိုလ်ကျောင်းသား ဘဝတုန်းကလည်း ဗီဇိုဘီ ဘန်တူ အုပ်ချုပ်မှုစနစ်ကို ဆန့်ကျင်ခဲ့ပြီး အဖမ်းခံခဲ့ရဖူးသူဖြစ်ပါတယ်။ ၎င်းဟာ လူ့အခွင့်အရေးအတွက် ခိုင်မာတဲ့ ယုံကြည်ချက်ရှိသူတစ်ဦးဖြစ်ပြီး၊ အများပြည်သူအတွက် ဝန်ဆောင်မှုကို ဦးစားပေးတဲ့ စိတ်နေ သဘောထားရှိသူဖြစ်တဲ့အပြင်သဘာဝတရားနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးကျင့်ဝတ်၊ တည်ငြိမ်မှု၊ မူဝါဒ တည် ဆောက်မှုတွေမှာ မှန်ကန်စွာသုံးသပ်နိုင်သူဖြစ်ပါတယ်။ ၎င်းဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ သမဂ္ဂခေါင်းဆောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး၊ တောင်အာဖရိကနိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှု စနစ်ကို အဆုံးသတ်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ တက္ကသိုလ် ကျောင်းသားဘဝမှာ တည်းက လူအခွင့်ရေးနဲ့ပတ်သက်ပြီး လှုပ်ရှားခဲ့သူဖြစ်ရာ ဘွဲ့ရပြီးချိန်မှာလည်း နိုင်ငံရေးဆက်လက် လုပ် ကိုင်ခဲ့ရာ (၁၉၈၂) ခုနှစ်မှာ သမဂ္ဂအဖွဲ့အစည်းများရဲ့ တောင်းဆိုချက်နဲ၌ သတ္တုတွင်းလုပ်သားများသမဂ္ဂ (NUM) ကို တည်ထောင်ခဲ့ပါတယ်။ ရာမာဖိုစာဟာ သတ္တုတွင်း လုပ်သားများသမဂ္ဂ (NUM) ရဲ့ ပထမဆုံး အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို (၁၉၉၁) ခုနှစ်မှာ အာဖရိကန်အမျိုးသားကွန်ဂရက် ပါတီရဲ့(ANC) ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရဖူးပါတယ်။ တောင်အာဖရိကနိုင်ငံမှာ (၁၉၉၄) ခုနှစ်က ဒီမိုကရေစီရွေးကောက်ပွဲကို ပထမဆုံးအကြိမ်ကျင်းပ နိုင်ခဲ့ပြီးနောက်ရာမာဖိုစာဟာ တောင် အာဖရိကနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး မင်ဒဲလား လက်သစ်အဖြစ် ချီး ကျူးခံခဲ့ရသူဖြစ်ပါတယ်။ ရာမာဖိုစာဟာ နိုင် ငံရေးသမားအဖြစ်လုပ်ကိုင်နေချိန်အတွင်း (၁၉၉၆)ခုနှစ်မှာ နိုင်ငံရေးလောကကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပြီး စီးပွားရေးလောကကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ စီးပွားရေး လောကကို ဝင်ရောက်ချိန်မှာလည်း အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီး Shanduka Group စီးပွား ရေးလုပ်ငန်းစုကို တည်ထောင်နိုင်ခဲ့သလို MTN, ကုမ္ပဏီရဲ့ဘုတ်အဖွဲ့ဥက္ကဌ၊ တောင်အာဖရိက McDonald” ရဲ့ ပိုင်ရှင်အဖြစ် လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ၎င်းဟာ စီးပွားရေး လောက မှာ (၁၆)နှစ်ကြာ ကျင် လည်ခဲ့ပြီးနောက် (၂၀၁၂)ခုနှစ်မှာ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ပြန်လည် ဝင်ရောက်ခဲ့ပြီး (၂၀၁၄) ခုနှစ်ကနေ (၂၀၁၈)ခုနှစ်အထိ တောင်အာဖရိက ဒုတိယသမ္မတအဖြစ်တာဝန်ယူ ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ (၂၀၁၇)ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပတဲ့ African National Congress (ANC) ပါတီရဲ့ ညီလာခံမှာ ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက် နှစ်လအကြာမှာပါတီအကြီးအကဲ ဖြစ်သလို တောင်အာဖရိကနိုင်ငံသမ္မတ ဇူးမား နုတ်ထွက်ခဲ့ပါတယ်။ ဇူးမားနုတ်ထွက်ခဲ့ပြီးနောက် (၂၀၁၉) ခုနှစ်မှာ တောင်အာဖရိကနိုင်ငံအတွင်း သမ္မတရွေးကောက်ပွဲကိုကျင်းပခဲ့ရာ ရာမာဖိုစာက သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ရာမာဖိုစာဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း စီးပွားရေးပြုပြင်ပြောင်း လဲမှုနဲ့ အလုပ်အကိုင်ဖန်တီးမှုတွေကို ဦးစားပေးဆောင်ရွက်ခဲ့ပြီးစီးပွားရေးပြဿနာတွေ၊ အလုပ်လက်မဲ့ နှုန်း မြင့်မားမှု၊ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတွေနဲ့တိုးတက်မှုနှေးကွေးမှုများကို ရင်ဆိုင်နေရပါ တယ်။ ဒါပေမယ့် ရာမာဖိုစာဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ အလုပ်အကိုင်ဖန်တီးမှုများကို ဦးစား ပေး ဆောင်ရွက်ခဲ့ပြီး (၂၀၂၅) ခုနှစ်မှာ တောင်အာဖရိကက G20 အဖွဲ့ရဲ့ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူရာ မှာ ရာမာဖိုစာက အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ ရာမာဖိုစာဟာ သမ္မတအဖြစ် တာဝန်ယူချိန် အတွင်း စိန်ခေါ်မှုတွေ၊ စွပ်စွဲမှုတွေ ကိုလည်း ရင်ဆိုင်ခဲ့ရပြီး “Farmgate” စွဲချက်အပါအဝင် အမျိုးမျိုး သော စွဲချက်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ၎င်းဟာ သံတမန်ရေးစွမ်းဆောင်ရည်ပိုင်းမှာ ပါးနပ် မှုရှိသူဖြစ်ပြီး ပြည်တွင်းပဋိပက္ခများ ဖြေရှင်းဖို့ ကြိုးပမ်းရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါ တယ်။ ရာမာဖိုစာဟာ (၁၉၉၀)ပြည့်နှစ်မှာ ANC ရဲ့ ညှိနှိုင်းရေးအဖွဲ့အနေနဲ့ အရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ ပြီး၊ လူမျိုးစနစ်အဆုံးသတ်ရေးညှိနှိုင်းမှုတွေမှာ ထင်ပေါ်ခဲ့ပါတယ်။ ပြည်တွင်း မတည်ငြိမ်မှုတွေနဲ့ အလုပ်သမားသမဂ္ဂဆန္ဒပြမှုတွေအပေါ်တုံ့ပြန်ရာမှာလည်း ရာမာဖိုစာ ဦးဆောင်တဲ့ တောင်အာဖရိက အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ ရာမာဖိုစာဟာ သမ္မတအဖြစ်တာဝန် ယူခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ၊ အစည်းအဝေးတွေ မှာ များစွာပါဝင်ခဲ့ပြီး တောင်အာဖရိကကို ပြည်ပမှာ အောင်မြင်တဲ့နိုင်ငံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါ တယ်။ ဒေသအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာလည်း ရာမာဖိုစာဟာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ပြီး အာဖရိကသမဂ္ဂ (AU) မှာ ဦးဆောင်ခဲ့သူဖြစ်သလို အီသီယိုးပီးယားနဲ့ ဆူဒန်နိုင်ငံကြားဖြစ်ပွားတဲ့ အငြင်း ပွားမှုတွေကိုလည်းအောင်မြင်အောင်ကြားဝင် ကြိုးပမ်းပေးခဲ့ဖူးပါတယ်။
ရာမာဖိုစာဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်တဲ့အတွက် တောင်အာ ဖရိက နိုင်ငံသမ္မတအဖြစ်တာဝန်ယူချိန်မှာ တောင်အာဖရိကရဲ့ စီးပွားရေးတိုးတက်ရေးကို ဦးဆောင်နိုင် မယ်လို့ မျှော်လင့်ထားခံရသူဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း ဇူးမား ဦးဆောင်အစိုးရ အဖွဲ့ အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ကျင့်ဝတ်စည်းကမ်းတွေနဲ့ချုပ်ချယ်မှုတွေကို ရာမာဖိုစာ ဟာ ၎င်းရဲ့လက်ထက်မှာ ဖယ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ပါတယ်။ ရာမာဖိုစာဟာ “New Dawn” လှုပ်ရှားမှု နဲ့ စီးပွားရေး အမြင်တစ်ခုတည်ဆောက်ခဲ့ပြီး သုံးစွဲမှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေး၊ တောင် အာဖရိကရဲ့ အလုပ်လက်မဲ့နှုန်းကို လျှော့ချဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ တောင်အာဖရိကနိုင်ငံအတွင်းမှာ ပညာရေး၊ ကျန်းမာရေးစနစ်များ၊ လျှပ်စစ်ဖြတ် တောက်မှု (load-shedding) နဲ့ အလုပ်လက်မဲ့မှု နှုန်းမြင့်မားလျက်ရှိနေရာ ရာမာဖိုစာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုဖြစ်နေပါတယ်။ ရာမာဖိုစာဟာ သံတမန်ရေးနဲ့ ငြိမ်းချမ်း ရေးညှိနှိုင်းရေးဆိုင်ရာမှာ အံ့ဖွယ်ကောင်းသော အတွေ့အကြုံရှိသူဖြစ်ပေမယ့် ANC ပါတီအတွင်း မတည် ငြိမ်မှုများကြောင့် ၎င်းရဲ့အောင်မြင်မှုတွေက ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာဖွယ်ရှိနေပါတယ်။ ရာမာ ဖိုစာဟာ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျုးကျော် ချိန်မှာ ရုရှားနိုင်ငံကိုဝေဖန်ပြစ်တင်ဖို့ ပျက်ကွက်ခဲ့သူဖြစ်ရာ နိုင်ငံတကာဖိအားတွေရင်ဆိုင်ခဲ့ရသူဖြစ်ပါ တယ်။ ရာမာဖိုစာဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့ အငြင်းပွားမှု တွေရှိခဲ့ပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လက်ထက်မှာ နှစ်နိုင်ငံကြား အငြင်းပွားမှုတွေကို ဖြေရှင်း နိုင်အောင် ကြိုးပမ်းခဲ့ရာ (၂၀၂၅)ခုနှစ် မေလအစောပိုင်းမှာ အမေရိကန်နိုင်ငံသမ္မအသစ် ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကာကောင်းမွန်တဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ရာမာဖိုစာဟာ ဆရာဝန် ဖြစ်တဲ့ ဒေါက်တာ ဆီပိုးမော့ဆီပီနဲ့ လက်ထပ်ထားပြီး၊ သားသမီးလေးဦးရှိပြီး ၎င်းဟာ တောင်အာဖရိက တက္ကသိုလ်များရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ချီးမြင်ခံထားရသူဖြစ်ပါတယ်။ ရာမာဖိုစာရဲ့ကြွယ်ဝချမ်းသာ မှုဟာ (၂၀၁၈)ခုနှစ် တုန်းကအမေရိကန်ဒေါ်လာ သန်း (၄၅၀) ရှိရာ လက်ရှိအချိန်မှာ ပိုမိုကြွယ်ဝချမ်းသာ ဖွယ်ရှိနေပါတယ်။ ရာမာဖိုစာဟာ ငွေကြေးချမ်းသာသူဖြစ်တဲ့အတွက် ဒုတိယသမ္မတ၊ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ၎င်းရဲ့လစာ တစ်ဝက်ကို သမ္မတဟောင်း နယ်ဆင်မင်ဒဲလားကို ဂုဏ်ပြုတဲ့အနေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ မင်ဒဲလား ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့ လူသိရှင်ကြားကြေညာခဲ့သူ လည်းဖြစ်ပါတယ်။ ၎င်းဟာ ငွေကြေးချမ်းသာသူတစ်ဦးဖြစ်တဲ့အတွက် နိုင်ငံတည်ဆောက်ရေးတွေကို ကူညီပေးနိုင်အောင် ပိုင်ဆိုင်မှုတချို့တစ်ဝက်ကို ထည့်ဝင်ကူညီပေးဖို့ ရည်ရွယ်ထားတယ်လို့လည်းပြော ဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။ ရာမာဖိုစာဟာ လစာငွေကြေးတွေကို လှူဒါန်းရုံသာမက ၎င်းအမည်နဲ့ ဖောင်ဒေး ရှင်း တစ်ခုကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။ ၎င်းဟာ ဘာသာစကားကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အထူးသဖြင့် တောင်အာဖရိကနိုင်ငံအတွင်း အသုံးပြုနေတဲ့ဘာသာစကားတွေကို ကျွမ်းကျင်စွာပြောဆို နိုင်သူဖြစ်ရာ မိန့်ခွန်းပြောဆိုချိန်အတွင်း တောင်အာဖရိကနိုင်ငံအတွင်း အသုံးပြုနေတဲ့ ဘာသာစကား အမျိုးမျိုးကိုပြောဆိုပြီး မိန့်ခွန်းပြောလေ့ရှိသူဖြစ်ပါတယ်။ မည်သို့ပင်ဆိုနေစေကာမူ ရာမာဖိုစာလက် ထက်မှာတောင် အာဖရိကနိုင်ငံဟာ နိုင်ငံတကာ စာမျက်နှာမှာလူသိများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။

zawgyi version
သမၼတ လစာတစ္ဝက္ကိုလႉဒါန္းထားတဲ့ ေတာင္အာဖရိကသမၼတ အေၾကာင္းတေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ဇြန္၁၃
ကမာၻ႔ႏိုင္ငံေရးနဲ႔ စီးပြားေရးက႑တို႔မွာ အေမရိကန္ႏိုင္ငံနဲ႔ အေနာက္ႏိုင္ငံေတြအေပၚ မွီခို အား ထားမႈကို ေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ဖြဲ႕စည္းထားတဲ့ ႏိုင္ငံတကာအဖြဲ႕စည္းေတြထဲမွာ BRICS အဖြဲ႕လည္း ပါဝင္ ေနပါတယ္။ အဲဒီအဖြဲ႕ကို (၂၀ဝ၁) ခုႏွစ္မွ စတင္ဖြဲ႕စည္းဖို႔ စိတ္ကူးခဲ့ၾကၿပီး (၂၀ဝ၃) ခုႏွစ္မွာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံတို႔က BRICS အမည္နဲ႔စတင္ဖြဲ႕စည္းခဲ့ၿပီး (၂၀၁၀) ျပည့္ႏွစ္မွာ ေတာင္ အာဖ ရိကႏိုင္ငံ ပါဝင္လာၿပီးေနာက္ BRICS အဖြဲ႕လို႔ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ေတာင္အာဖရိက ႏိုင္ငံဟာ BRICS အဖြဲ႕ကိုစတင္ဖြဲ႕စည္းတဲ့ ႏိုင္ငံေတြထဲကို ေနာက္မွပါဝင္လာခဲ့ေပမယ့္ အဓိက အေရးပါတဲ့ ႏိုင္ငံ အျဖစ္ရပ္တည္လ်က္ရွိေနပါတယ္။ BRICS အဖြဲ႕ရဲ႕ရည္႐ြယ္ခ်က္ေတြထဲမွာ ကမာၻ႔ႏိုင္ငံေရးနဲ႔ စီးပြားေရး က႑တို႔မွာ အေမရိကန္ႏိုင္ငံနဲ႔ အေနာက္ႏိုင္ငံမ်ားအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ဖို႔၊ ယဥ္ေက်းမႈ ဖလွယ္ေရးနဲ႔ ကုန္သြယ္ေရး သေဘာတူညီမႈေတြ ျပဳလုပ္ႏိုင္ဖို႔၊ ႏိုင္ငံတကာေငြေၾကး စနစ္သစ္တစ္ခု ထူေထာင္ဖို႔နဲ႔ ကမာၻ႔ေငြေၾကးသုံးစြဲမႈမွာ အေမရိကန္ေဒၚလာအေပၚမွီခိုမႈကို ေလွ်ာ့ခ်ဖို႔ စတဲ့အခ်က္ေတြ ပါဝင္ခဲ့ပါတယ္။ ေတာင္အာဖရိက ႏိုင္ငံဟာ BRICS အဖြဲ႕ကိုစတင္ဖြဲ႕စည္းတည္ေထာင္တဲ့ႏိုင္ငံေတြထဲမွာ ေနာက္မွပါဝင္ခဲ့ေပမယ့္ အဓိက အခန္းက႑က ပါဝင္ေနဆဲျဖစ္ၿပီး ေတာင္အာဖရိက ႏိုင္ငံကို မာတာမီလာဆီရီလ္ရာမာဖိုစာက သမၼတအျဖစ္ တာဝန္ယူလ်က္ရွိေနပါတယ္။ (၁၉၅၂) ခုႏွစ္ မွာေမြးဖြားခဲ့တဲ့ ရာမာဖိုစာဟာ (၂၀၁၈)ခုႏွစ္ ေနာက္ပိုင္းတည္းက သမၼတအျဖစ္တာဝန္ယူေနသူ ျဖစ္ပါတယ္။
ေတာင္အာဖရိကႏိုင္ငံရဲ႕စီးပြားေရးသမားတစ္ဦးျဖစ္တဲ့ ရာမာဖိုကို (၁၉၅၂)ခုႏွစ္က ဂ်ိဳနသန္ ဘတ္ၿမိဳ႕မွာေမြးဖြားခဲၿပီး ၎ရဲ႕ဖခင္ျဖစ္သူက ဥပေဒပညာရွင္တစ္ဦးျဖစ္ကာမိခင္ျဖစ္သူက အလုပ္သမား တစ္ဦးျဖစ္ပါတယ္။ ၎ဟာ ငယ္စဥ္က ဂ်ိဳႏုသန္ဘတ္ ၿမိဳ႕ရွိ Mphaphuli High School ေက်ာင္းမွာ ပညာသင္ၾကားခဲ့ၿပီးေနာက္ University of the North (Turfloop) မွာ ဥပေဒပညာ ဘာသာရပ္ကို ဆက္ လက္သင္ယူခဲ့သူျဖစ္ပါတယ္။ ရာမာဖိုစာဟာ ငယ္စဥ္ကတည္းက လူ႔အခြင့္အေရး၊ လူမ်ိဳးေရးဖိႏွပ္မႈေတြ တိုက္ဖ်က္ေရးမွာ တက္ႂကြစြာပါဝင္ခဲ့သူျဖစ္ၿပီး တကၠသိုလ္ေက်ာင္းသား ဘဝတုန္းကလည္း ဗီဇိုဘီ ဘန္တူ အုပ္ခ်ဳပ္မႈစနစ္ကို ဆန႔္က်င္ခဲ့ၿပီး အဖမ္းခံခဲ့ရဖူးသူျဖစ္ပါတယ္။ ၎ဟာ လူ႔အခြင့္အေရးအတြက္ ခိုင္မာတဲ့ ယုံၾကည္ခ်က္ရွိသူတစ္ဦးျဖစ္ၿပီး၊ အမ်ားျပည္သူအတြက္ ဝန္ေဆာင္မႈကို ဦးစားေပးတဲ့ စိတ္ေန သေဘာထားရွိသူျဖစ္တဲ့အျပင္သဘာဝတရားနဲ႔ ကိုက္ညီတဲ့ ႏိုင္ငံေရးက်င့္ဝတ္၊ တည္ၿငိမ္မႈ၊ မူဝါဒ တည္ ေဆာက္မႈေတြမွာ မွန္ကန္စြာသုံးသပ္ႏိုင္သူျဖစ္ပါတယ္။ ၎ဟာ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ၊ သမဂၢေခါင္းေဆာင္နဲ႔ စီးပြားေရးလုပ္ငန္းရွင္တစ္ဦး ျဖစ္ၿပီး၊ ေတာင္အာဖရိကႏိုင္ငံရဲ႕ လူမ်ိဳးေရးခြဲျခားမႈ စနစ္ကို အဆုံးသတ္ဖို႔ ဦးေဆာင္ႀကိဳးပမ္းခဲ့သူျဖစ္ပါတယ္။ ၎ဟာ တကၠသိုလ္ ေက်ာင္းသားဘဝမွာ တည္းက လူအခြင့္ေရးနဲ႔ပတ္သက္ၿပီး လႈပ္ရွားခဲ့သူျဖစ္ရာ ဘြဲ႕ရၿပီးခ်ိန္မွာလည္း ႏိုင္ငံေရးဆက္လက္ လုပ္ ကိုင္ခဲ့ရာ (၁၉၈၂) ခုႏွစ္မွာ သမဂၢအဖြဲ႕အစည္းမ်ားရဲ႕ ေတာင္းဆိုခ်က္နဲ၌ သတၱဳတြင္းလုပ္သားမ်ားသမဂၢ (NUM) ကို တည္ေထာင္ခဲ့ပါတယ္။ ရာမာဖိုစာဟာ သတၱဳတြင္း လုပ္သားမ်ားသမဂၢ (NUM) ရဲ႕ ပထမဆုံး အတြင္းေရးမႉးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သလို (၁၉၉၁) ခုႏွစ္မွာ အာဖရိကန္အမ်ိဳးသားကြန္ဂရက္ ပါတီရဲ႕(ANC) ရဲ႕ အတြင္းေရးမႉးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရဖူးပါတယ္။ ေတာင္အာဖရိကႏိုင္ငံမွာ (၁၉၉၄) ခုႏွစ္က ဒီမိုကေရစီေ႐ြးေကာက္ပြဲကို ပထမဆုံးအႀကိမ္က်င္းပ ႏိုင္ခဲ့ၿပီးေနာက္ရာမာဖိုစာဟာ ေတာင္ အာဖရိကႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး ဥကၠ႒အျဖစ္တာဝန္ယူခဲ့ၿပီး မင္ဒဲလား လက္သစ္အျဖစ္ ခ်ီး က်ဴးခံခဲ့ရသူျဖစ္ပါတယ္။ ရာမာဖိုစာဟာ ႏိုင္ ငံေရးသမားအျဖစ္လုပ္ကိုင္ေနခ်ိန္အတြင္း (၁၉၉၆)ခုႏွစ္မွာ ႏိုင္ငံေရးေလာကကေန ႐ုတ္တရက္ ႏုတ္ထြက္ခဲ့ၿပီး စီးပြားေရးေလာကကို ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ စီးပြားေရး ေလာကကို ဝင္ေရာက္ခ်ိန္မွာလည္း ေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့ၿပီး Shanduka Group စီးပြား ေရးလုပ္ငန္းစုကို တည္ေထာင္ႏိုင္ခဲ့သလို MTN, ကုမၸဏီရဲ႕ဘုတ္အဖြဲ႕ဥကၠဌ၊ ေတာင္အာဖရိက McDonald” ရဲ႕ ပိုင္ရွင္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး ေအာင္ျမင္မႈေတြရရွိခဲ့ပါတယ္။ ၎ဟာ စီးပြားေရး ေလာက မွာ (၁၆)ႏွစ္ၾကာ က်င္ လည္ခဲ့ၿပီးေနာက္ (၂၀၁၂)ခုႏွစ္မွာ ႏိုင္ငံေရးေလာကကို တစ္ေက်ာ့ျပန္ ျပန္လည္ ဝင္ေရာက္ခဲ့ၿပီး (၂၀၁၄) ခုႏွစ္ကေန (၂၀၁၈)ခုႏွစ္အထိ ေတာင္အာဖရိက ဒုတိယသမၼတအျဖစ္တာဝန္ယူ ခဲ့သူျဖစ္ပါတယ္။ ၎ဟာ (၂၀၁၇)ခုႏွစ္ ဒီဇင္ဘာလအတြင္း က်င္းပတဲ့ African National Congress (ANC) ပါတီရဲ႕ ညီလာခံမွာ ပါတီဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ႏွစ္လအၾကာမွာပါတီအႀကီးအကဲ ျဖစ္သလို ေတာင္အာဖရိကႏိုင္ငံသမၼတ ဇူးမား ႏုတ္ထြက္ခဲ့ပါတယ္။ ဇူးမားႏုတ္ထြက္ခဲ့ၿပီးေနာက္ (၂၀၁၉) ခုႏွစ္မွာ ေတာင္အာဖရိကႏိုင္ငံအတြင္း သမၼတေ႐ြးေကာက္ပြဲကိုက်င္းပခဲ့ရာ ရာမာဖိုစာက သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ပါတယ္။ ရာမာဖိုစာဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း စီးပြားေရးျပဳျပင္ေျပာင္း လဲမႈနဲ႔ အလုပ္အကိုင္ဖန္တီးမႈေတြကို ဦးစားေပးေဆာင္႐ြက္ခဲ့ၿပီးစီးပြားေရးျပႆနာေတြ၊ အလုပ္လက္မဲ့ ႏႈန္း ျမင့္မားမႈ၊ လွ်ပ္စစ္ဓာတ္အားျဖတ္ေတာက္မႈေတြနဲ႔တိုးတက္မႈေႏွးေကြးမႈမ်ားကို ရင္ဆိုင္ေနရပါ တယ္။ ဒါေပမယ့္ ရာမာဖိုစာဟာ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ အလုပ္အကိုင္ဖန္တီးမႈမ်ားကို ဦးစား ေပး ေဆာင္႐ြက္ခဲ့ၿပီး (၂၀၂၅) ခုႏွစ္မွာ ေတာင္အာဖရိကက G20 အဖြဲ႕ရဲ႕ ဥကၠ႒ႏိုင္ငံအျဖစ္ တာဝန္ယူရာ မွာ ရာမာဖိုစာက အဓိကအခန္းက႑ကပါဝင္ခဲ့ပါတယ္။ ရာမာဖိုစာဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္ အတြင္း စိန္ေခၚမႈေတြ၊ စြပ္စြဲမႈေတြ ကိုလည္း ရင္ဆိုင္ခဲ့ရၿပီး “Farmgate” စြဲခ်က္အပါအဝင္ အမ်ိဳးမ်ိဳး ေသာ စြဲခ်က္ေတြနဲ႔ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ ၎ဟာ သံတမန္ေရးစြမ္းေဆာင္ရည္ပိုင္းမွာ ပါးနပ္ မႈရွိသူျဖစ္ၿပီး ျပည္တြင္းပဋိပကၡမ်ား ေျဖရွင္းဖို႔ ႀကိဳးပမ္းရာမွာလည္း အဓိကအခန္းက႑က ပါဝင္ခဲ့ပါ တယ္။ ရာမာဖိုစာဟာ (၁၉၉၀)ျပည့္ႏွစ္မွာ ANC ရဲ႕ ညႇိႏႈိင္းေရးအဖြဲ႕အေနနဲ႔ အေရးပါတဲ့ေနရာမွာ ပါဝင္ခဲ့ ၿပီး၊ လူမ်ိဳးစနစ္အဆုံးသတ္ေရးညႇိႏႈိင္းမႈေတြမွာ ထင္ေပၚခဲ့ပါတယ္။ ျပည္တြင္း မတည္ၿငိမ္မႈေတြနဲ႔ အလုပ္သမားသမဂၢဆႏၵျပမႈေတြအေပၚတုံ႔ျပန္ရာမွာလည္း ရာမာဖိုစာ ဦးေဆာင္တဲ့ ေတာင္အာဖရိက အစိုးရအဖြဲ႕ဟာ ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြကို အသုံးျပဳခဲ့ပါတယ္။ ရာမာဖိုစာဟာ သမၼတအျဖစ္တာဝန္ ယူခဲ့ၿပီး ေနာက္ပိုင္း ကမာၻ႔ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔သက္ဆိုင္တဲ့ အဖြဲ႕စည္းေတြ၊ အစည္းအေဝးေတြ မွာ မ်ားစြာပါဝင္ခဲ့ၿပီး ေတာင္အာဖရိကကို ျပည္ပမွာ ေအာင္ျမင္တဲ့ႏိုင္ငံျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါ တယ္။ ေဒသအတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြမွာလည္း ရာမာဖိုစာဟာ တက္ႂကြစြာ ဦးေဆာင္ပါဝင္ခဲ့ၿပီး အာဖရိကသမဂၢ (AU) မွာ ဦးေဆာင္ခဲ့သူျဖစ္သလို အီသီယိုးပီးယားနဲ႔ ဆူဒန္ႏိုင္ငံၾကားျဖစ္ပြားတဲ့ အျငင္း ပြားမႈေတြကိုလည္းေအာင္ျမင္ေအာင္ၾကားဝင္ ႀကိဳးပမ္းေပးခဲ့ဖူးပါတယ္။
ရာမာဖိုစာဟာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူျဖစ္တဲ့အတြက္ ေတာင္အာ ဖရိက ႏိုင္ငံသမၼတအျဖစ္တာဝန္ယူခ်ိန္မွာ ေတာင္အာဖရိကရဲ႕ စီးပြားေရးတိုးတက္ေရးကို ဦးေဆာင္ႏိုင္ မယ္လို႔ ေမွ်ာ္လင့္ထားခံရသူျဖစ္ပါတယ္။ ေတာင္အာဖရိက သမၼတေဟာင္း ဇူးမား ဦးေဆာင္အစိုးရ အဖြဲ႕ အတြင္းျဖစ္ပြားခဲ့တဲ့ ျပည္သူ႔ဆႏၵနဲ႔ဆန႔္က်င္ၿပီး က်င့္ဝတ္စည္းကမ္းေတြနဲ႔ခ်ဳပ္ခ်ယ္မႈေတြကို ရာမာဖိုစာ ဟာ ၎ရဲ႕လက္ထက္မွာ ဖယ္ရွားႏိုင္ေအာင္ႀကိဳးပမ္းခဲ့ပါတယ္။ ရာမာဖိုစာဟာ “New Dawn” လႈပ္ရွားမႈ နဲ႔ စီးပြားေရး အျမင္တစ္ခုတည္ေဆာက္ခဲ့ၿပီး သုံးစြဲမႈျမႇင့္တင္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈဆြဲေဆာင္ေရး၊ ေတာင္ အာဖရိကရဲ႕ အလုပ္လက္မဲ့ႏႈန္းကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။
ဒါေပမဲ့ ေတာင္အာဖရိကႏိုင္ငံအတြင္းမွာ ပညာေရး၊ က်န္းမာေရးစနစ္မ်ား၊ လွ်ပ္စစ္ျဖတ္ ေတာက္မႈ (load-shedding) နဲ႔ အလုပ္လက္မဲ့မႈ ႏႈန္းျမင့္မားလ်က္ရွိေနရာ ရာမာဖိုစာ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္းရင္ဆိုင္ရမယ့္ စိန္ေခၚမႈျဖစ္ေနပါတယ္။ ရာမာဖိုစာဟာ သံတမန္ေရးနဲ႔ ၿငိမ္းခ်မ္း ေရးညႇိႏႈိင္းေရးဆိုင္ရာမွာ အံ့ဖြယ္ေကာင္းေသာ အေတြ႕အႀကဳံရွိသူျဖစ္ေပမယ့္ ANC ပါတီအတြင္း မတည္ ၿငိမ္မႈမ်ားေၾကာင့္ ၎ရဲ႕ေအာင္ျမင္မႈေတြက ႀကီးမားတဲ့စိန္ေခၚမႈေတြျဖစ္လာဖြယ္ရွိေနပါတယ္။ ရာမာ ဖိုစာဟာ ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိၿပီး ယူကရိန္းႏိုင္ငံကို ႐ုရွားႏိုင္ငံက က်ဳးေက်ာ္ ခ်ိန္မွာ ႐ုရွားႏိုင္ငံကိုေဝဖန္ျပစ္တင္ဖို႔ ပ်က္ကြက္ခဲ့သူျဖစ္ရာ ႏိုင္ငံတကာဖိအားေတြရင္ဆိုင္ခဲ့ရသူျဖစ္ပါ တယ္။ ရာမာဖိုစာဟာ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံနဲ႔ အျငင္းပြားမႈ ေတြရွိခဲ့ေပမယ့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ လက္ထက္မွာ ႏွစ္ႏိုင္ငံၾကား အျငင္းပြားမႈေတြကို ေျဖရွင္း ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ရာ (၂၀၂၅)ခုႏွစ္ ေမလအေစာပိုင္းမွာ အေမရိကန္ႏိုင္ငံသမၼအသစ္ ေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ကာေကာင္းမြန္တဲ့ ဆက္ဆံေရးျပန္လည္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ ရာမာဖိုစာဟာ ဆရာဝန္ ျဖစ္တဲ့ ေဒါက္တာ ဆီပိုးေမာ့ဆီပီနဲ႔ လက္ထပ္ထားၿပီး၊ သားသမီးေလးဦးရွိၿပီး ၎ဟာ ေတာင္အာဖရိက တကၠသိုလ္မ်ားရဲ႕ ဂုဏ္ထူးေဆာင္ဘြဲ႕ေတြကို ခ်ီးျမင္ခံထားရသူျဖစ္ပါတယ္။ ရာမာဖိုစာရဲ႕ႂကြယ္ဝခ်မ္းသာ မႈဟာ (၂၀၁၈)ခုႏွစ္ တုန္းကအေမရိကန္ေဒၚလာ သန္း (၄၅၀) ရွိရာ လက္ရွိအခ်ိန္မွာ ပိုမိုႂကြယ္ဝခ်မ္းသာ ဖြယ္ရွိေနပါတယ္။ ရာမာဖိုစာဟာ ေငြေၾကးခ်မ္းသာသူျဖစ္တဲ့အတြက္ ဒုတိယသမၼတ၊ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ၎ရဲ႕လစာ တစ္ဝက္ကို သမၼတေဟာင္း နယ္ဆင္မင္ဒဲလားကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဖြဲ႕စည္းတည္ေထာင္ထားတဲ့ မင္ဒဲလား ေဖာင္ေဒးရွင္းကို လႉဒါန္းမယ္လို႔ လူသိရွင္ၾကားေၾကညာခဲ့သူ လည္းျဖစ္ပါတယ္။ ၎ဟာ ေငြေၾကးခ်မ္းသာသူတစ္ဦးျဖစ္တဲ့အတြက္ ႏိုင္ငံတည္ေဆာက္ေရးေတြကို ကူညီေပးႏိုင္ေအာင္ ပိုင္ဆိုင္မႈတခ်ိဳ႕တစ္ဝက္ကို ထည့္ဝင္ကူညီေပးဖို႔ ရည္႐ြယ္ထားတယ္လို႔လည္းေျပာ ဆိုခဲ့ဖူးသူ ျဖစ္ပါတယ္။ ရာမာဖိုစာဟာ လစာေငြေၾကးေတြကို လႉဒါန္း႐ုံသာမက ၎အမည္နဲ႔ ေဖာင္ေဒး ရွင္း တစ္ခုကိုလည္း တည္ေထာင္ထားသူျဖစ္ပါတယ္။ ၎ဟာ ဘာသာစကားကြၽမ္းက်င္သူတစ္ဦးျဖစ္ၿပီး အထူးသျဖင့္ ေတာင္အာဖရိကႏိုင္ငံအတြင္း အသုံးျပဳေနတဲ့ဘာသာစကားေတြကို ကြၽမ္းက်င္စြာေျပာဆို ႏိုင္သူျဖစ္ရာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ေတာင္အာဖရိကႏိုင္ငံအတြင္း အသုံးျပဳေနတဲ့ ဘာသာစကား အမ်ိဳးမ်ိဳးကိုေျပာဆိုၿပီး မိန႔္ခြန္းေျပာေလ့ရွိသူျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေနေစကာမူ ရာမာဖိုစာလက္ ထက္မွာေတာင္ အာဖရိကႏိုင္ငံဟာ ႏိုင္ငံတကာ စာမ်က္ႏွာမွာလူသိမ်ားတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာတယ္လို႔ ဆိုႏိုင္ပါတယ္။