ရွာငံတွင် အုပ်ချုပ်ရေးမှူး တစ်ဦး ကို PDF များက ငွေလုကာ ဖမ်းဆီး၊ သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွား

 438

ခတ္တာဦး (NP News) - ဇွန် ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ် တွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF များက ငွေလုကာ ဖမ်းဆီး၊ သတ် ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၂) ရက်၊ နံနက် (၇) နာရီခွဲ အချိန်ခန့်က ရွာငံမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသက် (၆၂) နှစ် အရွယ် ဦးစိုးမြင့် ဆိုသူ ဖြစ်ပြီး ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦး ခန့် က ရောက်ရှိလာပြီး နေအိမ်ရှိ ငွေကျပ် ငါးသိန်းအား လုယက်ယူဆောင်ကာ ဦးစိုးမြင့်အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပိန္နဲကုန်းကျေးရွာတောင်ဘက် လေးဖာလုံခန့် အကွာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ ဦးစိုးမြင့်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
႐ြာငံတြင္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ကို PDF မ်ားက ေငြလုကာ ဖမ္းဆီး၊ သတ္ျဖတ္သည့္ ျဖစ္စဥ္ ျဖစ္ပြား
ခတၱာဦး (NP News) - ဇြန္ ၁၄
ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕နယ္ တြင္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF မ်ားက ေငြလုကာ ဖမ္းဆီး၊ သတ္ ျဖတ္သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ (၁၂) ရက္၊ နံနက္ (၇) နာရီခြဲ အခ်ိန္ခန႔္က ႐ြာငံၿမိဳ႕နယ္၊ ပိႏၷဲကုန္းေက်း႐ြာအနီး၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသား တစ္ဦး ေသဆုံးသြားေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးရာ ေသဆုံးသူမွာ အဆိုပါေက်း႐ြာေန ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး အသက္ (၆၂) ႏွစ္ အ႐ြယ္ ဦးစိုးျမင့္ ဆိုသူ ျဖစ္ၿပီး ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အမည္ခံ အၾကမ္းဖက္သမား ၂၀ ဦး ခန႔္ က ေရာက္ရွိလာၿပီး ေနအိမ္ရွိ ေငြက်ပ္ ငါးသိန္းအား လုယက္ယူေဆာင္ကာ ဦးစိုးျမင့္အား ဖမ္းဆီးေခၚေဆာင္ သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ပိႏၷဲကုန္းေက်း႐ြာေတာင္ဘက္ ေလးဖာလုံခန႔္ အကြာအေရာက္၌ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ရာ ဦးစိုးျမင့္တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ား ရရွိ၍ ေသဆုံးသြားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူ တစ္ဦးအား “ငါႏွင့္မတူ၊ ငါ့ရန္သူ” ဟူသည့္ တစ္ဖက္သတ္အစြန္းေရာက္ ဂိုဏ္းဂဏစြဲအေပၚ အေျခခံကာ လုပ္ႀကံသတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.