အစ္စရေး-အီရန် စစ်ပွဲအစပိုင်းအတွင်း အီရန်ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့်နျူပညာရှင်များ သေဆုံး

 321

ဂျန်ဇက်(NP News)- ဇွန် ၁၄
အစ္စရေးစစ်တပ်သည် ဇွန်လ(၁)ရက်တွင် အီရန်၏နျူကလီးယားစက်ရုံများ၊ ပဲ့ထိန်းဒုံးကျည် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာတပ်မှူးများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းများအရသိရသည်။ အီရန်ကို နျူကလီးယား လက်နက်ပိုင်ဆိုင်ခြင်းမျိုးမရှိစေရန် တားဆီးကာကွယ် သွားမည်ဟု အစ္စရေးဘက်က အကြိမ်ကြိမ် သတိပေး ပြောဆိုခဲ့ပြီးနောက် အဆိုပါတိုက်ခိုက်မှုထွက်ပေါ် လာခြင်းဖြစ်သည်။ အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့မှုနှင့်အတူ အီရန်နိုင်ငံ Natanz မြို့ရှိ အဓိကယူရေနီယမ်သန့်စင်စက်ရုံတွင် ပေါက်ကွဲမှုများအပါအဝင် နေရာအများအပြားတွင် ပေါက်ကွဲမှုများကို အီရန်မီဒီယာများက အစီရင်ခံ ခဲ့ကြောင်းလည်းသိရသည်။ အီရန်အပေါ်လုပ်ဆောင်ခဲ့သော အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများအတွင်း တိုက်လေ ယာဉ်အစင်း(၂၀ဝ) ခန့်ပါဝင်ခဲ့ပြီး ပစ်မှတ်ပေါင်း (၁၀ဝ)ခန့်ကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ‘ကျွန်တော်တို့ဟာ အစ္စရေးသမိုင်းကို အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်မှာ ရှိနေပါတယ်’ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက်မကြာမီ အီရန်က အစ္စ ရေးကို ဒရုန်းအစင်းရေ(၁၀ဝ)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အီရန်နယ်မြေများအပေါ် အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အစ္စရေး အပေါ်ပြင်း ထန်သောလက်တုံ့ပြန်မှုများကို ပြန်လည်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်း ခေါင်း ဆောင် အလီခါမေနီက ကတိပြုပြောဆိုခဲ့သည်။
ထို့ပြင် အစ္စရေး၏တိုက်ခိုက်မှုများအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် ဟူစိန် ဆာလာမီအပါအဝင် အီရန် စစ်တပ်၏ ထိပ်တန်းအရာရှိကြီးများ သေဆုံးခဲ့ကြောင်းသိရသည်။ ၎င်းသည် သဘောထား တင်းမာသည့် အီရန်စစ်ခေါင်း တစ်ဦးဖြစ်ပြီး ၎င်းတို့ နိုင်ငံကို အခြားတစ်နိုင်ငံမှ တိုက်ခိုက်မည်ဆိုလျှင် ယင်းနိုင်ငံကို ငရဲဘုံကို ပို့ပစ်မည်ဟု ပြီးခဲ့သည့် လအတွင်း သတိပေးပြောဆိုခဲ့ဖူးသည်။ အစ္စရေးနိုင်ငံသည် ဇွန် (၁၃)ရက်တွင် အီရန်နိုင်ငံရှိ နျူကလီးယား လုပ်ဆောင် နေသည်ဟု သံသယရှိသည့်နေရာများ၊ စစ်စခန်းများကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အီရန် နျူကလီးယားအရေးနှင့်ပတ်သက်ပြီး အိုမန်နိုင်ငံတွင် အီရန်နှင့် အမေရိကန်နိုင်ငံကြား တွေ့ဆုံဆွေးနွေမှု ကျင်းပရန် ရက်ပိုင်းအလိုတွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့ သည် တိုက်ခိုက်မှုများအတွက် ကြီးမားသည့် ပေးဆပ်မှုများပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီး မိုဟာမက် ဘာဟီရီ၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ရက်ဟစ်နှင့် အီရန်နျူကလီးယားပညာရှင်များ သေဆုံးခဲ့ရ ကြောင်းသိရသည်။ အစ္စရေး၏တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် အီရန်ကာကွယ်ရေးဦးစီးချုပ် ဟူစိန်ဆာလာမီသည် (၁၉၆၀) ပြည့်နှစ်တွင် မွေးဖွား ခဲ့သူဖြစ်ပြီး (၁၉၈၀)ပြည့်နှစ်တွင် အီရန်စစ်တပ်ကို ဝင်ရောက်ခဲ့ကာ အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့အပေါ် သဘောထား တင်းမာသူ ဖြစ်သည်။ အီရန်နှင့် အစ္စရေးသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်ကလည်း အပြန်အလှန် ပစ်ခတ်တိုက် ခိုက်မှု များ နှစ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ် သွားမည်ဖြစ်သလို အစ္စရေးနိုင်ငံကိုလည်း ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ သည် ဇွန်လ (၁၃) ရက်တွင် အစ္စရေးအစိုးရတာဝန်ရှိသူများနှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံကို ဇွန်လ (၁၂)ရက်တွင် ပစ်မှတ် ထား တိုက်ခိုက်ခဲ့ပြီးနောက် အီရန်အစိုးရက အစ္စရေးကိုလက်တုံ့ပြန်တိုက်ခိုက်မည်ဆိုလျှင် အမေရိကန်နိုင်ငံက ကာကွယ် ပေးမည့် အကြောင်းကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်က အံအားသင့်စရာမရှိပါဘူး၊ အဲဒီတိုက်ခိုက်မှုတွေမှာ အမေရိကန်နိုင်ငံတိုက်ရိုက်ပါဝင် ဆက်နွှယ်တာ မျိုးမရှိဘူး၊ အီရန်ဟာ စေ့စပ်မှုတွေကို ပြန်လည်လုပ် ဆောင်ရဖွယ်ရှိပါတယ်။ အီရန်ကို နျူကလီးယားဗုံး ပိုင်ဆိုင်ခွင့်မပေး နိုင်ဘူး၊ ကျွန်တော်တို့ဟာ စေ့စပ် ဆွေးနွေးမှုလမ်းကြောင်းကို ပြန်လာမယ်လို့ မျှော်လင့်မိတယ်’ ဟု ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သည် မည်သို့မည်ပုံ တုံ့ပြန် မည်ဆိုသည့်အချက်ကို စောင့်ကြည့်ရမည်ဖြစ် ကြောင်း ပြောဆိုထားသည်။ အီရန်စစ်တပ်သည် အစ္စရေးနိုင်ငံ၏ ကျူးကျော်မှုများကို သည်းခံမည်မဟုတ်ကြောင်း၊ အစ္စရေးနိုင်ငံကို ပြင်းထန်သည့်အပြစ် ပေးမည်ဖြစ်ကြောင်းပြောသည်။ အမေရိကန်သမ္မတက ‘ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ အမြင့်ဆုံး တပ်လှန့်ထားတယ်။ အမေရိကန်နိုင်ငံဟာ ကိုယ့် ကိုယ်ကိုယ် ကာကွယ်သွားမှာဖြစ်သလို အီရန်ရဲ့ တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကိုလည်း ကာကွယ်ပေးသွားမယ်။ ကျွန်တော့်ရဲ့ အုပ်ချုပ်ရေး ပိုင်းတစ်ခု လုံးကို အီရန်နဲ့ညှိနှိုင်းဖို့òန်ကြားထားပါတယ်။ သူတို့ဟာ ကြီးမြတ်တဲ့နိုင်ငံတစ်ခုဖြစ်နိုင်ပေ မယ့် နျူလက်နက်ရရှိရေး မျှော်လင့်ချက်ကို ဦးစွာစွန့်လွှတ်ရမှာပဲ’ ဟု ပြောသည်။

Zawgyi Version:
အစၥေရး-အီရန္ စစ္ပြဲအစပိုင္းအတြင္း အီရန္ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္
န်ဴပညာရွင္မ်ား ေသဆုံး
ဂ်န္ဇက္(NP News)- ဇြန္ ၁၄
အစၥေရးစစ္တပ္သည္ ဇြန္လ(၁)ရက္တြင္ အီရန္၏န်ဴကလီးယားစက္႐ုံမ်ား၊ ပဲ့ထိန္းဒုံးက်ည္ စက္႐ုံမ်ားႏွင့္ စစ္ဘက္ဆိုင္ရာတပ္မႉးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သတင္းမ်ားအရသိရသည္။ အီရန္ကို န်ဴကလီးယား လက္နက္ပိုင္ဆိုင္ျခင္းမ်ိဳးမရွိေစရန္ တားဆီးကာကြယ္ သြားမည္ဟု အစၥေရးဘက္က အႀကိမ္ႀကိမ္ သတိေပး ေျပာဆိုခဲ့ၿပီးေနာက္ အဆိုပါတိုက္ခိုက္မႈထြက္ေပၚ လာျခင္းျဖစ္သည္။ အစၥေရးတပ္ဖြဲ႕မ်ားက တိုက္ခိုက္မႈမ်ား စတင္လုပ္ေဆာင္ခဲ့မႈႏွင့္အတူ အီရန္ႏိုင္ငံ Natanz ၿမိဳ႕ရွိ အဓိကယူေရနီယမ္သန႔္စင္စက္႐ုံတြင္ ေပါက္ကြဲမႈမ်ားအပါအဝင္ ေနရာအမ်ားအျပားတြင္ ေပါက္ကြဲမႈမ်ားကို အီရန္မီဒီယာမ်ားက အစီရင္ခံ ခဲ့ေၾကာင္းလည္းသိရသည္။ အီရန္အေပၚလုပ္ေဆာင္ခဲ့ေသာ အစၥေရး၏ေလေၾကာင္းတိုက္ခိုက္မႈမ်ားအတြင္း တိုက္ေလ ယာဥ္အစင္း(၂၀ဝ) ခန႔္ပါဝင္ခဲ့ၿပီး ပစ္မွတ္ေပါင္း (၁၀ဝ)ခန႔္ကို တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက ‘ကြၽန္ေတာ္တို႔ဟာ အစၥေရးသမိုင္းကို အဆုံးအျဖတ္ေပးမယ့္ အခိုက္အတန႔္မွာ ရွိေနပါတယ္’ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။ အစၥေရးဘက္က ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္မၾကာမီ အီရန္က အစၥ ေရးကို ဒ႐ုန္းအစင္းေရ(၁၀ဝ)ေက်ာ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ျပန္လည္လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အီရန္နယ္ေျမမ်ားအေပၚ အစၥေရးဘက္က ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး အစၥေရး အေပၚျပင္း ထန္ေသာလက္တုံ႔ျပန္မႈမ်ားကို ျပန္လည္လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း အီရန္ထိပ္တန္း ေခါင္း ေဆာင္ အလီခါေမနီက ကတိျပဳေျပာဆိုခဲ့သည္။
ထို႔ျပင္ အစၥေရး၏တိုက္ခိုက္မႈမ်ားအတြင္း အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္ ဟူစိန္ ဆာလာမီအပါအဝင္ အီရန္ စစ္တပ္၏ ထိပ္တန္းအရာရွိႀကီးမ်ား ေသဆုံးခဲ့ေၾကာင္းသိရသည္။ ၎သည္ သေဘာထား တင္းမာသည့္ အီရန္စစ္ေခါင္း တစ္ဦးျဖစ္ၿပီး ၎တို႔ ႏိုင္ငံကို အျခားတစ္ႏိုင္ငံမွ တိုက္ခိုက္မည္ဆိုလွ်င္ ယင္းႏိုင္ငံကို ငရဲဘုံကို ပို႔ပစ္မည္ဟု ၿပီးခဲ့သည့္ လအတြင္း သတိေပးေျပာဆိုခဲ့ဖူးသည္။ အစၥေရးႏိုင္ငံသည္ ဇြန္ (၁၃)ရက္တြင္ အီရန္ႏိုင္ငံရွိ န်ဴကလီးယား လုပ္ေဆာင္ ေနသည္ဟု သံသယရွိသည့္ေနရာမ်ား၊ စစ္စခန္းမ်ားကို ပစ္မွတ္ထားၿပီးတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အီရန္ န်ဴကလီးယားအေရးႏွင့္ပတ္သက္ၿပီး အိုမန္ႏိုင္ငံတြင္ အီရန္ႏွင့္ အေမရိကန္ႏိုင္ငံၾကား ေတြ႕ဆုံေဆြးေႏြမႈ က်င္းပရန္ ရက္ပိုင္းအလိုတြင္ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ အီရန္စစ္တပ္က အေမရိကန္ႏွင့္ အစၥေရးႏိုင္ငံတို႔ သည္ တိုက္ခိုက္မႈမ်ားအတြက္ ႀကီးမားသည့္ ေပးဆပ္မႈမ်ားျပန္လည္ေပးဆပ္ရမည္ျဖစ္ေၾကာင္း သတိေပးထားသည္။ အဆိုပါတိုက္ခိုက္မႈအတြင္း အီရန္စစ္တပ္ ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး မိုဟာမက္ ဘာဟီရီ၊ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ရက္ဟစ္ႏွင့္ အီရန္န်ဴကလီးယားပညာရွင္မ်ား ေသဆုံးခဲ့ရ ေၾကာင္းသိရသည္။ အစၥေရး၏တိုက္ခိုက္မႈအတြင္း ေသဆုံးသြားခဲ့သည့္ အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္ ဟူစိန္ဆာလာမီသည္ (၁၉၆၀) ျပည့္ႏွစ္တြင္ ေမြးဖြား ခဲ့သူျဖစ္ၿပီး (၁၉၈၀)ျပည့္ႏွစ္တြင္ အီရန္စစ္တပ္ကို ဝင္ေရာက္ခဲ့ကာ အစၥေရးႏွင့္ အေမရိကန္ႏိုင္ငံတို႔အေပၚ သေဘာထား တင္းမာသူ ျဖစ္သည္။ အီရန္ႏွင့္ အစၥေရးသည္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္ႏွစ္ကလည္း အျပန္အလွန္ ပစ္ခတ္တိုက္ ခိုက္မႈ မ်ား ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ ေၾကာင္းသိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံသည္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ သြားမည္ျဖစ္သလို အစၥေရးႏိုင္ငံကိုလည္း ကာကြယ္ ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတ သည္ ဇြန္လ (၁၃) ရက္တြင္ အစၥေရးအစိုးရတာဝန္ရွိသူမ်ားႏွင့္ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။အစၥေရးႏိုင္ငံသည္ အီရန္ႏိုင္ငံကို ဇြန္လ (၁၂)ရက္တြင္ ပစ္မွတ္ ထား တိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္အစိုးရက အစၥေရးကိုလက္တုံ႔ျပန္တိုက္ခိုက္မည္ဆိုလွ်င္ အေမရိကန္ႏိုင္ငံက ကာကြယ္ ေပးမည့္ အေၾကာင္းကို ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ‘အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့တဲ့ အစၥေရးရဲ႕လုပ္ရပ္က အံအားသင့္စရာမရွိပါဘူး၊ အဲဒီတိုက္ခိုက္မႈေတြမွာ အေမရိကန္ႏိုင္ငံတိုက္႐ိုက္ပါဝင္ ဆက္ႏႊယ္တာ မ်ိဳးမရွိဘူး၊ အီရန္ဟာ ေစ့စပ္မႈေတြကို ျပန္လည္လုပ္ ေဆာင္ရဖြယ္ရွိပါတယ္။ အီရန္ကို န်ဴကလီးယားဗုံး ပိုင္ဆိုင္ခြင့္မေပး ႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ဟာ ေစ့စပ္ ေဆြးေႏြးမႈလမ္းေၾကာင္းကို ျပန္လာမယ္လို႔ ေမွ်ာ္လင့္မိတယ္’ ဟု ေျပာသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္သည္ မည္သို႔မည္ပုံ တုံ႔ျပန္ မည္ဆိုသည့္အခ်က္ကို ေစာင့္ၾကည့္ရမည္ျဖစ္ ေၾကာင္း ေျပာဆိုထားသည္။ အီရန္စစ္တပ္သည္ အစၥေရးႏိုင္ငံ၏ က်ဴးေက်ာ္မႈမ်ားကို သည္းခံမည္မဟုတ္ေၾကာင္း၊ အစၥေရးႏိုင္ငံကို ျပင္းထန္သည့္အျပစ္ ေပးမည္ျဖစ္ေၾကာင္းေျပာသည္။ အေမရိကန္သမၼတက ‘ကြၽန္ေတာ္တို႔ဟာ လက္ရွိအခ်ိန္မွာ အျမင့္ဆုံး တပ္လွန႔္ထားတယ္။ အေမရိကန္ႏိုင္ငံဟာ ကိုယ့္ ကိုယ္ကိုယ္ ကာကြယ္သြားမွာျဖစ္သလို အီရန္ရဲ႕ တုံ႔ျပန္မႈေတြနဲ႔ပတ္သက္ၿပီး အစၥေရးႏိုင္ငံကိုလည္း ကာကြယ္ေပးသြားမယ္။ ကြၽန္ေတာ့္ရဲ႕ အုပ္ခ်ဳပ္ေရး ပိုင္းတစ္ခု လုံးကို အီရန္နဲ႔ညႇိႏႈိင္းဖို႔òန္ၾကားထားပါတယ္။ သူတို႔ဟာ ႀကီးျမတ္တဲ့ႏိုင္ငံတစ္ခုျဖစ္ႏိုင္ေပ မယ့္ န်ဴလက္နက္ရရွိေရး ေမွ်ာ္လင့္ခ်က္ကို ဦးစြာစြန႔္လႊတ္ရမွာပဲ’ ဟု ေျပာသည္။

Related news

© 2021. All rights reserved.