မိုးသည်းထန်စွာရွာသွန်းသောကြောင့် ညောင်ရွှေမြို့ရပ်ကွက်(၄)ခု ရေကြီးနေကာ ဒေသခံများအခက်ကြုံ

216

သန့်ဇင်(NP News)-ဇွန် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ယမန်နေ့(ဇွန်လ ၁၃ရက်)က မိုးသည်းထန်စွာရွာသွန်းသောကြောင့် မြို့တွင်းအနိမ့်ပိုင်း ရပ်ကွက်(၄)ခု ရေကြီးနေကာ ဒေသခံများ ပြောင်းရွှေ့နေရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် အထက်ပိုင်းဒေသများဖြစ်သည့် ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရွှေညောင်၊ အေးသာယာမြို့ဘက်မှ ရေစီးလာသောကြောင့် ညောင်ရွှေမြို့၏ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကန်သာရပ်၊ သာစည်ရပ်၊ ဝင်းရပ်နှင့် မြို့လယ်ရပ်တိုတွင် ရေများစတင်ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။
“မြို့ရဲ့မြောက်ဘက်ရပ်ကွက်တွေရေတွေဝင်နေတာပေါ့နော်။ ကန်သာရပ်တို့ဘက်တော့ လူတွေရွှေ့နေရပါပြီ။ ရေတွေက မနေ့က စပြောင်း နေကြပါပြီ။ တချို့ အိမ်အမြင့်နဲ့နေတဲ့လူတွေလည်းရှိတာပေါ့နော်။ တချို့ကလည်း ပြောင်းနေကြပြီ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
ညောင်ရွှေမြို့အတွင်း အထက်ပါရပ်ကွက်နေထိုသူများသည် ရေကြီးရေလျှံမှုကြောင့် အမြင့်ပိုင်းရှိ ရေဘေးကယ်ဆယ်ရေးခန်းများရှိရာ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်သူများရှိနေကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားတွေကိုပြောင်းနေကြပြီ။ အင်းထဲကတော့ ပိုဆိုးမယ် ထင်တယ်။ မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ နမ့်ကပ်ချောင်းဆိုရင် ရေတော်တော်လေးကို စီးတယ်။ အင်းထဲကို စီးနေတာ။ အဲဒါကြောင့် အင်းထဲကတော့ စိုးရိမ်ရတယ်”ဟု ၎င်းကဆက်ပြောသည်။
ညောင်ရွှေမြို့သည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလကလည်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးများရှိခဲ့သည့်အပြင် ပြီးခဲ့သည့် မေလ ၂၈ရက်ကလည်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရကြောင်း သိရသည်။

Zawgyi Version:
မိုးသည္းထန္စြာ႐ြာသြန္းေသာေၾကာင့္ ေညာင္ေ႐ႊၿမိဳ႕ရပ္ကြက္(၄)ခု ေရႀကီးေနကာ ေဒသခံမ်ားအခက္ႀကဳံ
သန႔္ဇင္(NP News)-ဇြန္ ၁၄
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕တြင္ ယမန္ေန႔(ဇြန္လ ၁၃ရက္)က မိုးသည္းထန္စြာ႐ြာသြန္းေသာေၾကာင့္ ၿမိဳ႕တြင္းအနိမ့္ပိုင္း ရပ္ကြက္(၄)ခု ေရႀကီးေနကာ ေဒသခံမ်ား ေျပာင္းေ႐ႊ႕ေနရေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
မိုးသည္းထန္စြာအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ အထက္ပိုင္းေဒသမ်ားျဖစ္သည့္ ကေလာ၊ ေအာင္ပန္း၊ ေတာင္ႀကီး၊ ေ႐ႊေညာင္၊ ေအးသာယာၿမိဳ႕ဘက္မွ ေရစီးလာေသာေၾကာင့္ ေညာင္ေ႐ႊၿမိဳ႕၏ အနိမ့္ပိုင္းရပ္ကြက္မ်ားျဖစ္သည့္ ကန္သာရပ္၊ သာစည္ရပ္၊ ဝင္းရပ္ႏွင့္ ၿမိဳ႕လယ္ရပ္တိုတြင္ ေရမ်ားစတင္ဝင္ေရာက္ေနလ်က္ရွိေၾကာင္း သိရသည္။
“ၿမိဳ႕ရဲ႕ေျမာက္ဘက္ရပ္ကြက္ေတြေရေတြဝင္ေနတာေပါ့ေနာ္။ ကန္သာရပ္တို႔ဘက္ေတာ့ လူေတြေ႐ႊ႕ေနရပါၿပီ။ ေရေတြက မေန႔က စေျပာင္း ေနၾကပါၿပီ။ တခ်ိဳ႕ အိမ္အျမင့္နဲ႔ေနတဲ့လူေတြလည္းရွိတာေပါ့ေနာ္။ တခ်ိဳ႕ကလည္း ေျပာင္းေနၾကၿပီ”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
ေညာင္ေ႐ႊၿမိဳ႕အတြင္း အထက္ပါရပ္ကြက္ေနထိုသူမ်ားသည္ ေရႀကီးေရလွ်ံမႈေၾကာင့္ အျမင့္ပိုင္းရွိ ေရေဘးကယ္ဆယ္ေရးခန္းမ်ားရွိရာ ဘုန္းႀကီးေက်ာင္းမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားရွိေနေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“ေရေဘးကယ္ဆယ္ေရးစခန္းေတြဖြင့္ထားတဲ့ ဘုန္းႀကီးေက်ာင္းေတြနဲ႔ ဘုရားေတြကိုေျပာင္းေနၾကၿပီ။ အင္းထဲကေတာ့ ပိုဆိုးမယ္ ထင္တယ္။ ၿမိဳ႕ရဲ႕ အေနာက္ဘက္မွာရွိတဲ့ နမ့္ကပ္ေခ်ာင္းဆိုရင္ ေရေတာ္ေတာ္ေလးကို စီးတယ္။ အင္းထဲကို စီးေနတာ။ အဲဒါေၾကာင့္ အင္းထဲကေတာ့ စိုးရိမ္ရတယ္”ဟု ၎ကဆက္ေျပာသည္။
ေညာင္ေ႐ႊၿမိဳ႕သည္ ၿပီးခဲ့သည့္ ၂၀၂၄ခုႏွစ္၊ စက္တင္ဘာလကလည္း ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး ထိခိုက္ပ်က္စီးမ်ားရွိခဲ့သည့္အျပင္ ၿပီးခဲ့သည့္ ေမလ ၂၈ရက္ကလည္း မႏၲေလးငလ်င္ႀကီးဒဏ္ခံခဲ့ရေၾကာင္း သိရသည္။