နယ်စပ်တစ်လျှောက် အသံချဲ့စက်ဖြင့် ထုတ်လွှင့်မှုများကို တောင်ကိုရီးယားအစိုးရရပ်ဆိုင်း

235

Pika (Ref : alarabiya)
မြောက်ကိုရီးယားနယ်စပ်အနီးတွင် လုပ်ဆောင်နေသည့် အသံချဲ့စက်ဖြင့်ထုတ်လွှင့်မှုများကို ဆိုင်းငံ့ထား ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံနှင့် တင်းမာမှုများမြင့် တက်နေချိန်တွင် ဝါဒဖြန့်စာစောင်များနှင့် အသံချဲ့ စက်ဖြင့်ထုတ်လွှင့်မှုများကို ပြန်လည် စတင်ခဲ့ပြီး နောက်တစ်နှစ်နီးပါးအကြာတွင် ယခုကဲ့သို့ ဆိုင်းငံ့မှုများထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါဆိုင်းငံ့မှုသည် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်စတင်ရန်၊ အသံချဲ့စက်ဖြင့် ထုတ်လွှင့်မှုများကို ရပ်ဆိုင်းရန်နှင့် ဆိုင်းငံ့ထားသော စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ပြန်လည်ရယူရန် ကတိပြုခဲ့ သည့် ယခုလအစောပိုင်းတွင် တောင်ကိုရီးယားသမ္မတအဖြစ်စတင်တာ ဝန်ယူခဲ့သော Lee Jae-myung ၏ ကတိကဝတ် များနှင့်ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်နိုင်ဖွယ် ရှိနေကြောင်းလည်းသိရသည်။ အဆိုပါလုပ်ဆောင် ချက်သည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးကို ပြန်လည် တည်ဆောက်ရန် အများပြည် သူကို ကတိပေးထားသည့် ကတိဝတ်များကို ဖြည့်ဆည်းရန်ရည်ရွယ်ထား ကြောင်း တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနအရာရှိတစ်ဦးကပြောကြားခဲ့သည်။
မြောက်ကိုရီးယားဘက်က အမှိုက်များဖြင့် ဖြည့်ထားသောမိုးပျံပူဖောင်းများကို တောင်ကိုရီးယား ဘက်သို့ပေး ပို့ခဲ့ပြီးနောက် အသံချဲ့စက်ဖြင့်ထုတ်လွှင့်မှုများကို ပြီးခဲ့သည့်နှစ်ဇူလိုင်လတွင် တောင်ကိုရီးယားဘက်က ပြန်လည် စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
နယ္စပ္တစ္ေလွ်ာက္ အသံခ်ဲ႕စက္ျဖင့္ ထုတ္လႊင့္မႈမ်ားကို ေတာင္ကိုရီးယားအစိုးရရပ္ဆိုင္း
Pika (Ref : alarabiya)
ေျမာက္ကိုရီးယားနယ္စပ္အနီးတြင္ လုပ္ေဆာင္ေနသည့္ အသံခ်ဲ႕စက္ျဖင့္ထုတ္လႊင့္မႈမ်ားကို ဆိုင္းငံ့ထား ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ေတာင္ကိုရီးယားႏိုင္ငံသည္ ေျမာက္ကိုရီးယား ႏိုင္ငံႏွင့္ တင္းမာမႈမ်ားျမင့္ တက္ေနခ်ိန္တြင္ ဝါဒျဖန႔္စာေစာင္မ်ားႏွင့္ အသံခ်ဲ႕ စက္ျဖင့္ထုတ္လႊင့္မႈမ်ားကို ျပန္လည္ စတင္ခဲ့ၿပီး ေနာက္တစ္ႏွစ္နီးပါးအၾကာတြင္ ယခုကဲ့သို႔ ဆိုင္းငံ့မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။
အဆိုပါဆိုင္းငံ့မႈသည္ ေျမာက္ကိုရီးယားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ျပန္လည္စတင္ရန္၊ အသံခ်ဲ႕စက္ျဖင့္ ထုတ္လႊင့္မႈမ်ားကို ရပ္ဆိုင္းရန္ႏွင့္ ဆိုင္းငံ့ထားေသာ စစ္ဘက္ဆိုင္ရာ သေဘာတူညီခ်က္ကို ျပန္လည္ရယူရန္ ကတိျပဳခဲ့ သည့္ ယခုလအေစာပိုင္းတြင္ ေတာင္ကိုရီးယားသမၼတအျဖစ္စတင္တာ ဝန္ယူခဲ့ေသာ Lee Jae-myung ၏ ကတိကဝတ္ မ်ားႏွင့္ပတ္သက္ၿပီး ပထမဆုံးေျခလွမ္းျဖစ္ႏိုင္ဖြယ္ ရွိေနေၾကာင္းလည္းသိရသည္။ အဆိုပါလုပ္ေဆာင္ ခ်က္သည္ ကိုရီးယားကြၽန္းဆြယ္ ၿငိမ္းခ်မ္းေရးႏွင့္ ကိုရီးယားႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို ျပန္လည္ တည္ေဆာက္ရန္ အမ်ားျပည္ သူကို ကတိေပးထားသည့္ ကတိဝတ္မ်ားကို ျဖည့္ဆည္းရန္ရည္႐ြယ္ထား ေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရး ဝန္ႀကီးဌာနအရာရွိတစ္ဦးကေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယားဘက္က အမႈိက္မ်ားျဖင့္ ျဖည့္ထားေသာမိုးပ်ံပူေဖာင္းမ်ားကို ေတာင္ကိုရီးယား ဘက္သို႔ေပး ပို႔ခဲ့ၿပီးေနာက္ အသံခ်ဲ႕စက္ျဖင့္ထုတ္လႊင့္မႈမ်ားကို ၿပီးခဲ့သည့္ႏွစ္ဇူလိုင္လတြင္ ေတာင္ကိုရီးယားဘက္က ျပန္လည္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။