ကုန်စည် (၉၇) လိုင်းကို Automatic Licensing စနစ်ဖြင့် တင်ပို့ခွင့်ပြုမည်

 185

စော(NP News)-ဇွန် ၁၅
ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ကုန်စည် (၉၇)လိုင်းကို Automatic Licensing စနစ်ဖြင့် တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦး စီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါဦးစီးဌာနအနေဖြင့် ပို့ကုန် လိုင်စင်များကို Myanmar Tradenet 2.0 တွင် Automatic Licensing, Non-Automatic Licensing စနစ်တို့ဖြင့် ခွင့်ပြုလျက်ရှိရာ (၂၀၂၃)ခုနှစ် မေလ(၃)ရက်ပါ အမိန့်ကြော်ငြာစာအရ ကုန်စည် (၁၅၅၆) လိုင်းကို Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုလျက်ရှိကြောင်းသိရသည်။ ထိုသို့ခွင့်ပြုလျက်ရှိရာ ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် လက်ရှိတွင် Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုလျက်ရှိသော ကုန်စည် လိုင်းများအနက် HS Code 10 Digit ဖြင့် ကုန်စည် (၉၇)လိုင်းကို Automatic Licensing စနစ်ဖြင့် လာမည့် ဇွန်လ (၁၅) ရက်မှ ဩဂုတ်လ (၃၁) ရက်အထိ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် ကုန်ပစ္စည်းအမျိုးအမည်များမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲမျိုးစုံစသည့် ကုန်စည် (၅၈)လိုင်းအပါအဝင် ဆန်၊ ပန်းဂျုံပြောင်း၊ နှံစား ပြောင်းစသည့် ကုန်စည် (၂၅)လိုင်းနှင့် ဆီထွက် သီးနှံများပြောင်း၊နှံစားပြောင်း စသည့် ကုန်စည် (၁၄)လိုင်းတို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Non-Automatic Licensing စနစ်ဖြင့် ဆက်လက်ခွင့်ပြုလျက်ရှိသည့် ကုန်စည် (၁၃၇)လိုင်းရှိပြီး ဆက်လက်ခွင့်ပြု သွားမည့် ကုန်စည် (၄၀) လိုင်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ကုန်စည် (၉၇)လိုင်းကို Myanmar Tradenet 2.0 တွင် လာမည့် ဇွန်လ (၁၅) ရက်မှစ၍ Automatic Licensing စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာထားသည်။

Zawgyi Version:
ကုန္စည္ (၉၇) လိုင္းကို Automatic Licensing စနစ္ျဖင့္ တင္ပို႔ခြင့္ျပဳမည္
ေစာ(NP News)-ဇြန္ ၁၅
ငလ်င္ေဘးအလြန္ ပို႔ကုန္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ေစေရးအတြက္ ကုန္စည္ (၉၇)လိုင္းကို Automatic Licensing စနစ္ျဖင့္ တင္ပို႔ခြင့္ျပဳမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦး စီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါဦးစီးဌာနအေနျဖင့္ ပို႔ကုန္ လိုင္စင္မ်ားကို Myanmar Tradenet 2.0 တြင္ Automatic Licensing, Non-Automatic Licensing စနစ္တို႔ျဖင့္ ခြင့္ျပဳလ်က္ရွိရာ (၂၀၂၃)ခုႏွစ္ ေမလ(၃)ရက္ပါ အမိန႔္ေၾကာ္ျငာစာအရ ကုန္စည္ (၁၅၅၆) လိုင္းကို Non-Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳလ်က္ရွိေၾကာင္းသိရသည္။ ထိုသို႔ခြင့္ျပဳလ်က္ရွိရာ ငလ်င္ေဘးအလြန္ ပို႔ကုန္လုပ္ငန္းမ်ားအဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ေစေရးအတြက္ လက္ရွိတြင္ Non-Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳလ်က္ရွိေသာ ကုန္စည္ လိုင္းမ်ားအနက္ HS Code 10 Digit ျဖင့္ ကုန္စည္ (၉၇)လိုင္းကို Automatic Licensing စနစ္ျဖင့္ လာမည့္ ဇြန္လ (၁၅) ရက္မွ ဩဂုတ္လ (၃၁) ရက္အထိ ခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း သိရသည္။ Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳသြားမည့္ ကုန္ပစၥည္းအမ်ိဳးအမည္မ်ားမွာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ပဲမ်ိဳးစုံစသည့္ ကုန္စည္ (၅၈)လိုင္းအပါအဝင္ ဆန္၊ ပန္းဂ်ဳံေျပာင္း၊ ႏွံစား ေျပာင္းစသည့္ ကုန္စည္ (၂၅)လိုင္းႏွင့္ ဆီထြက္ သီးႏွံမ်ားေျပာင္း၊ႏွံစားေျပာင္း စသည့္ ကုန္စည္ (၁၄)လိုင္းတို႔ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ Non-Automatic Licensing စနစ္ျဖင့္ ဆက္လက္ခြင့္ျပဳလ်က္ရွိသည့္ ကုန္စည္ (၁၃၇)လိုင္းရွိၿပီး ဆက္လက္ခြင့္ျပဳ သြားမည့္ ကုန္စည္ (၄၀) လိုင္းရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ထို႔ေၾကာင့္ ကုန္စည္ (၉၇)လိုင္းကို Myanmar Tradenet 2.0 တြင္ လာမည့္ ဇြန္လ (၁၅) ရက္မွစ၍ Automatic Licensing စနစ္ျဖင့္ ေဆာင္႐ြက္ခြင့္ ျပဳမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက အသိေပးေၾကညာထားသည္။

© 2021. All rights reserved.