ဗီယက်နမ်ပါလီမန်က ၂၀၃၁ ခုနှစ်မှာ အရက်ခွန် ၉ဝ ရာခိုင်နှုန်းထိ တိုးကောက်ဖို့ အတည်ပြု

 109

ရောင်နီ (NP News) - ဇွန် ၁၅

ဗီယက်နမ်နိုင်ငံရဲ့အမျိုးသားလွှတ်တော်က အရက်ယမကာတွေအပေါ် အထူးစားသုံးခွန်ကို လက်ရှိ ၆၅ ရာခိုင်နှုန်းမှ ၂၀၃၁ ခုနှစ်မှာ ၉ဝ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံဖို့ စနေနေ့ (ဇွန် ၁၄ ရက်) က အတည်ပြုခဲ့ပါတယ်။
အဆိုပါဥပဒေအောက် ဘီယာနဲ့အရက်ခွန်နှုန်းထားဟာ ကနဦးအဆိုပြုထားတာထက် တစ်နှစ်နောက်ကျ ပြီး ၂ဝ၂၇ ခုနှစ်မှာ ၇၀ ရာခိုင်နှုန်းအထိ တိုးလာမှာဖြစ်ပြီး ၂ဝ၃၁ ခုနှစ်မှာတော့ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လက်ရှိ အဆိုပါထုတ်ကုန်တွေအပေါ် အခွန် ၆၅ ရာခိုင်နှုန်း စည်းကြပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကနဦးအဆိုပြုချက်မှာ အဖျော်ယမကာတွေပေါ်မှာ အခွန် ၁၀၀ ရာခိုင်နှုန်း စည်းကြပ် မယ်လို့ ဆိုခဲ့ပေမယ့် လက်ရှိထွက်လာတဲ့ ပါလီမန်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မှာတော့ ၁ဝ ရာခိုင်နှုန်းလျော့ကာ ၉ဝ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ သိရပါတယ်။
ဗီယက်နမ်ဟာ အရှေ့တောင်အာရှရဲ့ဒုတိယအကြီးဆုံး ဘီယာဈေးကွက်ဖြစ်နေခြင်းကြောင့် အခွန်တိုးမြင့် ရခြင်း ရည်ရွယ်ချက်ဟာ အရက်သောက်သုံးမှုကို တားဆီးဖို့ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ သကြား 5g / 100ml ထက် ကျော်လွန်တဲ့ အချိုရည်တွေအတွက် အခွန်ကိုတော့ ၂၀၂၇ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်စည်းကြပ်မယ်လို့ သိရပါတယ်။

Zawgyi Version:
ဗီယက္နမ္ပါလီမန္က ၂၀၃၁ ခုႏွစ္မွာ အရက္ခြန္ ၉ဝ ရာခိုင္ႏႈန္းထိ တိုးေကာက္ဖို႔ အတည္ျပဳ
ေရာင္နီ (NP News) - ဇြန္ ၁၅

ဗီယက္နမ္ႏိုင္ငံရဲ႕အမ်ိဳးသားလႊတ္ေတာ္က အရက္ယမကာေတြအေပၚ အထူးစားသုံးခြန္ကို လက္ရွိ ၆၅ ရာခိုင္ႏႈန္းမွ ၂၀၃၁ ခုႏွစ္မွာ ၉ဝ ရာခိုင္ႏႈန္းထိ တိုးျမႇင့္ေကာက္ခံဖို႔ စေနေန႔ (ဇြန္ ၁၄ ရက္) က အတည္ျပဳခဲ့ပါတယ္။
အဆိုပါဥပေဒေအာက္ ဘီယာနဲ႔အရက္ခြန္ႏႈန္းထားဟာ ကနဦးအဆိုျပဳထားတာထက္ တစ္ႏွစ္ေနာက္က် ၿပီး ၂ဝ၂၇ ခုႏွစ္မွာ ၇၀ ရာခိုင္ႏႈန္းအထိ တိုးလာမွာျဖစ္ၿပီး ၂ဝ၃၁ ခုႏွစ္မွာေတာ့ ၉၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာမယ္လို႔ ဆိုပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာ လက္ရွိ အဆိုပါထုတ္ကုန္ေတြအေပၚ အခြန္ ၆၅ ရာခိုင္ႏႈန္း စည္းၾကပ္ထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ကနဦးအဆိုျပဳခ်က္မွာ အေဖ်ာ္ယမကာေတြေပၚမွာ အခြန္ ၁၀၀ ရာခိုင္ႏႈန္း စည္းၾကပ္ မယ္လို႔ ဆိုခဲ့ေပမယ့္ လက္ရွိထြက္လာတဲ့ ပါလီမန္ရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္မွာေတာ့ ၁ဝ ရာခိုင္ႏႈန္းေလ်ာ့ကာ ၉ဝ ရာခိုင္ႏႈန္း စည္းၾကပ္မယ္လို႔ သိရပါတယ္။
ဗီယက္နမ္ဟာ အေရွ႕ေတာင္အာရွရဲ႕ဒုတိယအႀကီးဆုံး ဘီယာေဈးကြက္ျဖစ္ေနျခင္းေၾကာင့္ အခြန္တိုးျမင့္ ရျခင္း ရည္႐ြယ္ခ်က္ဟာ အရက္ေသာက္သုံးမႈကို တားဆီးဖို႔ျဖစ္တယ္လို႔ ဘ႑ာေရးဝန္ႀကီးဌာနက ေျပာၾကားပါတယ္။ သၾကား 5g / 100ml ထက္ ေက်ာ္လြန္တဲ့ အခ်ိဳရည္ေတြအတြက္ အခြန္ကိုေတာ့ ၂၀၂၇ ခုႏွစ္မွာ ၁၀ ရာခိုင္ႏႈန္းထိ တိုးျမႇင့္စည္းၾကပ္မယ္လို႔ သိရပါတယ္။

© 2021. All rights reserved.