အင်းစိန်လမ်းမပေါ်တွင် ကား (၃) စီးဆင့်တိုက်မှုဖြစ်ပွား

 1041

ဟန်ဟန်(NP News)-ဇွန် ၁၅
အင်းစိန်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီးတွင် ယနေ့နေလယ်ပိုင်းက YBS (၆၁) ယာဥ်တစ်စီးကြောင့် ကား၃စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပျက်စီးသွားသော ယာဥ်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကနဦးဖြစ်စဥ်အရ လမ်းဘေးတွင် ရပ်ထားသည့် ၎င်းတို့၏ကား အတိုက်ခံရပြီးနောက် အခြားကားတစ်စီးကိုပါ ထိမှန်ခဲ့ကြောင်း ယာဥ်ပိုင်ရှင်ကပြောသည်။
"ကျွန်မတို့ ကားက ဘေးမှာရပ်ထားတာ။ YBS (၆၁) က ဝင်တိုက်ပြီး လူရော၊ ကားရော လွင့်လာတာ။ လူဘာမှမဖြစ်တာ တော်သေးတယ်။ ကားက လွင့်ပြီးတော့ ဘေးက ကားအဖြူကိုပါ သွားတိုက်မိတာ" ဟု အဆိုပါ ယာဉ်ပိုင်ရှင်က ရှင်းပြသည်။
အဆိုပါ ယာဉ်ပိုင်ရှင်၏ ပြောပြချက်အရ ၎င်းတို့၏ကား ဝယ်ယူထားသည်မှာ တစ်ပတ်ပင် မပြည့်သေးဘဲ လာမည့်အင်္ဂါနေ့တွင် လိုင်စင်ဝင်ရောက်ရမည့် ကားဖြစ်သည်ဟု သိရသည်။

Zawgyi Version:
အင္းစိန္လမ္းမေပၚတြင္ ကား (၃) စီးဆင့္တိုက္မႈျဖစ္ပြား
ဟန္ဟန္(NP News)-ဇြန္ ၁၅
အင္းစိန္ၿမိဳ႕နယ္၊ သံလမ္းမွတ္တိုင္အနီးတြင္ ယေန႔ေနလယ္ပိုင္းက YBS (၆၁) ယာဥ္တစ္စီးေၾကာင့္ ကား၃စီးဆင့္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ပ်က္စီးသြားေသာ ယာဥ္ပိုင္ရွင္တစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။
ကနဦးျဖစ္စဥ္အရ လမ္းေဘးတြင္ ရပ္ထားသည့္ ၎တို႔၏ကား အတိုက္ခံရၿပီးေနာက္ အျခားကားတစ္စီးကိုပါ ထိမွန္ခဲ့ေၾကာင္း ယာဥ္ပိုင္ရွင္ကေျပာသည္။
"ကြၽန္မတို႔ ကားက ေဘးမွာရပ္ထားတာ။ YBS (၆၁) က ဝင္တိုက္ၿပီး လူေရာ၊ ကားေရာ လြင့္လာတာ။ လူဘာမွမျဖစ္တာ ေတာ္ေသးတယ္။ ကားက လြင့္ၿပီးေတာ့ ေဘးက ကားအျဖဴကိုပါ သြားတိုက္မိတာ" ဟု အဆိုပါ ယာဥ္ပိုင္ရွင္က ရွင္းျပသည္။
အဆိုပါ ယာဥ္ပိုင္ရွင္၏ ေျပာျပခ်က္အရ ၎တို႔၏ကား ဝယ္ယူထားသည္မွာ တစ္ပတ္ပင္ မျပည့္ေသးဘဲ လာမည့္အဂၤါေန႔တြင္ လိုင္စင္ဝင္ေရာက္ရမည့္ ကားျဖစ္သည္ဟု သိရသည္။

Related news

© 2021. All rights reserved.