ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ရက်(၂၀)ကျော် ခေတ္တပိတ်ထားမည်

 214

စော (NP News) - ဇွန် ၁၆
(၇၈)နှစ်မြောက် အာဇာနည်နေ့အထမ်းအမှတ်အတွက် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို ဇွန် (၁၇)ရက်မှဇူလိုင်လ (၁၈) ရက်အထိ ရက်ပေါင်း (၂၀)ခန့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ‌ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဇွန်လ ၁၆ရက်)နေ့တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ဇူလိုင်လ (၁၉) ရက်၊ အာဇာနည်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါပြပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သန့်ရှင်းရေးနှင့် အခန်းပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ် အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ကို ရက္(၂၀)ေက်ာ္ ေခတၱပိတ္ထားမည္
ေစာ (NP News) - ဇြန္ ၁၆
(၇၈)ႏွစ္ေျမာက္ အာဇာနည္ေန႔အထမ္းအမွတ္အတြက္ အထူးျပပြဲခင္းက်င္းျပသရန္ ႀကိဳတင္ျပင္ဆင္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္မည္ျဖစ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ (ရန္ကုန္) ကို ဇြန္ (၁၇)ရက္မွဇူလိုင္လ (၁၈) ရက္အထိ ရက္ေပါင္း (၂၀)ခန႔္ ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ‌ေရွးေဟာင္းသုေတသႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယေန႔ (ဇြန္လ ၁၆ရက္)ေန႔တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ (ရန္ကုန္)ကို ဇူလိုင္လ (၁၉) ရက္၊ အာဇာနည္ေန႔တြင္ ျပန္လည္ ဖြင့္လွစ္မည္ျဖစ္ၿပီး ယခင္ႏွစ္မ်ားအတိုင္း အခမဲ့ဝင္ေရာက္ ေလ့လာခြင့္ျပဳမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
လက္ရွိတြင္ အဆိုပါျပပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈအေနျဖင့္ သန႔္ရွင္းေရးႏွင့္ အခန္းျပင္ဆင္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေနထိုင္ခဲ့ေသာ ေနအိမ္ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္အျဖစ္ အမ်ားျပည္သူေလ့လာႏိုင္ရန္ ဖြင့္လွစ္ျပသထားျခင္းျဖစ္ၿပီး အမွတ္(၂၅)၊ ဗိုလ္ခ်ဳပ္ျပတိုက္လမ္း(ယခင္တာဝါလိန္းလမ္း)၊ ဗိုလ္ခ်ိဳ(၁)ရပ္ကြက္၊ ဗဟန္းၿမိဳ႕နယ္တြင္ တည္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.