လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၂၆၇) နေရာ လျာထားသည့်အပေါ် နိုင်ငံရေးလောက အမြင်

454

သက်ပိုင် (NP News) - ဇွန် ၁၇
မကြာမီကာလတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ မြို့နယ် ပေါင်း (၂၆၇)ကျော်တွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ကနဦး လျာထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် (UEC) က မီဒီယာများထံ ထုတ်ပြန်ဖြေကြားထားသော အချက်အလက်များအရ သိရသည်။ ထို သို့လျာထားသည့်လျာထားချက်အတိုင်း ကျင်းပနိုင်ခြင်းရှိမရှိနှင့် နိုင်ငံရေးပါတီများ လက်ရှိ တွင် ကြုံတွေ့နေရသောအခက်အခဲများကို NP News မှ မေးမြန်းတင်ဆက်ပေးထားပါသည်။
ဒေါက်တာအေးမောင် - ဥက္ကဋ္ဌ
(ရခိုင့်ဦးဆောင်ပါတီ)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (၂၆၇) မြို့နယ်ဆိုပြီး လျာထားတယ်။ အခြေခံ ဥပဒေ အရတော့ (၃၃၀)ရှိတယ်ပေါ့လေ။ (၃၃၀) မှာ ရွေးကောက်ပွဲ သုံးကြိမ်လုပ်ခဲ့တော့ ပထမတစ်ကြိမ်မှာ (၁၅) မြို့နယ်ကျန်ခဲ့တယ်။ နောက်ဆုံးတစ်ကြိမ် (၂၀၂၀) ရွေးကေက်ပွဲမှာ (၂၀) ကျော်တောင် ကျန်ခဲ့ တယ်။ အခုက (၂၆၇) လို့ပြောရင် (၆၃)မြို့နယ်က ရွေးကောက်ပွဲ မလုပ်နိုင်တဲ့သဘောလို့ UEC က ဒီလိုပဲ သုံးသပ်တယ်။ သူရဲ့ကိန်းဂဏန်းအရ ပေါ့လေ။ ဒါကတစ်ချက်ပေါ့။ ဒုတိယတစ်ချက်က ရွေးကောက်ပွဲ ဆို တာက ရွေးကောက်ပွဲစနစ်နဲ့ တိုက်ရိုက်ပတ်သက်တယ်။ ရွေးကောက်ပွဲစနစ်မှာ ရွေးကောက်ပွဲမှာ ရွေး ကောက်ခံမယ့် ပုဂ္ဂိုလ်တွေ မဲဆန္ဒနယ်မြေသတ်မှတ်မှုပေါ့ဗျာ။ အဲဒါတွေအားလုံးက ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ တိုက်ရိုက်ပတ်သက်တယ်။ ဒီတော့ သူတို့ညွှန်းတဲ့ (၂၆၇)ဆိုတာ ရွေးကောက်ပွဲဥပဒေ ထွက်မှပဲ တိတိကျကျသုံးသပ်နိုင်မယ်။ တတိယ အချက်ကိုပြောရရင် ကျွန်တော်တို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘက်က ပေးထားတဲ့ ရှင်းလင်းချက်နှစ်ခုရှိတယ်။ တစ်ခုက အမျိုးသား လွှတ် တော်ကို PR နဲ့သွားမယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တချို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ တွေအတွက် ကိုတာဆိုတာရှိတယ်။ ရှမ်း တို့၊ စစ်ကိုင်းတို့မှာလေ။ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး တန်းတူပေါ့ဗျာ။ (၁၂)ဦးကျစီရွေးရတယ်။ ဒါပေမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိတဲ့ ပြည်နယ်တွေမှာ အဲဒီ(၁၂)ဦးထဲကနေ ဒေသတစ်ခုကို တစ်ဦးကျစီ ခွဲတမ်းပေးရ တယ်ဗျ။ အဲဒီခွဲတမ်းကိုကျတော့ FPTP နဲ့လုပ်မယ်လို့ ကျွန်တော်တို့တစ်ခုသိရတယ်။ အဲဒီတော့ ဒုတိယ က တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်အားလုံးကို PR နဲ့ သွားမယ်။ ဒါပေမဲ့ တိုင်းဒေသကြီးပြည်နယ် တွေမှာလုပ်ရတဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးတွေနဲ့ပတ်သက်ရင်တော့ဖြင့် FPTP နဲ့သွားမယ်။ ဒီနှစ်ခုကို သူ့ဘက်က ရှင်းရှင်းလင်းလင်းချပြလို့ ကျွန်တော်တို့က ဒီအတိုင်းဆိုတာ သတ်မှတ်လို့ရပြီ။ ဒါပေမဲ့ ပြည် သူ့လွှတ်တော်နဲ့ပတ်သက်လို့ ဘယ်လို ဘယ်စနစ်နဲ့သွားမယ်ဆိုတာကို အခုထိမရှင်းလင်းနိုင်သေးဘူး။ ဆိုတော့ အဲဒါက PR လား FPTP လားဆိုတာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေထွက်မှပဲ ကျွန် တော်တို့ သိရမယ်။ ဒါက ပေး ထားချက်သုံးခုပေါ့နော်။ တကယ်လို့များ PR နဲ့ ရွေးကောက်ပွဲ သုံးခုလုံးကို သွားမယ်ဆိုရင် ခုနကပြောတဲ့ မဲဆန္ဒနယ်မြေ (၂၆၇) မြို့နယ်နဲ့ စဉ်းစားဖို့လိုတယ်။ PR နဲ့သွားရင် ဘယ် လိုကျင်းပနိုင်မှာလဲ။ FPTP နဲ့ဆိုရင် ဘယ်လိုဖြစ်မှာလဲ။ ဒီတော့ (၂၆၇) မြို့နယ်ဆိုတာ မဲပုံးတိုက်ရိုက် ထောင်နိုင်တဲ့ မြို့နယ်လား။ ဒါတစ်ချက်ပေါ့။ ဒုတိယတစ်ချက်က တကယ်လို့ (၂၆၇) မြို့နယ်မှာ မဲပုံးသွား ပြီးတော့ မထောင်နိုင်သော်လည်းပဲ ကျန်တဲ့ (၆၃)မြို့နယ်ပေါ့။ (၃၃၀)မှာလေ။ ဒီတော့ ကျန်တဲ့ (၆၃)မြို့ နယ်က စစ်ဘေးရှောင် လာတဲ့သူပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ အဲဒီ (၂၆၇) မြို့နယ်မှာ လက်ငင်းအား ဖြင့် ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ မဲပေးပိုင်ခွင့်မဆုံးရှုံးအောင် ဘယ်လို စီစဉ်ထားလဲဆိုတဲ့ နှစ် ချက်ကို စဉ်းစားရမယ်။ ဒီနှစ် ချက်ကိုစဉ်းစားပြီးတော့ ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းခဲ့မယ်ဆိုရင် PR နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကိုစဉ်းစားမယ်။ အမျိုးသားလွှတ်တော်ဆိုတာ အခြေခံ ဥပဒေ အရ တိုင်းဒေသကြီး ပြည်နယ်တစ်ခုကို (၁၂)ဦးကျစီ ရွေးပေးရမယ်။ ဒီတော့ တည်ငြိမ်တဲ့ဒေသတွေမှာတော့ မြို့နယ် တိုင်းမှာ မဲပုံးထောင်ကောင်းထောင်နိုင်လိမ့်မယ်။ တချို့မြို့နယ်တွေလည်း ကျန်ကောင်း ကျန်မှာ ပေါ့ဗျာ။အဲဒီအတွက် ကျွန်တော်တို့က (၁၂) ဦးကျစီ ရွေးပေးတဲ့အခါမှာ မဲဆန္ဒနယ်သတ်မှတ်မှုက အရေး ကြီးတာပေါ့ဗျာ။ တကယ်လို့များ တိုင်းဒေသကြီးပြည်နယ်တစ်ခုကို မဲဆန္ဒနယ်တစ်နယ် သတ်မှတ်တယ် ထား။ သိပ်မများဘူးနော်။ အမျိုးသားလွှတ်တော်အတွက် မန္တလေးတိုင်းမှာ တစ်နယ်တစ်ခု၊ ပဲခူးတိုင်း တစ်ခု၊ ရန်ကုန်တိုင်းတစ်ခု၊ ရခိုင်တစ်ခု သတ်မှတ်လို့ရှိရင် တည်ငြိမ်အေးချမ်းတဲ့နေရာတွေကို ကနဦး လုပ်မယ်။ မတည်ငြိမ်တဲ့ ဧရိယာတွေကို နောက်မှပဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လုပ်နိုင်တဲ့နေရာတွေ မှာ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို တစ်ပြိုင်တည်းလုပ်မယ်ဆိုရင် မဲဆန္ဒနယ်တစ်ခုတည်း သတ် မှတ်တာဖြစ်တဲ့အတွက် မြို့နယ်ဘယ်နှခုရှိရှိ မဲဆန္ဒနယ်တစ်ခုတည်းဖြစ်သွားမယ်။ အဲဒီတော့ အဲဒီဒေသ က ပြည်သူတွေဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးကို ရွေးပေးရမယ်။ သူတို့ဘာသာ ပါတီ တွေ ဘယ်နှခုပဲ ပြိုင်ပြိုင်ပေါ့လေ။ အဲဒီတော့ အဲဒီဒေသတွေမှာ မဲရတဲ့ပါတီတွေက ရသွားမှာပေါ့။ ဒီတော့ ဒီနည်းနဲ့ အမျိုးသားလွှတ်တော်ရဲ့ မဲဆန္ဒ နယ်မြေအားလုံးကို လုပ်နိုင်တယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း တစ်ကြိမ်တည်းလုပ်နိုင်တယ်။ နှစ်ကြိမ်၊ သုံးကြိမ်ခွဲပြီးတော့လည်း လုပ်နိုင်တယ်။ ဒါအမျိုးသား လွှတ် တော်တစ်ခုတည်းကို စဉ်းစားထားတာ။ တည်ငြိမ်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ပထမလုပ်မယ်။ တချို့တစ်ဝက် တည်ငြိမ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဒုတိယလုပ်မယ်။ အလွန်တရာ ဆိုးရွားပြီး တော့ မတည်ငြိမ်သေးတဲ့ပြည်နယ်တွေကို နောက်မှလုပ်မယ်ပေါ့ဗျာ။ သတ်မှတ်ချက်ကာလရဲ့ နောက်ဆုံး အချိန်မှာလုပ်မှာပေါ့။ အဲဒီလိုလုပ်တဲ့ ကာလမျိုးမှာ အဲဒီမှာမဲပုံးထောင်နိုင်တဲ့နေရာမှာ ထောင်သလို တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရောက်တဲ့သူတွေအတွက်ပါ တစ်ပြိုင်တည်း လုပ်တာမျိုးပေါ့ ဗျာ။ အဲဒါဆိုရင် အမျိုးသားလွှတ်တော် အတွက်ပေါ့လေ။ အခုလောက်ဆိုရင် မဲစာရင်းလည်း ရလောက် မှာပါ။ ဘယ်ဒေသကလူတွေ ဘယ်မြို့နယ်၊ ဘယ်မြို့တွေကိုရောက်နေတယ်ဆိုတာ။ ဒီတော့ အဲဒီလူထုရဲ့ မဲပေးပိုင်ခွင့်ကို တိုက်ရိုက်ရနိုင်အောင် မဲပုံးထောင်ပေးဖို့လိုမယ်။ အဲဒီလူတွေကို သူတို့ရောက်နေတဲ့ဒေသ က လူတွေရဲ့ မဲပေးပိုင်ခွင့်နဲ့ မရောယှက်ရအောင် မဲပေးတဲ့ရက်ကို ခြားပေးတာမျိုးလုပ်ဖို့လိုတာပေါ့။ ဒီ တော့ ဘယ်လိုစနစ်နဲ့ လုပ်မလဲဆိုတာက အရေးကြီးတာပေါ့။ ပြီးတော့ နစကသည် တိုင်းဒေသကြီး၊ ပြည် နယ်တစ်ခုကို မဲဆန္ဒနယ်ဘယ်လိုသတ်မှတ် မလဲဆိုတာ အရေးကြီးတာပေါ့။ ဒီတော့ ပြည်နယ်ပြင်ပ ရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက်ပါ မဲပုံး ထောင်ပြီးလုပ်ပေးခဲ့မယ်ဆိုရင် နိုင်ငံရေးအားဖြင့် အခြေ ခံ ဥပဒေအရ နစကသည် ရွေးကောက်ပွဲကိုလူထုအတွက် ရွေးကောက်ခံအမတ်တွေကို ရွေးပေးနိုင်မှာ ပေါ့ဗျာ။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက နယ်မြေတွေကို ဘယ်လိုပင်ထိန်းချုပ် ထားသော် လည်းပဲ အခြေခံဥပဒေအရ နိုင်ငံရေးအားဖြင့် ထိန်းချုပ်မှုကို နစကသည်ရသွားမှာပေါ့။ ဒီတော့ (၂၆၇)မြို့ နယ်မှာ ပြည်သူ့လွှတ်တော်ကို ရွေးကောက်ပွဲကို PR စနစ်နဲ့လုပ်ရင်တော့ ပြဿနာ မဟုတ်ဘူး။ မဲဆန္ဒ နယ်က ကြီးတာကိုး။ တကယ်လို့ များ FPTP နဲ့သွားမယ်ဆိုရင် ပြည်သူ့လွှတ်တော် အမတ်က သတ်မှတ် ချက်အတိုင်းရနိုင်မှာ မဟုတ်တော့ဘူး။ နစကလက်အောက်က မြို့တွေမှာပဲ ရနိုင်လိမ့်မယ်။ သို့မဟုတ် စစ်ဘေးဒုက္ခသည်တွေကို သူ့မြို့နယ်သားတွေအလိုက်ဆိုပြီး လုပ်ကောင်း လုပ်လို့ရတယ်။ ဒါပေမဲ့ နည်း နည်းလေး ခက်ခဲတာပေါ့ ဗျာ။ ဒါကြောင့် ရွေးကောက်ပွဲဥပဒေရဲ့တိကျတဲ့သတ်မှတ်ချက်တွေကို မြင်ရသိ ရကြားရတော့မှပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိတိကျကျသုံးသပ်နိုင် မယ်လို့ထင်ပါတယ်။ ရွေး ကောက်ပွဲအတွက် ကြုံရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ပြောရမယ်ဆိုရင် ပထမတစ်ချက်က ပြည်မ ပြိုကွဲတော့ လက်နက်ကိုင် အင်အားစုတွေ တော်တော်လည်းမင်းမူလာတာပေါ့။ လက်နက်ကိုင်အင်အားစု တွေ သူတစ်လူ၊ ငါတစ်မင်း မင်းမူလာကြတာပေါ့။ ယခင်ရှိပြီးသားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းတဲ့အခါကျတော့ ပြည်တွင်းပဋိပက္ခက ကြီးတာပေါ့ဗျာ။ တိုင်းရင်းသားဒေသတွေရဲ့ ယုံကြည်မှုက လက်နက်ကိုင်တဲ့နည်းဘက်ကို ရောက်သွားတာပေါ့။ ကျွန်တော်တို့ ရွေးကောက်ပွဲ သုံးကြိမ်လုပ်ခဲ့တယ်။ လူထုတင်မြှောက်တဲ့ အစိုးရပေါ်တယ်။ ဒါပေမဲ့လို့ ဖက်ဒရယ်ဆိုင်ရာအခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့် အရေး ကို ရွေးကောက်ပွဲ နောက်ပေါ်ထွန်းလာတဲ့ အစိုးရတွေက ထိထိရောက်ရောက် မဆောင်ရွက်နိုင် ဘူး ဆိုတဲ့အမြင်နဲ့ လက်နက်ကိုင် ဘက်ကို အားသန်ကုန်ကြတာပေါ့။ အထူးသဖြင့် ကျေးလက်ဒေသက လူတွေပေါ့။ ဒါကတော့ ပထမတစ်ချက် အခက်အခဲရှိတာပေါ့။ အခုက စစ်သက်ကြာလာတဲ့အခါမှာ စစ် ဘေးဒဏ်ရယ်၊ အသက်အိုး အိမ်စည်း စိမ်ရယ်၊ စစ်ကြောင့်ဖြစ်တဲ့ ဒဏ်ရာဒဏ်ချက် တွေကို လူထုသည် တော်တော်လေးကို ငြီးငွေ့ ပူပန်လာကြတာပေါ့။ ဒီတော့ အပြောင်းအလဲကြီးတစ်ခုကို လိုချင်တဲ့ကာလ ကြီးတစ်ခုကို ရောက်မှန်းမသိ ရောက်လာတာပေါ့။ ဒီတော့ ရွေးကောက်ပွဲဆိုတာ ကိုပြောတဲ့အခါမှာ ရွေး ကောက်ပွဲဆိုတာသည် ဒီဒဏ်ရာ ဒဏ်ချက်တွေက ရုန်းထွက်နိုင်မယ့် အခွင့်အရေးလားဆိုတာကို မျှော်ကိုးတာပေါ့။ ဒီတော့ အခုမှပဲ ရောင်နီလေးတွေရကြတာပေါ့။ ရွေးကောက်ပွဲအလွန် အစိုးရက ဒီဖြစ်စဉ်တွေက ရုန်းထွက်ဖို့အတွက် ကူညီ ပေးမှာလားဆိုတဲ့ မျှော်လင့်ချက် စရကြတာပေါ့။ ဒါပေမဲ့ လက်နက်ကိုင်တွေအားကောင်းလာတော့ ရွေးကောက်ပွဲကိုဖျက်မယ့် ပုဂ္ဂိုလ်တွေရဲ့ရန်ကိုစိုးရိမ်ရတော့ ဟိုတုန်းကလိုမျိုး လူထုကြားမှာ ပေါ်ပေါ်ထင် ထင် ရွေးကောက်ပွဲမဲဆွယ်တာတော့မလုပ်နိုင် တော့တဲ့ ကာလဖြစ်တာပေါ့။ နိုင်ငံရေးပါတီဆိုရင် လုပ်ကြံမယ့်သူနဲ့ တစ်ဖက်က အပုပ်ချမယ့်သူနဲ့ သစ္စာဖောက် ဆိုပြီး ပစ်သတ်မယ့်သူနဲ့၊ ရွေးကောက်ပွဲ မအောင်မြင်အောင်လုပ်မယ့်သူတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ လက်ရှိအကျပ်အတည်းက ဒါဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီတော်တော်များများသည် နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပါ ရွေးကောက်ပွဲဝင်ဖြစ်အောင်ကို သူတို့သတ်မှတ်တဲ့စည်းကမ်းအတိုင်း ပြည့်စုံအောင် ကြိုးစားပြီးလုပ်နေရတယ်။
ဦးကိုကိုကြီး - ဥက္ကဋ္ဌ
(ပြည်သူ့ပါတီ)
ကျွန်တော့်အနေနဲ့ကတော့ ပြောဖို့မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်မှာလည်း ဘာမှ ပြင်ဆင်မှု မရှိသေးတဲ့အတွက်လေ။ ပြောဖို့ရှိလာတဲ့အခါကျရင်လည်း ကျွန်တော်တို့ ပြောပါမယ်။
နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦး
လုပ်ဖြစ်ခြင်းမဖြစ်ခြင်းကတော့ လက်ရှိ အစိုးရနဲ့ UEC မှာတာဝန်အရှိဆုံးလို့ လူတွေက ပြောနေ ကြတယ်။ ဒါပေမဲ့ သူတို့နှစ်ခုတည်းတင် မဟုတ်ပါဘူး။ ကျန်တဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေ ၊ ဇာတ် သဘင်လောကတို့ ဂီတတို့ကလည်း လှုံ့ဆော်ရမယ်။ အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၁၉၆၀) ရွေးကောက် ပွဲတုန်းကလည်း ဒီလိုမျိုးပစ်ခတ်တိုက် ခိုက်တာတွေရှိခဲ့လို့ တချို့နေရာတွေမှာလည်း သေကြ၊ ကြေကြ တာတွေလည်းရှိခဲ့ပါတယ်။ မင်းလှ တို့လိုနေရာမျိုးတွေမှာပေါ့။ (၁၉၆၀) လောက်ကပေါ့နော်။ အဲဒီတုန်း က အဲဒီလိုတွေဖြစ်ခဲ့လို့ အခုအဲဒီ လိုတွေဖြစ်ရမယ်လို့ မပြောဘူးနော်။ သူတို့ဘက်က (၂၆၇) နေရာလုပ် မယ်လို့ ပြောတာကတော့ (၂၆၇) နေရာမှာ မဲရုံလာဖွင့်ပြီးတော့ ဥပဒေ နည်းဥပဒေတွေက အခုအချိန်ထိ မထွက်သေးတော့ မဲရုံတစ်ရုံမှာ လူတစ်ယောက်ပဲလာတဲ့အတွက် ရွေးကောက်ပွဲ ကြီးက မဖြစ်ပါဘူးလို့ သွားပြောရင်လည်း မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုပဲ ဖြစ်နေပါလိမ့်မယ်။ အခုအချိန် မှာတော့ ပြောဖို့ စောပါသေးတယ်။ သို့သော် ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်ဆိုရင်တော့ အားလုံးက ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်မှသာလျှင် (၂၆၇)နေရာဆိုတဲ့အရာကို ကျော်လွှား သွားနိုင်လိမ့် မယ်လို့ မြင်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးစိုးရိမ်စိတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ပုရွက်ဆိတ်ကလည်း ပုရွက်ဆိတ်အလုပ်ကို ပုရွက်ဆိတ်လုပ်လိမ့်မယ်။ ဆင်ကလည်း ဆင်အလုပ် ကိုဆင် လုပ်ရမယ်။ ဆင်ကတော့ သူ့နှာမောင်းကို ပုရွက်ဆိတ်လာကိုက်နေတာကို အကြောင်းပြပြီးတော့ ပြော နေလို့ကတော့ မဖြစ်ဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ။ အဲဒီတော့ လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်း ကတော့ သူတို့ရဲ့အရည်အချင်းအပေါ်ပဲ မူတည်ပါ တယ်။ ဒါမျိုးတွေဟာ အခုမှ ဖြစ် တာ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ရှေးယခင်ကလည်း ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုတာ သတိချပ်ဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်။
ဦးလှသိန်း
ပြောရေးဆိုခွင့်ရှိသူ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီ)
UEC ကလည်း သေသေချာချာ ကောက်ပြီးတော့မှ လုပ်ထားတာဖြစ်တယ်။ ပြီးတော့ UEC က ဘယ်တော့၊ ဘယ်တော့မှာ ဘာလုပ်မယ်၊ မဲဆန္ဒ နယ် ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျ ထုတ် ပြန်တဲ့အချိန်ကျမှပဲ ကျွန်တော်တို့အနေနဲ့ သုံးသပ်ပြောဆိုတာ ပိုကောင်းပါလိမ့်မယ်။ လက်ရှိမှာ UEC က မထုတ်ပြန်သေးတော့ ဘယ်နှစ်မြို့နယ်မှာ ဘယ်လိုပြိုင်မယ်ဆိုတာကို ပြောရခက်ပါတယ်။ ထုတ် ပြန် လာတော့ မှပဲ ပကတိအခြေအနေပေါ်မူတည်ပြီးတော့ လုပ်နိုင်ကိုင်နိုင်အောင်ကိုတော့ ကြိုတင်ပြင်ဆင် ထားပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ တစ်နိုင်ငံလုံးဝင်ပြိုင်မယ်ဆိုပြီးတော့ မှတ်ပုံတင်တဲ့ အခါမှာလည်း ပါထားပြီးပါပြီ။ သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ပြည့်စုံတဲ့အတွက်လည်း UEC က မှတ်ပုံ တင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ လာမယ့် ရွေး ကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ဒီကာလမှာ ငြိမ်သက်မှုမရှိတဲ့နေရာတွေမှာတော့ သွားရလာရတာခက်ခဲတာမျိုးတွေတော့ ရှိပါတယ်။ သွားလာလို့ ရတဲ့နေရာတွေလည်း အများကြီး ရှိပါတယ်။ ဖြစ်တဲ့နေရာတွေမှာ ကိုယ်သွားလာလို့ရတဲ့ အခြေအနေအရ ကိုယ့်ပါတီဝင်တွေနဲ့ ကိုယ်တွေ့တာကတော့ အခက်အခဲမရှိပါဘူး။ တခြားစိန်ခေါ်မှု တွေထက် တချို့နေရာတွေမှာ သောင်းကျန်းသူတွေကြောင့်ပဲ အဓိက အခက်အခဲဖြစ်ရတာပါ။
ဦးတင်ဆွေ - ဒုတိယဥက္ကဋ္ဌ (ဒီမိုကရက်တစ်ပါတီ )
လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိ UEC ရဲ့ လျာထားချက်အတိုင်း (၂၆၇)နေရာ လုံးကျင်းပနိုင် ခြင်း မနိုင်ခြင်းကိုပြောရရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပထဝီနိုင်ငံရေးကိုပါတွက်ပြီး ကြည့်မှရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြီးအကဲက မော်စကိုမှာ တရုတ်ပြည်အကြီးအကဲနဲ့ တွေ့တုန်းက တိုင်းပြည်ရဲ့လက်ရှိဖြစ်နေတဲ့ လုံခြုံရေးကအစ နှစ်နိုင်ငံကူညီပေးမှုတွေကို ပြောဆိုခဲ့မှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲကိုလည်း တရုတ်နိုင်ငံက အသိအမှတ်ပြုတယ်။ ပံ့ပိုးပေးမယ်လို့ ပြော တဲ့စကားတွေလည်းရှိတယ်လေ။ မကြာခင်က ဖြစ်သွားတာအရဆိုရင် စစ်တိုက်ပြီးယူရင် ပျက်စီးသွား မယ့် လားရှိုးမြို့ကြီးကို အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ အကူအညီနဲ့ပြန်ရခဲ့တယ်လေ။ တစ်ဖက်အဖွဲ့ကအိမ် နီးချင်းနိုင်ငံကြီးတစ်ခုရဲ့ဖိအားကြောင့် ဆုတ်ပေးခဲ့ရတာပေါ့နော်။ မထင်မှတ်ဘဲ အဲဒီလိုတွေ ဆုတ်သွားရ တာပေါ့နော်။ အခုလည်း သတင်းတွေမှာကြားရတာ TNLA ဆိုရင်လည်း နမ့်ခမ်းဘက်ကနေ ဆုတ်မယ် လို့ သတင်းကြားတာမျိုးတွေလည်း ရှိတာပေါ့ နော်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တရုတ်ကလည်း တစ်ဖက်ကနေ နိုင်တဲ့ဘက်က ဖိအားပေးနေတာဖြစ်တဲ့အတွက် တချို့ကိစ္စတွေက အစိုးရကသာ ထုတ် မပြောသေးတော့ ကျွန်တော်တို့ မသိနိုင်တာတွေရှိနေနိုင်တာပဲလေ။ တချို့တွေက မြို့ပေါင်း (၂၆၇) မြို့နယ်မှာ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ယူဆနေကြပေမယ့် ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ ယူဆ ပါတယ်။ တရုတ်ဖိအားရယ်၊ “ဝ” တို့လိုအဖွဲ့အစည်းတွေရဲ့ ဖိအားတွေရယ်ကြောင့် မကြာခင်မှာ အ ပြောင်းအလဲတွေဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒီကာလမှာ နိုင်ငံရေးပါတီတွေအနေနဲ့ အခက်အခဲ နှစ်ခုရှိ ပါတယ်။ နိုင်ငံရေးပါတီထောင်တယ်ဆိုတာက ဘောလုံးအသင်းတစ်သင်းလိုပါပဲ။ တစ်ဖက်ပြိုင်ဘက်က ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ နောက်တစ်ခုကတော့ လုံခြုံရေးစိန်ခေါ်မှုပါပဲ။ မကြာခင်ကပဲ သံ အမတ်ဟောင်းကြီးတစ်ဦးကို ပစ်သတ်တာတွေလည်း ဖြစ်ခဲ့တယ်ဆိုတော့ ရွေးကောက်ပွဲပြီးရင် အခုလို ခြိမ်းခြောက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီစိန်ခေါ်မှုကို အခွင့် အရေးတစ်ရပ်အနေနဲ့ကို သုံးရမှာပါ။ စိန်ခေါ်မှု ကိုသာ ကျွန်တော်တို့ရင်မဆိုင်နိုင်ဘူးဆိုရင် ရွေးကောက် ပွဲက မဖြစ်တော့ဘူးလေ။ သူတို့ကလည်း ဒါကိုပဲလိုချင်နေကြတာ။ ဒီစိန်ခေါ်မှုကိုအသုံးချပြီး မကြာခင်မှာ အရေးပေါ်ကာလပြီးဆုံးပြီးတော့ အရပ်သားအစိုးရပေါ်လာမယ်လို့ ကျွန်တော်မြင်ပါတယ်။
ဦးအေးလွင်
ဥက္ကဋ္ဌ (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးပါတီ)
အခုကတော့ (၂၆၇)မြို့က လျာထားတဲ့ အဆင့်ပဲဆိုတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လုံလောက်တဲ့ အခြေအနေကောင်းတွေ၊ အခြေခံကောင်းတွေ၊ နယ်မြေစိုးမိုးရေးအခြေအနေတွေနဲ့ လုံခြုံ ရေးအခြေအနေတွေကို စနစ်တကျ အားသွန်ခွန်စိုက်လုပ်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တာပေါ့ဗျာ။ လက် ရှိကျွန်တော်တို့သွားနေတာက ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေတာဆိုတော့ မီဒီယာတွေအနေနဲ့ နိုင်ငံ ရေးပါတီနဲ့ လူထုကြားမှာ ပိုမိုချိတ် ဆက် ပေးတာ၊ ဆောင်ရွက်ပေးတာတွေလိုသလို UEC ကလည်း ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အခင်းအကျင်းလုပ်ငန်းတွေမှာ အချိန်ပိုပြီးတာ့ ရအောင်လုပ်ပေး စေချင်တာပေါ့။ ဥပဒေနည်း ဥပဒေတွေကို ဆောလျင်စွာထုတ်ပေးတာမျိုးတွေပေါ့။ နိုင်ငံရေးပါတီတွေ အနေနဲ့ ခံဝန်လက်မှတ်ထိုးထားတဲ့ အချက်ခြောက်ချက်ရှိပါတယ်။ အဲဒီခြောက်ချက်နဲ့တင် လုံလောက်နေ ပါပြီ။ အဲဒီခြောက်ချက်ကို လက်ကိုင်ထားပြီးတော့ ကျန်တဲ့အချက်တွေကို ဖြေလျှော့ပေးပြီးတော့ စဉ်းစား ပေးမယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေရဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုရောက်ဖို့အတွက် အခွင့်အလမ်းတွေ ပိုရှိလာနိုင်မှာဖြစ်တယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ အခုအခြေအနေကတော့ နိုင်ငံရေးပါတီတွေ ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြောင်းလဲပြင်ဆင်ပြဋ္ဌာန်းတာရယ်၊ နောက်ပြီး နည်းဥပဒေ ပြောင်းလဲပြင်ဆင်ပြဋ္ဌာန်းတာရယ်၊ အစစသောအရာတွေကို ကော်မရှင်နဲ့ နစက က နိုင်ငံရေးပါတီတွေ အတွက် လုပ်ပေးခဲ့တာတွေရှိ ပါတယ်။ အဲဒီလုပ်ပေးတဲ့လုပ်ဆောင်ချက်တွေက တကယ်တော့ လုံ လောက်မှု မရှိသေးပါဘူး။ ဘယ်လို မရှိသေးဘူးလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အခု ငွေကိုင်ပြီးတော့ ရုံးခန်းဖွင့်မယ့်နေရာလိုက်ငှားတာ လနဲ့ချီနေပြီ။ နေရာတွေကြည့်ပြီးရင် အိမ်ရှင်နဲ့ စကားပြောတိုင်း ပါတီ ရုံးဖွင့်ပါမယ်ဆိုတာနဲ့ အိမ်ရှင်ကမငှား တော့တာတွေနဲ့ ကြုံနေရတယ်။ ဒီတော့ဗျာ ပါတီ တည်ဆောက် ရေးတောင် မရေမရာဇဝေဇဝါနဲ့ပေါ့ဗျာ။ ဒီတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုဆိုတဲ့အပိုင်းမှာ ဘာပြင် ဆင်မှုလုပ်မှာလဲဆိုတာကို မေးစရာ မလိုလောက်အောင် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ အခက် အခဲဖြစ်နေပါတယ်။ (၁)ကနေ (၁၀)ပေးထားချက်တွေမှာ (၁၀)အထိမရောက်တော့ဘဲ (၁၀)ကနေ (၁) ကို ပြန်ရောက်သွားသလိုပဲ ဖြစ်ဖြစ်နေတယ်။ ဘာပဲပြောပြော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အဲဒီ ခေတ်ကို အမွေခံခဲ့တဲ့နိုင်ငံရေး ပါတီတွေလိုမျိုး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်မှာ အမွေခံခဲ့တဲ့ နိုင်ငံရေး ပါတီ လိုမျိုးကျတော့ သူတို့မှာ ရုံးကိစ္စက ကျွန်တော်တို့လို ပြဿနာမရှိဘူးပေါ့ဗျာ။ ဒီလိုကိစ္စအပေါ်မှာ မုဒိတာ ပွားနိုင်ပေမယ့် တကယ့်တကယ်ကျတော့ ဒီအခြေအနေကြီးနဲ့ ပြိုင်ရတာမျိုးကျတော့ ပွဲမဝင်ခင် အပြင်မှာကတည်းက တရားမျှတမှု ဆိတ်သုဉ်းနေပြီလားလို့တောင်ထင်မိပါတယ်။ ဒါတောင် အခု နစက ခေတ်မှာ စိန်ခေါ်မှုတွေကို လက် နက်ကိုင်လမ်းစဉ်နဲ့လုပ်နေကြတဲ့ လူတွေဘက်က ရိုက်ခတ်လာမယ့် ရိုက်ခတ်မှုတွေမပါသေးဘူးနော်။ ဟိုဘက်က ရိုက်ခတ်မှုတွေသာပါလာခဲ့ရင်တော့ နိုင်ငံရေးပါတီတွေက ဆန်ကောထဲက ဆီးဖြူသီး အဆင့်ထက်ကို ပိုလိမ့်မယ်လို့ ထင်ပါတယ်။
zawgyi version
လာမည့္ေ႐ြးေကာက္ပြဲတြင္ မဲဆႏၵနယ္ (၂၆၇) ေနရာ လ်ာထားသည့္အေပၚ ႏိုင္ငံေရးေလာက အျမင္
သက္ပိုင္ (NP News) - ဇြန္ ၁၇
မၾကာမီကာလတြင္ က်င္းပေတာ့မည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္ ေပါင္း (၂၆၇)ေက်ာ္တြင္ ေ႐ြးေကာက္ပြဲက်င္းပရန္အတြက္ ကနဦး လ်ာထားေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲ ေကာ္မရွင္ (UEC) က မီဒီယာမ်ားထံ ထုတ္ျပန္ေျဖၾကားထားေသာ အခ်က္အလက္မ်ားအရ သိရသည္။ ထို သို႔လ်ာထားသည့္လ်ာထားခ်က္အတိုင္း က်င္းပႏိုင္ျခင္းရွိမရွိႏွင့္ ႏိုင္ငံေရးပါတီမ်ား လက္ရွိ တြင္ ႀကဳံေတြ႕ေနရေသာအခက္အခဲမ်ားကို NP News မွ ေမးျမန္းတင္ဆက္ေပးထားပါသည္။
ေဒါက္တာေအးေမာင္ - ဥကၠ႒
(ရခိုင့္ဦးေဆာင္ပါတီ)
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က (၂၆၇) ၿမိဳ႕နယ္ဆိုၿပီး လ်ာထားတယ္။ အေျခခံ ဥပေဒ အရေတာ့ (၃၃၀)ရွိတယ္ေပါ့ေလ။ (၃၃၀) မွာ ေ႐ြးေကာက္ပြဲ သုံးႀကိမ္လုပ္ခဲ့ေတာ့ ပထမတစ္ႀကိမ္မွာ (၁၅) ၿမိဳ႕နယ္က်န္ခဲ့တယ္။ ေနာက္ဆုံးတစ္ႀကိမ္ (၂၀၂၀) ေ႐ြးေကက္ပြဲမွာ (၂၀) ေက်ာ္ေတာင္ က်န္ခဲ့ တယ္။ အခုက (၂၆၇) လို႔ေျပာရင္ (၆၃)ၿမိဳ႕နယ္က ေ႐ြးေကာက္ပြဲ မလုပ္ႏိုင္တဲ့သေဘာလို႔ UEC က ဒီလိုပဲ သုံးသပ္တယ္။ သူရဲ႕ကိန္းဂဏန္းအရ ေပါ့ေလ။ ဒါကတစ္ခ်က္ေပါ့။ ဒုတိယတစ္ခ်က္က ေ႐ြးေကာက္ပြဲ ဆို တာက ေ႐ြးေကာက္ပြဲစနစ္နဲ႔ တိုက္႐ိုက္ပတ္သက္တယ္။ ေ႐ြးေကာက္ပြဲစနစ္မွာ ေ႐ြးေကာက္ပြဲမွာ ေ႐ြး ေကာက္ခံမယ့္ ပုဂၢိဳလ္ေတြ မဲဆႏၵနယ္ေျမသတ္မွတ္မႈေပါ့ဗ်ာ။ အဲဒါေတြအားလုံးက ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ တိုက္႐ိုက္ပတ္သက္တယ္။ ဒီေတာ့ သူတို႔ၫႊန္းတဲ့ (၂၆၇)ဆိုတာ ေ႐ြးေကာက္ပြဲဥပေဒ ထြက္မွပဲ တိတိက်က်သုံးသပ္ႏိုင္မယ္။ တတိယ အခ်က္ကိုေျပာရရင္ ကြၽန္ေတာ္တို႔ကို ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ဘက္က ေပးထားတဲ့ ရွင္းလင္းခ်က္ႏွစ္ခုရွိတယ္။ တစ္ခုက အမ်ိဳးသား လႊတ္ ေတာ္ကို PR နဲ႔သြားမယ္။ ဒါေပမဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ တခ်ိဳ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္းေဒသ ေတြအတြက္ ကိုတာဆိုတာရွိတယ္။ ရွမ္း တို႔၊ စစ္ကိုင္းတို႔မွာေလ။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ ကေတာ့ တိုင္းေဒသႀကီး၊ ျပည္နယ္အားလုံး တန္းတူေပါ့ဗ်ာ။ (၁၂)ဦးက်စီေ႐ြးရတယ္။ ဒါေပမဲ့ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသရွိတဲ့ ျပည္နယ္ေတြမွာ အဲဒီ(၁၂)ဦးထဲကေန ေဒသတစ္ခုကို တစ္ဦးက်စီ ခြဲတမ္းေပးရ တယ္ဗ်။ အဲဒီခြဲတမ္းကိုက်ေတာ့ FPTP နဲ႔လုပ္မယ္လို႔ ကြၽန္ေတာ္တို႔တစ္ခုသိရတယ္။ အဲဒီေတာ့ ဒုတိယ က တိုင္းေဒသႀကီး ျပည္နယ္လႊတ္ေတာ္အားလုံးကို PR နဲ႔ သြားမယ္။ ဒါေပမဲ့ တိုင္းေဒသႀကီးျပည္နယ္ ေတြမွာလုပ္ရတဲ့ တိုင္းရင္းသား ေရးရာဝန္ႀကီးေတြနဲ႔ပတ္သက္ရင္ေတာ့ျဖင့္ FPTP နဲ႔သြားမယ္။ ဒီႏွစ္ခုကို သူ႔ဘက္က ရွင္းရွင္းလင္းလင္းခ်ျပလို႔ ကြၽန္ေတာ္တို႔က ဒီအတိုင္းဆိုတာ သတ္မွတ္လို႔ရၿပီ။ ဒါေပမဲ့ ျပည္ သူ႔လႊတ္ေတာ္နဲ႔ပတ္သက္လို႔ ဘယ္လို ဘယ္စနစ္နဲ႔သြားမယ္ဆိုတာကို အခုထိမရွင္းလင္းႏိုင္ေသးဘူး။ ဆိုေတာ့ အဲဒါက PR လား FPTP လားဆိုတာ ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ ဥပေဒထြက္မွပဲ ကြၽန္ ေတာ္တို႔ သိရမယ္။ ဒါက ေပး ထားခ်က္သုံးခုေပါ့ေနာ္။ တကယ္လို႔မ်ား PR နဲ႔ ေ႐ြးေကာက္ပြဲ သုံးခုလုံးကို သြားမယ္ဆိုရင္ ခုနကေျပာတဲ့ မဲဆႏၵနယ္ေျမ (၂၆၇) ၿမိဳ႕နယ္နဲ႔ စဥ္းစားဖို႔လိုတယ္။ PR နဲ႔သြားရင္ ဘယ္ လိုက်င္းပႏိုင္မွာလဲ။ FPTP နဲ႔ဆိုရင္ ဘယ္လိုျဖစ္မွာလဲ။ ဒီေတာ့ (၂၆၇) ၿမိဳ႕နယ္ဆိုတာ မဲပုံးတိုက္႐ိုက္ ေထာင္ႏိုင္တဲ့ ၿမိဳ႕နယ္လား။ ဒါတစ္ခ်က္ေပါ့။ ဒုတိယတစ္ခ်က္က တကယ္လို႔ (၂၆၇) ၿမိဳ႕နယ္မွာ မဲပုံးသြား ၿပီးေတာ့ မေထာင္ႏိုင္ေသာ္လည္းပဲ က်န္တဲ့ (၆၃)ၿမိဳ႕နယ္ေပါ့။ (၃၃၀)မွာေလ။ ဒီေတာ့ က်န္တဲ့ (၆၃)ၿမိဳ႕ နယ္က စစ္ေဘးေရွာင္ လာတဲ့သူပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ေပါ့ဗ်ာ။ အဲဒီ (၂၆၇) ၿမိဳ႕နယ္မွာ လက္ငင္းအား ျဖင့္ ေရာက္ေနတဲ့ စစ္ေဘးဒုကၡသည္ေတြရဲ႕ မဲေပးပိုင္ခြင့္မဆုံးရႈံးေအာင္ ဘယ္လို စီစဥ္ထားလဲဆိုတဲ့ ႏွစ္ ခ်က္ကို စဥ္းစားရမယ္။ ဒီႏွစ္ ခ်က္ကိုစဥ္းစားၿပီးေတာ့ ေ႐ြးေကာက္ပြဲဥပေဒကို ျပ႒ာန္းခဲ့မယ္ဆိုရင္ PR နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ပြဲကိုစဥ္းစားမယ္။ အမ်ိဳးသားလႊတ္ေတာ္ဆိုတာ အေျခခံ ဥပေဒ အရ တိုင္းေဒသႀကီး ျပည္နယ္တစ္ခုကို (၁၂)ဦးက်စီ ေ႐ြးေပးရမယ္။ ဒီေတာ့ တည္ၿငိမ္တဲ့ေဒသေတြမွာေတာ့ ၿမိဳ႕နယ္ တိုင္းမွာ မဲပုံးေထာင္ေကာင္းေထာင္ႏိုင္လိမ့္မယ္။ တခ်ိဳ႕ၿမိဳ႕နယ္ေတြလည္း က်န္ေကာင္း က်န္မွာ ေပါ့ဗ်ာ။အဲဒီအတြက္ ကြၽန္ေတာ္တို႔က (၁၂) ဦးက်စီ ေ႐ြးေပးတဲ့အခါမွာ မဲဆႏၵနယ္သတ္မွတ္မႈက အေရး ႀကီးတာေပါ့ဗ်ာ။ တကယ္လို႔မ်ား တိုင္းေဒသႀကီးျပည္နယ္တစ္ခုကို မဲဆႏၵနယ္တစ္နယ္ သတ္မွတ္တယ္ ထား။ သိပ္မမ်ားဘူးေနာ္။ အမ်ိဳးသားလႊတ္ေတာ္အတြက္ မႏၲေလးတိုင္းမွာ တစ္နယ္တစ္ခု၊ ပဲခူးတိုင္း တစ္ခု၊ ရန္ကုန္တိုင္းတစ္ခု၊ ရခိုင္တစ္ခု သတ္မွတ္လို႔ရွိရင္ တည္ၿငိမ္ေအးခ်မ္းတဲ့ေနရာေတြကို ကနဦး လုပ္မယ္။ မတည္ၿငိမ္တဲ့ ဧရိယာေတြကို ေနာက္မွပဲ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ လုပ္ႏိုင္တဲ့ေနရာေတြ မွာ အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲကို တစ္ၿပိဳင္တည္းလုပ္မယ္ဆိုရင္ မဲဆႏၵနယ္တစ္ခုတည္း သတ္ မွတ္တာျဖစ္တဲ့အတြက္ ၿမိဳ႕နယ္ဘယ္ႏွခုရွိရွိ မဲဆႏၵနယ္တစ္ခုတည္းျဖစ္သြားမယ္။ အဲဒီေတာ့ အဲဒီေဒသ က ျပည္သူေတြဟာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ (၁၂)ဦးကို ေ႐ြးေပးရမယ္။ သူတို႔ဘာသာ ပါတီ ေတြ ဘယ္ႏွခုပဲ ၿပိဳင္ၿပိဳင္ေပါ့ေလ။ အဲဒီေတာ့ အဲဒီေဒသေတြမွာ မဲရတဲ့ပါတီေတြက ရသြားမွာေပါ့။ ဒီေတာ့ ဒီနည္းနဲ႔ အမ်ိဳးသားလႊတ္ေတာ္ရဲ႕ မဲဆႏၵ နယ္ေျမအားလုံးကို လုပ္ႏိုင္တယ္။ ဒီလိုလုပ္တဲ့အခါမွာလည္း တစ္ႀကိမ္တည္းလုပ္ႏိုင္တယ္။ ႏွစ္ႀကိမ္၊ သုံးႀကိမ္ခြဲၿပီးေတာ့လည္း လုပ္ႏိုင္တယ္။ ဒါအမ်ိဳးသား လႊတ္ ေတာ္တစ္ခုတည္းကို စဥ္းစားထားတာ။ တည္ၿငိမ္တဲ့တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကို ပထမလုပ္မယ္။ တခ်ိဳ႕တစ္ဝက္ တည္ၿငိမ္တဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကို ဒုတိယလုပ္မယ္။ အလြန္တရာ ဆိုး႐ြားၿပီး ေတာ့ မတည္ၿငိမ္ေသးတဲ့ျပည္နယ္ေတြကို ေနာက္မွလုပ္မယ္ေပါ့ဗ်ာ။ သတ္မွတ္ခ်က္ကာလရဲ႕ ေနာက္ဆုံး အခ်ိန္မွာလုပ္မွာေပါ့။ အဲဒီလိုလုပ္တဲ့ ကာလမ်ိဳးမွာ အဲဒီမွာမဲပုံးေထာင္ႏိုင္တဲ့ေနရာမွာ ေထာင္သလို တျခားျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာ ေရာက္တဲ့သူေတြအတြက္ပါ တစ္ၿပိဳင္တည္း လုပ္တာမ်ိဳးေပါ့ ဗ်ာ။ အဲဒါဆိုရင္ အမ်ိဳးသားလႊတ္ေတာ္ အတြက္ေပါ့ေလ။ အခုေလာက္ဆိုရင္ မဲစာရင္းလည္း ရေလာက္ မွာပါ။ ဘယ္ေဒသကလူေတြ ဘယ္ၿမိဳ႕နယ္၊ ဘယ္ၿမိဳ႕ေတြကိုေရာက္ေနတယ္ဆိုတာ။ ဒီေတာ့ အဲဒီလူထုရဲ႕ မဲေပးပိုင္ခြင့္ကို တိုက္႐ိုက္ရႏိုင္ေအာင္ မဲပုံးေထာင္ေပးဖို႔လိုမယ္။ အဲဒီလူေတြကို သူတို႔ေရာက္ေနတဲ့ေဒသ က လူေတြရဲ႕ မဲေပးပိုင္ခြင့္နဲ႔ မေရာယွက္ရေအာင္ မဲေပးတဲ့ရက္ကို ျခားေပးတာမ်ိဳးလုပ္ဖို႔လိုတာေပါ့။ ဒီ ေတာ့ ဘယ္လိုစနစ္နဲ႔ လုပ္မလဲဆိုတာက အေရးႀကီးတာေပါ့။ ၿပီးေတာ့ နစကသည္ တိုင္းေဒသႀကီး၊ ျပည္ နယ္တစ္ခုကို မဲဆႏၵနယ္ဘယ္လိုသတ္မွတ္ မလဲဆိုတာ အေရးႀကီးတာေပါ့။ ဒီေတာ့ ျပည္နယ္ျပင္ပ ေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြအတြက္ပါ မဲပုံး ေထာင္ၿပီးလုပ္ေပးခဲ့မယ္ဆိုရင္ ႏိုင္ငံေရးအားျဖင့္ အေျခ ခံ ဥပေဒအရ နစကသည္ ေ႐ြးေကာက္ပြဲကိုလူထုအတြက္ ေ႐ြးေကာက္ခံအမတ္ေတြကို ေ႐ြးေပးႏိုင္မွာ ေပါ့ဗ်ာ။ အဲဒီေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြက နယ္ေျမေတြကို ဘယ္လိုပင္ထိန္းခ်ဳပ္ ထားေသာ္ လည္းပဲ အေျခခံဥပေဒအရ ႏိုင္ငံေရးအားျဖင့္ ထိန္းခ်ဳပ္မႈကို နစကသည္ရသြားမွာေပါ့။ ဒီေတာ့ (၂၆၇)ၿမိဳ႕ နယ္မွာ ျပည္သူ႔လႊတ္ေတာ္ကို ေ႐ြးေကာက္ပြဲကို PR စနစ္နဲ႔လုပ္ရင္ေတာ့ ျပႆနာ မဟုတ္ဘူး။ မဲဆႏၵ နယ္က ႀကီးတာကိုး။ တကယ္လို႔ မ်ား FPTP နဲ႔သြားမယ္ဆိုရင္ ျပည္သူ႔လႊတ္ေတာ္ အမတ္က သတ္မွတ္ ခ်က္အတိုင္းရႏိုင္မွာ မဟုတ္ေတာ့ဘူး။ နစကလက္ေအာက္က ၿမိဳ႕ေတြမွာပဲ ရႏိုင္လိမ့္မယ္။ သို႔မဟုတ္ စစ္ေဘးဒုကၡသည္ေတြကို သူ႔ၿမိဳ႕နယ္သားေတြအလိုက္ဆိုၿပီး လုပ္ေကာင္း လုပ္လို႔ရတယ္။ ဒါေပမဲ့ နည္း နည္းေလး ခက္ခဲတာေပါ့ ဗ်ာ။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲဥပေဒရဲ႕တိက်တဲ့သတ္မွတ္ခ်က္ေတြကို ျမင္ရသိ ရၾကားရေတာ့မွပဲ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး တိတိက်က်သုံးသပ္ႏိုင္ မယ္လို႔ထင္ပါတယ္။ ေ႐ြး ေကာက္ပြဲအတြက္ ႀကဳံရတဲ့ အခက္အခဲနဲ႔ စိန္ေခၚမႈေတြကို ေျပာရမယ္ဆိုရင္ ပထမတစ္ခ်က္က ျပည္မ ၿပိဳကြဲေတာ့ လက္နက္ကိုင္ အင္အားစုေတြ ေတာ္ေတာ္လည္းမင္းမူလာတာေပါ့။ လက္နက္ကိုင္အင္အားစု ေတြ သူတစ္လူ၊ ငါတစ္မင္း မင္းမူလာၾကတာေပါ့။ ယခင္ရွိၿပီးသားတိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ေပါင္းတဲ့အခါက်ေတာ့ ျပည္တြင္းပဋိပကၡက ႀကီးတာေပါ့ဗ်ာ။ တိုင္းရင္းသားေဒသေတြရဲ႕ ယုံၾကည္မႈက လက္နက္ကိုင္တဲ့နည္းဘက္ကို ေရာက္သြားတာေပါ့။ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲ သုံးႀကိမ္လုပ္ခဲ့တယ္။ လူထုတင္ေျမႇာက္တဲ့ အစိုးရေပၚတယ္။ ဒါေပမဲ့လို႔ ဖက္ဒရယ္ဆိုင္ရာအခြင့္အေရးနဲ႔ ဒီမိုကေရစီအခြင့္ အေရး ကို ေ႐ြးေကာက္ပြဲ ေနာက္ေပၚထြန္းလာတဲ့ အစိုးရေတြက ထိထိေရာက္ေရာက္ မေဆာင္႐ြက္ႏိုင္ ဘူး ဆိုတဲ့အျမင္နဲ႔ လက္နက္ကိုင္ ဘက္ကို အားသန္ကုန္ၾကတာေပါ့။ အထူးသျဖင့္ ေက်းလက္ေဒသက လူေတြေပါ့။ ဒါကေတာ့ ပထမတစ္ခ်က္ အခက္အခဲရွိတာေပါ့။ အခုက စစ္သက္ၾကာလာတဲ့အခါမွာ စစ္ ေဘးဒဏ္ရယ္၊ အသက္အိုး အိမ္စည္း စိမ္ရယ္၊ စစ္ေၾကာင့္ျဖစ္တဲ့ ဒဏ္ရာဒဏ္ခ်က္ ေတြကို လူထုသည္ ေတာ္ေတာ္ေလးကို ၿငီးေငြ႕ ပူပန္လာၾကတာေပါ့။ ဒီေတာ့ အေျပာင္းအလဲႀကီးတစ္ခုကို လိုခ်င္တဲ့ကာလ ႀကီးတစ္ခုကို ေရာက္မွန္းမသိ ေရာက္လာတာေပါ့။ ဒီေတာ့ ေ႐ြးေကာက္ပြဲဆိုတာ ကိုေျပာတဲ့အခါမွာ ေ႐ြး ေကာက္ပြဲဆိုတာသည္ ဒီဒဏ္ရာ ဒဏ္ခ်က္ေတြက ႐ုန္းထြက္ႏိုင္မယ့္ အခြင့္အေရးလားဆိုတာကို ေမွ်ာ္ကိုးတာေပါ့။ ဒီေတာ့ အခုမွပဲ ေရာင္နီေလးေတြရၾကတာေပါ့။ ေ႐ြးေကာက္ပြဲအလြန္ အစိုးရက ဒီျဖစ္စဥ္ေတြက ႐ုန္းထြက္ဖို႔အတြက္ ကူညီ ေပးမွာလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ စရၾကတာေပါ့။ ဒါေပမဲ့ လက္နက္ကိုင္ေတြအားေကာင္းလာေတာ့ ေ႐ြးေကာက္ပြဲကိုဖ်က္မယ့္ ပုဂၢိဳလ္ေတြရဲ႕ရန္ကိုစိုးရိမ္ရေတာ့ ဟိုတုန္းကလိုမ်ိဳး လူထုၾကားမွာ ေပၚေပၚထင္ ထင္ ေ႐ြးေကာက္ပြဲမဲဆြယ္တာေတာ့မလုပ္ႏိုင္ ေတာ့တဲ့ ကာလျဖစ္တာေပါ့။ ႏိုင္ငံေရးပါတီဆိုရင္ လုပ္ႀကံမယ့္သူနဲ႔ တစ္ဖက္က အပုပ္ခ်မယ့္သူနဲ႔ သစၥာေဖာက္ ဆိုၿပီး ပစ္သတ္မယ့္သူနဲ႔၊ ေ႐ြးေကာက္ပြဲ မေအာင္ျမင္ေအာင္လုပ္မယ့္သူေတြနဲ႔ ရင္ဆိုင္ေနရတာေပါ့။ လက္ရွိအက်ပ္အတည္းက ဒါျဖစ္ပါတယ္။ အဲဒါေၾကာင့္ ႏိုင္ငံေရးပါတီေတာ္ေတာ္မ်ားမ်ားသည္ ႏိုင္ငံ ေရးပါတီမွတ္ပုံတင္ျခင္းဥပေဒပါ ေ႐ြးေကာက္ပြဲဝင္ျဖစ္ေအာင္ကို သူတို႔သတ္မွတ္တဲ့စည္းကမ္းအတိုင္း ျပည့္စုံေအာင္ ႀကိဳးစားၿပီးလုပ္ေနရတယ္။
ဦးကိုကိုႀကီး - ဥကၠ႒
(ျပည္သူ႔ပါတီ)
ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ေျပာဖို႔မရွိေသးပါဘူး။ ကြၽန္ေတာ္တို႔ဘက္မွာလည္း ဘာမွ ျပင္ဆင္မႈ မရွိေသးတဲ့အတြက္ေလ။ ေျပာဖို႔ရွိလာတဲ့အခါက်ရင္လည္း ကြၽန္ေတာ္တို႔ ေျပာပါမယ္။
ႏိုင္ငံေရး သုံးသပ္ေလ့လာသူတစ္ဦး
လုပ္ျဖစ္ျခင္းမျဖစ္ျခင္းကေတာ့ လက္ရွိ အစိုးရနဲ႔ UEC မွာတာဝန္အရွိဆုံးလို႔ လူေတြက ေျပာေန ၾကတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ခုတည္းတင္ မဟုတ္ပါဘူး။ က်န္တဲ့ ႏိုင္ငံေရးပါတီေတြ၊ ျပည္သူေတြ ၊ ဇာတ္ သဘင္ေလာကတို႔ ဂီတတို႔ကလည္း လႈံ႕ေဆာ္ရမယ္။ အခုမွမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ (၁၉၆၀) ေ႐ြးေကာက္ ပြဲတုန္းကလည္း ဒီလိုမ်ိဳးပစ္ခတ္တိုက္ ခိုက္တာေတြရွိခဲ့လို႔ တခ်ိဳ႕ေနရာေတြမွာလည္း ေသၾက၊ ေၾကၾက တာေတြလည္းရွိခဲ့ပါတယ္။ မင္းလွ တို႔လိုေနရာမ်ိဳးေတြမွာေပါ့။ (၁၉၆၀) ေလာက္ကေပါ့ေနာ္။ အဲဒီတုန္း က အဲဒီလိုေတြျဖစ္ခဲ့လို႔ အခုအဲဒီ လိုေတြျဖစ္ရမယ္လို႔ မေျပာဘူးေနာ္။ သူတို႔ဘက္က (၂၆၇) ေနရာလုပ္ မယ္လို႔ ေျပာတာကေတာ့ (၂၆၇) ေနရာမွာ မဲ႐ုံလာဖြင့္ၿပီးေတာ့ ဥပေဒ နည္းဥပေဒေတြက အခုအခ်ိန္ထိ မထြက္ေသးေတာ့ မဲ႐ုံတစ္႐ုံမွာ လူတစ္ေယာက္ပဲလာတဲ့အတြက္ ေ႐ြးေကာက္ပြဲ ႀကီးက မျဖစ္ပါဘူးလို႔ သြားေျပာရင္လည္း မ်က္မျမင္ ပုဏၰားေျခာက္ေယာက္ ဆင္စမ္းသလိုပဲ ျဖစ္ေနပါလိမ့္မယ္။ အခုအခ်ိန္ မွာေတာ့ ေျပာဖို႔ ေစာပါေသးတယ္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲကို ျဖစ္ေစခ်င္တယ္ဆိုရင္ေတာ့ အားလုံးက ဝိုင္းဝန္းၿပီးေတာ့ ႀကိဳးပမ္းေဆာင္႐ြက္မွသာလွ်င္ (၂၆၇)ေနရာဆိုတဲ့အရာကို ေက်ာ္လႊား သြားႏိုင္လိမ့္ မယ္လို႔ ျမင္ပါတယ္။ ႏိုင္ငံေရးပါတီေတြအေနနဲ႔ လုံၿခဳံေရးစိုးရိမ္စိတ္နဲ႔ပတ္သက္ၿပီးေျပာရမယ္ဆိုရင္ ပု႐ြက္ဆိတ္ကလည္း ပု႐ြက္ဆိတ္အလုပ္ကို ပု႐ြက္ဆိတ္လုပ္လိမ့္မယ္။ ဆင္ကလည္း ဆင္အလုပ္ ကိုဆင္ လုပ္ရမယ္။ ဆင္ကေတာ့ သူ႔ႏွာေမာင္းကို ပု႐ြက္ဆိတ္လာကိုက္ေနတာကို အေၾကာင္းျပၿပီးေတာ့ ေျပာ ေနလို႔ကေတာ့ မျဖစ္ဘူး။ ကိုယ့္အလုပ္ ကိုယ္လုပ္ရမွာပဲ။ အဲဒီေတာ့ လုပ္ႏိုင္ျခင္း မလုပ္ႏိုင္ျခင္း ကေတာ့ သူတို႔ရဲ႕အရည္အခ်င္းအေပၚပဲ မူတည္ပါ တယ္။ ဒါမ်ိဳးေတြဟာ အခုမွ ျဖစ္ တာ မဟုတ္ပါဘူး။ ျမန္မာ ႏိုင္ငံရဲ႕သမိုင္းေၾကာင္းကို ျပန္ၾကည့္မယ္ဆိုရင္ ေရွးယခင္ကလည္း ျဖစ္ခဲ့တဲ့ျဖစ္စဥ္ေတြ ရွိခဲ့တယ္ဆိုတာ သတိခ်ပ္ဖို႔လိုတယ္လို႔ပဲ ေျပာခ်င္ပါတယ္။
ဦးလွသိန္း
ေျပာေရးဆိုခြင့္ရွိသူ (ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ ၿဖိဳးတိုးတက္ေရးပါတီ)
UEC ကလည္း ေသေသခ်ာခ်ာ ေကာက္ၿပီးေတာ့မွ လုပ္ထားတာျဖစ္တယ္။ ၿပီးေတာ့ UEC က ဘယ္ေတာ့၊ ဘယ္ေတာ့မွာ ဘာလုပ္မယ္၊ မဲဆႏၵ နယ္ ဘယ္ေလာက္ရွိတယ္ဆိုတာကို အတိအက် ထုတ္ ျပန္တဲ့အခ်ိန္က်မွပဲ ကြၽန္ေတာ္တို႔အေနနဲ႔ သုံးသပ္ေျပာဆိုတာ ပိုေကာင္းပါလိမ့္မယ္။ လက္ရွိမွာ UEC က မထုတ္ျပန္ေသးေတာ့ ဘယ္ႏွစ္ၿမိဳ႕နယ္မွာ ဘယ္လိုၿပိဳင္မယ္ဆိုတာကို ေျပာရခက္ပါတယ္။ ထုတ္ ျပန္ လာေတာ့ မွပဲ ပကတိအေျခအေနေပၚမူတည္ၿပီးေတာ့ လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ကိုေတာ့ ႀကိဳတင္ျပင္ဆင္ ထားပါတယ္။ ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ကေတာ့ တစ္ႏိုင္ငံလုံးဝင္ၿပိဳင္မယ္ဆိုၿပီးေတာ့ မွတ္ပုံတင္တဲ့ အခါမွာလည္း ပါထားၿပီးပါၿပီ။ သတ္မွတ္ထားတဲ့အရည္အခ်င္းနဲ႔ ျပည့္စုံတဲ့အတြက္လည္း UEC က မွတ္ပုံ တင္ခြင့္ျပဳထားၿပီးျဖစ္ပါတယ္။ လာမယ့္ ေ႐ြး ေကာက္ပြဲအတြက္လည္း ႀကိဳတင္ျပင္ဆင္ၿပီး ျဖစ္ပါတယ္။ ဒီကာလမွာ ၿငိမ္သက္မႈမရွိတဲ့ေနရာေတြမွာေတာ့ သြားရလာရတာခက္ခဲတာမ်ိဳးေတြေတာ့ ရွိပါတယ္။ သြားလာလို႔ ရတဲ့ေနရာေတြလည္း အမ်ားႀကီး ရွိပါတယ္။ ျဖစ္တဲ့ေနရာေတြမွာ ကိုယ္သြားလာလို႔ရတဲ့ အေျခအေနအရ ကိုယ့္ပါတီဝင္ေတြနဲ႔ ကိုယ္ေတြ႕တာကေတာ့ အခက္အခဲမရွိပါဘူး။ တျခားစိန္ေခၚမႈ ေတြထက္ တခ်ိဳ႕ေနရာေတြမွာ ေသာင္းက်န္းသူေတြေၾကာင့္ပဲ အဓိက အခက္အခဲျဖစ္ရတာပါ။
ဦးတင္ေဆြ - ဒုတိယဥကၠ႒ (ဒီမိုကရက္တစ္ပါတီ )
လာမယ့္ေ႐ြးေကာက္ပြဲမွာ လက္ရွိ UEC ရဲ႕ လ်ာထားခ်က္အတိုင္း (၂၆၇)ေနရာ လုံးက်င္းပႏိုင္ ျခင္း မႏိုင္ျခင္းကိုေျပာရရင္ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ ပထဝီႏိုင္ငံေရးကိုပါတြက္ၿပီး ၾကည့္မွရမယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ အႀကီးအကဲက ေမာ္စကိုမွာ တ႐ုတ္ျပည္အႀကီးအကဲနဲ႔ ေတြ႕တုန္းက တိုင္းျပည္ရဲ႕လက္ရွိျဖစ္ေနတဲ့ လုံၿခဳံေရးကအစ ႏွစ္ႏိုင္ငံကူညီေပးမႈေတြကို ေျပာဆိုခဲ့မွာပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲကိုလည္း တ႐ုတ္ႏိုင္ငံက အသိအမွတ္ျပဳတယ္။ ပံ့ပိုးေပးမယ္လို႔ ေျပာ တဲ့စကားေတြလည္းရွိတယ္ေလ။ မၾကာခင္က ျဖစ္သြားတာအရဆိုရင္ စစ္တိုက္ၿပီးယူရင္ ပ်က္စီးသြား မယ့္ လားရႈိးၿမိဳ႕ႀကီးကို အိမ္နီးခ်င္းႏိုင္ငံတစ္ခုရဲ႕ အကူအညီနဲ႔ျပန္ရခဲ့တယ္ေလ။ တစ္ဖက္အဖြဲ႕ကအိမ္ နီးခ်င္းႏိုင္ငံႀကီးတစ္ခုရဲ႕ဖိအားေၾကာင့္ ဆုတ္ေပးခဲ့ရတာေပါ့ေနာ္။ မထင္မွတ္ဘဲ အဲဒီလိုေတြ ဆုတ္သြားရ တာေပါ့ေနာ္။ အခုလည္း သတင္းေတြမွာၾကားရတာ TNLA ဆိုရင္လည္း နမ့္ခမ္းဘက္ကေန ဆုတ္မယ္ လို႔ သတင္းၾကားတာမ်ိဳးေတြလည္း ရွိတာေပါ့ ေနာ္။ ဒါေတြကို ၾကည့္ျခင္းအားျဖင့္ တ႐ုတ္ကလည္း တစ္ဖက္ကေန ႏိုင္တဲ့ဘက္က ဖိအားေပးေနတာျဖစ္တဲ့အတြက္ တခ်ိဳ႕ကိစၥေတြက အစိုးရကသာ ထုတ္ မေျပာေသးေတာ့ ကြၽန္ေတာ္တို႔ မသိႏိုင္တာေတြရွိေနႏိုင္တာပဲေလ။ တခ်ိဳ႕ေတြက ၿမိဳ႕ေပါင္း (၂၆၇) ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲမျဖစ္ႏိုင္ဘူးလို႔ ယူဆေနၾကေပမယ့္ ကြၽန္ေတာ္ကေတာ့ ျဖစ္ႏိုင္တယ္လို႔ ယူဆ ပါတယ္။ တ႐ုတ္ဖိအားရယ္၊ “ဝ” တို႔လိုအဖြဲ႕အစည္းေတြရဲ႕ ဖိအားေတြရယ္ေၾကာင့္ မၾကာခင္မွာ အ ေျပာင္းအလဲေတြျဖစ္လာမယ္လို႔ ထင္ပါတယ္။ ဒီကာလမွာ ႏိုင္ငံေရးပါတီေတြအေနနဲ႔ အခက္အခဲ ႏွစ္ခုရွိ ပါတယ္။ ႏိုင္ငံေရးပါတီေထာင္တယ္ဆိုတာက ေဘာလုံးအသင္းတစ္သင္းလိုပါပဲ။ တစ္ဖက္ၿပိဳင္ဘက္က ကြၽန္ေတာ္တို႔ရဲ႕ စိန္ေခၚမႈတစ္ခုပါပဲ။ ေနာက္တစ္ခုကေတာ့ လုံၿခဳံေရးစိန္ေခၚမႈပါပဲ။ မၾကာခင္ကပဲ သံ အမတ္ေဟာင္းႀကီးတစ္ဦးကို ပစ္သတ္တာေတြလည္း ျဖစ္ခဲ့တယ္ဆိုေတာ့ ေ႐ြးေကာက္ပြဲၿပီးရင္ အခုလို ၿခိမ္းေျခာက္မႈေတြ ပိုလုပ္လာႏိုင္တယ္လို႔ ျမင္ပါတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ဒီစိန္ေခၚမႈကို အခြင့္ အေရးတစ္ရပ္အေနနဲ႔ကို သုံးရမွာပါ။ စိန္ေခၚမႈ ကိုသာ ကြၽန္ေတာ္တို႔ရင္မဆိုင္ႏိုင္ဘူးဆိုရင္ ေ႐ြးေကာက္ ပြဲက မျဖစ္ေတာ့ဘူးေလ။ သူတို႔ကလည္း ဒါကိုပဲလိုခ်င္ေနၾကတာ။ ဒီစိန္ေခၚမႈကိုအသုံးခ်ၿပီး မၾကာခင္မွာ အေရးေပၚကာလၿပီးဆုံးၿပီးေတာ့ အရပ္သားအစိုးရေပၚလာမယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။
ဦးေအးလြင္
ဥကၠ႒ (ျပည္ေထာင္စုျမန္မာႏိုင္ငံအမ်ိဳးသားႏိုင္ငံေရးပါတီ)
အခုကေတာ့ (၂၆၇)ၿမိဳ႕က လ်ာထားတဲ့ အဆင့္ပဲဆိုေတာ့ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔အတြက္ လုံေလာက္တဲ့ အေျခအေနေကာင္းေတြ၊ အေျခခံေကာင္းေတြ၊ နယ္ေျမစိုးမိုးေရးအေျခအေနေတြနဲ႔ လုံၿခဳံ ေရးအေျခအေနေတြကို စနစ္တက် အားသြန္ခြန္စိုက္လုပ္မယ္ဆိုရင္ေတာ့ ျဖစ္လာႏိုင္တာေပါ့ဗ်ာ။ လက္ ရွိကြၽန္ေတာ္တို႔သြားေနတာက ပါတီစုံ ဒီမိုကေရစီစနစ္ကို သြားေနတာဆိုေတာ့ မီဒီယာေတြအေနနဲ႔ ႏိုင္ငံ ေရးပါတီနဲ႔ လူထုၾကားမွာ ပိုမိုခ်ိတ္ ဆက္ ေပးတာ၊ ေဆာင္႐ြက္ေပးတာေတြလိုသလို UEC ကလည္း ေ႐ြး ေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့ အခင္းအက်င္းလုပ္ငန္းေတြမွာ အခ်ိန္ပိုၿပီးတာ့ ရေအာင္လုပ္ေပး ေစခ်င္တာေပါ့။ ဥပေဒနည္း ဥပေဒေတြကို ေဆာလ်င္စြာထုတ္ေပးတာမ်ိဳးေတြေပါ့။ ႏိုင္ငံေရးပါတီေတြ အေနနဲ႔ ခံဝန္လက္မွတ္ထိုးထားတဲ့ အခ်က္ေျခာက္ခ်က္ရွိပါတယ္။ အဲဒီေျခာက္ခ်က္နဲ႔တင္ လုံေလာက္ေန ပါၿပီ။ အဲဒီေျခာက္ခ်က္ကို လက္ကိုင္ထားၿပီးေတာ့ က်န္တဲ့အခ်က္ေတြကို ေျဖေလွ်ာ့ေပးၿပီးေတာ့ စဥ္းစား ေပးမယ္ဆိုရင္ေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕ ပါတီစုံဒီမိုကေရစီစနစ္ကိုေရာက္ဖို႔အတြက္ အခြင့္အလမ္းေတြ ပိုရွိလာႏိုင္မွာျဖစ္တယ္လို႔ ကြၽန္ေတာ္ကေတာ့ျမင္ပါတယ္။ အခုအေျခအေနကေတာ့ ႏိုင္ငံေရးပါတီေတြ ကို ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒ ေျပာင္းလဲျပင္ဆင္ျပ႒ာန္းတာရယ္၊ ေနာက္ၿပီး နည္းဥပေဒ ေျပာင္းလဲျပင္ဆင္ျပ႒ာန္းတာရယ္၊ အစစေသာအရာေတြကို ေကာ္မရွင္နဲ႔ နစက က ႏိုင္ငံေရးပါတီေတြ အတြက္ လုပ္ေပးခဲ့တာေတြရွိ ပါတယ္။ အဲဒီလုပ္ေပးတဲ့လုပ္ေဆာင္ခ်က္ေတြက တကယ္ေတာ့ လုံ ေလာက္မႈ မရွိေသးပါဘူး။ ဘယ္လို မရွိေသးဘူးလဲဆိုေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ အခု ေငြကိုင္ၿပီးေတာ့ ႐ုံးခန္းဖြင့္မယ့္ေနရာလိုက္ငွားတာ လနဲ႔ခ်ီေနၿပီ။ ေနရာေတြၾကည့္ၿပီးရင္ အိမ္ရွင္နဲ႔ စကားေျပာတိုင္း ပါတီ ႐ုံးဖြင့္ပါမယ္ဆိုတာနဲ႔ အိမ္ရွင္ကမငွား ေတာ့တာေတြနဲ႔ ႀကဳံေနရတယ္။ ဒီေတာ့ဗ်ာ ပါတီ တည္ေဆာက္ ေရးေတာင္ မေရမရာဇေဝဇဝါနဲ႔ေပါ့ဗ်ာ။ ဒီေတာ့ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္မႈဆိုတဲ့အပိုင္းမွာ ဘာျပင္ ဆင္မႈလုပ္မွာလဲဆိုတာကို ေမးစရာ မလိုေလာက္ေအာင္ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြအေနနဲ႔ အခက္ အခဲျဖစ္ေနပါတယ္။ (၁)ကေန (၁၀)ေပးထားခ်က္ေတြမွာ (၁၀)အထိမေရာက္ေတာ့ဘဲ (၁၀)ကေန (၁) ကို ျပန္ေရာက္သြားသလိုပဲ ျဖစ္ျဖစ္ေနတယ္။ ဘာပဲေျပာေျပာ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္က အဲဒီ ေခတ္ကို အေမြခံခဲ့တဲ့ႏိုင္ငံေရး ပါတီေတြလိုမ်ိဳး၊ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊေခတ္မွာ အေမြခံခဲ့တဲ့ ႏိုင္ငံေရး ပါတီ လိုမ်ိဳးက်ေတာ့ သူတို႔မွာ ႐ုံးကိစၥက ကြၽန္ေတာ္တို႔လို ျပႆနာမရွိဘူးေပါ့ဗ်ာ။ ဒီလိုကိစၥအေပၚမွာ မုဒိတာ ပြားႏိုင္ေပမယ့္ တကယ့္တကယ္က်ေတာ့ ဒီအေျခအေနႀကီးနဲ႔ ၿပိဳင္ရတာမ်ိဳးက်ေတာ့ ပြဲမဝင္ခင္ အျပင္မွာကတည္းက တရားမွ်တမႈ ဆိတ္သုဥ္းေနၿပီလားလို႔ေတာင္ထင္မိပါတယ္။ ဒါေတာင္ အခု နစက ေခတ္မွာ စိန္ေခၚမႈေတြကို လက္ နက္ကိုင္လမ္းစဥ္နဲ႔လုပ္ေနၾကတဲ့ လူေတြဘက္က ႐ိုက္ခတ္လာမယ့္ ႐ိုက္ခတ္မႈေတြမပါေသးဘူးေနာ္။ ဟိုဘက္က ႐ိုက္ခတ္မႈေတြသာပါလာခဲ့ရင္ေတာ့ ႏိုင္ငံေရးပါတီေတြက ဆန္ေကာထဲက ဆီးျဖဴသီး အဆင့္ထက္ကို ပိုလိမ့္မယ္လို႔ ထင္ပါတယ္။