စိုးရိမ်ဖွယ် ခရီးတို (သို့မဟုတ်) ချောက် - ပုဂံ ခရီး

 501

သုတကျော် (NP News) - ဇွန် ၁၇

ဧရာဝတီမြစ်ဘေးအတိုင်း ဖောက်လုပ်ထားသော မြန်မာနိုင်ငံအလယ်ပိုင်းမှ လမ်းတစ်လမ်းသည် ယခုအခါ အထီးကျန်စပြုနေပြီဖြစ်သည်။ ဖြတ်လမ်းတစ်ခုသဖွယ်ရှိခဲ့သော ယင်းလမ်းသည် ယခုတော့ မူရင်းရည်ရွယ်ချက်မှ သွေဖည်ကာ သွားလာသူအပေါင်းကို ဘေးကြုံစေမည့် လမ်းတစ်လမ်းအဖြစ် အသွင်ကူးပြောင်းနေကြောင်း မျက်မြင်တွေ့ကြရလေသည်။

ယင်းလမ်းကား ချောက်မြို့နှင့် ပုဂံမြို့ကို ဆက်သွယ်ထားရာ ချောက် - စဉ့်ကူး - ပုဂံလမ်း ဖြစ် သည်။ လမ်းပိုင်းက (၁၉)မိုင်နီးပါးခန့်ရှည်ပြီး (၅၁) မိနစ်ခန့် ကြာသောခရီးဖြစ်သည်။ လမ်းက တိုသော် လည်း မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးကို ဖြတ်သန်းရာ လမ်းတစ်လမ်း ဖြစ်ပြီး ကုန် စည်သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးအတွက် အလွန်ပင် အသုံးဝင်သော လမ်းဖြစ်ခဲ့သည်။

ပုဂံမြို့အကြောင်းကိုကား အထူးပင်ပြောရန်မလို တော့ပါ။ စေတီ၊ ဘုရား၊ ပုထိုးများစွာဖြင့် ကမ္ဘာအထိ ကျော်ကြားသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်၏။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများစွာ မျက်စိ ကျ သည့် မြို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ် ဖြစ်သည်။

ချောက်မြို့သည်လည်း ရေနံကြောင့် ကျော်ကြားသော မြို့ဖြစ်သည်။ မြန်မာ့သမိုင်းတွင် ထင်ရှား သော (၁၃၀ဝ)ပြည့် အရေးတော်ပုံ ရေနံမြေသပိတ် စတင်ခဲ့သော မြို့ဖြစ်ပြီး အလုပ်သမားခေါင်းဆောင် သခင်ဘိုးလှကြီးမှာ ထင်ရှားခဲ့သည်။ ရေနံမြေ လုပ်သားများ တစ်စတစ်စ အခြေချရာမှ မြို့ကြီးဖြစ်လာ သော ချောက်သည် ယခုအထိအရေးပါသော မြို့တစ်မြို့ ဖြစ်ကြောင်းကိုကား ငြင်းမရပေ။

ပုဂံနှင့် ချောက်မြို့တည်ရှိရာ ဒေသတစ်ဝိုက်ကို မြေပုံတွင်ကြည့်ပါက အခြားမြို့များနှင့် အတူ ယင်းမြို့များကို ဆက်သွယ်ထားရာ လမ်းကွန်ရက်သည်လည်း ကောင်းစွာ ဖွံ့ဖြိုးကြောင်းတွေ့ရပေမည်။ ယင်းက ပြည်သူလူထုတို့၏ဘဝများအတွက် အရေးကြီးရာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကြောင်း လက္ခဏာပင် ဖြစ်သည်။

ချောက်မြို့၊ ပုဂံမြို့ အပါအဝင် နတ်မောက် မြို့၊ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့၊ ပခုက္ကူမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့ စသည်ဖြင့် မြို့များစွာတို့သည် ချိတ်ဆက်ထားသော လမ်းများအတိုင်း ကုန်သွယ်ခဲ့ကြသည်။ ကူးသန်းသွားလာခဲ့ကြသည်။ လမ်းဆိုသောအသီးအပွင့်၏အရသာကို ပြည်သူတို့ ကောင်းစွာ ခံစား၊ စံစားခဲ့ကြရသည်။

သို့သော် ယင်းကောင်းခြင်းများကို စစ်ဆိုသောအရာက အဆိုးများအဖြစ် ပြောင်းလဲစေကြောင်း ကို တစ်စစ တွေ့မြင်ခဲ့ကြရသည်။ ချောက်မြို့မှ (၃) နာရီခန့်သာ ကားမောင်းသွားရမည့် အကွာအဝေး တွင်ရှိသော နတ်မောက်မြို့နယ်တွင် NP News ၏ သတင်းရင်းမြစ်တစ်ဦးသည် အသက်ဘေး မှ ပွတ်ကာ သီကာ လွတ်သွားခဲ့ဖူး၏။

“ကျွန်တော့်ကို အစိုးရဝန်ထမ်းမှန်း သိတော့ ဖမ်းမယ်ဆိုပြီးစစ်တာ။ နတ်မောက်မြို့နယ်ထဲမှာ ပေါ့။ ကျွန်တော့် ကားကိုတားထားပြီး တစ်နေရာခေါ်သွားမယ်ဆိုပြီးလုပ်တာ။ အဲဒီအချိန်မှာပဲ နောက်က ကုန်ကားတစ်စီးလာတော့ ပိုက်ဆံရမယ့် ကုန်ကား ကို PDF တွေက အာရုံစိုက်တုန်း မောင်းပြေးလာခဲ့ တာ။ သူတို့ခေါ်တာလိုက်ရင် သေမလား ဘာလား လည်းမသိဘူး”ဟု ယင်းက ဆိုသည်။

ယင်းကား အဆိုပါဒေသမှ နေရာအချို့တွင် ဖြစ်ပေါ်နေသော အခြေအနေဖြစ်သည်။ နာမည် ကျော် စီးပွား၊ ကူးသန်းလမ်းမတစ်ခုဖြစ်သော ကျောက်ပန်းတောင်း - မြင်းခြံ လမ်းသည်လည်း သွားလာ ရန် မသင့်သေးသောလမ်းပိုင်းတစ်ခု ဖြစ် လာခဲ့၏။ ယင်းနောက်တွင်ကား ချောက် - ပုဂံ လမ်းပိုင်းသည် အတိုဆုံးလမ်း တစ်လမ်းဖြစ်သော်လည်း သွားလာရန်မသင့်သော လမ်းစာရင်းဝင်လာခဲ့သည်။

အဆိုပါ လမ်းပိုင်းတွင်ရှိသော PDF တို့ကား တပ်မတော်နှင့် စိန်ပြေးတမ်းလိုက်သကဲ့သို့ ရှိသည်။ စစ်ကြောင်းထိုးလျှင် ဒရောသောပါး ပြေး သည်။ ထို့နောက် ရွာများသို့ ပြန်ဝင်သည်။ ကျေး လက်နေ ပြည်သူများထံမှ ဆက်ကြေးသဖွယ် ပိုက်ဆံ တောင်းယူကာ အဖျက်အမှောက် လုပ်ငန်းများကို ဆက်လုပ်ကြပြန်၏။ ပြီးလျှင် လမ်းပေါ်သို့လည်း တက်တတ်သေးသည်။

“မြစ်နဲ့အပြိုင်ဖောက်ထားတာ လမ်း ကလေ။ ဒီဘက်က စစ်ကြောင်းထိုးလိုက်ပြီဆိုတာနဲ့ မြစ်ထဲ ဆင်းသွားတာ။ အဲဒီလမ်းကတော့ ဆိုးတာပေါ့” ဟု အခြား သတင်းရင်းမြစ် တစ်ဦးက ချောက် - ပုဂံ လမ်း ပိုင်းအခြေအနေကို ရှင်းပြသည်။

အဆိုပါ လမ်းပိုင်းတွင် PDF များ အနေဖြင့် ဂိတ်ဖွင့်နိုင်ခြင်း မရှိသော်လည်း ယင်းလမ်းပိုင်း၏ အ ခြေအနေက ကောင်းမွန်သည်ဟု မဆိုနိုင်ပါ။ ရင်တထိတ်ထိတ်ဖြင့် သွားရပြီး မှန်းဆမရနိုင်သော လမ်း ပိုင်းဖြစ်သည်။ ထို့ပြင် ယင်းလမ်းပိုင်းတွင် လောလောလတ်လတ် အစုလိုက်အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားထား၏။

ပြီးခဲ့သော ဇွန်လ(၁)ရက်က ဂန့်ဂါရွာ ဓမ္မာရုံတွင် ပဋ္ဌာန်းပွဲကျင်းပရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ အစည်းအဝေးလုပ်နေစဉ် PDF အဖွဲ့က ပစ်ခတ်သောကြောင့် လူ (၇) ဦး သေဆုံးခဲ့ရသည်။ ယင်း ဂန့်ဂါရွာဆိုသည်ကား ချောက် - ပုဂံ လမ်းပိုင်းပေါ်တွင် တည်တည့်ကြီး တည်ရှိနေခြင်း ဖြစ်သည်။
“အဲဒီလမ်းပေါ်မှာပဲ ဂန့်ဂါရွာကရှိတာ။ တကယ်တော့ မဆိုင်တဲ့သူတွေကိုပါ ပစ်တာ။ သူတို့ထိပ် တိုက်ဆိုလို့ အုပ်ချုပ်ရေးမှူးပဲပါတာ။ ကျန်တာကိုပါ အကုန်ပစ်တာ” ဟု ယင်းက ဆိုသည်။ ထို့ပြင် ပြည်ပ ရောက်မီဒီယာများထက်တွင် သတင်းများ မွစာကြဲအောင်တက်ခဲ့သော တပ်မတော်မှ ဗိုလ်ကြီး (၂)ဦးကို ခရီးသွားစဉ် ဖမ်းဆီးသည်ဟု PDF များဘက်က ပြောကြားခဲ့သည့်လမ်းပိုင်းမှာ စင်စစ်အားဖြင့် ချောက် - ပုဂံလမ်းပိုင်းပင် ဖြစ်သည်။

ယင်းလမ်းသည် အကွာအဝေးတိုတိုဖြင့် လိုရာခရီးကို အရောက်သွားနိုင်စေရန် ဖန်တီးထား ကြောင်း ဆောင်းပါးအစတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် PDF တို့လုပ်ရပ်ကြောင့် နယ်မြေမငြိမ် သက်သောအခါ ပြည်သူများမသွားလာရဲသည့်အတွက် အများစုမှာ လုံခြုံရေးအရ ကွေ့ပတ်သွားလာရ သော ကိန်းဆိုက်သွားလေတော့၏။ ကုန်ကားသမားများအနေဖြင့်လည်း ယင်းလမ်းပိုင်းကို အသုံးပြုရန် မဝံ့ပေ။ သွားလာနေရင်း မတော်တဆ PDF တို့ကို တွေ့ပါက ကားကိုတားပြီး စစ်ဆေးသည်ဆိုကာ သိမ်း ယူသွားလျှင် ငွေမတန်တဆဖြင့် ပြန်ရွေးရမည်ကို မလိုလားကြခြင်း ဖြစ်သည်။

လမ်းပေါ်တက်ရောက်ခြင်းများကို ယင်း လမ်းပိုင်းတွင် PDF များက မကြာခဏ ပြုလုပ်လေ့ရှိ သော်လည်း အွန်လိုင်းပေါ် သတင်းအဖြစ်တက်လာသည့်ဖြစ်စဉ်မှာ နည်းပါးသည်။ ရှောင်တခင် စစ်ဆေး လိုခြင်းလော သို့မဟုတ် ငွေရလိုသည့်အတွက် အမိဖမ်းရန် ကြံခြင်းလောဆိုသည်ကိုမူ ယင်း PDF အဖွဲ့ များသာ သိပေလိမ့်မည်။

ပြည်သူများအနေဖြင့် အသုံးပြုရင်းဖြင့် ပါးနပ်သွားကြသောအခါ ယင်းလမ်းပိုင်းကို ရှောင်လာ ကြခြင်းဖြစ်သည်။ ထီထိုးသကဲ့သို့ PDF များကို လမ်းပေါ်တွင် တွေ့၊ မတွေ့ အာမ မခံနိုင်သောအခါ ကံကို ယုံပြီး ဆူးပုံ မနင်းကြတော့ဘဲ ကွေ့ပတ်သွားလာခြင်းဖြင့်သာ အခက်အခဲကို ဖြေရှင်းကြတော့သည်။ ချောက်နှင့်ပုဂံ ကူးသန်းသွားလာလိုသူအတွက် အထူးအထွေ စွန့်စားခြင်း မပြုလိုကြတော့ပေ။

“ချောက် - ဂွေးချို- ကျောက်ပန်းတောင်း ပြီးတော့ ပုဂံ ၊ ညောင်ဦးဘက် ပြန်ပတ်တာပေါ့။ မိုင် (၅၀) လောက် ပြန်ပတ်ရတာ” ဟု ၎င်းကဆိုသည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများသာ ရွာချင်း ကူးသန်းသွားလာရန် ယင်းလမ်းပိုင်းကို အသုံးပြုကြတော့သည်။ သို့သော် ပုံမှန်အခြေအနေအားဖြင့် ကျေး ရွာချင်းဆက် လမ်းများကိုသာ အများဆုံး အသုံး ပြုသည်။ ရွာချင်း အခိုင်အမာချိတ်ဆက်ထားသော လမ်း မရှိလျှင် သွားပါများ၍ လမ်းဖြစ်နေသော လမ်းကြောင်းအတိုင်းသွားသည်။

ထို့ပြင် ယင်းဒေသတွင် ပြည်သူများ မျက်စိပိတ် နားပိတ်ဖြစ်စေရန် ဆက်သွယ်ရေး အော်ပရော တာ များ၏ကားများကို လမ်းတွင်ဖြတ်ကာ တားပြီး PDF တို့က ယူဆောင်ခြင်းများရှိသည်။ ခံရသည်ကား ပြည်သူများသာ ဖြစ်၏။ ဆက်သွယ်ရေး အဆင်မပြေသောကြောင့် ပြည်သူ၏ အခက်အခဲများကို ပြန် လည်မျှဝေနိုင်စွမ်း ကျဆင်းလာသည်။ အဆိုပါ ဒေသနေ ပြည်သူများကား တဖြည်းဖြည်းဖြင့် အမှောင်ထု အတွင်း တိုးဝင်နေရသူများသဖွယ် ဖြစ်နေ၏။

“နောက်ထပ် ဒီဘက်မှာ တစ်ခုက ဆက်သွယ်ရေးတာဝါတိုင်ကားတွေကို ယူတာပေါ့။ Mytel လို့ ခေါင်းစဉ်တပ်ပြီး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လုတဲ့သဘောမျိုးဖြစ်တော့ တာဝါတိုင်တွေ ဆီတွေ လိုက်မ ထည့်တဲ့အခါ ဖုန်းလိုင်းတွေ အခြေအနေမကောင်း ဘူးဖြစ်တယ်” ဟု ၎င်းက နယ်မြေအခြေအနေကို ရှင်း ပြသည်။

ယင်းဒေသ၏ အခြေအနေမှာ မြန်မာနိုင်ငံမှ လက်နက်ကိုင်များကြီးစိုးရာဒေသများကို ကိုယ်စား ပြုကာ ဥပမာပေးနိုင်သော အဖြစ်အပျက်များလည်း ရှိနေသည်။ နိုင်ငံရေး အရောင်အသွေးအရ နီသည် ဖြစ်စေ၊ စိမ်းသည် ဖြစ်စေ PDF များရှိရာ ဒေသတွင် အားလုံးမှာ အတူတူသာဖြစ်သည်။ နိုင်ငံရေးအယူ အဆ မတူသူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းများရှိသကဲ့သို့ နိုင်ငံရေး အမြင်တူသည့် သာမန် ပြည်သူများမှာလည်း ဖိနှိပ်မှုကို ခံရသည်သာ။

“ခက်ခဲတာမှ အများကြီးပဲ။ အနီထောက်ခံသူပဲ ဖြစ်ဖြစ်၊ အစိမ်းထောက်ခံသူပဲဖြစ်ဖြစ် ကြောက် လာတာပေါ့နော်။ ဒါကတော့ ဘယ်ပါတီထောက်ခံ တယ်ဆိုတာ လာမပြောနဲ့ ကြောက်စရာဆိုတာကို လူတိုင်းက သိနေတယ်။ ကားတွေ့လို့ ကားကောင်းတာဆို ယူသွားတယ်။ ဒါကို ပြောရဲလား မေးကြည့် လိုက် ကျွန်တော်လည်းမပြောရဲဘူး။ အဲဒီလို ဖြစ်နေတာ” ဟု အခြား ချောက်မြို့နယ် မှ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

ချောက်မြို့နယ်နှင့် အနီးတစ်ဝိုက်မှ အချို့ မြို့နယ်များတွင် PDF များကြောင့် အသက်ဘေး စိုးရိမ်ရခြင်းနှင့် ငွေညှစ်ခြင်းများကြောင့် သူဌေးများက နေရပ်စွန့်ခွာခြင်းများရှိလာနေသည်။ ချောက် တွင်ကား ယင်းအခြေအနေကို မရောက်သေးသော်လည်း ခြိမ်းခြောက်မှုများ ရင်ဆိုင်နေကြရ၏။

“တစ်ခုရှိတာက ကြားအဖွဲ့တွေက ဖုန်းတွေနဲ့ လှမ်းလှမ်းဆက်ပြီး ပိုက်ဆံတောင်းတယ်။ ဥပမာ ပေါ့ဗျာ။ ဖေ့စ်ဘွတ်ခ်မှာ လုပ်ငန်း ဖုန်းနံပါတ်ကို ရှာပြီး ပိုက်ဆံပေးရင် ပေး၊ မပေးရင် ဗုံးခွဲပစ်မယ်၊ ငါတို့ တော်လှန်ရေးအတွက် လှူဘာညာ အဲဒီလိုတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီကောင်တွေကလည်း PDF တွေက သူတို့လူမဟုတ်ဘူး ပြောတယ်။ ကြားက လိုလို ဘာလိုလို လုပ်တယ် ဒါပေမဲ့ PDF တွေပါတယ်” ဟု ၎င်း က အတိအကျ ပြောသည်။

zawgyi version
စိုးရိမ္ဖြယ္ ခရီးတို (သို႔မဟုတ္) ေခ်ာက္ - ပုဂံ ခရီး
သုတေက်ာ္ (NP News) - ဇြန္ ၁၇

ဧရာဝတီျမစ္ေဘးအတိုင္း ေဖာက္လုပ္ထားေသာ ျမန္မာႏိုင္ငံအလယ္ပိုင္းမွ လမ္းတစ္လမ္းသည္ ယခုအခါ အထီးက်န္စျပဳေနၿပီျဖစ္သည္။ ျဖတ္လမ္းတစ္ခုသဖြယ္ရွိခဲ့ေသာ ယင္းလမ္းသည္ ယခုေတာ့ မူရင္းရည္႐ြယ္ခ်က္မွ ေသြဖည္ကာ သြားလာသူအေပါင္းကို ေဘးႀကဳံေစမည့္ လမ္းတစ္လမ္းအျဖစ္ အသြင္ကူးေျပာင္းေနေၾကာင္း မ်က္ျမင္ေတြ႕ၾကရေလသည္။

ယင္းလမ္းကား ေခ်ာက္ၿမိဳ႕ႏွင့္ ပုဂံၿမိဳ႕ကို ဆက္သြယ္ထားရာ ေခ်ာက္ - စဥ့္ကူး - ပုဂံလမ္း ျဖစ္ သည္။ လမ္းပိုင္းက (၁၉)မိုင္နီးပါးခန႔္ရွည္ၿပီး (၅၁) မိနစ္ခန႔္ ၾကာေသာခရီးျဖစ္သည္။ လမ္းက တိုေသာ္ လည္း မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးကို ျဖတ္သန္းရာ လမ္းတစ္လမ္း ျဖစ္ၿပီး ကုန္ စည္သယ္ယူပို႔ေဆာင္ေရးႏွင့္ သြားလာေရးအတြက္ အလြန္ပင္ အသုံးဝင္ေသာ လမ္းျဖစ္ခဲ့သည္။

ပုဂံၿမိဳ႕အေၾကာင္းကိုကား အထူးပင္ေျပာရန္မလို ေတာ့ပါ။ ေစတီ၊ ဘုရား၊ ပုထိုးမ်ားစြာျဖင့္ ကမာၻအထိ ေက်ာ္ၾကားေသာ ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္၏။ ထို႔ျပင္ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ားစြာ မ်က္စိ က် သည့္ ၿမိဳ႕ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ႏွလုံးသည္းပြတ္ ျဖစ္သည္။

ေခ်ာက္ၿမိဳ႕သည္လည္း ေရနံေၾကာင့္ ေက်ာ္ၾကားေသာ ၿမိဳ႕ျဖစ္သည္။ ျမန္မာ့သမိုင္းတြင္ ထင္ရွား ေသာ (၁၃၀ဝ)ျပည့္ အေရးေတာ္ပုံ ေရနံေျမသပိတ္ စတင္ခဲ့ေသာ ၿမိဳ႕ျဖစ္ၿပီး အလုပ္သမားေခါင္းေဆာင္ သခင္ဘိုးလွႀကီးမွာ ထင္ရွားခဲ့သည္။ ေရနံေျမ လုပ္သားမ်ား တစ္စတစ္စ အေျခခ်ရာမွ ၿမိဳ႕ႀကီးျဖစ္လာ ေသာ ေခ်ာက္သည္ ယခုအထိအေရးပါေသာ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေၾကာင္းကိုကား ျငင္းမရေပ။

ပုဂံႏွင့္ ေခ်ာက္ၿမိဳ႕တည္ရွိရာ ေဒသတစ္ဝိုက္ကို ေျမပုံတြင္ၾကည့္ပါက အျခားၿမိဳ႕မ်ားႏွင့္ အတူ ယင္းၿမိဳ႕မ်ားကို ဆက္သြယ္ထားရာ လမ္းကြန္ရက္သည္လည္း ေကာင္းစြာ ဖြံ႕ၿဖိဳးေၾကာင္းေတြ႕ရေပမည္။ ယင္းက ျပည္သူလူထုတို႔၏ဘဝမ်ားအတြက္ အေရးႀကီးရာလမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေၾကာင္း လကၡဏာပင္ ျဖစ္သည္။

ေခ်ာက္ၿမိဳ႕၊ ပုဂံၿမိဳ႕ အပါအဝင္ နတ္ေမာက္ ၿမိဳ႕၊ ေက်ာက္ပန္းေတာင္းၿမိဳ႕၊ ျမင္းၿခံၿမိဳ႕၊ ပခုကၠဴၿမိဳ႕၊ ေတာင္သာၿမိဳ႕၊ ႏြားထိုးႀကီးၿမိဳ႕ စသည္ျဖင့္ ၿမိဳ႕မ်ားစြာတို႔သည္ ခ်ိတ္ဆက္ထားေသာ လမ္းမ်ားအတိုင္း ကုန္သြယ္ခဲ့ၾကသည္။ ကူးသန္းသြားလာခဲ့ၾကသည္။ လမ္းဆိုေသာအသီးအပြင့္၏အရသာကို ျပည္သူတို႔ ေကာင္းစြာ ခံစား၊ စံစားခဲ့ၾကရသည္။

သို႔ေသာ္ ယင္းေကာင္းျခင္းမ်ားကို စစ္ဆိုေသာအရာက အဆိုးမ်ားအျဖစ္ ေျပာင္းလဲေစေၾကာင္း ကို တစ္စစ ေတြ႕ျမင္ခဲ့ၾကရသည္။ ေခ်ာက္ၿမိဳ႕မွ (၃) နာရီခန႔္သာ ကားေမာင္းသြားရမည့္ အကြာအေဝး တြင္ရွိေသာ နတ္ေမာက္ၿမိဳ႕နယ္တြင္ NP News ၏ သတင္းရင္းျမစ္တစ္ဦးသည္ အသက္ေဘး မွ ပြတ္ကာ သီကာ လြတ္သြားခဲ့ဖူး၏။

“ကြၽန္ေတာ့္ကို အစိုးရဝန္ထမ္းမွန္း သိေတာ့ ဖမ္းမယ္ဆိုၿပီးစစ္တာ။ နတ္ေမာက္ၿမိဳ႕နယ္ထဲမွာ ေပါ့။ ကြၽန္ေတာ့္ ကားကိုတားထားၿပီး တစ္ေနရာေခၚသြားမယ္ဆိုၿပီးလုပ္တာ။ အဲဒီအခ်ိန္မွာပဲ ေနာက္က ကုန္ကားတစ္စီးလာေတာ့ ပိုက္ဆံရမယ့္ ကုန္ကား ကို PDF ေတြက အာ႐ုံစိုက္တုန္း ေမာင္းေျပးလာခဲ့ တာ။ သူတို႔ေခၚတာလိုက္ရင္ ေသမလား ဘာလား လည္းမသိဘူး”ဟု ယင္းက ဆိုသည္။

ယင္းကား အဆိုပါေဒသမွ ေနရာအခ်ိဳ႕တြင္ ျဖစ္ေပၚေနေသာ အေျခအေနျဖစ္သည္။ နာမည္ ေက်ာ္ စီးပြား၊ ကူးသန္းလမ္းမတစ္ခုျဖစ္ေသာ ေက်ာက္ပန္းေတာင္း - ျမင္းၿခံ လမ္းသည္လည္း သြားလာ ရန္ မသင့္ေသးေသာလမ္းပိုင္းတစ္ခု ျဖစ္ လာခဲ့၏။ ယင္းေနာက္တြင္ကား ေခ်ာက္ - ပုဂံ လမ္းပိုင္းသည္ အတိုဆုံးလမ္း တစ္လမ္းျဖစ္ေသာ္လည္း သြားလာရန္မသင့္ေသာ လမ္းစာရင္းဝင္လာခဲ့သည္။

အဆိုပါ လမ္းပိုင္းတြင္ရွိေသာ PDF တို႔ကား တပ္မေတာ္ႏွင့္ စိန္ေျပးတမ္းလိုက္သကဲ့သို႔ ရွိသည္။ စစ္ေၾကာင္းထိုးလွ်င္ ဒေရာေသာပါး ေျပး သည္။ ထို႔ေနာက္ ႐ြာမ်ားသို႔ ျပန္ဝင္သည္။ ေက်း လက္ေန ျပည္သူမ်ားထံမွ ဆက္ေၾကးသဖြယ္ ပိုက္ဆံ ေတာင္းယူကာ အဖ်က္အေမွာက္ လုပ္ငန္းမ်ားကို ဆက္လုပ္ၾကျပန္၏။ ၿပီးလွ်င္ လမ္းေပၚသို႔လည္း တက္တတ္ေသးသည္။

“ျမစ္နဲ႔အၿပိဳင္ေဖာက္ထားတာ လမ္း ကေလ။ ဒီဘက္က စစ္ေၾကာင္းထိုးလိုက္ၿပီဆိုတာနဲ႔ ျမစ္ထဲ ဆင္းသြားတာ။ အဲဒီလမ္းကေတာ့ ဆိုးတာေပါ့” ဟု အျခား သတင္းရင္းျမစ္ တစ္ဦးက ေခ်ာက္ - ပုဂံ လမ္း ပိုင္းအေျခအေနကို ရွင္းျပသည္။

အဆိုပါ လမ္းပိုင္းတြင္ PDF မ်ား အေနျဖင့္ ဂိတ္ဖြင့္ႏိုင္ျခင္း မရွိေသာ္လည္း ယင္းလမ္းပိုင္း၏ အ ေျခအေနက ေကာင္းမြန္သည္ဟု မဆိုႏိုင္ပါ။ ရင္တထိတ္ထိတ္ျဖင့္ သြားရၿပီး မွန္းဆမရႏိုင္ေသာ လမ္း ပိုင္းျဖစ္သည္။ ထို႔ျပင္ ယင္းလမ္းပိုင္းတြင္ ေလာေလာလတ္လတ္ အစုလိုက္အၿပဳံလိုက္ အသတ္ခံရသည့္ ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားထား၏။

ၿပီးခဲ့ေသာ ဇြန္လ(၁)ရက္က ဂန႔္ဂါ႐ြာ ဓမၼာ႐ုံတြင္ ပ႒ာန္းပြဲက်င္းပရန္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္မိရပ္ဖမ်ား အစည္းအေဝးလုပ္ေနစဥ္ PDF အဖြဲ႕က ပစ္ခတ္ေသာေၾကာင့္ လူ (၇) ဦး ေသဆုံးခဲ့ရသည္။ ယင္း ဂန႔္ဂါ႐ြာဆိုသည္ကား ေခ်ာက္ - ပုဂံ လမ္းပိုင္းေပၚတြင္ တည္တည့္ႀကီး တည္ရွိေနျခင္း ျဖစ္သည္။
“အဲဒီလမ္းေပၚမွာပဲ ဂန႔္ဂါ႐ြာကရွိတာ။ တကယ္ေတာ့ မဆိုင္တဲ့သူေတြကိုပါ ပစ္တာ။ သူတို႔ထိပ္ တိုက္ဆိုလို႔ အုပ္ခ်ဳပ္ေရးမႉးပဲပါတာ။ က်န္တာကိုပါ အကုန္ပစ္တာ” ဟု ယင္းက ဆိုသည္။ ထို႔ျပင္ ျပည္ပ ေရာက္မီဒီယာမ်ားထက္တြင္ သတင္းမ်ား မြစာႀကဲေအာင္တက္ခဲ့ေသာ တပ္မေတာ္မွ ဗိုလ္ႀကီး (၂)ဦးကို ခရီးသြားစဥ္ ဖမ္းဆီးသည္ဟု PDF မ်ားဘက္က ေျပာၾကားခဲ့သည့္လမ္းပိုင္းမွာ စင္စစ္အားျဖင့္ ေခ်ာက္ - ပုဂံလမ္းပိုင္းပင္ ျဖစ္သည္။

ယင္းလမ္းသည္ အကြာအေဝးတိုတိုျဖင့္ လိုရာခရီးကို အေရာက္သြားႏိုင္ေစရန္ ဖန္တီးထား ေၾကာင္း ေဆာင္းပါးအစတြင္ ေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္။ သို႔ေသာ္ PDF တို႔လုပ္ရပ္ေၾကာင့္ နယ္ေျမမၿငိမ္ သက္ေသာအခါ ျပည္သူမ်ားမသြားလာရဲသည့္အတြက္ အမ်ားစုမွာ လုံၿခဳံေရးအရ ေကြ႕ပတ္သြားလာရ ေသာ ကိန္းဆိုက္သြားေလေတာ့၏။ ကုန္ကားသမားမ်ားအေနျဖင့္လည္း ယင္းလမ္းပိုင္းကို အသုံးျပဳရန္ မဝံ့ေပ။ သြားလာေနရင္း မေတာ္တဆ PDF တို႔ကို ေတြ႕ပါက ကားကိုတားၿပီး စစ္ေဆးသည္ဆိုကာ သိမ္း ယူသြားလွ်င္ ေငြမတန္တဆျဖင့္ ျပန္ေ႐ြးရမည္ကို မလိုလားၾကျခင္း ျဖစ္သည္။

လမ္းေပၚတက္ေရာက္ျခင္းမ်ားကို ယင္း လမ္းပိုင္းတြင္ PDF မ်ားက မၾကာခဏ ျပဳလုပ္ေလ့ရွိ ေသာ္လည္း အြန္လိုင္းေပၚ သတင္းအျဖစ္တက္လာသည့္ျဖစ္စဥ္မွာ နည္းပါးသည္။ ေရွာင္တခင္ စစ္ေဆး လိုျခင္းေလာ သို႔မဟုတ္ ေငြရလိုသည့္အတြက္ အမိဖမ္းရန္ ႀကံျခင္းေလာဆိုသည္ကိုမူ ယင္း PDF အဖြဲ႕ မ်ားသာ သိေပလိမ့္မည္။

ျပည္သူမ်ားအေနျဖင့္ အသုံးျပဳရင္းျဖင့္ ပါးနပ္သြားၾကေသာအခါ ယင္းလမ္းပိုင္းကို ေရွာင္လာ ၾကျခင္းျဖစ္သည္။ ထီထိုးသကဲ့သို႔ PDF မ်ားကို လမ္းေပၚတြင္ ေတြ႕၊ မေတြ႕ အာမ မခံႏိုင္ေသာအခါ ကံကို ယုံၿပီး ဆူးပုံ မနင္းၾကေတာ့ဘဲ ေကြ႕ပတ္သြားလာျခင္းျဖင့္သာ အခက္အခဲကို ေျဖရွင္းၾကေတာ့သည္။ ေခ်ာက္ႏွင့္ပုဂံ ကူးသန္းသြားလာလိုသူအတြက္ အထူးအေထြ စြန႔္စားျခင္း မျပဳလိုၾကေတာ့ေပ။

“ေခ်ာက္ - ေဂြးခ်ိဳ- ေက်ာက္ပန္းေတာင္း ၿပီးေတာ့ ပုဂံ ၊ ေညာင္ဦးဘက္ ျပန္ပတ္တာေပါ့။ မိုင္ (၅၀) ေလာက္ ျပန္ပတ္ရတာ” ဟု ၎ကဆိုသည္။ ထို႔ေၾကာင့္ ေက်းလက္ေန ျပည္သူမ်ားသာ ႐ြာခ်င္း ကူးသန္းသြားလာရန္ ယင္းလမ္းပိုင္းကို အသုံးျပဳၾကေတာ့သည္။ သို႔ေသာ္ ပုံမွန္အေျခအေနအားျဖင့္ ေက်း ႐ြာခ်င္းဆက္ လမ္းမ်ားကိုသာ အမ်ားဆုံး အသုံး ျပဳသည္။ ႐ြာခ်င္း အခိုင္အမာခ်ိတ္ဆက္ထားေသာ လမ္း မရွိလွ်င္ သြားပါမ်ား၍ လမ္းျဖစ္ေနေသာ လမ္းေၾကာင္းအတိုင္းသြားသည္။

ထို႔ျပင္ ယင္းေဒသတြင္ ျပည္သူမ်ား မ်က္စိပိတ္ နားပိတ္ျဖစ္ေစရန္ ဆက္သြယ္ေရး ေအာ္ပေရာ တာ မ်ား၏ကားမ်ားကို လမ္းတြင္ျဖတ္ကာ တားၿပီး PDF တို႔က ယူေဆာင္ျခင္းမ်ားရွိသည္။ ခံရသည္ကား ျပည္သူမ်ားသာ ျဖစ္၏။ ဆက္သြယ္ေရး အဆင္မေျပေသာေၾကာင့္ ျပည္သူ၏ အခက္အခဲမ်ားကို ျပန္ လည္မွ်ေဝႏိုင္စြမ္း က်ဆင္းလာသည္။ အဆိုပါ ေဒသေန ျပည္သူမ်ားကား တျဖည္းျဖည္းျဖင့္ အေမွာင္ထု အတြင္း တိုးဝင္ေနရသူမ်ားသဖြယ္ ျဖစ္ေန၏။

“ေနာက္ထပ္ ဒီဘက္မွာ တစ္ခုက ဆက္သြယ္ေရးတာဝါတိုင္ကားေတြကို ယူတာေပါ့။ Mytel လို႔ ေခါင္းစဥ္တပ္ၿပီး ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ လုတဲ့သေဘာမ်ိဳးျဖစ္ေတာ့ တာဝါတိုင္ေတြ ဆီေတြ လိုက္မ ထည့္တဲ့အခါ ဖုန္းလိုင္းေတြ အေျခအေနမေကာင္း ဘူးျဖစ္တယ္” ဟု ၎က နယ္ေျမအေျခအေနကို ရွင္း ျပသည္။

ယင္းေဒသ၏ အေျခအေနမွာ ျမန္မာႏိုင္ငံမွ လက္နက္ကိုင္မ်ားႀကီးစိုးရာေဒသမ်ားကို ကိုယ္စား ျပဳကာ ဥပမာေပးႏိုင္ေသာ အျဖစ္အပ်က္မ်ားလည္း ရွိေနသည္။ ႏိုင္ငံေရး အေရာင္အေသြးအရ နီသည္ ျဖစ္ေစ၊ စိမ္းသည္ ျဖစ္ေစ PDF မ်ားရွိရာ ေဒသတြင္ အားလုံးမွာ အတူတူသာျဖစ္သည္။ ႏိုင္ငံေရးအယူ အဆ မတူသူမ်ားကို အေၾကာင္းမဲ့သတ္ျဖတ္ျခင္း၊ ႏွိပ္စက္ျခင္းမ်ားရွိသကဲ့သို႔ ႏိုင္ငံေရး အျမင္တူသည့္ သာမန္ ျပည္သူမ်ားမွာလည္း ဖိႏွိပ္မႈကို ခံရသည္သာ။

“ခက္ခဲတာမွ အမ်ားႀကီးပဲ။ အနီေထာက္ခံသူပဲ ျဖစ္ျဖစ္၊ အစိမ္းေထာက္ခံသူပဲျဖစ္ျဖစ္ ေၾကာက္ လာတာေပါ့ေနာ္။ ဒါကေတာ့ ဘယ္ပါတီေထာက္ခံ တယ္ဆိုတာ လာမေျပာနဲ႔ ေၾကာက္စရာဆိုတာကို လူတိုင္းက သိေနတယ္။ ကားေတြ႕လို႔ ကားေကာင္းတာဆို ယူသြားတယ္။ ဒါကို ေျပာရဲလား ေမးၾကည့္ လိုက္ ကြၽန္ေတာ္လည္းမေျပာရဲဘူး။ အဲဒီလို ျဖစ္ေနတာ” ဟု အျခား ေခ်ာက္ၿမိဳ႕နယ္ မွ သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။

ေခ်ာက္ၿမိဳ႕နယ္ႏွင့္ အနီးတစ္ဝိုက္မွ အခ်ိဳ႕ ၿမိဳ႕နယ္မ်ားတြင္ PDF မ်ားေၾကာင့္ အသက္ေဘး စိုးရိမ္ရျခင္းႏွင့္ ေငြညႇစ္ျခင္းမ်ားေၾကာင့္ သူေဌးမ်ားက ေနရပ္စြန႔္ခြာျခင္းမ်ားရွိလာေနသည္။ ေခ်ာက္ တြင္ကား ယင္းအေျခအေနကို မေရာက္ေသးေသာ္လည္း ၿခိမ္းေျခာက္မႈမ်ား ရင္ဆိုင္ေနၾကရ၏။

“တစ္ခုရွိတာက ၾကားအဖြဲ႕ေတြက ဖုန္းေတြနဲ႔ လွမ္းလွမ္းဆက္ၿပီး ပိုက္ဆံေတာင္းတယ္။ ဥပမာ ေပါ့ဗ်ာ။ ေဖ့စ္ဘြတ္ခ္မွာ လုပ္ငန္း ဖုန္းနံပါတ္ကို ရွာၿပီး ပိုက္ဆံေပးရင္ ေပး၊ မေပးရင္ ဗုံးခြဲပစ္မယ္၊ ငါတို႔ ေတာ္လွန္ေရးအတြက္ လႉဘာညာ အဲဒီလိုေတြ ရွိတယ္။ ဒါေပမဲ့ အဲဒီေကာင္ေတြကလည္း PDF ေတြက သူတို႔လူမဟုတ္ဘူး ေျပာတယ္။ ၾကားက လိုလို ဘာလိုလို လုပ္တယ္ ဒါေပမဲ့ PDF ေတြပါတယ္” ဟု ၎ က အတိအက် ေျပာသည္။

Related news

© 2021. All rights reserved.