တောင်ကိုရီးယားနိုင်ငံရဲ့(၁၄) ဦးမြောက် သမ္မတအဖြစ် တာဝန်ယူမယ့် လီဂျေမြောင်အကြောင်း တစေ့တစောင်း

 271

ဂျန်ဇက် (NP News) - ဇွန် ၁၇

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ် ဒီဇင်ဘာလအတွင်းမှာ သမ္မတဟောင်း ယွန် ဆက်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီး နောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ (၃)ရက်က တစ်ကျော့ပြန်ကျင်းပခဲ့ပါတယ်။

ဇွန်လ (၃) ရက်ကကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွင်း လီဂျေမြောင်ဟာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး တောင်ကိုရီးယားနိုင်ငံရဲ့ (၁၄) ဦးမြောက် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ Democ- ratic Party ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လီဂျေမြောင်ကို (၁၉၆၁) ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်က ဘဝကို ရုန်းကန်ခဲ့ရသူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

လီဂျေမြောင်ရဲ့ ဝင်ငွေနည်းပါးမှုကြောင့် ငယ်စဉ်တုန်းက ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရပြီး ကျောင်းတက်ရာမှာလည်း ကျောင်းပညာသင်စရိတ်နဲ့ တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ မိသားစု စားဝတ် နေရေး အဆင်မပြေတဲ့အတွက် လီဂျေမြောင်ဟာ အသက် (၉) နှစ်အရွယ်မှာ Seongnam မြို့ရှိ စက်ရုံမှာ အလုပ်သမားအဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ အသက် (၉) နှစ်အရွယ်နဲ့ မူလတန်းကျောင်းသားဘဝမှာ စက်ရုံ မှာ အလုပ်လုပ်ရတဲ့အတွက် ခက်ခဲပင်ပန်းမှုတွေဖြစ်ခဲ့ရပြီး ခန္ဒာကိုယ်ထိခိုက်တာတွေ တွေ့ကြုံခဲ့ရကာ လက်ကောက်ဝတ်မှာ ဆိုးရွားတဲ့ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။ ၎င်းဟာ လက်ကောက်ဝတ် မှာ ဆိုးရွားတဲ့ဒဏ်ရာရခဲ့တဲ့အတွက် အလယ်တန်းနဲ့အထက်တန်းကျောင်းကို ဆက်လက် မတက်ရောက် ခဲ့ရဘဲ အလယ်တန်း၊ အထက်တန်းပညာ ရေးစနစ်နဲ့ညီမျှတဲ့ ဒီပလိုမာကျောင်းပညာရေးကိုသာ သင်ယူခဲ့ ရပါတယ်။ အထက်တန်း ဒီပလိုမာကို သင်ယူခဲ့ပြီးနောက် ၎င်းဟာ Daeyang Industry စက်မှုဇုန်မှာ အလုပ်လုပ်ချိန်အတွင်း တခြားသူတွေ ကျောင်းဝတ်စုံနဲ့ ကျောင်းတက်တာကိုတွေ့မြင်ခဲ့ရပြီးနောက် တက္ကသိုလ်တက်လိုတဲ့ဆန္ဒရှိခဲ့ပြီးနောက် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့တဲ့အတွက် (၁၉၈၁) ခုနှစ်က Chung-Ang တက္ကသိုလ်ကိုတက် ရောက်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

လီဂျေမြောင်ဟာ Chung-Ang တက္ကသိုလ်မှာ ဥပဒေဘာသာရပ်နဲ့ ပညာသင်ကြားခဲ့ပြီး (၁၉၈၆) ခုနှစ်မှာ ဥပဒေဘွဲ့ရရှိခဲ့ပါတယ်။ ဥပဒေဘွဲ့ ရရှိခဲ့ပြီးနောက် ရှေ့နေလောကကိုဝင်ရောက်ခဲ့ပြီး Seongnam မြို့မှာ လူ့အခွင့်အရေးနဲ့ လယ်သမား တွေနဲ့ပတ်သက်ပြီး ရှေ့နေလိုက်ပေးတာတွေ စတင်လုပ်ကိုင်ခဲ့ပါ တယ်။ ၎င်းဟာ ဘဝကို ဆင်းရဲစွာ ဖြတ်သန်းခဲ့ရတဲ့အတွက် လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲသူတွေကို ကူညီထောက်ပံ့ပေးဖို့နဲ့ ဩဇာကြီးမားမှုတွေကို ဝေဖန်တိုက်ခိုက်တဲ့ Eokgang Buyak ရဲ့ နိုင်ငံရေး အတွေးအခေါ်ကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ရှေ့နေ စာမေးပွဲကို ဖြေဆိုနိုင်ဖို့ Judicial Research and Training Institute ကို (၂) နှစ်ကြာတက်ရောက်ခဲ့ဖူးသူဖြစ်သလို တောင်ကိုရီးယားသမ္မတဖြစ်သူ Chun Doo-hwan ရဲ့အာဏာရှင်ပုံစံမျိုး အုပ်ချုပ်တာကို ဆန့်ကျင်သူ ဖြစ်ပါတယ်။ ၎င်းဟာ အစိုးရရှေ့နေသို့ မဟုတ် တရားသူကြီးတစ်ဦးဖြစ်လိုခဲ့ပေမယ့် တောင်ကိုရီးယား သမ္မတဟောင်း မွန်ဂျေအင်းရဲ့ သင်ကြားပို့ချမှုတွေနဲ့လမ်းညွှန်မှုတွေကြောင့် လူ့အခွင့်ရေးနဲ့ အလုပ် သမားရှေ့နေအဖြစ် လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ လီဂျေမြောင်ဟာ ရှေ့နေရုံးခန်းဖွင့်လှစ်ပြီးနောက် Incheon ဒေသနဲ့ Gwangju ဒေသတွေမှာ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာပြဿနာတွေ ကိုဖြေ ရှင်းနိုင်အောင် အတိုင်ခံရုံး ဖွင့်လှစ်ဖို့ ရှေ့နေအ ဖွဲ့စည်းတစ်ခုကို ဦးဆောင်ဖွဲ့စည်းခဲ့သူဖြစ်ပါတယ်။ ၎င်း ဟာ (၁၉၉၅) ခုနှစ်မှာ “Seongnam Citizens” Association ကို တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ (၂၀ဝ၅) ခုနှစ်မှာ တောင်ကိုရီး ယား Democratic Party ကို ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး Seongnam မြို့တော်ဝန် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရှုံးခဲ့ပါတယ်။

လီဂျေမြောင်ဟာ (၂၀ဝ၇) ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Chung Dong-young ရဲ့သမ္မတလောင်း ရုံးအဖွဲ့ ဒုတိယအကြီးအကဲအဖြစ်တာဝန်ယူခဲ့ပါတယ်။ (၂၀ဝ၈) ခုနှစ်မှာ ၎င်းဟာ Seongnam Jungwon ဒေသရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခွင့်ရဖို့ အမည်စာရင်းတင်သွင်းခဲ့ပေမယ့် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ လီဂျေမြောင်ဟာ (၂၀ဝ၈) ခုနှစ် ရွေး ကောက်ပွဲပြီးချိန်မှာ ဒီမိုကရက်တစ် ပါတီခေါင်းဆောင်ဖြစ်သူရဲ့တောင်းဆိုချက်အရ ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူအဖြစ်တာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ (၂၀၁၀) ခုနှစ်မှာ Seongnam မြို့ရဲ့မြို့တော်ဝန် ရွေး ကောက်ပွဲကိုတစ်ကျော့ပြန်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး Seongnam မြို့ရဲ့ (၁၉) ဦးမြောက်မြို့တော်ဝန် အဖြစ်တာဝန်ယူခွင့်ရခဲ့ပါတယ်။

လီဂျေမြောင်ဟာ (၂၀၁၄) ခုနှစ်မှာ ထပ်မံကျင်းပတဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း ထပ်မံ အနိုင်ရခဲ့ပြီး Seongnam မြို့ရဲ့ မြို့တော်ဝန်အဖြစ် တစ်ကျော့ပြန်တာဝန်ယူခွင့်ရခဲ့ပါတယ်။ မြို့တော်ဝန် အဖြစ်တာဝန်ယူခဲ့ပြီးနောက် (၂၀၁၈) ခုနှစ်မှာ လီဂျေမြောင်ဟာ Gyeonggi ဒေသအုပ်ချုပ်ရေးမှူး ရွေး ကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး (၂၀၂၁)ခုနှစ်အထိ အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့ပါတယ်။

Gyeonggi ဒေသအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူနေချိန်အတွင်း သမ္မတရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်လိုတဲ့အတွက် ၎င်းဟာ အုပ်ချုပ်ရေးမှူး သက်တမ်းမကုန်ဆုံးခင် (၂၀၂၁)ခုနှစ်မှာ ရာထူးက နုတ် ထွက်ခဲ့တာဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပေမယ့် လီဂျေမြောင်ဟာ (၂၀၂၂) ခုနှစ် ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်မှာ Incheon Gyeyang ဒေသရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ကြိုးပမ်းခဲ့ရာ အနိုင်ရခဲ့ပါတယ်။ လီဂျေမြောင်ဟာ ငယ်စဉ်က ဘဝ ကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသူတစ်ဦးဖြစ်ပေမယ့် ကြိုးစားလိုစိတ်ပြင်းထန်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် (၂၀၂၂) ခုနှစ် ဩဂုတ်လမှာ ဒီမိုကရက်တစ် ပါတီခေါင်းဆောင်တစ်ဦးအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

လီဂျေမြောင်ဟာ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးနောက် နှစ်အနည်းငယ်အကြာ (၂၀ ၂၄) ခုနှစ် ဇန်နဝါရီလ (၂) ရက်မှာ လုပ်ကြံမှုကို ရင်ဆိုင် ခဲ့ရပေမယ့် ကံကောင်းစွာနဲ့ အသက်ရှင်လွတ် မြောက်ခဲ့ပါတယ်။ ဘူဆန်ဒေသ Gadeokdo မြို့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုသွားရောက်ခဲ့ပြီးနောက် လည်ပင်းကို Kim Jin-sung အမည်ရှိသူရဲ့ ဓားနဲ့ လျှပ်တစ်ပြက်အထိုးခံခဲ့ရတာမျိုးဖြစ်ပါတယ်။ လီဂျေ မြောင်ဟာ နိုင်ငံရေးသမားအဖြစ်ဖြတ်သန်းချိန်အ တွင်း စိန်ခေါ်မှုများစွာရင်ဆိုင်ခဲ့ရပြီး တောင်ကိုရီးယား နိုင်ငံမှာ (၂၀၂၄) ခုနှစ် ဒီဇင်ဘာလအတွင်း သမ္မတဟောင်း ယွန်ဆက်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခဲ့ပြီးနောက် လွှတ်တော်ကို စစ်တပ်နဲ့စီးနင်းဖို့ကြိုးပမ်းချိန်မှာ လီဂျေမြောင်က ပြည်သူတွေကို လွှတ်တော်အပြင်ဘက်မှာ ငြိမ်းချမ်းစွာဆန္ဒပြဖို့ အဓိကတောင်းဆိုခဲ့သူဖြစ်ပါတယ်။

လီဂျေမြောင်ဟာ စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခဲ့တဲ့ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ အဓိကတောင်းဆိုခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ လီ ဂျေမြောင်ဟာ သမ္မတရွေးကောက်ပွဲကို သုံးကြိမ် ယှဉ် ပြိုင်ခဲ့ရာ (၂၀၁၇) ခုနှစ်နဲ့ (၂၀၂၂) ခုနှစ်တို့မှာ ရှုံး နိမ့်ခဲ့ပေမယ့် (၂၀၂၅) ခုနှစ် သမ္မတ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ပါတယ်။ လီဂျေမြောင်ဟာ အနေအထိုင် အေးဆေးသူတစ်ဦးဖြစ်သလို စကားနည်းသူတစ်ဦး ဖြစ်တယ်လို့ ဆိုကြပါတယ်။ လီဂျေမြောင်ဟာ သမ္မတ အဖြစ် ဇွန်လ (၄) ရက်မှာ စတင်တာဝန်ယူခဲ့ပြီ ဖြစ်ခဲ့ ပေမယ့် မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးကောင်း မွန်ဖို့အချက်နဲ့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအချက်တွေက အဓိကစိန်ခေါ်မှုဖြစ်လာဖွယ်ရှိနေပါတယ်။ လီဂျေမြောင်က မြောက်ကိုရီးယား နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးရေးလုပ်ဆောင်မယ်လို့ ပြောဆိုခဲ့သလို အခြားတစ်ဖက်မှာလည်း မြောက်ကိုရီး ယားနိုင်ငံရဲ့ ရန်ဘက်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်နိုင်ငံတို့နဲ့ အပြန်အလှန် ဆက်ဆံရေး ကောင်းမွန် အောင် လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။ ၎င်းဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း တရုတ် နိုင်ငံနဲ့လည်း ကောင်းမွန်တဲ့မိတ်ဖက်အဖြစ် တည်ဆောက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ (၁၉၅၃) ခုနှစ်မှာ စစ်ပွဲဖြစ်လာခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ မြောက် ကိုရီးယားကြား သီးခြားနိုင်ငံအဖြစ်ရပ်တည်ခဲ့ကာ နှစ် နိုင်ငံကွဲသွားခဲ့ပြီးနောက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေးက ဆိုးရွားနေခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတတွေဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည် ဆောက်ဖို့၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီး ယား နိုင်ငံကြား ပြန်လည်ပေါင်းစည်းဖို့ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ လက်တွေ့လုပ်ဆောင်နိုင် ခြင်း မရှိသေးဘဲ မြောက်ကိုရီးယားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ သမ္မတအသစ် လီဂျေမြောင်လည်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

zawgyi version
ေတာင္ကိုရီးယားႏိုင္ငံရဲ႕(၁၄) ဦးေျမာက္ သမၼတအျဖစ္ တာဝန္ယူမယ့္ လီေဂ်ေျမာင္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

ေတာင္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလအတြင္းမွာ သမၼတေဟာင္း ယြန္ ဆက္ယိုလ္က စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့မႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံေရးျပႆနာေတြျဖစ္လာခဲ့ၿပီး ေနာက္ သမၼတေ႐ြးေကာက္ပြဲကို ဇြန္လ (၃)ရက္က တစ္ေက်ာ့ျပန္က်င္းပခဲ့ပါတယ္။

ဇြန္လ (၃) ရက္ကက်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲအတြင္း လီေဂ်ေျမာင္ဟာ ၿပိဳင္ဘက္ေတြကို အႏိုင္ယူၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ (၁၄) ဦးေျမာက္ သမၼတအျဖစ္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ Democ- ratic Party ပါတီေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ လီေဂ်ေျမာင္ကို (၁၉၆၁) ခုႏွစ္ ဒီဇင္ဘာလမွာ ေမြးဖြားခဲ့ၿပီး ငယ္စဥ္က ဘဝကို ႐ုန္းကန္ခဲ့ရသူတစ္ဦးျဖစ္တယ္လို႔သိရပါတယ္။

လီေဂ်ေျမာင္ရဲ႕ ဝင္ေငြနည္းပါးမႈေၾကာင့္ ငယ္စဥ္တုန္းက ဘဝကို ခက္ခဲစြာ႐ုန္းကန္ခဲ့ရၿပီး ေက်ာင္းတက္ရာမွာလည္း ေက်ာင္းပညာသင္စရိတ္နဲ႔ တက္ေရာက္ခဲ့ဖူးသူျဖစ္ပါတယ္။ မိသားစု စားဝတ္ ေနေရး အဆင္မေျပတဲ့အတြက္ လီေဂ်ေျမာင္ဟာ အသက္ (၉) ႏွစ္အ႐ြယ္မွာ Seongnam ၿမိဳ႕ရွိ စက္႐ုံမွာ အလုပ္သမားအျဖစ္လုပ္ကိုင္ခဲ့ဖူးပါတယ္။ အသက္ (၉) ႏွစ္အ႐ြယ္နဲ႔ မူလတန္းေက်ာင္းသားဘဝမွာ စက္႐ုံ မွာ အလုပ္လုပ္ရတဲ့အတြက္ ခက္ခဲပင္ပန္းမႈေတြျဖစ္ခဲ့ရၿပီး ခႏၵာကိုယ္ထိခိုက္တာေတြ ေတြ႕ႀကဳံခဲ့ရကာ လက္ေကာက္ဝတ္မွာ ဆိုး႐ြားတဲ့ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔သိရပါတယ္။ ၎ဟာ လက္ေကာက္ဝတ္ မွာ ဆိုး႐ြားတဲ့ဒဏ္ရာရခဲ့တဲ့အတြက္ အလယ္တန္းနဲ႔အထက္တန္းေက်ာင္းကို ဆက္လက္ မတက္ေရာက္ ခဲ့ရဘဲ အလယ္တန္း၊ အထက္တန္းပညာ ေရးစနစ္နဲ႔ညီမွ်တဲ့ ဒီပလိုမာေက်ာင္းပညာေရးကိုသာ သင္ယူခဲ့ ရပါတယ္။ အထက္တန္း ဒီပလိုမာကို သင္ယူခဲ့ၿပီးေနာက္ ၎ဟာ Daeyang Industry စက္မႈဇုန္မွာ အလုပ္လုပ္ခ်ိန္အတြင္း တျခားသူေတြ ေက်ာင္းဝတ္စုံနဲ႔ ေက်ာင္းတက္တာကိုေတြ႕ျမင္ခဲ့ရၿပီးေနာက္ တကၠသိုလ္တက္လိုတဲ့ဆႏၵရွိခဲ့ၿပီးေနာက္ တကၠသိုလ္ဝင္ခြင့္ေျဖဆိုခဲ့ရာ ေအာင္ျမင္ခဲ့တဲ့အတြက္ (၁၉၈၁) ခုႏွစ္က Chung-Ang တကၠသိုလ္ကိုတက္ ေရာက္ခြင့္ရရွိခဲ့တယ္လို႔ သိရပါတယ္။

လီေဂ်ေျမာင္ဟာ Chung-Ang တကၠသိုလ္မွာ ဥပေဒဘာသာရပ္နဲ႔ ပညာသင္ၾကားခဲ့ၿပီး (၁၉၈၆) ခုႏွစ္မွာ ဥပေဒဘြဲ႕ရရွိခဲ့ပါတယ္။ ဥပေဒဘြဲ႕ ရရွိခဲ့ၿပီးေနာက္ ေရွ႕ေနေလာကကိုဝင္ေရာက္ခဲ့ၿပီး Seongnam ၿမိဳ႕မွာ လူ႔အခြင့္အေရးနဲ႔ လယ္သမား ေတြနဲ႔ပတ္သက္ၿပီး ေရွ႕ေနလိုက္ေပးတာေတြ စတင္လုပ္ကိုင္ခဲ့ပါ တယ္။ ၎ဟာ ဘဝကို ဆင္းရဲစြာ ျဖတ္သန္းခဲ့ရတဲ့အတြက္ လူ႔အဖြဲ႕အစည္းအတြင္း ဆင္းရဲသူေတြကို ကူညီေထာက္ပံ့ေပးဖို႔နဲ႔ ဩဇာႀကီးမားမႈေတြကို ေဝဖန္တိုက္ခိုက္တဲ့ Eokgang Buyak ရဲ႕ ႏိုင္ငံေရး အေတြးအေခၚကို ႏွစ္သက္သူတစ္ဦးျဖစ္ပါတယ္။ ၎ဟာ ဥပေဒဘြဲ႕ရရွိခဲ့ၿပီးေနာက္ ေရွ႕ေန စာေမးပြဲကို ေျဖဆိုႏိုင္ဖို႔ Judicial Research and Training Institute ကို (၂) ႏွစ္ၾကာတက္ေရာက္ခဲ့ဖူးသူျဖစ္သလို ေတာင္ကိုရီးယားသမၼတျဖစ္သူ Chun Doo-hwan ရဲ႕အာဏာရွင္ပုံစံမ်ိဳး အုပ္ခ်ဳပ္တာကို ဆန႔္က်င္သူ ျဖစ္ပါတယ္။ ၎ဟာ အစိုးရေရွ႕ေနသို႔ မဟုတ္ တရားသူႀကီးတစ္ဦးျဖစ္လိုခဲ့ေပမယ့္ ေတာင္ကိုရီးယား သမၼတေဟာင္း မြန္ေဂ်အင္းရဲ႕ သင္ၾကားပို႔ခ်မႈေတြနဲ႔လမ္းၫႊန္မႈေတြေၾကာင့္ လူ႔အခြင့္ေရးနဲ႔ အလုပ္ သမားေရွ႕ေနအျဖစ္ လုပ္ကိုင္ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ လီေဂ်ေျမာင္ဟာ ေရွ႕ေန႐ုံးခန္းဖြင့္လွစ္ၿပီးေနာက္ Incheon ေဒသနဲ႔ Gwangju ေဒသေတြမွာ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးရာျပႆနာေတြ ကိုေျဖ ရွင္းႏိုင္ေအာင္ အတိုင္ခံ႐ုံး ဖြင့္လွစ္ဖို႔ ေရွ႕ေနအ ဖြဲ႕စည္းတစ္ခုကို ဦးေဆာင္ဖြဲ႕စည္းခဲ့သူျဖစ္ပါတယ္။ ၎ ဟာ (၁၉၉၅) ခုႏွစ္မွာ “Seongnam Citizens” Association ကို တည္ေထာင္သူအဖြဲ႕ဝင္တစ္ဦးျဖစ္ခဲ့ၿပီး လူထုလႈပ္ရွားမႈေတြမွာ ဦးေဆာင္ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ (၂၀ဝ၅) ခုႏွစ္မွာ ေတာင္ကိုရီး ယား Democratic Party ကို ပါတီဝင္အျဖစ္ ဝင္ေရာက္ခဲ့ၿပီး Seongnam ၿမိဳ႕ေတာ္ဝန္ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ ရႈံးခဲ့ပါတယ္။

လီေဂ်ေျမာင္ဟာ (၂၀ဝ၇) ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲမွာ သမၼတေလာင္းတစ္ဦးျဖစ္တဲ့ Chung Dong-young ရဲ႕သမၼတေလာင္း ႐ုံးအဖြဲ႕ ဒုတိယအႀကီးအကဲအျဖစ္တာဝန္ယူခဲ့ပါတယ္။ (၂၀ဝ၈) ခုႏွစ္မွာ ၎ဟာ Seongnam Jungwon ေဒသရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးအဖြဲ႕ဝင္တစ္ဦးအျဖစ္ ပါဝင္ခြင့္ရဖို႔ အမည္စာရင္းတင္သြင္းခဲ့ေပမယ့္ ယွဥ္ၿပိဳင္ရာမွာ ရႈံးနိမ့္ခဲ့ရပါတယ္။ လီေဂ်ေျမာင္ဟာ (၂၀ဝ၈) ခုႏွစ္ ေ႐ြး ေကာက္ပြဲၿပီးခ်ိန္မွာ ဒီမိုကရက္တစ္ ပါတီေခါင္းေဆာင္ျဖစ္သူရဲ႕ေတာင္းဆိုခ်က္အရ ပါတီရဲ႕ ေျပာေရး ဆိုခြင့္ရွိသူအျဖစ္တာဝန္ယူခဲ့ပါတယ္။ ၎ဟာ (၂၀၁၀) ခုႏွစ္မွာ Seongnam ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္ဝန္ ေ႐ြး ေကာက္ပြဲကိုတစ္ေက်ာ့ျပန္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ၿပီး Seongnam ၿမိဳ႕ရဲ႕ (၁၉) ဦးေျမာက္ၿမိဳ႕ေတာ္ဝန္ အျဖစ္တာဝန္ယူခြင့္ရခဲ့ပါတယ္။

လီေဂ်ေျမာင္ဟာ (၂၀၁၄) ခုႏွစ္မွာ ထပ္မံက်င္းပတဲ့ ၿမိဳ႕ေတာ္ဝန္ေ႐ြးေကာက္ပြဲမွာလည္း ထပ္မံ အႏိုင္ရခဲ့ၿပီး Seongnam ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္အျဖစ္ တစ္ေက်ာ့ျပန္တာဝန္ယူခြင့္ရခဲ့ပါတယ္။ ၿမိဳ႕ေတာ္ဝန္ အျဖစ္တာဝန္ယူခဲ့ၿပီးေနာက္ (၂၀၁၈) ခုႏွစ္မွာ လီေဂ်ေျမာင္ဟာ Gyeonggi ေဒသအုပ္ခ်ဳပ္ေရးမႉး ေ႐ြး ေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ၿပီး (၂၀၂၁)ခုႏွစ္အထိ အုပ္ခ်ဳပ္ေရးမႉးတာဝန္ယူခဲ့ပါတယ္။

Gyeonggi ေဒသအုပ္ခ်ဳပ္ေရးမႉးအျဖစ္ တာဝန္ယူေနခ်ိန္အတြင္း သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ ယွဥ္ၿပိဳင္လိုတဲ့အတြက္ ၎ဟာ အုပ္ခ်ဳပ္ေရးမႉး သက္တမ္းမကုန္ဆုံးခင္ (၂၀၂၁)ခုႏွစ္မွာ ရာထူးက ႏုတ္ ထြက္ခဲ့တာျဖစ္ပါတယ္။ သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ရာမွာ ရႈံးနိမ့္ခဲ့ေပမယ့္ လီေဂ်ေျမာင္ဟာ (၂၀၂၂) ခုႏွစ္ ဇြန္လမွာ ေတာင္ကိုရီးယားႏိုင္ငံ အမ်ိဳးသားလႊတ္ေတာ္မွာ Incheon Gyeyang ေဒသရဲ႕ ကိုယ္စားလွယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ႀကိဳးပမ္းခဲ့ရာ အႏိုင္ရခဲ့ပါတယ္။ လီေဂ်ေျမာင္ဟာ ငယ္စဥ္က ဘဝ ကို ခက္ခဲစြာ ႐ုန္းကန္ခဲ့ရသူတစ္ဦးျဖစ္ေပမယ့္ ႀကိဳးစားလိုစိတ္ျပင္းထန္ခဲ့သူတစ္ဦးျဖစ္တဲ့အတြက္ (၂၀၂၂) ခုႏွစ္ ဩဂုတ္လမွာ ဒီမိုကရက္တစ္ ပါတီေခါင္းေဆာင္တစ္ဦးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

လီေဂ်ေျမာင္ဟာ ပါတီေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ႏွစ္အနည္းငယ္အၾကာ (၂၀ ၂၄) ခုႏွစ္ ဇန္နဝါရီလ (၂) ရက္မွာ လုပ္ႀကံမႈကို ရင္ဆိုင္ ခဲ့ရေပမယ့္ ကံေကာင္းစြာနဲ႔ အသက္ရွင္လြတ္ ေျမာက္ခဲ့ပါတယ္။ ဘူဆန္ေဒသ Gadeokdo ၿမိဳ႕ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကိုသြားေရာက္ခဲ့ၿပီးေနာက္ လည္ပင္းကို Kim Jin-sung အမည္ရွိသူရဲ႕ ဓားနဲ႔ လွ်ပ္တစ္ျပက္အထိုးခံခဲ့ရတာမ်ိဳးျဖစ္ပါတယ္။ လီေဂ် ေျမာင္ဟာ ႏိုင္ငံေရးသမားအျဖစ္ျဖတ္သန္းခ်ိန္အ တြင္း စိန္ေခၚမႈမ်ားစြာရင္ဆိုင္ခဲ့ရၿပီး ေတာင္ကိုရီးယား ႏိုင္ငံမွာ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလအတြင္း သမၼတေဟာင္း ယြန္ဆက္ယိုလ္က စစ္အုပ္ခ်ဳပ္ေရးဥပေဒ သတ္မွတ္ခဲ့ၿပီးေနာက္ လႊတ္ေတာ္ကို စစ္တပ္နဲ႔စီးနင္းဖို႔ႀကိဳးပမ္းခ်ိန္မွာ လီေဂ်ေျမာင္က ျပည္သူေတြကို လႊတ္ေတာ္အျပင္ဘက္မွာ ၿငိမ္းခ်မ္းစြာဆႏၵျပဖို႔ အဓိကေတာင္းဆိုခဲ့သူျဖစ္ပါတယ္။

လီေဂ်ေျမာင္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒ သတ္မွတ္ခဲ့တဲ့ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္ဖို႔ အဓိကေတာင္းဆိုခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ လီ ေဂ်ေျမာင္ဟာ သမၼတေ႐ြးေကာက္ပြဲကို သုံးႀကိမ္ ယွဥ္ ၿပိဳင္ခဲ့ရာ (၂၀၁၇) ခုႏွစ္နဲ႔ (၂၀၂၂) ခုႏွစ္တို႔မွာ ရႈံး နိမ့္ခဲ့ေပမယ့္ (၂၀၂၅) ခုႏွစ္ သမၼတ ေ႐ြးေကာက္ပြဲ မွာ အႏိုင္ရခဲ့ပါတယ္။ လီေဂ်ေျမာင္ဟာ အေနအထိုင္ ေအးေဆးသူတစ္ဦးျဖစ္သလို စကားနည္းသူတစ္ဦး ျဖစ္တယ္လို႔ ဆိုၾကပါတယ္။ လီေဂ်ေျမာင္ဟာ သမၼတ အျဖစ္ ဇြန္လ (၄) ရက္မွာ စတင္တာဝန္ယူခဲ့ၿပီ ျဖစ္ခဲ့ ေပမယ့္ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္း မြန္ဖို႔အခ်က္နဲ႔ ႏိုင္ငံစီးပြားေရး ဖြံ႕ၿဖိဳးတိုး တက္ေရးအခ်က္ေတြက အဓိကစိန္ေခၚမႈျဖစ္လာဖြယ္ရွိေနပါတယ္။ လီေဂ်ေျမာင္က ေျမာက္ကိုရီးယား ႏိုင္ငံနဲ႔ ေစ့စပ္ေဆြးေႏြးေရးလုပ္ေဆာင္မယ္လို႔ ေျပာဆိုခဲ့သလို အျခားတစ္ဖက္မွာလည္း ေျမာက္ကိုရီး ယားႏိုင္ငံရဲ႕ ရန္ဘက္ေတြျဖစ္တဲ့ အေမရိကန္၊ ဂ်ပန္ႏိုင္ငံတို႔နဲ႔ အျပန္အလွန္ ဆက္ဆံေရး ေကာင္းမြန္ ေအာင္ လုပ္ေဆာင္မယ္လို႔ ေျပာဆိုထားပါတယ္။ ၎ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း တ႐ုတ္ ႏိုင္ငံနဲ႔လည္း ေကာင္းမြန္တဲ့မိတ္ဖက္အျဖစ္ တည္ေဆာက္ႏိုင္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ ဆိုပါတယ္။

ကိုရီးယားကြၽန္းဆြယ္မွာ (၁၉၅၃) ခုႏွစ္မွာ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားနဲ႔ ေျမာက္ ကိုရီးယားၾကား သီးျခားႏိုင္ငံအျဖစ္ရပ္တည္ခဲ့ကာ ႏွစ္ ႏိုင္ငံကြဲသြားခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံအၾကား ဆက္ဆံေရးက ဆိုး႐ြားေနခဲ့ပါတယ္။ ေတာင္ကိုရီးယားသမၼတေတြဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ ေဆာက္ဖို႔၊ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီး ယား ႏိုင္ငံၾကား ျပန္လည္ေပါင္းစည္းဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ လက္ေတြ႕လုပ္ေဆာင္ႏိုင္ ျခင္း မရွိေသးဘဲ ေျမာက္ကိုရီးယားနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္မယ္ဆိုတဲ့ သမၼတအသစ္ လီေဂ်ေျမာင္လည္း ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.