တောင်ငူတွင် သက်တော်ကြီးရင့်နေပြီဖြစ်သော နာမကျန်း ဘုန်းတော်ကြီး တစ်ပါးကို စွန့်ပစ်မှု ဖြစ်ပွား

1045

ချယ်ရီ (NP News) - ဇွန် ၁၇
ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရွှေဆံတော်ဘုရား စောင်းတန်းတွင် သက်တော်ကြီးရင့်နေပြီ ဖြစ်ကာ ရောဂါကြောင့် စကားပင် မပြောနိုင်တော့သည့် နာမကျန်း ဘုန်းတော်ကြီးတစ်ပါးကို လာရောက်စွန့်ပစ်သွားကြောင်း Save The Tree Rescue Team တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
ပြီးခဲ့သည့် (ဇွန်လ ၁၃ ရက်) ဝန်းကျင်ခန့်ကတည်းက ရွှေဆံတော်ဘုရား၊ တောင်ဘက်မုခ်စောင်းတန်း၌ လာရောက်စွန့်ပစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေဆံတော်ဘုရားတောင်ဘက်မုခ်မှာ ဘုန်းကြီးတစ်ပါးကို လာပစ်ထားတယ်ဆိုလို့ ကျွန်တော်တို့ မနေ့က သွားကူညီတာပါ။ ဘုန်းကြီးက လေဖြန်းနေတော့ စကားတောင်သိပ်ပြောလို့ မရပါဘူး။ သူပြောတာ နားလည်သလောက်တော့ ဘုန်းကြီးအချင်းချင်းကပဲ လာပစ်သွားတယ်ပေါ့။ အဲဒီရက်တွေအတွင်းမှာ ဘုန်းကြီးဆိုတော့လည်း ဟိုကလှူ၊ ဒီကလှူနဲ့ ဆွမ်းဘုဉ်းပေးရတာပေါ့နော်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါသံဃာတော်သည် သက်တော် (၆၂)နှစ်ရှိ ဦးပညာစာရဖြစ်ပြီး လူအမည်မှာ ဦးမြဝင်းဖြစ်ကာ ရေးမြို့နယ်၊ ဓမင်းဆိပ်ရွာတွင်နေထိုင်ကြောင်း သိရသည်။“စစတွေ့ချင်းတုန်းက ဘုရားစောင်းတန်းမှာ ထိုင်လျက်သားလေးနဲ့ပါ။ ထိုင်ကတော့ ထိုင်နိုင်ပေမဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတော့ မလုပ်နိုင်တဲ့ပုံစံပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိ၌ အဆိုပါသံဃာတော်ကို တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစေပြီး မိသားစုဝင်များအနေဖြင့် ၎င်းကိုဆက်သွယ်နိုင်ကြောင်း ကူညီပေးထားသူ Save The Tree Rescue Team က အသိပေးထားသည်။

zawgyi version
ေတာင္ငူတြင္ သက္ေတာ္ႀကီးရင့္ေနၿပီျဖစ္ေသာ နာမက်န္း ဘုန္းေတာ္ႀကီး တစ္ပါးကို စြန႔္ပစ္မႈ ျဖစ္ပြား
ခ်ယ္ရီ (NP News) - ဇြန္ ၁၇
ပဲခူတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ ေ႐ႊဆံေတာ္ဘုရား ေစာင္းတန္းတြင္ သက္ေတာ္ႀကီးရင့္ေနၿပီ ျဖစ္ကာ ေရာဂါေၾကာင့္ စကားပင္ မေျပာႏိုင္ေတာ့သည့္ နာမက်န္း ဘုန္းေတာ္ႀကီးတစ္ပါးကို လာေရာက္စြန႔္ပစ္သြားေၾကာင္း Save The Tree Rescue Team တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ (ဇြန္လ ၁၃ ရက္) ဝန္းက်င္ခန႔္ကတည္းက ေ႐ႊဆံေတာ္ဘုရား၊ ေတာင္ဘက္မုခ္ေစာင္းတန္း၌ လာေရာက္စြန႔္ပစ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေ႐ႊဆံေတာ္ဘုရားေတာင္ဘက္မုခ္မွာ ဘုန္းႀကီးတစ္ပါးကို လာပစ္ထားတယ္ဆိုလို႔ ကြၽန္ေတာ္တို႔ မေန႔က သြားကူညီတာပါ။ ဘုန္းႀကီးက ေလျဖန္းေနေတာ့ စကားေတာင္သိပ္ေျပာလို႔ မရပါဘူး။ သူေျပာတာ နားလည္သေလာက္ေတာ့ ဘုန္းႀကီးအခ်င္းခ်င္းကပဲ လာပစ္သြားတယ္ေပါ့။ အဲဒီရက္ေတြအတြင္းမွာ ဘုန္းႀကီးဆိုေတာ့လည္း ဟိုကလႉ၊ ဒီကလႉနဲ႔ ဆြမ္းဘုဥ္းေပးရတာေပါ့ေနာ္” ဟု ၎က ရွင္းျပသည္။
အဆိုပါသံဃာေတာ္သည္ သက္ေတာ္ (၆၂)ႏွစ္ရွိ ဦးပညာစာရျဖစ္ၿပီး လူအမည္မွာ ဦးျမဝင္းျဖစ္ကာ ေရးၿမိဳ႕နယ္၊ ဓမင္းဆိပ္႐ြာတြင္ေနထိုင္ေၾကာင္း သိရသည္။“စစေတြ႕ခ်င္းတုန္းက ဘုရားေစာင္းတန္းမွာ ထိုင္လ်က္သားေလးနဲ႔ပါ။ ထိုင္ကေတာ့ ထိုင္ႏိုင္ေပမဲ့ တစ္ကိုယ္ရည္သန႔္ရွင္းေရးေတာ့ မလုပ္ႏိုင္တဲ့ပုံစံေပါ့” ဟု ၎က ဆိုသည္။
လက္ရွိ၌ အဆိုပါသံဃာေတာ္ကို ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈခံယူေနေစၿပီး မိသားစုဝင္မ်ားအေနျဖင့္ ၎ကိုဆက္သြယ္ႏိုင္ေၾကာင္း ကူညီေပးထားသူ Save The Tree Rescue Team က အသိေပးထားသည္။