တရုတ်မှ ဖျက်သိမ်း EV ကားများ မြန်မာဈေးကွက်အတွင်း အမှိုက်သွန်သကဲ့သို့ ရောက်ရှိလာနေဟု ဆို

 1607

အေဝိုင်အီး (NP News) - ဇွန် ၁၈

တရုတ်နိုင်ငံ၌ ဖျက်သိမ်းလုနီးပါး EV ကားအမျိုးအစားများကို မြန်မာ့ EV ကားဈေးကွက် အတွင်းသို့ အမှိုက်ပစ်သည့်သဘောမျိုးဆန်ဆန် တင်သွင်းရောင်းချခြင်းများရှိလာနေကြောင်း ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

(၂၀၂၃) ခုနှစ်ကတည်းကစတင်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ EV ကားစီမံချက် အိပ်မက်သည် အောင်မြင်မှုရှိနိုင် မရှိနိုင်ဆိုသော ရုပ်လုံးမှာ နှစ်နှစ်ကျော်လာချိန်၌ စတင်မြင်တွေ့ပေါ် ထွက်လာရပြီလည်းဖြစ်သည်။ EV ကား တင်သွင်းရောင်းချ ခွင့်လိုင်စင်ကို အပေါစားဆန်ဆန် ဗုံးပေါ လအောခွင့်ပြုပေးခဲ့ခြင်း၏နောက်တွင် တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့သော ကျက်ရာစား စီးပွားရေး သမားများသာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက် တတ်သည့်လုပ်ငန်းရှင်များ အတွက် လုပ်သာကိုင်သာ မရှိမှုကိုဖြစ်စေခဲ့ကြောင်းလည်း ကားလောကအသိုင်း အဝိုင်းက NP News ထံ မှတ်ချက်ပြုသည်။

“အခု EV ဈေးကွက်ထဲမှာ တရုတ်ဘက်က ဖျက်သိမ်းတော့မယ့်ကုမ္ပဏီတွေရဲ့ကားတွေကို ပေါပေါသီသီ အတင်းထိုးရောင်းနေတာတွေရှိနေတယ်။ အထူးသဖြင့် တရုတ်မှာ Bankrupt ဖြစ်တာ များတယ်။ ပြီးတော့ CBU တွေ တောက်လျှောက် အများကြီးသွင်းလာနေတာမှာ။ Bankrupt ဖြစ်တဲ့ ကားကုမ္ပဏီကကားတွေများတယ်။ ဘယ်ကားအမျိုး အစားလဲဆိုတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းကြည့်ရင်သိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ နာမည်တပ်မပြောချင်ဘူး။ ပြောဖို့လည်းမသင့်ဘူး။ ဈေးကွက်ထဲမှာ အဲဒီလိုဖျက်သိမ်းကားတွေ ပေါပေါ လောလောဝင်နေတာက EV ဈေးကွက်ကို ဖျက်ဆီးရာရောက်တယ်” ဟု ကား လောကသားလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင် အချို့သော EV ကားကုမ္ပဏီများက ဈေးကွက်မဖြစ်ထွန်းခြင်းကြောင့် လုပ်ငန်းပိတ်သိမ်းခြင်းများဖြစ်ပေါ်လာနေပြီး အချို့ကုမ္ပဏီများမှာမူ လုပ်ငန်းပေါင်းသွားကြခြင်းများ လည်း ရှိနေသည်။ မြန်မာဈေးကွက်အတွင်း၌ ရောက်ရှိနေပြီးဖြစ်သော အချို့ EV Brand များအနေဖြင့် လည်း တရုတ်ဘက်တွင် ဖျက်သိမ်းမှုများ စတင်နေပြီ ဖြစ်သည့်အတွက် ကားအပိုပစ္စည်းလိုအပ်ချက်၊ ကား ဘက်ထရီအာမခံချက်အပိုင်းတို့နှင့်ပတ်သက်၍ တာဝန်ယူမှုတာဝန်ခံမှုကင်းမဲ့သော မျက်နှာလွှဲခဲပစ်လုပ်ရပ်များ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

“တရုတ်ပြည်မှာ ဖျက်သိမ်းကားတွေကို ဒေါ်လာ(၁၀ဝဝဝ)အောက်နဲ့ရောင်းနေသလို သုံးစီး တစ်စီး လက်ဆောင်ဆိုတာမျိုးတွေရှိလာတယ်။ ပြီး တော့ တရုတ်တွေက မြညေိ တစ်မျိုးကို တစ်နှစ် ထုတ်ပြီးရင် နောက်နှစ်ကျတော့ ထုတ်ချင်မှထုတ်တော့တာ။ ချက်ချင်း နောက်တစ်မျိုးပြောင်းရင်ပြောင်း တာ။ ဒီလိုကားတွေ ဈေးကွက်ထဲရောက်လာရင် အစပိုင်းတော့ ဟုတ်မလိုလိုပေါ့။ သုံးလေးနှစ်လောက်ကြာရင် ဘယ်ကား Brand ကတော့ ဂျင်းဆိုတာ သိပါလိမ့်မယ်။ တရုတ်က ဈေး ကွက် မဝင်တဲ့ နဠကားတွေ ကို မြန်မာပြည်ဘက်အမှိုက်ပစ်လိုက်တာပေါ့ဗျာ” ဟု အခြားသော ကားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

တရုတ် ဆိုရှယ်မီဒီယာများနှင့် သတင်းဌာနအချို့က အာမခံချက်ရှိသော EV ကား အမှတ်တံဆိပ် များအဖြစ် စုစည်းဖော်ပြမှု၌ BYD ၊ MG ၊ Leapmotor ၊ Hongqi ၊ Xaiomi ၊ Zeekr ၊ Geely အစရှိသော ကားတံဆိပ်များကိုတွေ့ရပြီး မြန်မာနိုင်ငံ တွင်းသို့ ရောက်ရှိနေသော အချို့အမှတ်တံဆိပ်များမှာ သာမန် ဖော်ပြမှုအဖြစ်တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စိတ်ကူးယဉ်ခဲ့သော EV ကားဈေးကွက်နှင့် EV-SKD ထုတ်လုပ်မှုများမှာ ရာသီစာစီး ပွားရေးလုပ်စားတတ်သူများကြောင့် အမှန်တကယ် လုပ်ကိုင်နေသူများနစ်နာမှုဖြစ်ရပြီး ဖောင်းပွလွန်းသော ကားတင်သွင်းခွင့်လိုင်စင်များကြောင့် လူထုထံသို့ အမှန်တကယ်အကျိုးဖြစ်ထွန်းမှုမဖြစ်စေဘဲ ကျက်ရာစားလုပ် စားသမားသာအကျိုးဖြစ်ထွန်းခဲ့သည်ကို နာမည်ကျော် ကားသမားတစ်ဦး ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံခဲ့ရခြင်းက အကောင်းဆုံးသက်သေဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

zawgyi version
တ႐ုတ္မွ ဖ်က္သိမ္း EV ကားမ်ား ျမန္မာေဈးကြက္အတြင္း အမႈိက္သြန္သကဲ့သို႔ ေရာက္ရွိလာေနဟု ဆို
ေအဝိုင္အီး (NP News) - ဇြန္ ၁၈

တ႐ုတ္ႏိုင္ငံ၌ ဖ်က္သိမ္းလုနီးပါး EV ကားအမ်ိဳးအစားမ်ားကို ျမန္မာ့ EV ကားေဈးကြက္ အတြင္းသို႔ အမႈိက္ပစ္သည့္သေဘာမ်ိဳးဆန္ဆန္ တင္သြင္းေရာင္းခ်ျခင္းမ်ားရွိလာေနေၾကာင္း ကားေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

(၂၀၂၃) ခုႏွစ္ကတည္းကစတင္ခဲ့ေသာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ EV ကားစီမံခ်က္ အိပ္မက္သည္ ေအာင္ျမင္မႈရွိႏိုင္ မရွိႏိုင္ဆိုေသာ ႐ုပ္လုံးမွာ ႏွစ္ႏွစ္ေက်ာ္လာခ်ိန္၌ စတင္ျမင္ေတြ႕ေပၚ ထြက္လာရၿပီလည္းျဖစ္သည္။ EV ကား တင္သြင္းေရာင္းခ် ခြင့္လိုင္စင္ကို အေပါစားဆန္ဆန္ ဗုံးေပါ လေအာခြင့္ျပဳေပးခဲ့ျခင္း၏ေနာက္တြင္ တာဝန္ယူမႈတာဝန္ခံမႈ ကင္းမဲ့ေသာ က်က္ရာစား စီးပြားေရး သမားမ်ားသာ အက်ိဳးအျမတ္ျဖစ္ထြန္းခဲ့ၿပီး စနစ္တက် လုပ္ကိုင္ေဆာင္႐ြက္ တတ္သည့္လုပ္ငန္းရွင္မ်ား အတြက္ လုပ္သာကိုင္သာ မရွိမႈကိုျဖစ္ေစခဲ့ေၾကာင္းလည္း ကားေလာကအသိုင္း အဝိုင္းက NP News ထံ မွတ္ခ်က္ျပဳသည္။

“အခု EV ေဈးကြက္ထဲမွာ တ႐ုတ္ဘက္က ဖ်က္သိမ္းေတာ့မယ့္ကုမၸဏီေတြရဲ႕ကားေတြကို ေပါေပါသီသီ အတင္းထိုးေရာင္းေနတာေတြရွိေနတယ္။ အထူးသျဖင့္ တ႐ုတ္မွာ Bankrupt ျဖစ္တာ မ်ားတယ္။ ၿပီးေတာ့ CBU ေတြ ေတာက္ေလွ်ာက္ အမ်ားႀကီးသြင္းလာေနတာမွာ။ Bankrupt ျဖစ္တဲ့ ကားကုမၸဏီကကားေတြမ်ားတယ္။ ဘယ္ကားအမ်ိဳး အစားလဲဆိုတာေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြ စုံစမ္းၾကည့္ရင္သိႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ နာမည္တပ္မေျပာခ်င္ဘူး။ ေျပာဖို႔လည္းမသင့္ဘူး။ ေဈးကြက္ထဲမွာ အဲဒီလိုဖ်က္သိမ္းကားေတြ ေပါေပါ ေလာေလာဝင္ေနတာက EV ေဈးကြက္ကို ဖ်က္ဆီးရာေရာက္တယ္” ဟု ကား ေလာကသားလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

တ႐ုတ္ႏိုင္ငံဘက္ျခမ္းတြင္ အခ်ိဳ႕ေသာ EV ကားကုမၸဏီမ်ားက ေဈးကြက္မျဖစ္ထြန္းျခင္းေၾကာင့္ လုပ္ငန္းပိတ္သိမ္းျခင္းမ်ားျဖစ္ေပၚလာေနၿပီး အခ်ိဳ႕ကုမၸဏီမ်ားမွာမူ လုပ္ငန္းေပါင္းသြားၾကျခင္းမ်ား လည္း ရွိေနသည္။ ျမန္မာေဈးကြက္အတြင္း၌ ေရာက္ရွိေနၿပီးျဖစ္ေသာ အခ်ိဳ႕ EV Brand မ်ားအေနျဖင့္ လည္း တ႐ုတ္ဘက္တြင္ ဖ်က္သိမ္းမႈမ်ား စတင္ေနၿပီ ျဖစ္သည့္အတြက္ ကားအပိုပစၥည္းလိုအပ္ခ်က္၊ ကား ဘက္ထရီအာမခံခ်က္အပိုင္းတို႔ႏွင့္ပတ္သက္၍ တာဝန္ယူမႈတာဝန္ခံမႈကင္းမဲ့ေသာ မ်က္ႏွာလႊဲခဲပစ္လုပ္ရပ္မ်ား ျဖစ္လာႏိုင္သည္ဟု ဆိုသည္။

“တ႐ုတ္ျပည္မွာ ဖ်က္သိမ္းကားေတြကို ေဒၚလာ(၁၀ဝဝဝ)ေအာက္နဲ႔ေရာင္းေနသလို သုံးစီး တစ္စီး လက္ေဆာင္ဆိုတာမ်ိဳးေတြရွိလာတယ္။ ၿပီး ေတာ့ တ႐ုတ္ေတြက ျမေညိ တစ္မ်ိဳးကို တစ္ႏွစ္ ထုတ္ၿပီးရင္ ေနာက္ႏွစ္က်ေတာ့ ထုတ္ခ်င္မွထုတ္ေတာ့တာ။ ခ်က္ခ်င္း ေနာက္တစ္မ်ိဳးေျပာင္းရင္ေျပာင္း တာ။ ဒီလိုကားေတြ ေဈးကြက္ထဲေရာက္လာရင္ အစပိုင္းေတာ့ ဟုတ္မလိုလိုေပါ့။ သုံးေလးႏွစ္ေလာက္ၾကာရင္ ဘယ္ကား Brand ကေတာ့ ဂ်င္းဆိုတာ သိပါလိမ့္မယ္။ တ႐ုတ္က ေဈး ကြက္ မဝင္တဲ့ နဠကားေတြ ကို ျမန္မာျပည္ဘက္အမႈိက္ပစ္လိုက္တာေပါ့ဗ်ာ” ဟု အျခားေသာ ကားလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

တ႐ုတ္ ဆိုရွယ္မီဒီယာမ်ားႏွင့္ သတင္းဌာနအခ်ိဳ႕က အာမခံခ်က္ရွိေသာ EV ကား အမွတ္တံဆိပ္ မ်ားအျဖစ္ စုစည္းေဖာ္ျပမႈ၌ BYD ၊ MG ၊ Leapmotor ၊ Hongqi ၊ Xaiomi ၊ Zeekr ၊ Geely အစရွိေသာ ကားတံဆိပ္မ်ားကိုေတြ႕ရၿပီး ျမန္မာႏိုင္ငံ တြင္းသို႔ ေရာက္ရွိေနေသာ အခ်ိဳ႕အမွတ္တံဆိပ္မ်ားမွာ သာမန္ ေဖာ္ျပမႈအျဖစ္ေတြ႕ရသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္စိတ္ကူးယဥ္ခဲ့ေသာ EV ကားေဈးကြက္ႏွင့္ EV-SKD ထုတ္လုပ္မႈမ်ားမွာ ရာသီစာစီး ပြားေရးလုပ္စားတတ္သူမ်ားေၾကာင့္ အမွန္တကယ္ လုပ္ကိုင္ေနသူမ်ားနစ္နာမႈျဖစ္ရၿပီး ေဖာင္းပြလြန္းေသာ ကားတင္သြင္းခြင့္လိုင္စင္မ်ားေၾကာင့္ လူထုထံသို႔ အမွန္တကယ္အက်ိဳးျဖစ္ထြန္းမႈမျဖစ္ေစဘဲ က်က္ရာစားလုပ္ စားသမားသာအက်ိဳးျဖစ္ထြန္းခဲ့သည္ကို နာမည္ေက်ာ္ ကားသမားတစ္ဦး ဖမ္းဆီးထိန္းသိမ္းစစ္ေဆးခံခဲ့ရျခင္းက အေကာင္းဆုံးသက္ေသျဖစ္ခဲ့သည္ဟု ဆိုႏိုင္သည္။

Related news

© 2021. All rights reserved.