တရုတ်(တိုင်ပေ)အစိုးရက ပင်လယ်သုံးဒရုန်းတွေကိုစမ်းသပ်

 244

Pika (NP News) - ဇွန် ၁၈

တရုတ်နိုင်ငံက စစ်ရေးအရဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ တရုတ်(တိုင်ပေ)အစိုးရဟာ ပင်လယ်သုံးဒရုန်းတွေကို အောင်မြင်စွာစမ်းသပ်မှုတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ဓာတ်ပုံတွေမှာ ဗုံးတွေကိုသယ်ဆောင်နိုင်စွမ်းရှိတဲ့ တရုတ်(တိုင်ပေ)ထုတ် ပင်လယ်သုံးဒရုန်းတွေဟာ ကျွန်းအနီးတစ်ဝိုက်က ရေပြင်မှာ သွားလာနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။တရုတ်အစိုးရက စစ်ရေးအရ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ တရုတ်(တိုင်ပေ)အစိုးရဟာ ဝေဟင်နဲ့ရေကြောင်းဆိုင်ရာဒရုန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြင့်လျက်ရှိတယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရက တရုတ်(တိုင်‌ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပေမယ့်လည်း တရုတ်(တိုင်‌ပေ)အစိုးရကတော့ ၎င်းတို့ရဲ့ပြည်သူတွေကပဲ ၎င်းတို့ရဲ့ အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြန်လည်တုံ့ပြန်ပြောကြားထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း တရုတ်(တိုင်ပေ)အစိုးရဟာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အနီးကပ်စောင့်ကြည့်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
တ႐ုတ္(တိုင္ေပ)အစိုးရက ပင္လယ္သုံးဒ႐ုန္းေတြကိုစမ္းသပ္
Pika (NP News) - ဇြန္ ၁၈

တ႐ုတ္ႏိုင္ငံက စစ္ေရးအရဖိအားေပးမႈေတြ ဆက္လက္လုပ္ေဆာင္ေနခ်ိန္မွာပဲ တ႐ုတ္(တိုင္ေပ)အစိုးရဟာ ပင္လယ္သုံးဒ႐ုန္းေတြကို ေအာင္ျမင္စြာစမ္းသပ္မႈေတြလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဆိုရွယ္မီဒီယာမွာတင္ထားတဲ့ ဓာတ္ပုံေတြမွာ ဗုံးေတြကိုသယ္ေဆာင္ႏိုင္စြမ္းရွိတဲ့ တ႐ုတ္(တိုင္ေပ)ထုတ္ ပင္လယ္သုံးဒ႐ုန္းေတြဟာ ကြၽန္းအနီးတစ္ဝိုက္က ေရျပင္မွာ သြားလာေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။တ႐ုတ္အစိုးရက စစ္ေရးအရ ဖိအားေပးမႈေတြ ဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူ တ႐ုတ္(တိုင္ေပ)အစိုးရဟာ ေဝဟင္နဲ႔ေရေၾကာင္းဆိုင္ရာဒ႐ုန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို တိုးျမင့္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရက တ႐ုတ္(တိုင္‌ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားေပမယ့္လည္း တ႐ုတ္(တိုင္‌ေပ)အစိုးရကေတာ့ ၎တို႔ရဲ႕ျပည္သူေတြကပဲ ၎တို႔ရဲ႕ အနာဂါတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာၾကားထားတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ၿပီး စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို တိုးျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္(တိုင္ေပ)အစိုးရဟာ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြကို ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အနီးကပ္ေစာင့္ၾကည့္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.