လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်ကို ကားက ဝင်တိုက်ရာ ဆိုင်ကယ်သမား ပွဲချင်းပြီး သေဆုံး

442

သန့်ဇင် (NP News) - ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်ကို ကားက နောက်မှဝင်တိုက်မိသောကြောင့် ဆိုင်ကယ်ပေါ်တွင်ရှိနေသူ အမျိုးသား ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သီတာသုခလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၇ ရက်)၊ ညနေ ၃နာရီ ၂၀မိနစ်အချိန်ခန့်က ပေါင်းတည်မြို့နယ်၊ ထိပ်တန်းစက်သုံးဆီအရောင်းဆိုင်အနီး၊ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြောကြတာတော့ ဆိုင်ကယ်သမားက လမ်းဘေးခဏရပ်ပြီးတော့ မိုးကာဝတ်နေတဲ့အချိန်မှာ နောက်ကနေ ခွေးဘီလူးကားလေးက ဝင်တိုက်ပစ်တာ။ ဆိုင်ကယ်သမားကို ခေါင်းပိတ်တိုက်မိတာပေါ့။ လင်မယား(၂)ယောက် ဆိုင်ကယ်ဝယ်ပြီးပြန်လာတာလို့ သိရတယ်”ဟု သီတာသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်(၄၅)နှစ်ဝန်းကျင်လင်မယား(၂)ဦးအနက် အမျိုးသားတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကာ အခင်းဖြစ် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမျိုးသမီးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားကတိုက်ပြီးမှောက်သွားတာ။ ပြည်ကနေလာရင် ညာဘက်ခြမ်းမှာဖြစ်တာ။ အမျိုးသားကတော့ ခေါင်းကိုဖြတ်တိုက်မိတာဆိုတော့ ပွဲချင်းပြီးသေတယ်။ အမျိုးသမီးကတော့ ဒဏ်ရာတွေရတယ်။ ပွန်းပဲနဲ့ ညာဘက်နံနားမှာ အလုံးတစ်လုံးဖြစ်သွားတာတွေ့တယ်။ ကားသမားတော့ တိုက်ပြီးထွက်ပြေးသွားတယ်။ အဲဒီနေရာက အရင်ကလည်း ဖြစ်လေ့ရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အင်းမမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့လည်းကောင်း အမျိုးသမီးကို ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
လမ္းေဘးတြင္ရပ္ထားေသာ ဆိုင္ကယ္ကို ကားက ဝင္တိုက္ရာ ဆိုင္ကယ္သမား ပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ဇြန္ ၁၈
ပဲခူးတိုင္းေဒသႀကီး၊ ေပါင္းတည္ၿမိဳ႕နယ္၊ ရန္ကုန္-ျပည္ကားလမ္းေဘးတြင္ရပ္ထားေသာ ဆိုင္ကယ္ကို ကားက ေနာက္မွဝင္တိုက္မိေသာေၾကာင့္ ဆိုင္ကယ္ေပၚတြင္ရွိေနသူ အမ်ိဳးသား ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သီတာသုခလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၁၇ ရက္)၊ ညေန ၃နာရီ ၂၀မိနစ္အခ်ိန္ခန႔္က ေပါင္းတည္ၿမိဳ႕နယ္၊ ထိပ္တန္းစက္သုံးဆီအေရာင္းဆိုင္အနီး၊ ရန္ကုန္-ျပည္ကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျပာၾကတာေတာ့ ဆိုင္ကယ္သမားက လမ္းေဘးခဏရပ္ၿပီးေတာ့ မိုးကာဝတ္ေနတဲ့အခ်ိန္မွာ ေနာက္ကေန ေခြးဘီလူးကားေလးက ဝင္တိုက္ပစ္တာ။ ဆိုင္ကယ္သမားကို ေခါင္းပိတ္တိုက္မိတာေပါ့။ လင္မယား(၂)ေယာက္ ဆိုင္ကယ္ဝယ္ၿပီးျပန္လာတာလို႔ သိရတယ္”ဟု သီတာသုခလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အသက္(၄၅)ႏွစ္ဝန္းက်င္လင္မယား(၂)ဦးအနက္ အမ်ိဳးသားတြင္ ဦးေခါင္းထိခိုက္ဒဏ္ရာရရွိကာ အခင္းျဖစ္ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အမ်ိဳးသမီးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ကားကတိုက္ၿပီးေမွာက္သြားတာ။ ျပည္ကေနလာရင္ ညာဘက္ျခမ္းမွာျဖစ္တာ။ အမ်ိဳးသားကေတာ့ ေခါင္းကိုျဖတ္တိုက္မိတာဆိုေတာ့ ပြဲခ်င္းၿပီးေသတယ္။ အမ်ိဳးသမီးကေတာ့ ဒဏ္ရာေတြရတယ္။ ပြန္းပဲနဲ႔ ညာဘက္နံနားမွာ အလုံးတစ္လုံးျဖစ္သြားတာေတြ႕တယ္။ ကားသမားေတာ့ တိုက္ၿပီးထြက္ေျပးသြားတယ္။ အဲဒီေနရာက အရင္ကလည္း ျဖစ္ေလ့ရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို အင္းမၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔လည္းေကာင္း အမ်ိဳးသမီးကို ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔လည္းေကာင္း ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။