စစ်ကိုင်းနှင့်မကွေးတို့ရှိ ယာဉ်နှင့် ယန္တရား (၁၀၀၀)ကျော်ကို ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်ရန် တင်ဒါခေါ်ယူနေ

714

စော(NP News)- ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ယန္တရား စုစုပေါင်း (၁၀၀၀)ကျော်ကို ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးနိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါစက်မှုလုပ်ငန်းအနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဘဏ္ဍာသိမ်းထားသော သံရည်ကျိုအပ်နှံမည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ယန္တရား စုစုပေါင်း(၁၀၁၅)စီးအား ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးနိုင်မည့် ကုမ္ပဏီ၊အဖွဲ့များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ ဆောင်ရွက်လိုကြောင်း သိရသည်။
တင်ဒါပုံစံကို နေပြည်တော်၊ ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အုပ်ချုပ်ရေးဌာနတွင် ဇွန်လ (၁၆)မှ (၃၀)ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင်တည်ရှိပြီး
အကျယ်အဝန်းအားဖြင့် (၇၉၅)ဧက ကျယ်ဝန်းကြောင်း စက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
စစ္ကိုင္းႏွင့္မေကြးတို႔ရွိ ယာဥ္ႏွင့္ ယႏၲရား (၁၀၀၀)ေက်ာ္ကို ျဖတ္ေတာက္၊ သယ္ယူ၊ ပို႔ေဆာင္ရန္ တင္ဒါေခၚယူေန
ေစာ(NP News)- ဇြန္ ၁၈
စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္၊ ယႏၲရား စုစုေပါင္း (၁၀၀၀)ေက်ာ္ကို ျဖတ္ေတာက္၊ သယ္ယူ၊ ပို႔ေဆာင္အပ္ႏွံေပးႏိုင္ရန္အတြက္ အိတ္ဖြင့္တင္ဒါေခၚယူေနေၾကာင္း သိရသည္။
စက္မႈဝန္ႀကီးဌာန၊ အမွတ္(၁)အႀကီးစားစက္မႈလုပ္ငန္းမွ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။
အဆိုပါစက္မႈလုပ္ငန္းအေနျဖင့္ အမွတ္(၁)သံမဏိစက္႐ုံ(ျမင္းၿခံ)သို႔ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္း၊ ဝန္ႀကီးဌာနမ်ားႏွင့္ စီမံကိန္းႏွင့္ဘ႑ာေရး ဝန္ႀကီးဌာနမွ ဘ႑ာသိမ္းထားေသာ သံရည္က်ိဳအပ္ႏွံမည့္ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္၊ယႏၲရား စုစုေပါင္း(၁၀၁၅)စီးအား ျဖတ္ေတာက္၊ သယ္ယူ၊ ပို႔ေဆာင္အပ္ႏွံေပးႏိုင္မည့္ ကုမၸဏီ၊အဖြဲ႕မ်ားအတြက္ အိတ္ဖြင့္တင္ဒါေခၚယူ ေဆာင္႐ြက္လိုေၾကာင္း သိရသည္။
တင္ဒါပုံစံကို ေနျပည္ေတာ္၊ ႐ုံးအမွတ္ (၃၀)၊ စက္မႈဝန္ႀကီးဌာန၊ အမွတ္(၁)အႀကီးစားစက္မႈလုပ္ငန္း၊ အုပ္ခ်ဳပ္ေရးဌာနတြင္ ဇြန္လ (၁၆)မွ (၃၀)ရက္ေန႔အထိ ႐ုံးခ်ိန္အတြင္း လာေရာက္ထုတ္ယူႏိုင္ေၾကာင္း သိရသည္။
အမွတ္(၁)သံမဏိစက္႐ုံ(ျမင္းၿခံ)သည္ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ ဆားခါးေက်း႐ြာအနီးတြင္တည္ရွိၿပီး
အက်ယ္အဝန္းအားျဖင့္ (၇၉၅)ဧက က်ယ္ဝန္းေၾကာင္း စက္မႈဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။