“ငလျင်အကြောင်းပြပြီး ငွေချေးချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ် ကော်မတီသာဖွဲ့လိုက်ပါ”

 100

စော (NP News) - ဇွန် ၁၉

နေပြည်တော်တွင် မေလ (၃၀)ရက်နှင့် (၃၁)ရက်တို့တွင်ကျင်းပခဲ့သည့် ငလျင်အလွန် မြန်မာ့စီးပွားရေးကုစား ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲအပေါ် တကယ်လိုအပ်နေသည့်အချက်များနှင့်ပတ်သက်၍ စီးပွား ရေး လုပ်ငန်းရှင်တစ်ဦးနှင့် ဆွေးနွေးထားခြင်းကို ဖော်ပြပေးသွားပါမည်။

ကျော်နု - ငလျင်နဲ့ပတ်သက်ပြီး ဖိုရမ်လုပ်တယ်။ ပြီးသွားပြီ။ နားထောင်ကြည့်တယ်။ ဘာတွေ တွေ့ရလဲ။ ဒီကစကြ တာပေါ့။
ဆွေးနွေးဖော် - ဘာတွေတွေ့ရလဲဆိုတော့ ကျွန်တော် တို့ အဓိကထားပြီးပြောနေကြတာက ဒီအစိုးရကပေးမယ့် ဘီလျံ (၉၀ဝ)ပေါ်မှာပဲမူတည်ပြီး ဘယ်သူတွေကိုပေးမလဲ။ ဘယ်လောက်ထိခိုက်သွားတဲ့လုပ်ငန်းတွေ ကိုပေးမလဲ။ ဆိုတော့ ဒါတွေကကျတော့လေ အသေးစား၊ အလတ်စားနဲ့ အိမ်တွင်းမှုလုပ်ငန်းသမားတွေကို တိုက်ရိုက်။ တကယ် ရက်ကန်း စက်ရုံကြီးပျက်စီးသွားတယ်။ ဒီရက်ကန်းစက်ရုံပြင်ဖို့အတွက် ငွေထုတ်ပေး လိုက်တယ်ဆိုတဲ့ဟာမျိုးကျတော့ တကယ်ထိ ရောက် တာပေါ့နော်။ ဒါပေမဲ့ သူတို့ အဓိက မေ့နေတာကလေ ဒီတိုင်းပြည် ပြန်ထူထောင်ဖို့အတွက် ဒီရှိပြီးသား လက်မှု၊ အိမ်တွင်းမှု ထုတ်လုပ်မှုလုပ်ငန်းလေးတွေနဲ့ မလုံလောက်ဘူး။ ဒီလိုအချိန်မျိုးမှာ တကယ့်ကို အစိုးရအနေနဲ့ Drive ပေးနိုင်ရင် တကယ်လုပ်ရမှာ။ ဘဏ်တွေကို သူက စုပြီးတော့ Investment Bank­ing ဆိုတာမျိုး တစ်ခု ထွက်လာဖို့ လိုတာ။
ကျော်နု - အင်း၊ ဟုတ်ပြီ။
ဆွေးနွေးဖော် - အဲဒါကျတော့ In Cash ကြီး ထည့်စရာမလိုဘူး။ Investment Banking ဆိုတာက ဒီလိုမျိုးကြီး ဘီလျံ (၉၀ဝ)ကြီးထည့်စရာမလိုဘူး။ အဲဒါက ဘာတွေနဲ့သွားလဲဆိုတော့ Government ရဲ့ Grants တို့ Buyer’s credit တို့ ဒီလို Instru­ment တွေသုံးရတာပေါ့နော်။ ဒီလို Instrument ဆိုရင် သူက ငွေမဟုတ်ပေမယ့်လို့ ငွေသားကဲ့သို့ အာမခံချက်ရှိ သော Guarantee ပေါ့။ ဆိုတော့ ကျွန်တော်ပြောတာကလေ အဲဒီလိုဟာမျိုးတွေကို ဒီလိုအချိန်မှထုတ်မသုံးရင် ဘယ်လို အချိန်မှာသုံးမလဲ။ အဲဒီတော့ ဘဏ္ဍာအခွန်ပေါ့၊ ဝန်ကြီးဌာနပေါ့။ စီမံကိန်းနဲ့ ဘဏ္ဍာရေးနှင့်ဝန်ကြီးဌာနသို့မဟုတ် National Plan­ning လိုမျိုး ဝန်ကြီးဌာနတစ်ခုက ခေါင်းခံပြီးတော့ သူတို့နှစ်ဖက်ညှိနှိုင်းပြီးတော့ ငလျင်ဘေးပြန် လည်ထူ ထောင်ရေးကော်မတီဆိုတာမျိုး တစ်ခုဖွဲ့ပြီးတော့ အဲဒီကနေ စီးပွားရေးပြန်လည်နိုးထရေးကော် မတီဟာမျိုးထူထောင်ပြီး အဲဒီကော်မတီကနေ 3 in 1, 4 in 1 ပါမှာပေါ့ဗျာ။ သူတို့ကနေမှ လုပ်ပေးရမှာ ဥပမာ မီးလိုတယ်။ ဒီဒေသမှာမီးလိုတယ်။ မဂ္ဂါဝပ် (၁၀ဝ)လိုတယ်။ မဂ္ဂါဝပ်(၁၀ဝ)လည်ဖို့အတွက်ကို တကယ့် Generator တွေနဲ့ စက်ရုံတွေ၊ စက်မှုဇုန်တွေကို မီး ပေးဖို့အတွက်ပေးမယ်ဆိုရင် ဒီဟာအတွက်ကို Generator အတွက်ကို သန်း (၅၀)လိုမယ်။ အိုကေ။ ဒီသန်း (၅၀)ကို လုပ်မယ့် Developer ရှိမယ်ဗျာ။ ဒီ Developer ကနေပြီးတော့မှ Project FS တင်ပြရမယ်။ ဘယ်လိုလုပ်မလဲ။ ဖြစ်နိုင် စွမ်းတွေတင်ပြပြီး Financial Analysis ဆိုတာလေးတွေပါရမယ်။ အဲဒီထဲမှာ ဖြစ်နိုင်စွမ်း FS ကို Review လုပ်နိုင်တဲ့ ပညာရှင်ရှိရမယ်။ နောက်တစ်ခါ သူကနေ တွက်ချက်ပြထားတယ်။ Financial Ana­lysis ဒီဟာသည် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏၊ အတိုးဘယ် လောက်အထိခံနိုင်သလဲ။ ဒီဟာပေါ်မှာ ပြန်ပေးနိုင်စွမ်းဘယ်လောက်ရှိသလဲပေါ်မူတည်ပြီး ဒီပရောဂျက်က ခိုင်မာတယ်၊ ဖြစ်နိုင်တယ်။ နောက်တစ်ခါ ဒီစက်ကြီးဟာ မြန်မာပြည်မှာ လာတည်တာဖြစ်တဲ့အတွက် ပြန်သယ်သွားလို့မရဘူး။ သူတို့အတွက်လည်း အာမခံချက်ရှိတဲ့စက်မျိုးတွေလေ။ ဘဏ်တွေအနေနဲ့ တာဝန်ယူပေး အဲဒီ သန်း (၅၀)ကို ပိုက်ဆံထွက်သွားစရာမလိုဘူး။ သူ့ပရောဂျက်အတွက်ကို ဒီဟာကနေထွက်လာမယ့် Power Purchase and Payment ဆိုတာကလည်း လျှပ်စစ်ကလည်း အစိုးရ ကိုပဲရောင်းမှာ အစိုးရကိုပဲ ပိုက်ဆံပြန်ပေးရမှာဖြစ်တဲ့အတွက် ဒီကောင်ချေးသွားလို့ရတဲ့အလုပ်မျိုးဆိုရင် အစိုးရအနေနဲ့ Guarantee လေး ပေးလိုက်ရုံပဲ။ Guarantee ဆိုတာကတော့ အာမခံချက်ပေါ်ပဲစာ ရွက်လေးတစ်ရွက်ပေါ်မှာ လက်မှတ်လေးထိုးသွားရုံပဲ။ ဘီလျံ (၉၀ဝ)အပြင် သူတို့မှာ အဲဒီလို လုပ်နိုင်တဲ့ ပါဝါကြီးရှိနေတယ်။ သူတို့ အဲဒါကြီးထုတ်သုံးရမှာ။ အဲဒါက ဟိုးဦးသိန်းစိန်လက်ထက်ကလုပ်ခဲ့တဲ့ အတွေ့ အကြုံလည်းရှိတယ်၊ လုပ်ခဲ့ဖူးတယ်။ နောက်ပိုင်းကျမှသာ လက်ရှိဘဏ္ဍာခွန်ကို တာဝန်ယူလာတဲ့ ဝန်ကြီးတွေက တာဝန်ခံရမှာကြောက်ပြီး တအား ကြောက်ကန်ကန်ပြီး ငြင်းနေလို့သာ။ အမှန်က နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ အဲဒီ Credit ဆိုတာရှိတယ်။ ဆိုတော့ အာမခံ Guarantee ပေါ့နော်။ Government Gua­r­antee မဟုတ်ရင်တောင်မှ Maybe Project Gua­rantee ဆိုတာမျိုး Buyer’s credit Guarantee ဆိုတာမျိုး။ ဆိုတော့ ဒီပရောဂျက်ကို အောင်မြင်အောင် လုပ်နိုင်ဖို့ပဲ လိုတာ။ အဲဒီလိုမျိုးတွေပေးနိုင်မှ။ ကျွန်တော်တစ်ခါပြောခဲ့ဖူးတယ်။ ကိုကျော်မျိုးမင်း မှတ်မိလားမသိဘူး။ ဟိုတယ် Tourism လုပ်ငန်းလေးတစ်ခု။ သူ့ရွာမှာ အဲဒီဒေသက နိုင်ငံတကာကလာမယ်ဆိုရင် အလွန်စိတ်ဝင်စားစရာ နေရာ လေးကို ဒီလုပ်မယ့်လူက ရင်းနှီးမြှုပ်နှံမှုမရှိတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ဒီပရောဂျက်လေးကိုတင်တာ။ ကျွန်တော်လေယာဉ်နဲ့ တစ်နေ့ဆိုရင် လူဘယ်နှယောက် ခေါ်လာမယ်။ Bus ကားကို ရင်းမယ်။ Bus ကားကို ဘယ်နှ ယောက်။ ဒီမှာ တစ်ညအိပ်မယ်။ ထားမယ်။ ဘယ်လိုရမယ်။ ပြန်ပို့လိုက်မယ်။ တစ်နှစ်ကို လူဘယ် နှယောက်သယ်မယ်။ ကျွန်တော် အဲဒီအတွက်ကို အရင်းအနှီးဘယ်လောက်လိုတယ်။ ဘယ်နှနှစ်မှာ အရင်းကျေမယ်။ ဘယ်လိုပြန်ပေးနိုင် တယ်။ သူတို့က ပညာရှင်တွေက ကွင်းဆင်းကြည့်ပြီး သူတို့လည်း တကယ်စိတ်ဝင်စားကြပြီး ဖြစ်နိုင်တယ်ဆိုပြီး ဒီငွေ လေးထုတ်ပေးလိုက်တဲ့အခါ အဲဒီကုမ္ပဏီလေးအောင် မြင်သွားပြီ။ အဲဒီနေရာကိုလည်း လူတွေအများကြီး ရောက်အောင် ဆွဲခေါ်လာနိုင်တယ်။ ဒီလိုပဲ။ ဥပမာပေါ့ ဒါကလွယ်လွယ်လေးတွေပြောတာ။ တကယ်ဖြစ်နိုင် စွမ်းရှိတယ်ဆိုရင် ဒီလူက မုန့်ဟင်းခါးချက်အရမ်းတော် တယ်။ မုန့်ဟင်းခါးချက်ပြီးကျွေးမယ် အဲဒီလူတွေစား ကြည့်မယ်။ အရမ်းကောင်းတယ်။ သူလမ်းထိပ်မှာ အိမ်ငှားစရာနေရာလေးမရှိဘူး။ စားစရာ အရင်းအနှီး လေးထုတ်ပေးလိုက်မယ်။ မုန့်ဟင်းခါးချက်ဖို့ အတွက် တစ်အိုးစာအရင်းအနှီးလေး ချေးပေးလိုက်မယ်။ ဒီမုန့် ဟင်းခါးဆိုင်လေးဖြစ်သွားတယ်။ သူ့ဟာသူ အရင်း ပေးပေး အမြတ်လေးနဲ့ကျေသွား။ အဲဒီလိုလူတွေများ လာဖို့လိုတယ်။ ဆိုတာက အသေးစားလေးတွေကို ခုနကပြောသလို ငွေလေး သိန်းတစ်ထောင်ဖြစ်စေ၊ နှစ်ထောင်ဖြစ်စေ၊ သိန်းတစ်သောင်းဖြစ်စေ၊ သိန်းနှစ် သောင်းဖြစ်စေ ထုတ်ပေးလိုက် တာက ရှိတဲ့ (၉၀ဝ) ဘီလျံနဲ့လောက်ငပေမယ့် အကြီးစားနိုင်ငံတော်အတွက် တကယ်လိုအပ်တဲ့ဟာ ဒီအချိန်မှာ မီးတို့၊ လမ်း၊ တံတားတို့ တကယ်ပရောဂျက်တွေက ဥပမာ ဘိလပ် မြေစက်ရုံတစ်ရုံတည်ဖို့အတွက်ကို သန်း (၂၀ဝ)လောက် လိုတယ်။ နိုင်ငံတော်ကနေပြီးတော့ ထွက်သမျှဘိလပ်မြေ ငါတို့နိုင်ငံတော်ကိုသွင်း မင်းအတွက် အပြင်မှာ ဒေါ်လာ တစ်ရာပေါက်တယ်ဆိုရင် ငါတို့ မင်းကို ဒေါ်လာ (၈၀)နဲ့ဝယ်ပေးမယ်။ တစ်နှစ်ကို တန် (၁)သန်းနဲ့ (၁၀)နှစ်စာချုပ် ချုပ်မယ်။ တစ်နှစ်ကို ဒေါ်လာ (၈၀)ဆိုတော့ (၈၀)နဲ့ဝယ်ရင် ဒေါ်လာ(၈၀) ငါးနှစ်ဆိုရင် သန်း (၄၀ဝ)ဖြစ်သွားပြီ။ နိုင်ငံ တော်ကို ဟိုလူက ထွက်သမျှသွင်းရမှာလေ။ ထုတ်ထားပြီးသား လေ။ ဒီစက်တွေအကုန်လုံးက ဒီမှာ လာတည်တာလေ။ နိုင်ငံတော်ကလည်း လိုနေတာလေ။ သူ (၈၀)နုတ်ရင် သူ့ဘာသာသူ ပြန်ဖြန့်လို့ရတယ်လေ။ ကျွန်တော်ပြောတာ MEC တို့ ဦးပိုင်တို့က ဝယ်ပြီးပြန်ဖြန့်လို့ရတယ်။ အဲဒီတော့ ဦးပိုင်နဲ့ ဘိလပ်မြေစက်ရုံရင်းမယ့်လူရဲ့ကြားထဲမှာ Sale and Purchase Agreement ချုပ်လိုက် အဲဒီစာချုပ်ကိုမူတည်ပြီးတော့ Buyer}s credit ဆို တဲ့ဟာမျိုးလေးပဲ ဘဏ်တစ်ခုကပေးလိုက်ရင် အဲဒီ ဟာက ဟိုလူ သန်း (၂၀ဝ)က နိုင်ငံခြားဘဏ်ကချေး လို့ရသွားပြီ။ အဲဒီလိုမျိုး နိုင်ငံတကာဘဏ်ကနေ ငွေချေးလို့ရ အောင် အစိုးရဘဏ် Auditory ပိုင်းက ပိုင်နိုင်တဲ့ Guarantee လေးထုတ်ပေးလိုက်ရင် ဒီဘီလျံ (၉၀ဝ)မဟုတ်ဘူး။ ‌ဒေါ် လာမီလျံ (၉၀ဝ) တောင်မှ သူတို့ရှာလို့ရတယ်။ အဲဒီ Point လေး Missed ဖြစ်နေတာ။ အခုပြောနေကြတာက ဒီမြန်မာပြည်ထဲမှာရှိနေပြီးတော့ ဒီဟာလေးတွေကိုပြောနေတာ နိုင်ငံတကာက နေပြီးတော့ သန်းပေါင်းများစွာယူလာပြီး ဒီအချိန်မှာ ငလျင်ကိုအကြောင်းပြုပြီးလုပ်ရမယ့် တကယ်လိုအပ်တဲ့ ဘိလပ်မြေစက်ရုံတို့ စတီး Structure စက်ရုံတို့ သံချောင်းတွေလုပ်တဲ့စက်ရုံတို့ အဲဒီလိုစက်ရုံတွေ ရေရှည်လည်း မြန်မာပြည်ကလိုမှာလေ။ အဲဒါလေးကို ကျွန်တော်တို့ အဲဒီလိုမျိုးအစီအမံလေးနဲ့လုပ်ပေး လိုက်ရင် ဖြစ်သွားမှာ။ ဒီအချိန်က နိုင်ငံတကာက အဲဒီလို Guarantee သာပေးရင် ငလျင်ကိုအကြောင်းပြုပြီး သက်သက်သာသာနဲ့ကိုပေးချင်နေကြတာ။ အဲဒီလိုဟာလေးပဲ Guarantee လေးပဲလိုတာ။ အဲဒါ က အရင်ဦးသိန်းစိန်လက်ထက်စစချင်းမှာ ပေးခဲ့ ဖူးတယ်။
ကျော်နု - ဟုတ်ပြီ။ အထဲမှာလေ သူတို့ဆွေးနွေးပွဲမှာ ကျွန်တော်သတိထားမိသလောက် ဗိုလ်ချုပ်မှူးကြီးက ဘီလျံ (၇၀ဝ)နဲ့ (၂၂၆) သူ့မှာရှိတယ်ပြောတယ်။ ဒါပေမဲ့ ဘာလုပ်မယ်၊ ဘာလိုလုပ်သင့်တယ်ဆိုတာ တွေ မင်းတို့ဆွေးနွေး ထားကြ။ ဆွေးနွေးပြီးရလဒ်ပြော၊ ရတဲ့ရလဒ်ကို ငါတို့လုပ်သင့်တယ်ဆိုပြီး အတည်ပြုမယ်။ ကျွန်တော်လည်း အဲဒီမှာ စဉ်းစားကြည့်လိုက်တော့ သူတို့တွေ့ဆုံပွဲက ဆွေးနွေးပွဲအဆင့်ပဲရှိသေးတာ။ ဆုံးဖြတ်ချက်တွေပေးတဲ့အဆင့် မရောက် ဘူး ပြောလို့ရတယ်။ ဆုံးဖြတ်ချက်က ဘယ်သူ့ဆီမှာရှိလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးခေါင်းထဲမှာပဲရှိတာ။ ကျန်တဲ့ လူတွေက ဆွေးနွေးခွင့်ပဲရှိတာ။ ဆုံးဖြတ်ခွင့်မရှိကြဘူး။ ဆိုတော့ ဒီဆွေးနွေးပွဲကနေထွက်လာတဲ့ရလဒ် တွေဆိုရင် ဗိုလ်ချုပ်မှူးကြီး ကြိုတွေးပြီးသားလို့ ပြောလို့ရတယ်။ ဗိုလ်ချုပ်မှူးကြီးခေါင်းထဲမှာပဲ အဓိကရှိတယ်။ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေက တချို့ဟာတွေ ဗိုလ်ချုပ်မှူးကြီးက စဉ်းစားထားပြီးသားတွေပဲလို့ ကျွန်တော်က မှန်းလို့ရ ပြောလို့ရတယ်။
ဆွေးနွေးဖော်- မဟုတ်ဘူး။ ဒီလိုပေါ့။ ခေါင်းအများကြီး နဲ့ ဝိုင်းဆွေးနွေးကြတဲ့အခါကျတော့ ရှုထောင့်မျိုးစုံကနေ ပြီးတော့ ဖြစ်နိုင်တဲ့နည်းလမ်းကို ထွက်လာနိုင်တာပေါ့။ ဒီပေါ်မှာ နားထောင်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးကလည်း လိုအပ်သလို၊ သူ့ခေါင်းထဲမှာလည်း တွေးထားတာရှိမယ်။ ဒီဆွေးနွေးပွဲကနေ သူ့အိုင်ဒီယာအသစ်တွေ ရသွားတာ လည်းရှိမယ်။ ကျွန်တော်က အဲဒါကြောင့် ခုနကပြောတဲ့ ငွေသားမပါဘဲနဲ့ Guarantee တစ်ခုတည်းနဲ့တင် နိုင်ငံတကာဘဏ်ကနေ အတိုးနှုန်းသက်သာစွာနဲ့ ချေးလို့ ရတယ်ဆိုတဲ့ဟာလေး မက်ဆေ့ပေးချင်တာ။ ဒီမြန်မာ ပြည်မှာရှိနေတဲ့ ဘီလျံ (၉၀ဝ) နဲ့တင် မလောက်ဘူးဗျာ။ မြန်မာပြည်ထူထောင်ဖို့က သေချာတယ် ဘီလျံ (၉၀ဝ) နဲ့မလောက်ဘူး။ ဒေါ်လာတင် သုံး၊ လေး ဘီလျံလောက် လိုမယ်။ အဲဒီလိုမျိုး ဒီလိုအချိန်မှာ ငလျင်ဆိုတဲ့အကြောင်း ပြချက်နဲ့ မြန်မာပြည်ကို ငွေချေးပေးချင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်းရှိတယ်။ အဲဒီလိုအဖွဲ့အစည်း တွေကလည်း ငလျင်ပြန်လည်ထူထောင်ရေးမှာလိုအပ် တဲ့ ဘိလပ်မြေစက်ရုံတည်မယ်။ သံချောင်းစက်ရုံ တည်မယ်။ နောက် တကယ့်လူသုံးကုန်ပစ္စည်းစက်ရုံ တွေတည်မယ်။ ရေရှည်ကျရင်လည်း ပြန်လည်ထူထောင်ရေးပြီးသွားတဲ့အခါကျရင် ဒါတွေက ပြန်လည် ရောင်းချလို့ရနေမယ်။ ထူထောင် လို့ရမယ့် စက်ရုံတွေ ဖြစ်နေတယ်ဆိုရင် ပေးချင်ကြတယ်။ မြန်မာပြည်က အတိုး (၁၃)ရာခိုင်နှုန်းဆိုတာ တော်တော်မြင့် တာလေ။ သူတို့ ဘယ်လောက် သက်သာအောင်ပေးပေး ကျွန်တော်ထင်တယ် (၇)၊ (၈)ထက်မလျော့ဘူး။ ဘာလို့ဆို စုငွေတောင်မှ (၈)လောက်ပေးနေတာကို အဲဒါ အောက်မှာ လိုက်ပေးဖို့ဆိုတာခက်တယ်။ Govern­ment ကလည်းအရှုံးခံ စရာမလိုဘူး။ အစိုးရအနေနဲ့ တကယ် အဲဒါလေးတာဝန်ခံပေးချင်တယ်ဆိုရင် ခုန ကကျွန်တော်ပြောသလို ဘိလပ်မြေ စက်ရုံခေါ်သွင်းလိုက် တစ်နှစ်ခွဲအတွင်း ဖြစ်အောင်လုပ် အာမခံပေးမယ်။ မင်းတို့ထွက်လာတဲ့ပစ္စည်းတွေကို ငါတို့ကို ထုတ်လုပ်မှုစရိတ်က တန် (၅၀ဝဝ)စက်ရုံဆိုရင် ‌ဒေါ်လာ လေးဆယ်လောက်ပဲ ကျမယ်။ တန် တစ် သောင်းစက်ရုံဆိုရင် (၃၇) ဒေါ်လာပဲကျတာ။ မင်းတို့ကို ငါတို့ Guarantee ပေးထားတာဖြစ်တဲ့အတွက် ထွက်ထွက်လာချင်း မင်းတို့ စက်ရုံ အရင်းကြေကာလ အထိကိုတော့ ငါတို့ (၆၀)နဲ့ပေးရမယ်။ အစိုးရကို သက်သာသောဈေးနှုန်းရမယ်။ ပေါက်ဈေးထက် ပေးမှာပဲ။ စက်ရုံလုပ်တဲ့သူတွေကလည်း သူ့စက်ရုံဖြစ် သွားတယ်လေ။ အရင်းကြေကာလကျော်ရင် အပြင်မှာသူ လွတ်လွတ်လပ်လပ် ရောင်းလို့ရပြီလေ။ နိုင်ငံ တကာပေါက်‌ဈေးနဲ့ ယှဉ်ရောင်းလို့ရတယ်။ အခု နိုင်ငံ တကာမှာ ဒေါ်လာ (၈၀)လောက်ပေါက်တယ်။ ဆို တော့ (၆၀) နဲ့ရောင်းပေးမယ်ဆိုရင်ကို စက်ရုံလည်း ဖြစ်သွားပြီ။ အစိုးရလည်း သက်သက်သာသာရမယ်။ အခု အပြင်မှာဆိုရင် ဒေါ်လာ တစ်ရာ့နှစ်ဆယ်လောက် ရောင်းနေတာလေ။ ဆိုတော့ အဲဒါမျိုး နည်းတွေနဲ့လည်း ငွေရှာလို့ရတယ်။ နိုင်ငံတကာဘဏ်တွေက မင်းတို့ ဘဏ္ဍာခွန်ဝန်ကြီးဌာန အာမခံချက်ပါတယ်။ ဒါမှမ ဟုတ်ရင် ဒီ Sale and Purchase Agreement အတွက် ဘဏ်တစ်ခုကနေ အာမခံပေးပါတယ်ဆိုရင် ဒီပိုက်ဆံစာချုပ်ကြီး ရှိနေတာ သေချာပေါက် ရောင်းကိုရောင်းရမှာလေ။ အဲဒီစာချုပ်အတွက် ပေးရန်ရှိတဲ့ငွေ ကို ဒီဘဏ်ကလည်းပေးပါမယ်လို့ အာမခံထားတာဖြစ်တဲ့အတွက် နိုင်ငံတကာမှာ EPC + Financing ထွက်ရှာရင် ဒီကောင် လွယ်လွယ်လေး အများကြီးဖြစ် နိုင်တယ်။ ဒီလိုအချိန်မှာ အများကြီးဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျွန်တော်က အဲဒါလေးကို မက်ဆေ့ပေးချင်တယ်။ ဗိုလ် ချုပ်မှူးကြီးလည်း တွေးထားပြီးသားဖြစ်လိမ့်မယ်။ သို့သော် အဲဒီအတွေးလေး ဝိုင်းပြီးတော့ မိချောင်းမင်းရေ ခင်းပြသလို တော့မဖြစ်ဘူး။ ဖြစ်သလိုလည်း ဖြစ်နေမှာပေါ့။ သို့သော်လည်း အဲဒါလေး သူ့အနေနဲ့ အတွေးလေး ရသွားလို့ ဒါလေးတော့ အာမခံပေးလိုက်ကွာ ပြီးသွားပြီ ဒီကိစ္စက။ မြန်မာပြည်ထဲကပိုက်ဆံ တစ်ပြားမှမလိုဘူး။ နောက်ဆုံးရှုံးစရာအကြောင်း လည်းမရှိဘူး။ ဘာလို့ဆို သန်း (၂၀ဝ)တန်ပစ္စည်းတွေအကုန်လုံး မြန်မာပြည်ရောက်လာပြီး ဒီမှာတည်မှာလေ။ ပြီးရင် ဒါကြီး သိမ်းလိုက်ရုံပေါ့။ ဘာမှဆုံးရှုံးစရာမရှိဘူး။ အပြင် ထွက်သွားတဲ့ကိစ္စမဟုတ်။ အပြင်ထွက်လာပြီး ဒီမှာယူ တည်တဲ့ ကိစ္စလေဗျာ။

(အပိုင်း-၂ ကိုဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
“ငလ်င္အေၾကာင္းျပၿပီး ေငြေခ်းခ်င္တဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရွိတယ္ ေကာ္မတီသာဖြဲ႕လိုက္ပါ”
ေစာ (NP News) - ဇြန္ ၁၉

ေနျပည္ေတာ္တြင္ ေမလ (၃၀)ရက္ႏွင့္ (၃၁)ရက္တို႔တြင္က်င္းပခဲ့သည့္ ငလ်င္အလြန္ ျမန္မာ့စီးပြားေရးကုစား ျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း သုံးသပ္ေဆြးေႏြးပြဲအေပၚ တကယ္လိုအပ္ေနသည့္အခ်က္မ်ားႏွင့္ပတ္သက္၍ စီးပြား ေရး လုပ္ငန္းရွင္တစ္ဦးႏွင့္ ေဆြးေႏြးထားျခင္းကို ေဖာ္ျပေပးသြားပါမည္။

ေက်ာ္ႏု - ငလ်င္နဲ႔ပတ္သက္ၿပီး ဖိုရမ္လုပ္တယ္။ ၿပီးသြားၿပီ။ နားေထာင္ၾကည့္တယ္။ ဘာေတြ ေတြ႕ရလဲ။ ဒီကစၾက တာေပါ့။
ေဆြးေႏြးေဖာ္ - ဘာေတြေတြ႕ရလဲဆိုေတာ့ ကြၽန္ေတာ္ တို႔ အဓိကထားၿပီးေျပာေနၾကတာက ဒီအစိုးရကေပးမယ့္ ဘီလ်ံ (၉၀ဝ)ေပၚမွာပဲမူတည္ၿပီး ဘယ္သူေတြကိုေပးမလဲ။ ဘယ္ေလာက္ထိခိုက္သြားတဲ့လုပ္ငန္းေတြ ကိုေပးမလဲ။ ဆိုေတာ့ ဒါေတြကက်ေတာ့ေလ အေသးစား၊ အလတ္စားနဲ႔ အိမ္တြင္းမႈလုပ္ငန္းသမားေတြကို တိုက္႐ိုက္။ တကယ္ ရက္ကန္း စက္႐ုံႀကီးပ်က္စီးသြားတယ္။ ဒီရက္ကန္းစက္႐ုံျပင္ဖို႔အတြက္ ေငြထုတ္ေပး လိုက္တယ္ဆိုတဲ့ဟာမ်ိဳးက်ေတာ့ တကယ္ထိ ေရာက္ တာေပါ့ေနာ္။ ဒါေပမဲ့ သူတို႔ အဓိက ေမ့ေနတာကေလ ဒီတိုင္းျပည္ ျပန္ထူေထာင္ဖို႔အတြက္ ဒီရွိၿပီးသား လက္မႈ၊ အိမ္တြင္းမႈ ထုတ္လုပ္မႈလုပ္ငန္းေလးေတြနဲ႔ မလုံေလာက္ဘူး။ ဒီလိုအခ်ိန္မ်ိဳးမွာ တကယ့္ကို အစိုးရအေနနဲ႔ Drive ေပးႏိုင္ရင္ တကယ္လုပ္ရမွာ။ ဘဏ္ေတြကို သူက စုၿပီးေတာ့ Investment Bank­ing ဆိုတာမ်ိဳး တစ္ခု ထြက္လာဖို႔ လိုတာ။
ေက်ာ္ႏု - အင္း၊ ဟုတ္ၿပီ။
ေဆြးေႏြးေဖာ္ - အဲဒါက်ေတာ့ In Cash ႀကီး ထည့္စရာမလိုဘူး။ Investment Banking ဆိုတာက ဒီလိုမ်ိဳးႀကီး ဘီလ်ံ (၉၀ဝ)ႀကီးထည့္စရာမလိုဘူး။ အဲဒါက ဘာေတြနဲ႔သြားလဲဆိုေတာ့ Government ရဲ႕ Grants တို႔ Buyer’s credit တို႔ ဒီလို Instru­ment ေတြသုံးရတာေပါ့ေနာ္။ ဒီလို Instrument ဆိုရင္ သူက ေငြမဟုတ္ေပမယ့္လို႔ ေငြသားကဲ့သို႔ အာမခံခ်က္ရွိ ေသာ Guarantee ေပါ့။ ဆိုေတာ့ ကြၽန္ေတာ္ေျပာတာကေလ အဲဒီလိုဟာမ်ိဳးေတြကို ဒီလိုအခ်ိန္မွထုတ္မသုံးရင္ ဘယ္လို အခ်ိန္မွာသုံးမလဲ။ အဲဒီေတာ့ ဘ႑ာအခြန္ေပါ့၊ ဝန္ႀကီးဌာနေပါ့။ စီမံကိန္းနဲ႔ ဘ႑ာေရးႏွင့္ဝန္ႀကီးဌာနသို႔မဟုတ္ National Plan­ning လိုမ်ိဳး ဝန္ႀကီးဌာနတစ္ခုက ေခါင္းခံၿပီးေတာ့ သူတို႔ႏွစ္ဖက္ညႇိႏႈိင္းၿပီးေတာ့ ငလ်င္ေဘးျပန္ လည္ထူ ေထာင္ေရးေကာ္မတီဆိုတာမ်ိဳး တစ္ခုဖြဲ႕ၿပီးေတာ့ အဲဒီကေန စီးပြားေရးျပန္လည္ႏိုးထေရးေကာ္ မတီဟာမ်ိဳးထူေထာင္ၿပီး အဲဒီေကာ္မတီကေန 3 in 1, 4 in 1 ပါမွာေပါ့ဗ်ာ။ သူတို႔ကေနမွ လုပ္ေပးရမွာ ဥပမာ မီးလိုတယ္။ ဒီေဒသမွာမီးလိုတယ္။ မဂၢါဝပ္ (၁၀ဝ)လိုတယ္။ မဂၢါဝပ္(၁၀ဝ)လည္ဖို႔အတြက္ကို တကယ့္ Generator ေတြနဲ႔ စက္႐ုံေတြ၊ စက္မႈဇုန္ေတြကို မီး ေပးဖို႔အတြက္ေပးမယ္ဆိုရင္ ဒီဟာအတြက္ကို Generator အတြက္ကို သန္း (၅၀)လိုမယ္။ အိုေက။ ဒီသန္း (၅၀)ကို လုပ္မယ့္ Developer ရွိမယ္ဗ်ာ။ ဒီ Developer ကေနၿပီးေတာ့မွ Project FS တင္ျပရမယ္။ ဘယ္လိုလုပ္မလဲ။ ျဖစ္ႏိုင္ စြမ္းေတြတင္ျပၿပီး Financial Analysis ဆိုတာေလးေတြပါရမယ္။ အဲဒီထဲမွာ ျဖစ္ႏိုင္စြမ္း FS ကို Review လုပ္ႏိုင္တဲ့ ပညာရွင္ရွိရမယ္။ ေနာက္တစ္ခါ သူကေန တြက္ခ်က္ျပထားတယ္။ Financial Ana­lysis ဒီဟာသည္ ျဖစ္ႏိုင္၏၊ မျဖစ္ႏိုင္၏၊ အတိုးဘယ္ ေလာက္အထိခံႏိုင္သလဲ။ ဒီဟာေပၚမွာ ျပန္ေပးႏိုင္စြမ္းဘယ္ေလာက္ရွိသလဲေပၚမူတည္ၿပီး ဒီပေရာဂ်က္က ခိုင္မာတယ္၊ ျဖစ္ႏိုင္တယ္။ ေနာက္တစ္ခါ ဒီစက္ႀကီးဟာ ျမန္မာျပည္မွာ လာတည္တာျဖစ္တဲ့အတြက္ ျပန္သယ္သြားလို႔မရဘူး။ သူတို႔အတြက္လည္း အာမခံခ်က္ရွိတဲ့စက္မ်ိဳးေတြေလ။ ဘဏ္ေတြအေနနဲ႔ တာဝန္ယူေပး အဲဒီ သန္း (၅၀)ကို ပိုက္ဆံထြက္သြားစရာမလိုဘူး။ သူ႔ပေရာဂ်က္အတြက္ကို ဒီဟာကေနထြက္လာမယ့္ Power Purchase and Payment ဆိုတာကလည္း လွ်ပ္စစ္ကလည္း အစိုးရ ကိုပဲေရာင္းမွာ အစိုးရကိုပဲ ပိုက္ဆံျပန္ေပးရမွာျဖစ္တဲ့အတြက္ ဒီေကာင္ေခ်းသြားလို႔ရတဲ့အလုပ္မ်ိဳးဆိုရင္ အစိုးရအေနနဲ႔ Guarantee ေလး ေပးလိုက္႐ုံပဲ။ Guarantee ဆိုတာကေတာ့ အာမခံခ်က္ေပၚပဲစာ ႐ြက္ေလးတစ္႐ြက္ေပၚမွာ လက္မွတ္ေလးထိုးသြား႐ုံပဲ။ ဘီလ်ံ (၉၀ဝ)အျပင္ သူတို႔မွာ အဲဒီလို လုပ္ႏိုင္တဲ့ ပါဝါႀကီးရွိေနတယ္။ သူတို႔ အဲဒါႀကီးထုတ္သုံးရမွာ။ အဲဒါက ဟိုးဦးသိန္းစိန္လက္ထက္ကလုပ္ခဲ့တဲ့ အေတြ႕ အႀကဳံလည္းရွိတယ္၊ လုပ္ခဲ့ဖူးတယ္။ ေနာက္ပိုင္းက်မွသာ လက္ရွိဘ႑ာခြန္ကို တာဝန္ယူလာတဲ့ ဝန္ႀကီးေတြက တာဝန္ခံရမွာေၾကာက္ၿပီး တအား ေၾကာက္ကန္ကန္ၿပီး ျငင္းေနလို႔သာ။ အမွန္က ႏိုင္ငံတိုင္းႏိုင္ငံတိုင္းမွာ အဲဒီ Credit ဆိုတာရွိတယ္။ ဆိုေတာ့ အာမခံ Guarantee ေပါ့ေနာ္။ Government Gua­r­antee မဟုတ္ရင္ေတာင္မွ Maybe Project Gua­rantee ဆိုတာမ်ိဳး Buyer’s credit Guarantee ဆိုတာမ်ိဳး။ ဆိုေတာ့ ဒီပေရာဂ်က္ကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ဖို႔ပဲ လိုတာ။ အဲဒီလိုမ်ိဳးေတြေပးႏိုင္မွ။ ကြၽန္ေတာ္တစ္ခါေျပာခဲ့ဖူးတယ္။ ကိုေက်ာ္မ်ိဳးမင္း မွတ္မိလားမသိဘူး။ ဟိုတယ္ Tourism လုပ္ငန္းေလးတစ္ခု။ သူ႔႐ြာမွာ အဲဒီေဒသက ႏိုင္ငံတကာကလာမယ္ဆိုရင္ အလြန္စိတ္ဝင္စားစရာ ေနရာ ေလးကို ဒီလုပ္မယ့္လူက ရင္းႏွီးျမႇဳပ္ႏွံမႈမရွိေတာ့ သူတို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီကို ဒီပေရာဂ်က္ေလးကိုတင္တာ။ ကြၽန္ေတာ္ေလယာဥ္နဲ႔ တစ္ေန႔ဆိုရင္ လူဘယ္ႏွေယာက္ ေခၚလာမယ္။ Bus ကားကို ရင္းမယ္။ Bus ကားကို ဘယ္ႏွ ေယာက္။ ဒီမွာ တစ္ညအိပ္မယ္။ ထားမယ္။ ဘယ္လိုရမယ္။ ျပန္ပို႔လိုက္မယ္။ တစ္ႏွစ္ကို လူဘယ္ ႏွေယာက္သယ္မယ္။ ကြၽန္ေတာ္ အဲဒီအတြက္ကို အရင္းအႏွီးဘယ္ေလာက္လိုတယ္။ ဘယ္ႏွႏွစ္မွာ အရင္းေက်မယ္။ ဘယ္လိုျပန္ေပးႏိုင္ တယ္။ သူတို႔က ပညာရွင္ေတြက ကြင္းဆင္းၾကည့္ၿပီး သူတို႔လည္း တကယ္စိတ္ဝင္စားၾကၿပီး ျဖစ္ႏိုင္တယ္ဆိုၿပီး ဒီေငြ ေလးထုတ္ေပးလိုက္တဲ့အခါ အဲဒီကုမၸဏီေလးေအာင္ ျမင္သြားၿပီ။ အဲဒီေနရာကိုလည္း လူေတြအမ်ားႀကီး ေရာက္ေအာင္ ဆြဲေခၚလာႏိုင္တယ္။ ဒီလိုပဲ။ ဥပမာေပါ့ ဒါကလြယ္လြယ္ေလးေတြေျပာတာ။ တကယ္ျဖစ္ႏိုင္ စြမ္းရွိတယ္ဆိုရင္ ဒီလူက မုန႔္ဟင္းခါးခ်က္အရမ္းေတာ္ တယ္။ မုန႔္ဟင္းခါးခ်က္ၿပီးေကြၽးမယ္ အဲဒီလူေတြစား ၾကည့္မယ္။ အရမ္းေကာင္းတယ္။ သူလမ္းထိပ္မွာ အိမ္ငွားစရာေနရာေလးမရွိဘူး။ စားစရာ အရင္းအႏွီး ေလးထုတ္ေပးလိုက္မယ္။ မုန႔္ဟင္းခါးခ်က္ဖို႔ အတြက္ တစ္အိုးစာအရင္းအႏွီးေလး ေခ်းေပးလိုက္မယ္။ ဒီမုန႔္ ဟင္းခါးဆိုင္ေလးျဖစ္သြားတယ္။ သူ႔ဟာသူ အရင္း ေပးေပး အျမတ္ေလးနဲ႔ေက်သြား။ အဲဒီလိုလူေတြမ်ား လာဖို႔လိုတယ္။ ဆိုတာက အေသးစားေလးေတြကို ခုနကေျပာသလို ေငြေလး သိန္းတစ္ေထာင္ျဖစ္ေစ၊ ႏွစ္ေထာင္ျဖစ္ေစ၊ သိန္းတစ္ေသာင္းျဖစ္ေစ၊ သိန္းႏွစ္ ေသာင္းျဖစ္ေစ ထုတ္ေပးလိုက္ တာက ရွိတဲ့ (၉၀ဝ) ဘီလ်ံနဲ႔ေလာက္ငေပမယ့္ အႀကီးစားႏိုင္ငံေတာ္အတြက္ တကယ္လိုအပ္တဲ့ဟာ ဒီအခ်ိန္မွာ မီးတို႔၊ လမ္း၊ တံတားတို႔ တကယ္ပေရာဂ်က္ေတြက ဥပမာ ဘိလပ္ ေျမစက္႐ုံတစ္႐ုံတည္ဖို႔အတြက္ကို သန္း (၂၀ဝ)ေလာက္ လိုတယ္။ ႏိုင္ငံေတာ္ကေနၿပီးေတာ့ ထြက္သမွ်ဘိလပ္ေျမ ငါတို႔ႏိုင္ငံေတာ္ကိုသြင္း မင္းအတြက္ အျပင္မွာ ေဒၚလာ တစ္ရာေပါက္တယ္ဆိုရင္ ငါတို႔ မင္းကို ေဒၚလာ (၈၀)နဲ႔ဝယ္ေပးမယ္။ တစ္ႏွစ္ကို တန္ (၁)သန္းနဲ႔ (၁၀)ႏွစ္စာခ်ဳပ္ ခ်ဳပ္မယ္။ တစ္ႏွစ္ကို ေဒၚလာ (၈၀)ဆိုေတာ့ (၈၀)နဲ႔ဝယ္ရင္ ေဒၚလာ(၈၀) ငါးႏွစ္ဆိုရင္ သန္း (၄၀ဝ)ျဖစ္သြားၿပီ။ ႏိုင္ငံ ေတာ္ကို ဟိုလူက ထြက္သမွ်သြင္းရမွာေလ။ ထုတ္ထားၿပီးသား ေလ။ ဒီစက္ေတြအကုန္လုံးက ဒီမွာ လာတည္တာေလ။ ႏိုင္ငံေတာ္ကလည္း လိုေနတာေလ။ သူ (၈၀)ႏုတ္ရင္ သူ႔ဘာသာသူ ျပန္ျဖန႔္လို႔ရတယ္ေလ။ ကြၽန္ေတာ္ေျပာတာ MEC တို႔ ဦးပိုင္တို႔က ဝယ္ၿပီးျပန္ျဖန႔္လို႔ရတယ္။ အဲဒီေတာ့ ဦးပိုင္နဲ႔ ဘိလပ္ေျမစက္႐ုံရင္းမယ့္လူရဲ႕ၾကားထဲမွာ Sale and Purchase Agreement ခ်ဳပ္လိုက္ အဲဒီစာခ်ဳပ္ကိုမူတည္ၿပီးေတာ့ Buyer}s credit ဆို တဲ့ဟာမ်ိဳးေလးပဲ ဘဏ္တစ္ခုကေပးလိုက္ရင္ အဲဒီ ဟာက ဟိုလူ သန္း (၂၀ဝ)က ႏိုင္ငံျခားဘဏ္ကေခ်း လို႔ရသြားၿပီ။ အဲဒီလိုမ်ိဳး ႏိုင္ငံတကာဘဏ္ကေန ေငြေခ်းလို႔ရ ေအာင္ အစိုးရဘဏ္ Auditory ပိုင္းက ပိုင္ႏိုင္တဲ့ Guarantee ေလးထုတ္ေပးလိုက္ရင္ ဒီဘီလ်ံ (၉၀ဝ)မဟုတ္ဘူး။ ‌ေဒၚ လာမီလ်ံ (၉၀ဝ) ေတာင္မွ သူတို႔ရွာလို႔ရတယ္။ အဲဒီ Point ေလး Missed ျဖစ္ေနတာ။ အခုေျပာေနၾကတာက ဒီျမန္မာျပည္ထဲမွာရွိေနၿပီးေတာ့ ဒီဟာေလးေတြကိုေျပာေနတာ ႏိုင္ငံတကာက ေနၿပီးေတာ့ သန္းေပါင္းမ်ားစြာယူလာၿပီး ဒီအခ်ိန္မွာ ငလ်င္ကိုအေၾကာင္းျပဳၿပီးလုပ္ရမယ့္ တကယ္လိုအပ္တဲ့ ဘိလပ္ေျမစက္႐ုံတို႔ စတီး Structure စက္႐ုံတို႔ သံေခ်ာင္းေတြလုပ္တဲ့စက္႐ုံတို႔ အဲဒီလိုစက္႐ုံေတြ ေရရွည္လည္း ျမန္မာျပည္ကလိုမွာေလ။ အဲဒါေလးကို ကြၽန္ေတာ္တို႔ အဲဒီလိုမ်ိဳးအစီအမံေလးနဲ႔လုပ္ေပး လိုက္ရင္ ျဖစ္သြားမွာ။ ဒီအခ်ိန္က ႏိုင္ငံတကာက အဲဒီလို Guarantee သာေပးရင္ ငလ်င္ကိုအေၾကာင္းျပဳၿပီး သက္သက္သာသာနဲ႔ကိုေပးခ်င္ေနၾကတာ။ အဲဒီလိုဟာေလးပဲ Guarantee ေလးပဲလိုတာ။ အဲဒါ က အရင္ဦးသိန္းစိန္လက္ထက္စစခ်င္းမွာ ေပးခဲ့ ဖူးတယ္။
ေက်ာ္ႏု - ဟုတ္ၿပီ။ အထဲမွာေလ သူတို႔ေဆြးေႏြးပြဲမွာ ကြၽန္ေတာ္သတိထားမိသေလာက္ ဗိုလ္ခ်ဳပ္မႉးႀကီးက ဘီလ်ံ (၇၀ဝ)နဲ႔ (၂၂၆) သူ႔မွာရွိတယ္ေျပာတယ္။ ဒါေပမဲ့ ဘာလုပ္မယ္၊ ဘာလိုလုပ္သင့္တယ္ဆိုတာ ေတြ မင္းတို႔ေဆြးေႏြး ထားၾက။ ေဆြးေႏြးၿပီးရလဒ္ေျပာ၊ ရတဲ့ရလဒ္ကို ငါတို႔လုပ္သင့္တယ္ဆိုၿပီး အတည္ျပဳမယ္။ ကြၽန္ေတာ္လည္း အဲဒီမွာ စဥ္းစားၾကည့္လိုက္ေတာ့ သူတို႔ေတြ႕ဆုံပြဲက ေဆြးေႏြးပြဲအဆင့္ပဲရွိေသးတာ။ ဆုံးျဖတ္ခ်က္ေတြေပးတဲ့အဆင့္ မေရာက္ ဘူး ေျပာလို႔ရတယ္။ ဆုံးျဖတ္ခ်က္က ဘယ္သူ႔ဆီမွာရွိလဲဆိုေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးေခါင္းထဲမွာပဲရွိတာ။ က်န္တဲ့ လူေတြက ေဆြးေႏြးခြင့္ပဲရွိတာ။ ဆုံးျဖတ္ခြင့္မရွိၾကဘူး။ ဆိုေတာ့ ဒီေဆြးေႏြးပြဲကေနထြက္လာတဲ့ရလဒ္ ေတြဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး ႀကိဳေတြးၿပီးသားလို႔ ေျပာလို႔ရတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးေခါင္းထဲမွာပဲ အဓိကရွိတယ္။ ဒီေဆြးေႏြးပြဲရဲ႕ ရလဒ္ေတြက တခ်ိဳ႕ဟာေတြ ဗိုလ္ခ်ဳပ္မႉးႀကီးက စဥ္းစားထားၿပီးသားေတြပဲလို႔ ကြၽန္ေတာ္က မွန္းလို႔ရ ေျပာလို႔ရတယ္။
ေဆြးေႏြးေဖာ္- မဟုတ္ဘူး။ ဒီလိုေပါ့။ ေခါင္းအမ်ားႀကီး နဲ႔ ဝိုင္းေဆြးေႏြးၾကတဲ့အခါက်ေတာ့ ရႈေထာင့္မ်ိဳးစုံကေန ၿပီးေတာ့ ျဖစ္ႏိုင္တဲ့နည္းလမ္းကို ထြက္လာႏိုင္တာေပါ့။ ဒီေပၚမွာ နားေထာင္ၿပီးေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးကလည္း လိုအပ္သလို၊ သူ႔ေခါင္းထဲမွာလည္း ေတြးထားတာရွိမယ္။ ဒီေဆြးေႏြးပြဲကေန သူ႔အိုင္ဒီယာအသစ္ေတြ ရသြားတာ လည္းရွိမယ္။ ကြၽန္ေတာ္က အဲဒါေၾကာင့္ ခုနကေျပာတဲ့ ေငြသားမပါဘဲနဲ႔ Guarantee တစ္ခုတည္းနဲ႔တင္ ႏိုင္ငံတကာဘဏ္ကေန အတိုးႏႈန္းသက္သာစြာနဲ႔ ေခ်းလို႔ ရတယ္ဆိုတဲ့ဟာေလး မက္ေဆ့ေပးခ်င္တာ။ ဒီျမန္မာ ျပည္မွာရွိေနတဲ့ ဘီလ်ံ (၉၀ဝ) နဲ႔တင္ မေလာက္ဘူးဗ်ာ။ ျမန္မာျပည္ထူေထာင္ဖို႔က ေသခ်ာတယ္ ဘီလ်ံ (၉၀ဝ) နဲ႔မေလာက္ဘူး။ ေဒၚလာတင္ သုံး၊ ေလး ဘီလ်ံေလာက္ လိုမယ္။ အဲဒီလိုမ်ိဳး ဒီလိုအခ်ိန္မွာ ငလ်င္ဆိုတဲ့အေၾကာင္း ျပခ်က္နဲ႔ ျမန္မာျပည္ကို ေငြေခ်းေပးခ်င္ေနတဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြလည္းရွိတယ္။ အဲဒီလိုအဖြဲ႕အစည္း ေတြကလည္း ငလ်င္ျပန္လည္ထူေထာင္ေရးမွာလိုအပ္ တဲ့ ဘိလပ္ေျမစက္႐ုံတည္မယ္။ သံေခ်ာင္းစက္႐ုံ တည္မယ္။ ေနာက္ တကယ့္လူသုံးကုန္ပစၥည္းစက္႐ုံ ေတြတည္မယ္။ ေရရွည္က်ရင္လည္း ျပန္လည္ထူေထာင္ေရးၿပီးသြားတဲ့အခါက်ရင္ ဒါေတြက ျပန္လည္ ေရာင္းခ်လို႔ရေနမယ္။ ထူေထာင္ လို႔ရမယ့္ စက္႐ုံေတြ ျဖစ္ေနတယ္ဆိုရင္ ေပးခ်င္ၾကတယ္။ ျမန္မာျပည္က အတိုး (၁၃)ရာခိုင္ႏႈန္းဆိုတာ ေတာ္ေတာ္ျမင့္ တာေလ။ သူတို႔ ဘယ္ေလာက္ သက္သာေအာင္ေပးေပး ကြၽန္ေတာ္ထင္တယ္ (၇)၊ (၈)ထက္မေလ်ာ့ဘူး။ ဘာလို႔ဆို စုေငြေတာင္မွ (၈)ေလာက္ေပးေနတာကို အဲဒါ ေအာက္မွာ လိုက္ေပးဖို႔ဆိုတာခက္တယ္။ Govern­ment ကလည္းအရႈံးခံ စရာမလိုဘူး။ အစိုးရအေနနဲ႔ တကယ္ အဲဒါေလးတာဝန္ခံေပးခ်င္တယ္ဆိုရင္ ခုန ကကြၽန္ေတာ္ေျပာသလို ဘိလပ္ေျမ စက္႐ုံေခၚသြင္းလိုက္ တစ္ႏွစ္ခြဲအတြင္း ျဖစ္ေအာင္လုပ္ အာမခံေပးမယ္။ မင္းတို႔ထြက္လာတဲ့ပစၥည္းေတြကို ငါတို႔ကို ထုတ္လုပ္မႈစရိတ္က တန္ (၅၀ဝဝ)စက္႐ုံဆိုရင္ ‌ေဒၚလာ ေလးဆယ္ေလာက္ပဲ က်မယ္။ တန္ တစ္ ေသာင္းစက္႐ုံဆိုရင္ (၃၇) ေဒၚလာပဲက်တာ။ မင္းတို႔ကို ငါတို႔ Guarantee ေပးထားတာျဖစ္တဲ့အတြက္ ထြက္ထြက္လာခ်င္း မင္းတို႔ စက္႐ုံ အရင္းေၾကကာလ အထိကိုေတာ့ ငါတို႔ (၆၀)နဲ႔ေပးရမယ္။ အစိုးရကို သက္သာေသာေဈးႏႈန္းရမယ္။ ေပါက္ေဈးထက္ ေပးမွာပဲ။ စက္႐ုံလုပ္တဲ့သူေတြကလည္း သူ႔စက္႐ုံျဖစ္ သြားတယ္ေလ။ အရင္းေၾကကာလေက်ာ္ရင္ အျပင္မွာသူ လြတ္လြတ္လပ္လပ္ ေရာင္းလို႔ရၿပီေလ။ ႏိုင္ငံ တကာေပါက္‌ေဈးနဲ႔ ယွဥ္ေရာင္းလို႔ရတယ္။ အခု ႏိုင္ငံ တကာမွာ ေဒၚလာ (၈၀)ေလာက္ေပါက္တယ္။ ဆို ေတာ့ (၆၀) နဲ႔ေရာင္းေပးမယ္ဆိုရင္ကို စက္႐ုံလည္း ျဖစ္သြားၿပီ။ အစိုးရလည္း သက္သက္သာသာရမယ္။ အခု အျပင္မွာဆိုရင္ ေဒၚလာ တစ္ရာ့ႏွစ္ဆယ္ေလာက္ ေရာင္းေနတာေလ။ ဆိုေတာ့ အဲဒါမ်ိဳး နည္းေတြနဲ႔လည္း ေငြရွာလို႔ရတယ္။ ႏိုင္ငံတကာဘဏ္ေတြက မင္းတို႔ ဘ႑ာခြန္ဝန္ႀကီးဌာန အာမခံခ်က္ပါတယ္။ ဒါမွမ ဟုတ္ရင္ ဒီ Sale and Purchase Agreement အတြက္ ဘဏ္တစ္ခုကေန အာမခံေပးပါတယ္ဆိုရင္ ဒီပိုက္ဆံစာခ်ဳပ္ႀကီး ရွိေနတာ ေသခ်ာေပါက္ ေရာင္းကိုေရာင္းရမွာေလ။ အဲဒီစာခ်ဳပ္အတြက္ ေပးရန္ရွိတဲ့ေငြ ကို ဒီဘဏ္ကလည္းေပးပါမယ္လို႔ အာမခံထားတာျဖစ္တဲ့အတြက္ ႏိုင္ငံတကာမွာ EPC + Financing ထြက္ရွာရင္ ဒီေကာင္ လြယ္လြယ္ေလး အမ်ားႀကီးျဖစ္ ႏိုင္တယ္။ ဒီလိုအခ်ိန္မွာ အမ်ားႀကီးျဖစ္ႏိုင္တယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္က အဲဒါေလးကို မက္ေဆ့ေပးခ်င္တယ္။ ဗိုလ္ ခ်ဳပ္မႉးႀကီးလည္း ေတြးထားၿပီးသားျဖစ္လိမ့္မယ္။ သို႔ေသာ္ အဲဒီအေတြးေလး ဝိုင္းၿပီးေတာ့ မိေခ်ာင္းမင္းေရ ခင္းျပသလို ေတာ့မျဖစ္ဘူး။ ျဖစ္သလိုလည္း ျဖစ္ေနမွာေပါ့။ သို႔ေသာ္လည္း အဲဒါေလး သူ႔အေနနဲ႔ အေတြးေလး ရသြားလို႔ ဒါေလးေတာ့ အာမခံေပးလိုက္ကြာ ၿပီးသြားၿပီ ဒီကိစၥက။ ျမန္မာျပည္ထဲကပိုက္ဆံ တစ္ျပားမွမလိုဘူး။ ေနာက္ဆုံးရႈံးစရာအေၾကာင္း လည္းမရွိဘူး။ ဘာလို႔ဆို သန္း (၂၀ဝ)တန္ပစၥည္းေတြအကုန္လုံး ျမန္မာျပည္ေရာက္လာၿပီး ဒီမွာတည္မွာေလ။ ၿပီးရင္ ဒါႀကီး သိမ္းလိုက္႐ုံေပါ့။ ဘာမွဆုံးရႈံးစရာမရွိဘူး။ အျပင္ ထြက္သြားတဲ့ကိစၥမဟုတ္။ အျပင္ထြက္လာၿပီး ဒီမွာယူ တည္တဲ့ ကိစၥေလဗ်ာ။

(အပိုင္း-၂ ကိုဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.