မြောက်ကိုရီးယားက စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို ရုရှားကို စေလွှတ်သွားမယ်

 80

Pika (NP News) - ဇွန် ၁၉

မိုင်းရှင်းလင်းရေးလုပ်ငန်းတွေနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့အတွက် မြောက်ကိုရီးယားအစိုးရဟာ ၎င်းရဲ့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ရုရှားနိုင်ငံကာ့စ်ဒေသကို စေလွှတ်လိမ့်မယ်လို့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးဆာဂေးရှိုဂူကပြောကြားခဲ့ပါတယ်။
ကာ့စ်ဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ရုရှားစစ်သားတွေနဲ့အတူ မြောက်ကိုရီးယားစစ်သားတွေက ပါဝင် တိုက်ခိုက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲဒီတပ်ဖြန့်မှုအသစ်ကို နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်အရ ရုရှားအတွက် မြောက်ကိုရီးယားရဲ့စစ်ရေးထောက်ပံ့မှုတိုးချဲ့မှုအသစ်တစ်ခုအဖြစ် ဆာဂေးရှိုဂူက ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဆာဂေးရှိုဂူက “မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ ရုရှားပိုင်နက်မှာ ရှင်းလင်းမှုတွေလုပ်ဆောင်ရာမှာ ကူညီပေးဖို့အတွက် မိုင်းရှင်းလင်းရေးကျွမ်းကျင်သူ(၁၀၀၀)ကို ရုရှားဆီစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ပြီးတော့ မြောက်ကိုရီးယားရဲ့နောက်ထပ်စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာ(၅၀၀၀)ဦးဟာ ပျက်စီးသွားတဲ့အခြေခံအဆောက် အဦးတွေ ပြန်လည်တည်ဆောက်ဖို့ ကူညီပေးသွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီချက်မျိုးကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက စစ္ဘက္ဆိုင္ရာဝန္ထမ္းေတြကို ႐ုရွားကို ေစလႊတ္သြားမယ္
Pika (NP News) - ဇြန္ ၁၉

မိုင္းရွင္းလင္းေရးလုပ္ငန္းေတြနဲ႔ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ေတြမွာ အကူအညီေပးဖို႔အတြက္ ေျမာက္ကိုရီးယားအစိုးရဟာ ၎ရဲ႕တပ္ဖြဲ႕ဝင္ေထာင္ေပါင္းမ်ားစြာကို ႐ုရွားႏိုင္ငံကာ့စ္ေဒသကို ေစလႊတ္လိမ့္မယ္လို႔ ႐ုရွားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉးဆာေဂးရႈိဂူကေျပာၾကားခဲ့ပါတယ္။
ကာ့စ္ေဒသမွာျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြမွာ ႐ုရွားစစ္သားေတြနဲ႔အတူ ေျမာက္ကိုရီးယားစစ္သားေတြက ပါဝင္ တိုက္ခိုက္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အဲဒီတပ္ျဖန႔္မႈအသစ္ကို ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ မိတ္ဖက္သေဘာတူစာခ်ဳပ္အရ ႐ုရွားအတြက္ ေျမာက္ကိုရီးယားရဲ႕စစ္ေရးေထာက္ပံ့မႈတိုးခ်ဲ႕မႈအသစ္တစ္ခုအျဖစ္ ဆာေဂးရႈိဂူက ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဆာေဂးရႈိဂူက “ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ ႐ုရွားပိုင္နက္မွာ ရွင္းလင္းမႈေတြလုပ္ေဆာင္ရာမွာ ကူညီေပးဖို႔အတြက္ မိုင္းရွင္းလင္းေရးကြၽမ္းက်င္သူ(၁၀၀၀)ကို ႐ုရွားဆီေစလႊတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ၿပီးေတာ့ ေျမာက္ကိုရီးယားရဲ႕ေနာက္ထပ္စစ္ဘက္ဆိုင္ရာအင္ဂ်င္နီယာ(၅၀၀၀)ဦးဟာ ပ်က္စီးသြားတဲ့အေျခခံအေဆာက္ အဦးေတြ ျပန္လည္တည္ေဆာက္ဖို႔ ကူညီေပးသြားပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီခ်က္မ်ိဳးကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.