အင်ဒိုနီးရှားနိုင်ငံက မီးတောင်တစ်ခုပေါက်ကွဲ

 67

Pika (NP News) - ဇွန် ၁၉

အင်ဒိုနီးရှားနိုင်ငံ East Nusa Tenggara ပြည်နယ်မှာရှိတဲ့ Lewotobi Laki-laki မီးတောင်ဟာ ဇွန်လ(၁၇)ရက်မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေဟာ အမြင့်(၁၁)ကီလိုမီတာလောက်အထိ လွင့်စင်သွားခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မိုးသည်းထန်စွာရွာသွန်းပါက မီးတောင်ချော်ရည်တွေ စီးဆင်းလာနိုင်မှုနဲ့အတူ သတိပေးချက်အဆင့်ကို အန္တရာယ်အရှိဆုံးအဖြစ်မြှင့်တင်ထားတယ်လို့ မီးတောင်အေဂျင်စီက ပြောကြားခဲ့ပါတယ်။ Lewotobi Laki-laki’s မီးတောင် နောက်ဆုံးပေါက်ကွဲခဲ့တဲ့အချိန်မှာ ပြီးခဲ့တဲ့ မေလကဖြစ်ပြီး အပြင်းထန်ဆုံးအဆင့်အဖြစ် အာဏာပိုင်တွေ က သတိပေးခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီက မျှဝေထားတဲ့ဓါတ်ပုံတွေမှာ မှိုပုံသဏ္ဍာန်ရှိတဲ့ မီးတောင်ပြာတိမ်တိုက်တစ်ခု ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မီးတောင်ပေါက်ကွဲမှုနဲ့အတူ လေယာဉ်လမ်းကြောင်းပျံသန်းမှုတွေ အနှောင့်အယှက် ရှိ/မရှိ ဆိုတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။ မီးတောင် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံက မီးေတာင္တစ္ခုေပါက္ကြဲ
Pika (NP News) - ဇြန္ ၁၉
အင္ဒိုနီးရွားႏိုင္ငံ East Nusa Tenggara ျပည္နယ္မွာရွိတဲ့ Lewotobi Laki-laki မီးေတာင္ဟာ ဇြန္လ(၁၇)ရက္မွာ ေပါက္ကြဲခဲ့ၿပီး မီးေတာင္ျပာေတြဟာ အျမင့္(၁၁)ကီလိုမီတာေလာက္အထိ လြင့္စင္သြားခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ မီးေတာင္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မိုးသည္းထန္စြာ႐ြာသြန္းပါက မီးေတာင္ေခ်ာ္ရည္ေတြ စီးဆင္းလာႏိုင္မႈနဲ႔အတူ သတိေပးခ်က္အဆင့္ကို အႏၲရာယ္အရွိဆုံးအျဖစ္ျမႇင့္တင္ထားတယ္လို႔ မီးေတာင္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ Lewotobi Laki-laki’s မီးေတာင္ ေနာက္ဆုံးေပါက္ကြဲခဲ့တဲ့အခ်ိန္မွာ ၿပီးခဲ့တဲ့ ေမလကျဖစ္ၿပီး အျပင္းထန္ဆုံးအဆင့္အျဖစ္ အာဏာပိုင္ေတြ က သတိေပးခဲ့တယ္လို႔ သိရပါတယ္။
အင္ဒိုနီးရွားႏိုင္ငံ မီးေတာင္ေအဂ်င္စီက မွ်ေဝထားတဲ့ဓါတ္ပုံေတြမွာ မႈိပုံသ႑ာန္ရွိတဲ့ မီးေတာင္ျပာတိမ္တိုက္တစ္ခု ကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ မီးေတာင္ေပါက္ကြဲမႈနဲ႔အတူ ေလယာဥ္လမ္းေၾကာင္းပ်ံသန္းမႈေတြ အေႏွာင့္အယွက္ ရွိ/မရွိ ဆိုတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ မီးေတာင္ ေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို အင္ဒိုနီးရွားရွာေဖြကယ္ဆယ္ေရးေအဂ်င္စီက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.