အစ္စရေးက ကမ္ဘာကြီးကို နျူကလီးယားကပ်ဘေးဆီ တွန်းပို့နေတယ်လို့ ရုရှားဝေဖန်

446

Pika (NP News) - ဇွန် ၁၉
အီရန်ရဲ့နျူကလီးယားစက်ရုံတွေအပေါ် အစ္စရေးကတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာဟာ နိုင်ငံတကာ လုံခြုံရေးအတွက် လက်ခံနိုင်ဖွယ်မရှိတဲ့ခြိမ်းခြောက်မှုတွေနဲ့ ကမ္ဘာကြီးကို ကပ်ဆိုးထဲကျရောက်သွားစေမယ့် အန္တရာယ်ကိုဖြစ်စေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်မှာ အစ္စရေးက အီရန်ကို တိုက်လေယာဉ်အစင်းရေ(၂၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားစစ်ပွဲ စတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “အီရန်မှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို အစ္စရေးက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာဟာ နိုင်ငံတကာဥပဒေရှုထောင့်ကနေကြည့်မယ်ဆိုရင် တရားမဝင်ပါဘူး။ ပြီးတော့ အစ္စရေးရဲ့ဆက်လက်တိုက်ခိုက်မှုတွေက နိုင်ငံတကာလုံခြုံရေးအတွက် လက်မခံနိုင်တဲ့ခြိမ်းခြောက်မှုတွေကို ဖန်တီးပြီး ကမ္ဘာကြီးကိုနျူကလီးယားကပ်ဘေးထဲ ကျသွားအောင် တွန်းပို့နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပဋိပက္ခတွေပိုမိုပြင်းထန်လာတာဟာ ဒေသတွင်းတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေတဲ့အန္တရာယ်တွေကို တိုးမြင့်လာစေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးတော့ အစ္စရေး ခေါင်းဆောင်တွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေကို နားလည်သဘောပေါက်ပြီး အီရန်ရဲနျူကလီးယား စက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးက ကမာၻႀကီးကို န်ဴကလီးယားကပ္ေဘးဆီ တြန္းပို႔ေနတယ္လို႔ ႐ုရွားေဝဖန္
Pika (NP News) - ဇြန္ ၁၉
အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြအေပၚ အစၥေရးကတိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနတာဟာ ႏိုင္ငံတကာ လုံၿခဳံေရးအတြက္ လက္ခံႏိုင္ဖြယ္မရွိတဲ့ၿခိမ္းေျခာက္မႈေတြနဲ႔ ကမာၻႀကီးကို ကပ္ဆိုးထဲက်ေရာက္သြားေစမယ့္ အႏၲရာယ္ကိုျဖစ္ေစတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္မွာ အစၥေရးက အီရန္ကို တိုက္ေလယာဥ္အစင္းေရ(၂၀၀)နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားစစ္ပြဲ စတင္ျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အီရန္မွာရွိတဲ့ န်ဴကလီးယားစက္႐ုံေတြကို အစၥေရးက တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနတာဟာ ႏိုင္ငံတကာဥပေဒရႈေထာင့္ကေနၾကည့္မယ္ဆိုရင္ တရားမဝင္ပါဘူး။ ၿပီးေတာ့ အစၥေရးရဲ႕ဆက္လက္တိုက္ခိုက္မႈေတြက ႏိုင္ငံတကာလုံၿခဳံေရးအတြက္ လက္မခံႏိုင္တဲ့ၿခိမ္းေျခာက္မႈေတြကို ဖန္တီးၿပီး ကမာၻႀကီးကိုန်ဴကလီးယားကပ္ေဘးထဲ က်သြားေအာင္ တြန္းပို႔ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပဋိပကၡေတြပိုမိုျပင္းထန္လာတာဟာ ေဒသတြင္းတစ္ခုလုံးကို မတည္မၿငိမ္ျဖစ္ေစတဲ့အႏၲရာယ္ေတြကို တိုးျမင့္လာေစတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ အစၥေရး ေခါင္းေဆာင္ေတြအေနနဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ျပႆနာေတြကို နားလည္သေဘာေပါက္ၿပီး အီရန္ရဲန်ဴကလီးယား စက္႐ုံေတြအေပၚ တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းခဲ့တယ္လို႔ လည္း သိရပါတယ္။