လုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များ သက်ဆိုင်ရာ ကော်မတီသို့ ခွင့်ပြုမိန့် လျှောက်ရန်လို

 219

ဟန်ဟန်(NP News)-ဇွန်၂၀

ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦးအထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ကော်မတီသို့ ခွင့်ပြုမိန့် လျှောက်ထားရန်လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကပြောသည်။


ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယမန်နေ့ (ဇွန်လ ၁၉ရက်) က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၌ ကျင်းပသော လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါအစည်းအဝေးတွင် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီသို့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လိုင်စင်ကို ညွှန်ကြားချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။


ထို့ပြင် ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦးအထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များသည် သက်ဆိုင်ရာ ကော်မတီသို့ပင် ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများ တင်သွင်းပြီးပါက သက်ဆိုင်ရာ ကော်မတီက သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ၊မရှိ စိစစ်မည်ဖြစ်ကြောင်းသိရသည်။


ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်များနှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ကြီးကြပ်ကွပ်ကဲရေး ကော်မတီများက လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို လျှောက်ထားသူထံ ထုတ်ပေးသွားမည်ကိုလည်း သိရသည်။


အလားတူ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ အေးချမ်းသာယာရေးကို အထောက်အကူပြုစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာအဆင့်မီ လုံခြုံရေးဝန်ဆောင်မှုများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။


ထို့ကြောင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄/၂၀၂၅) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ် (၁၆/၂၀၂၅) ဖြင့် အတည်ပြုထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version
လုံၿခဳံေရးဝန္ထမ္း ၁၀ ဦးအထက္ ခန႔္ထားလိုသည့္ လုပ္ငန္းရွင္မ်ား သက္ဆိုင္ရာ ေကာ္မတီသို႔ ခြင့္ျပဳမိန႔္ ေလွ်ာက္ရန္လို

ဟန္ဟန္(NP News)-ဇြန္၂၀

ကိုယ္ပိုင္လုပ္ငန္း သို႔မဟုတ္ လုပ္ငန္းခြဲမ်ားတြင္ လုံၿခဳံေရးဝန္ထမ္း ၁၀ ဦးအထက္ ခန႔္ထားလိုသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာ ေကာ္မတီသို႔ ခြင့္ျပဳမိန႔္ ေလွ်ာက္ထားရန္လိုအပ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ ကေျပာသည္။


ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ယမန္ေန႔ (ဇြန္လ ၁၉ရက္) က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္၌ က်င္းပေသာ လုံၿခဳံေရးဝန္ေဆာင္မႈဆိုင္ရာ ႀကီးၾကပ္ကြပ္ကဲေရးဗဟိုေကာ္မတီအစည္းအေဝး အမွတ္စဥ္ (၁/၂၀၂၅) တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။


အဆိုပါအစည္းအေဝးတြင္ ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈ လုပ္ငန္း လုပ္ကိုင္လိုသည့္ ကုမၸဏီမ်ားသည္ သက္ဆိုင္ရာ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈ ႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီသို႔ ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈ လိုင္စင္ကို ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ေျပာသည္။


ထို႔ျပင္ ကိုယ္ပိုင္လုပ္ငန္း သို႔မဟုတ္ လုပ္ငန္းခြဲမ်ားတြင္ လုံၿခဳံေရးဝန္ထမ္း ၁၀ ဦးအထက္ ခန႔္ထားလိုသည့္ လုပ္ငန္းရွင္မ်ားသည္ သက္ဆိုင္ရာ ေကာ္မတီသို႔ပင္ ခြင့္ျပဳမိန႔္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ား တင္သြင္းၿပီးပါက သက္ဆိုင္ရာ ေကာ္မတီက သတ္မွတ္ခ်က္မ်ားႏွင့္ ညီၫြတ္မႈ ရွိ၊မရွိ စိစစ္မည္ျဖစ္ေၾကာင္းသိရသည္။


ညီၫြတ္မႈရွိသည့္ ေလွ်ာက္လႊာမ်ားကို သေဘာထားမွတ္ခ်က္မ်ားႏွင့္အတူ ဗဟိုေကာ္မတီသို႔ တင္ျပရမည္ျဖစ္ၿပီး ဗဟိုေကာ္မတီ၏ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီမ်ားက လိုင္စင္ သို႔မဟုတ္ ခြင့္ျပဳမိန႔္ကို ေလွ်ာက္ထားသူထံ ထုတ္ေပးသြားမည္ကိုလည္း သိရသည္။


အလားတူ ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈ လုပ္ငန္းမ်ားသည္ ႏိုင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ျပည္သူတို႔၏ ေအးခ်မ္းသာယာေရးကို အေထာက္အကူျပဳေစရန္၊ လူ႔စြမ္းအားအရင္းအျမစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ ႏိုင္ငံတကာအဆင့္မီ လုံၿခဳံေရးဝန္ေဆာင္မႈမ်ား ျဖစ္လာေစရန္ ရည္႐ြယ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ေျပာသည္။


ထို႔ေၾကာင့္ ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈ ႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕မ်ားသည္ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ၾကပ္မတ္ေဆာင္႐ြက္ ေပးရန္ လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။


ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈဆိုင္ရာ ဥပေဒကို ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၈ ရက္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥပေဒအမွတ္ (၄/၂၀၂၅) ျဖင့္ အတည္ျပဳျပ႒ာန္းခဲ့ၿပီး ပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈ လိုင္စင္ သို႔မဟုတ္ ခြင့္ျပဳမိန႔္ ေလွ်ာက္ထားျခင္းဆိုင္ရာ ၫႊန္ၾကားခ်က္ကိုလည္း ၂၀၂၅ ခုႏွစ္၊ ဇြန္ ၁၈ ရက္တြင္ ဗဟိုေကာ္မတီ၏ အမိန႔္ေၾကာ္ျငာစာ အမွတ္ (၁၆/၂၀၂၅) ျဖင့္ အတည္ျပဳထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.