မြင်းမူနှင့် မုံရွာမြို့နယ်တို့မှ အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်(၂၄) ဦးကို ဆုငွေ သိန်း (၅၀၀) နီးပါးပေးအပ်

 3850

Pearl (NP News) - ဇွန် ၂၀

မြင်းမူနှင့် မုံရွာမြို့နယ်တို့မှ အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်(၂၄)ဦးကို ဆုငွေ သိန်း(၅၀၀)နီးပါးပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၂၄)ဦးတို့ သည် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ (ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြပြီး ဝန်ကြီးချုပ်က ဆုံးမဩဝါဒစကား ပြောပြီးနောက် တိုင်းမှူးက နယ်မြေဒေသ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေဆိုင်ရာ ပုဒ်မများနှင့် အသိပညာပေးစကား များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် (၂၄)ဦးတို့အား ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလင်းဝင်ရောက်လာသူတစ်ဦးလျှင် ဆုကြေးငွေ သိန်း(၂၀)ကျပ်စီဖြင့် စုစုပေါင်းငွေ သိန်း(၄၈၀)ကျပ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး လာသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံလျှက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
ျမင္းမူႏွင့္ မုံ႐ြာၿမိဳ႕နယ္တို႔မွ အလင္းဝင္ေရာက္လာသည့္ PDF အဖြဲ႕ဝင္(၂၄)ဦးကို ဆုေငြ သိန္း(၅၀၀)နီးပါးေပးအပ္

Pearl (NP News) - ဇြန္ ၂၀

ျမင္းမူႏွင့္ မုံ႐ြာၿမိဳ႕နယ္တို႔မွ အလင္းဝင္ေရာက္လာသည့္ PDF အဖြဲ႕ဝင္(၂၄)ဦးကို ဆုေငြ သိန္း(၅၀၀)နီးပါးေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ထုတ္ျပန္ထားသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း၊ နယ္ေျမမ်ားအတြင္း အၾကမ္းဖက္သင္တန္းမ်ား တက္ေရာက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့ေသာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕နယ္ႏွင့္ မုံ႐ြာၿမိဳ႕နယ္တို႔မွ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၂၂)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး၊ စုစုေပါင္း (၂၄)ဦးတို႔ သည္ ဥပေဒေဘာင္အတြင္း ျပန္လည္ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ျပန္လည္ဝင္ေရာက္လာသူမ်ားအား ျပန္လည္ႀကိဳဆိုလက္ခံၿပီး ၎တို႔၏ မိဘအုပ္ထိန္းသူမ်ား ထံသို႔လႊဲေျပာင္းေပးအပ္ျခင္းအခမ္းအနားကို ယေန႔ (ဇြန္လ ၂၀ရက္) နံနက္ပိုင္းတြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ေဇယ်ာသီရိခန္းမ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ေက်ာ္၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းေထြး၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားႏွင့္ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ား တက္ေရာက္ ၾကၿပီး ဝန္ႀကီးခ်ဳပ္က ဆုံးမဩဝါဒစကား ေျပာၿပီးေနာက္ တိုင္းမႉးက နယ္ေျမေဒသ တည္ၿငိမ္းေအးခ်မ္းေရး၊ တရားဥပေဒဆိုင္ရာ ပုဒ္မမ်ားႏွင့္ အသိပညာေပးစကား မ်ားကို ရွင္းလင္းေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဥပေဒေဘာင္အတြင္း ျပန္လည္ ဝင္ေရာက္ခဲ့သည့္ ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့ေသာ PDF အဖြဲ႕ဝင္ (၂၄)ဦးတို႔အား ဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က အလင္းဝင္ေရာက္လာသူတစ္ဦးလွ်င္ ဆုေၾကးေငြ သိန္း(၂၀)က်ပ္စီျဖင့္ စုစုေပါင္းေငြ သိန္း(၄၈၀)က်ပ္ႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ၿပီး လာသူမ်ားကို ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။


ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း၊ နယ္ေျမမ်ားအတြင္း အၾကမ္းဖက္သင္တန္းမ်ား တက္ေရာက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့ေသာ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသည့္ PDF အဖြဲ႕ဝင္မ်ားအား ျပန္လည္ႀကိဳဆိုလက္ခံလွ်က္ရွိ ေၾကာင္း သိရသည္။

Picture

Ko Ko Ko (ROnald Ko Ko)

22/06/2025 20:51

Ha Ha !

Related news

© 2021. All rights reserved.