အီရန်ကို တိုက်ခိုက်ရန်အတွက် အမေရိကန်သမ္မတက စစ်တပ်ကို လျှို့ဝှက်ခွင့်ပြုပေးထားဟုဆို

836

အီရန်ကို တိုက်ခိုက်ရန်အတွက် အမေရိကန်သမ္မတက စစ်တပ်ကို လျှို့ဝှက်ခွင့်ပြုပေးထားဟုဆို
ဂျန်ဇက် (NP News) - ဇွန် ၂၁
အမေရိကန်သမ္မတသည် အီရန်နိုင်ငံကို တိုက်ခိုက်ရန်အတွက် အမေရိကန်စစ်တပ်ကိုလျှို့ဝှက် ခွင့်ပြုပေးထားသော်လည်း လက်ရှိအချိန်အထိ စစ်ဆင်ရေးလုပ်ငန်းများမလုပ်ကိုင်သေးကြောင်း အမေရိကန်အခြေစိုက် Wall Street Journal က ဖော်ပြထားသည်။
အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်များကို ရပ်တန့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အစ္စရေးနိုင်ငံက ဇွန်လ (၁၃)ရက်တွင် အီရန်နိုင်ငံရှိ နျူကလီးယားလုပ်ဆောင်သည့်နေရာများ၊ အီရန်စစ်တပ်၏အဓိကနေရာ များကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြားတိုက်ပွဲများဖြစ်လာခဲ့ခြင်းဖြစ်သည်။
အီရန်သည် အစ္စရေးနိုင်ငံကို ဒရုန်းအစင်းရေ ရာချီဖြင့်တိုက်ခိုက်ခဲ့သလို ပဲ့ထိန်းဒုံးကျည် အစင်းရေ (၄၀ဝ)နီးပါး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများကြောင့် နှစ်နိုင်ငံအတွင်း အနည်းဆုံးလူ ပေါင်း (၈၀ဝ) နီးပါး ကျဆုံးခဲ့ကြောင်း သိရသည်။
အီရန်သည် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကိုလည်း တိုက် ခိုက်ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတကလည်း စစ်ပွဲအတွင်း တိုက်ရိုက်ပါဝင်လာဖွယ်ရှိနေသည့် သတင်းစကားအချို့ကိုပြောဆိုခဲ့ကြောင်း သိရသည်။
အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံကိုတိုက်ခိုက်လာမည်ဆိုလျှင် အမေရိကန်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲ၍မရသည့်ပျက်စီးမှုများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်း ဆောင်အယာတိုလာခါမေနီက သတိပေးထားသည်။
အမေရိကန်သမ္မတက အီရန်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် အရှုံးပေးသင့်ကြောင်း တောင်းဆိုထားပြီး အီရန်ဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိဘဲ စစ်ပွဲကို ဇွန်လ (၂၀)ရက်အထိ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတသည် အီရန်နိုင်ငံကို တိုက်ခိုက်ရန်အတွက် အစီအစဉ်များ ရေးဆွဲထားရန် ညွှန်ကြားထားပြီး အပြီးသတ်ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေရကြောင်း အမေရိကန်သမ္မတနှင့်နီးစပ်သူနှစ်ဦးက ပြောသည်။
အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံ၏တောင်ကြောများအောက်တွင်တည်ဆောက်ထားသည့် နျူကလီးယားအဆောက်အအုံများကို ဖျက်ဆီးရန်အတွက် မြေကြီးထဲအထိ ထိုးဖောက်ဝင် ရောက်နိုင်မည့် ဗုံးများ အသုံးပြုရန် သင့်/မသင့်ကိုလည်း ၎င်း၏အကြံပေးများထံ အကြံတောင်းဆိုထားကြောင်း သိရသည်။ အစ္စရေးနိုင်ငံတွင် အလေးချိန် ပေါင်(၃)သောင်းရှိ ဗုံးများမရှိသလို အလေးချိန် ပေါင် (၃)သောင်းကို တပ်ဆင် တင်ဆောင်နိုင်မည့် တိုက်လေယာဉ်မျိုးမရှိသေးကြောင်း သိရသည်။
အစ္စရေးသည် အီရန်နိုင်ငံအပေါ် ပြုလုပ်သည့်စစ်ဆင်ရေးအတွက် အီရန်နိုင်ငံ၏ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို လည်း လုပ်ကြံဖွယ်ရှိနေသည်ဟု သိရသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ကန့်ကအယာတိုလာခါမေနီကို မြေကြီးပေါ်တွင် ဆက်ရှိ ခွင့်ပြုမည်မဟုတ် ကြောင်း ဇွန်လ(၂၀)ရက်တွင် ပြောသည်။ အီရန်သည် အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရာတွင် အစ္စရေးနိုင်ငံ တောင်ပိုင်း Be’er Sheva ရှိ ဆိုရိုကာဆေးရုံကိုထိမှန်ခဲ့ပြီး ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်းသိရသည်။ အစ္စရေးအစိုးရသည် အီရန်နိုင်ငံ၏အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကိုလုပ်ကြံရန် အမေရိကန်သမ္မတနှင့်တိုင်ပင်ခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့ပြီး အမေရိကန်သမ္မတက ငြင်းဆန်ပယ်ချထားကြောင်း သိရ သည်။
အီရန်နိုင်ငံသည် အမေရိကန်သမ္မတကို လုပ်ကြံရန်နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့ဖူးပြီး အီရန်နိုင်ငံ အတိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတကို ထပ်မံလုပ်ကြံရန် ကြိုးပမ်းလာဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်က သတိပေး ထားသည်။ အမေရိကန် သမ္မတက အီရန်နိုင်ငံကိုတိုက်ခိုက်ရန် အမေရိကန် စစ်တပ်ကို လျှို့ဝှက်အမိန့်ပေးထားသည်ဟု သတင်း များထွက်ပေါ်နေချိန်တွင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ လှုပ်ရှား မှုများ ယခင်ထက် ပိုမိုများပြားလာခဲ့ပြီး တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများကို ဆီဖြည့်တင်း ခြင်းများ လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။ အမေရိကန်သမ္မတက အီရန်နိုင်ငံကိုတိုက်ခိုက်မည်ဆိုလျှင် အမေရိ ကန်အတွက် ခက်ခဲမည်မဟုတ်ကြောင်း၊ အီရန်နိုင်ငံ၏ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်သည် ဘေးကင်းသည့် နေရာတွင်ရှိနေကြောင်း၊ အီရန်နိုင်ငံအနေဖြင့် ခြွင်းချက်မရှိ လက်နက်ချရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တောင်းဆိုထားသည်။
အီရန်ကို တိုက်ခိုက်နေသည့် အစ္စရေးနိုင်ငံ ၏တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ရန် သင့် မသင့်ဆို သောအချက်ကို လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဆွေးနွေးမည်ဟု အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောသည်။ အမေရိကန်နိုင်ငံ၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က “ မဝေးတော့တဲ့အနာဂတ်မှာ အီရန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အလားအလာကောင်းတွေ ရှိနေတယ်ဆိုတဲ့အချက်ကို အခြေခံပြီး အမေရိကန်သမ္မတက စစ်ပွဲမှာပါဝင်ဖို့ သင့်/မသင့် ဆိုတဲ့အချက်ကို သီတင်းပတ်နှစ်ပတ် အတွင်း ဆုံးဖြတ်သွားမယ်” ဟု ပြောသည်။
အစ္စရေးသည် ဇွန်လ (၂၀)ရက်အထိ အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများ၊ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး အရှိန်မြှင့်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အီရန်နိုင်ငံ အပေါ်ပြုလုပ်ခဲ့သည့် အစ္စရေးနိုင်ငံ၏ Operation Rising Lion စစ်ဆင်ရေးအတွင်း အီရန် နျူကလီး ယားအစီအစဉ်နှင့်ပတ်သက်သော အဆောက်အအုံ များဆိုးရွားစွာပျက်စီးခဲ့ပြီး နာတန့်၊ အစ်ဖာဟန်နှင့် ဖော်ဒေါ့ ဒေသများရှိ နျူကလီးယားအဆောက် အအုံများကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းပြောသည်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA ကလည်း အစ္စရေး၏တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ အစ်ဖာဟန်နှင့် နာတန့်ဒေသရှိ နျူကလီးယားအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း အတည်ပြုထားသည်။

Zawgyi Version:
အီရန္ကို တိုက္ခိုက္ရန္အတြက္ အေမရိကန္သမၼတက စစ္တပ္ကို လွ်ိဳ႕ဝွက္ခြင့္ျပဳေပးထားဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
အေမရိကန္သမၼတသည္ အီရန္ႏိုင္ငံကို တိုက္ခိုက္ရန္အတြက္ အေမရိကန္စစ္တပ္ကိုလွ်ိဳ႕ဝွက္ ခြင့္ျပဳေပးထားေသာ္လည္း လက္ရွိအခ်ိန္အထိ စစ္ဆင္ေရးလုပ္ငန္းမ်ားမလုပ္ကိုင္ေသးေၾကာင္း အေမရိကန္အေျခစိုက္ Wall Street Journal က ေဖာ္ျပထားသည္။
အီရန္ႏိုင္ငံ၏ န်ဴကလီးယားအစီအစဥ္မ်ားကို ရပ္တန႔္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ အစၥေရးႏိုင္ငံက ဇြန္လ (၁၃)ရက္တြင္ အီရန္ႏိုင္ငံရွိ န်ဴကလီးယားလုပ္ေဆာင္သည့္ေနရာမ်ား၊ အီရန္စစ္တပ္၏အဓိကေနရာ မ်ားကိုပစ္မွတ္ထားၿပီးတိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကားတိုက္ပြဲမ်ားျဖစ္လာခဲ့ျခင္းျဖစ္သည္။
အီရန္သည္ အစၥေရးႏိုင္ငံကို ဒ႐ုန္းအစင္းေရ ရာခ်ီျဖင့္တိုက္ခိုက္ခဲ့သလို ပဲ့ထိန္းဒုံးက်ည္ အစင္းေရ (၄၀ဝ)နီးပါး ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ တိုက္ပြဲမ်ားေၾကာင့္ ႏွစ္ႏိုင္ငံအတြင္း အနည္းဆုံးလူ ေပါင္း (၈၀ဝ) နီးပါး က်ဆုံးခဲ့ေၾကာင္း သိရသည္။
အီရန္သည္ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားကိုလည္း တိုက္ ခိုက္ဖြယ္ရွိေနသည္ဟု သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ အေမရိကန္သမၼတကလည္း စစ္ပြဲအတြင္း တိုက္႐ိုက္ပါဝင္လာဖြယ္ရွိေနသည့္ သတင္းစကားအခ်ိဳ႕ကိုေျပာဆိုခဲ့ေၾကာင္း သိရသည္။
အေမရိကန္စစ္တပ္သည္ အီရန္ႏိုင္ငံကိုတိုက္ခိုက္လာမည္ဆိုလွ်င္ အေမရိကန္ႏိုင္ငံအေနျဖင့္ ျပဳျပင္ေျပာင္းလဲ၍မရသည့္ပ်က္စီးမႈမ်ား ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း၊ အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္း ေဆာင္အယာတိုလာခါေမနီက သတိေပးထားသည္။
အေမရိကန္သမၼတက အီရန္ႏိုင္ငံအေနျဖင့္ လက္ရွိအခ်ိန္တြင္ အရႈံးေပးသင့္ေၾကာင္း ေတာင္းဆိုထားၿပီး အီရန္ဘက္က တစ္စုံတစ္ရာတုံ႔ျပန္ျခင္းမရွိဘဲ စစ္ပြဲကို ဇြန္လ (၂၀)ရက္အထိ ဆက္တိုက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။ အေမရိကန္သမၼတသည္ အီရန္ႏိုင္ငံကို တိုက္ခိုက္ရန္အတြက္ အစီအစဥ္မ်ား ေရးဆြဲထားရန္ ၫႊန္ၾကားထားၿပီး အၿပီးသတ္ဆုံးျဖတ္ခ်က္ကိုေစာင့္ဆိုင္းေနရေၾကာင္း အေမရိကန္သမၼတႏွင့္နီးစပ္သူႏွစ္ဦးက ေျပာသည္။
အေမရိကန္စစ္တပ္သည္ အီရန္ႏိုင္ငံ၏ေတာင္ေၾကာမ်ားေအာက္တြင္တည္ေဆာက္ထားသည့္ န်ဴကလီးယားအေဆာက္အအုံမ်ားကို ဖ်က္ဆီးရန္အတြက္ ေျမႀကီးထဲအထိ ထိုးေဖာက္ဝင္ ေရာက္ႏိုင္မည့္ ဗုံးမ်ား အသုံးျပဳရန္ သင့္/မသင့္ကိုလည္း ၎၏အႀကံေပးမ်ားထံ အႀကံေတာင္းဆိုထားေၾကာင္း သိရသည္။ အစၥေရးႏိုင္ငံတြင္ အေလးခ်ိန္ ေပါင္(၃)ေသာင္းရွိ ဗုံးမ်ားမရွိသလို အေလးခ်ိန္ ေပါင္ (၃)ေသာင္းကို တပ္ဆင္ တင္ေဆာင္ႏိုင္မည့္ တိုက္ေလယာဥ္မ်ိဳးမရွိေသးေၾကာင္း သိရသည္။
အစၥေရးသည္ အီရန္ႏိုင္ငံအေပၚ ျပဳလုပ္သည့္စစ္ဆင္ေရးအတြက္ အီရန္ႏိုင္ငံ၏ အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကို လည္း လုပ္ႀကံဖြယ္ရွိေနသည္ဟု သိရသည္။
အစၥေရးကာကြယ္ေရးဝန္ႀကီး ကန႔္ကအယာတိုလာခါေမနီကို ေျမႀကီးေပၚတြင္ ဆက္ရွိ ခြင့္ျပဳမည္မဟုတ္ ေၾကာင္း ဇြန္လ(၂၀)ရက္တြင္ ေျပာသည္။ အီရန္သည္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ရာတြင္ အစၥေရးႏိုင္ငံ ေတာင္ပိုင္း Be’er Sheva ရွိ ဆို႐ိုကာေဆး႐ုံကိုထိမွန္ခဲ့ၿပီး ဆိုး႐ြားစြာ ပ်က္စီးခဲ့ေၾကာင္းသိရသည္။ အစၥေရးအစိုးရသည္ အီရန္ႏိုင္ငံ၏အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကိုလုပ္ႀကံရန္ အေမရိကန္သမၼတႏွင့္တိုင္ပင္ခဲ့သည္ဟု ၿပီးခဲ့သည့္ရက္ပိုင္းက သတင္းမ်ားထြက္ေပၚခဲ့ၿပီး အေမရိကန္သမၼတက ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရ သည္။
အီရန္ႏိုင္ငံသည္ အေမရိကန္သမၼတကို လုပ္ႀကံရန္ႏွစ္ႀကိမ္တိုင္ႀကိဳးပမ္းခဲ့ဖူးၿပီး အီရန္ႏိုင္ငံ အတိုက္ခံရမႈႏွင့္ ပတ္သက္ၿပီး အေမရိကန္သမၼတကို ထပ္မံလုပ္ႀကံရန္ ႀကိဳးပမ္းလာဖြယ္ရွိေနေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္က သတိေပး ထားသည္။ အေမရိကန္ သမၼတက အီရန္ႏိုင္ငံကိုတိုက္ခိုက္ရန္ အေမရိကန္ စစ္တပ္ကို လွ်ိဳ႕ဝွက္အမိန႔္ေပးထားသည္ဟု သတင္း မ်ားထြက္ေပၚေနခ်ိန္တြင္ အေရွ႕အလယ္ပိုင္းေဒသရွိ အေမရိကန္စစ္အေျခစိုက္စခန္းမ်ား လႈပ္ရွား မႈမ်ား ယခင္ထက္ ပိုမိုမ်ားျပားလာခဲ့ၿပီး တိုက္ေလယာဥ္မ်ား၊ စစ္သေဘၤာမ်ားႏွင့္ ေလယာဥ္တင္သေဘၤာမ်ားကို ဆီျဖည့္တင္း ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေနသည္ဟု သိရသည္။ အေမရိကန္သမၼတက အီရန္ႏိုင္ငံကိုတိုက္ခိုက္မည္ဆိုလွ်င္ အေမရိ ကန္အတြက္ ခက္ခဲမည္မဟုတ္ေၾကာင္း၊ အီရန္ႏိုင္ငံ၏ အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္သည္ ေဘးကင္းသည့္ ေနရာတြင္ရွိေနေၾကာင္း၊ အီရန္ႏိုင္ငံအေနျဖင့္ ႁခြင္းခ်က္မရွိ လက္နက္ခ်ရမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေတာင္းဆိုထားသည္။
အီရန္ကို တိုက္ခိုက္ေနသည့္ အစၥေရးႏိုင္ငံ ၏တိုက္ခိုက္မႈတြင္ ပူးေပါင္းပါဝင္ရန္ သင့္ မသင့္ဆို ေသာအခ်က္ကို လာမည့္သီတင္းပတ္ႏွစ္ပတ္အတြင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုယ္တိုင္ ေဆြးေႏြးမည္ဟု အိမ္ျဖဴေတာ္၏ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္က ေျပာသည္။ အေမရိကန္ႏိုင္ငံ၏သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္က “ မေဝးေတာ့တဲ့အနာဂတ္မွာ အီရန္နဲ႔ ညႇိႏႈိင္းေဆြးေႏြးဖို႔ အလားအလာေကာင္းေတြ ရွိေနတယ္ဆိုတဲ့အခ်က္ကို အေျခခံၿပီး အေမရိကန္သမၼတက စစ္ပြဲမွာပါဝင္ဖို႔ သင့္/မသင့္ ဆိုတဲ့အခ်က္ကို သီတင္းပတ္ႏွစ္ပတ္ အတြင္း ဆုံးျဖတ္သြားမယ္” ဟု ေျပာသည္။
အစၥေရးသည္ ဇြန္လ (၂၀)ရက္အထိ အီရန္ႏိုင္ငံ၏ န်ဴကလီးယားအေဆာက္အအုံမ်ား၊ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အအုံမ်ားကို ပစ္မွတ္ထားၿပီး အရွိန္ျမႇင့္တိုက္ခိုက္ေနဆဲျဖစ္ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက အီရန္ႏိုင္ငံ အေပၚျပဳလုပ္ခဲ့သည့္ အစၥေရးႏိုင္ငံ၏ Operation Rising Lion စစ္ဆင္ေရးအတြင္း အီရန္ န်ဴကလီး ယားအစီအစဥ္ႏွင့္ပတ္သက္ေသာ အေဆာက္အအုံ မ်ားဆိုး႐ြားစြာပ်က္စီးခဲ့ၿပီး နာတန႔္၊ အစ္ဖာဟန္ႏွင့္ ေဖာ္ေဒါ့ ေဒသမ်ားရွိ န်ဴကလီးယားအေဆာက္ အအုံမ်ားကို အဓိကပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္ ေၾကာင္းေျပာသည္။ ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ေအဂ်င္စီ IAEA ကလည္း အစၥေရး၏တိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္ႏိုင္ငံ အစ္ဖာဟန္ႏွင့္ နာတန႔္ေဒသရွိ န်ဴကလီးယားအေဆာက္အအုံမ်ား ပ်က္စီးခဲ့ေၾကာင္း အတည္ျပဳထားသည္။