မတ္တရာတွင် PDF တို့ ၏ အကြောင်းမဲ့ ပစ်ခတ်၊ မိုင်းထောင်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါ လူ ၆ ဦး ဒဏ်ရာရ

142

မေဥဩ (NP News) - ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းက နေရာ ၂ နေရာတွင် ဇွန်လ ၁၉ ရက်က PDF အကြမ်းဖက်သမား တို့၏ အကြောင်းမဲ့ ပစ်ခတ်၊ မိုင်းထောင်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါ လူ ၆ ဦး ဒဏ်ရာရသောဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပထမဖြစ်စဉ်မှာ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအတွင်းသို့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းက PDF တို့က လက်နက်ကြီး ဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးဗုံးသီးများမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်ခဲ့သည့် အတွက် ကျေးရွာနေသူများ ဖြစ်ကြသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၅၅ နှစ်မှ ၅၉ နှစ်အရွယ်ကြား အမျိုးသား သုံးဦး နှင့် အသက် ၃ နှစ်အရွယ် အမျိုးသမီးငယ်တို့တွင် ထိခိုက် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါရက် နံနက်(၈)နာရီတွင်လည်း မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာနေ အသက် ၅၃ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ကျေးရွာ၏အရှေ့ဘက်ရှိ ချောင်း၌ ငါးဖမ်းရန်သွားစဉ် ကျေးရွာနှင့် ၃ ဖာလုံခန့်အကွာ အရောက် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ယာခြေသလုံးအောက်မှ ပြတ်ထွက်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များမှ PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးကျရောက် ပေါက်ကွဲမှုနှင့် နင်းမိုင်းပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများက အရပ်သားပြည်သူများ နေထိုင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း နစက ၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Zawgyi Version:
မတၱရာတြင္ PDF တို႔ ၏ အေၾကာင္းမဲ့ ပစ္ခတ္၊ မိုင္းေထာင္ျခင္းေၾကာင့္ ကေလးငယ္ ၁ ဦးအပါ လူ ၆ ဦး ဒဏ္ရာရ
မေဥဩ (NP News) - ဇြန္ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္အတြင္းက ေနရာ ၂ ေနရာတြင္ ဇြန္လ ၁၉ ရက္က PDF အၾကမ္းဖက္သမား တို႔၏ အေၾကာင္းမဲ့ ပစ္ခတ္၊ မိုင္းေထာင္ျခင္းေၾကာင့္ ကေလးငယ္ ၁ ဦးအပါ လူ ၆ ဦး ဒဏ္ရာရေသာျဖစ္စဥ္ျဖစ္ပြား ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပထမျဖစ္စဥ္မွာ မတၱရာၿမိဳ႕နယ္၊ ဝသုႏၵရေက်း႐ြာအတြင္းသို႔ ဇြန္လ ၁၉ ရက္ နံနက္ပိုင္းက PDF တို႔က လက္နက္ႀကီး ျဖင့္ အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့ရာ လက္နက္ႀကီးဗုံးသီးမ်ားမွာ ေက်း႐ြာအတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့ ေၾကာင္း သိရသည္။
ယင္းသို႔ ပစ္ခတ္ခဲ့သည့္ အတြက္ ေက်း႐ြာေနသူမ်ား ျဖစ္ၾကသည့္ အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ အသက္ ၅၅ ႏွစ္မွ ၅၉ ႏွစ္အ႐ြယ္ၾကား အမ်ိဳးသား သုံးဦး ႏွင့္ အသက္ ၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တို႔တြင္ ထိခိုက္ ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ အဆိုပါရက္ နံနက္(၈)နာရီတြင္လည္း မတၱရာၿမိဳ႕နယ္၊ လေကၠာင္းေလးေက်း႐ြာေန အသက္ ၅၃ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးသည္ ေက်း႐ြာ၏အေရွ႕ဘက္ရွိ ေခ်ာင္း၌ ငါးဖမ္းရန္သြားစဥ္ ေက်း႐ြာႏွင့္ ၃ ဖာလုံခန႔္အကြာ အေရာက္ PDF အမည္ခံအၾကမ္းဖက္သမားမ်ား ေထာင္ထားေသာ နင္းမိုင္းတစ္လုံးအား နင္းမိေပါက္ကြဲခဲ့ရာ ယာေျခသလုံးေအာက္မွ ျပတ္ထြက္ဒဏ္ရာတစ္ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မ်ားမွ PDF အမည္ခံအၾကမ္းဖက္သမားမ်ား ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးဗုံးသီးက်ေရာက္ ေပါက္ကြဲမႈႏွင့္ နင္းမိုင္းေပါက္ကြဲမႈတို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၌ ေဆးဝါး ကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးကာ လိုအပ္ခ်က္မ်ားအေပၚ ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ားက အရပ္သားျပည္သူမ်ား ေနထိုင္လ်က္ရွိေသာ ရပ္ကြက္/ ေက်း႐ြာမ်ား အတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္၊ Drop Bomb မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ အမ်ားျပည္သူသြားလာ လႈပ္ရွားေနသည့္ ေနရာမ်ား၌ မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားအား ျပဳလုပ္ခဲ့မႈမ်ားေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ ဒဏ္ရာရရွိခဲ့မႈအေပၚ ေဒသခံျပည္သူမ်ားက လုံးဝလက္ခံႏိုင္ျခင္းမရွိဘဲ ဆန႔္က်င္ကန႔္ကြက္လ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူလူထုႏွင့္ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္ လ်က္ရွိေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္တြင္ ေျပာၾကားထားသည္။